Pages

Saturday, January 12, 2013

လက်နက်ကိုင် ပဋိပက္ခ အဖြေရှာရန် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မဖြစ်မနေ လိုအပ်ဟု နိုင်ငံတော် သမ္မတ ပြောကြား

အပစ်အခတ်ရပ်စဲရေး မည်မျှပင် အောင်မြင်စေကာမူ တိုင်းရင်းသား အချို့နှင့်ဖြစ်ပွားသည့်လက်နက်ကိုင်ပ ဋိပက္ခများကိုအဖြေရှာရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ မဖြစ်  မနေပြုလုပ်ရန်လိုအပ်သည်ဟု အစိုးရမှ ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြား သည်။

ပြည်ထောင် စု လွှတ်တော်သို့ပေးပို့သော နှစ်သစ်ကူးသ၀ဏ်လွှာတွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ဆောင်လျှက်ရှိသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ““ နိုင်ငံရေးဆွေးနွေး မှုများပြု လုပ်နိုင်ရန်အတွက် လိုအပ် သည့်နိုင်ငံရေးဆွေးနွေးမှုပုံစံကိုလည်းပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ အပစ် အခတ်ရပ်စဲထားသော အဖွဲ့များအပြင် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုလည်းချန်လှပ် မထားဘဲ အပစ်အခတ်ရပ်စဲရုံ သာမက နိုင်ငံရေးဆွေးနွေးပွဲများတွင်ပါဝင်လာနိုင်အောင် မိမိတို့တံခါးဖွင့် ထားကြောင်း ”” ဖြင့် သ၀ဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး ဥက္ကဋ္ဌ ဆလိုင်းခုပ်ခိုလျှံကလည်း ငြိမ်းချမ်းရေး ကို တည်ဆောက်မည်ဆိုလျှင်ပင်လုံ ကိုမေ့ထား၍ ရမည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးသည် ပင်လုံ၌ ရှိကြောင်း ဆိုသည်။

ကချင်ပြည်နယ်တွင်းဖြစ်ပွားလျှက်ရှိသော စစ်ပွဲများသည် ကချင်ဒေသတစ်ခုတည်း၏ ကိစ္စရပ်မဟုတ်ဘဲ ၊ ပြည်ထောင်စု ကိစ္စရပ်ဖြစ်ကြောင်း ၊ ကချင်ဒေသငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ချက်များ သက်ရောက် မှုရှိရန်လိုအပ်ကြောင်း၊ ရှိသမျှ စွမ်းအားဖြင့်တားဆီးရန်လိုအပ်ပြီး ပြည်သူများ မပါဝင်လျှင် မည်သည့် ငြိမ်းချမ်းရေး မှ တည်မြဲမည်မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်ကဆိုသည်။

““ ကျွန်တော်တို့ လက်တွေ့ကျကျလုပ်ကြည့်ကြရအောင်ပါ”” ဟု ၄င်းက ကချင်ဒေသငြိမ်းချမ်းရေး လုပ်ဆောင်မှုအပေါ် တိုက်တွန်းစကားဆိုသည်။

ထို့ပြင် ကိုယ်ကျိုးတရားများကို အထူးရှေ့တန်းတင်ခြင်းသည် မငြိမ်းချမ်းခြင်း၏ အဓိက အကြောင်း တရားဖြစ်ကြောင်း ၄င်းကထပ်လောင်းပြောသည်။

““အရင်းအမြစ်ဖြစ်တဲ့အကြောင်းတရား၊ စစ်ပွဲဆိုတာအကျိုးတရားပေါ့ဗျာ။ အကြောင်းအရင်းဖြစ်တဲ့ ကိုယ်ကျိုး တရားတွေကို သိပ်ရှေ့တန်းတင်နေလို့မရဘူးဗျ၊ ဒါစဉ်းစားကြဖို့ပါ။”” ဟု ၄င်းကဆိုသည်။

ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးရှေးရှု သည့် ဖြစ်စဉ်များ ပေါ်ပေါက် လာရန် နိုင်ငံရေး ပဋိပက္ခအားဖြေ ရှင်းမည့် နိုင်ငံရေးဆွေးနွေးပွဲများလုပ်ဆောင်မည်ဆိုသည့် အာမခံချက်ကတိက၀တ် တစ်စုံတစ်ရာ အစိုးရ ဖက်မှ ပေးနိုင်ရန်လိုအပ် ကြောင်း ကေအိုင်အေဗိုလ်ချုပ် ဂွမ်မော်က ၈၈ မျိုးဆက်ကျောင်း သားများ အဖွဲ့ နှင့်တွေ့ ဆုံစဉ်ပြောကြားခဲ့ကြောင်း ကိုမြအေး၏ ပြန်လည်ပြောကြားချက်အရသိရသည်။

နိုင်ငံတွင်း လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ရှိသည့်အနက် ၁၀ ဖွဲ့မှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူထားပြီးဖြစ်ကာ ကျန်ရှိသည့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ကချင်ဒေသ တွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက်ရှိပြီး ဇန်န၀ါရီလအတွင်း ပိုမိုပြင်းထန်သော တိုက်ပွဲများဖြစ်ပွား ခဲ့ကာ အစိုးရတပ်မတော်မှ ကေအိုင်အေနယ်မြေအတွင်း အဓိက စခန်းတစ်ခုဖြစ်သော တောင်တုန်း အမှတ် ၇၇၁ ကို သိမ်းယူထားနိုင်ခဲ့သလို ကေအိုင်အေနယ်မြေအတွင်း ကေအိုင်အေ တပ်မတော် မှ မြန်မာ့ တပ်မတော်သား ၂၇ ဦးကို ထိန်းသိမ်းထား ကြောင်းသိရသည်။

ဥာဏ်လင်းအောင်
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

လက်နက်ကိုင် ပဋိပက္ခ အဖြေရှာရန် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မဖြစ်မနေ လိုအပ်ဟု နိုင်ငံတော် သမ္မတ ပြောကြား

Labels:
 
0 comments: