Pages

Saturday, January 12, 2013

လိုင်ဇာစစ်ပွဲကြောင့် တရုတ်နယ်စပ် ပြည်တွင်းလေယာဉ် ခရီးစဉ်တချို့ နှောင့်နှေး

လိုင်ဇာစစ်ပွဲကြောင့် တရုတ်နယ်စပ် ပြည်တွင်းလေယာဉ် ခရီးစဉ်တချို့ နှောင့်နှေးခဲ့ရ
======================================

မြန်မာစစ်တပ်က ထိုးစစ်ဆင်နေတဲ့ ကချင်ပြည်နယ် လိုင်ဇာဒေသစစ်ပွဲကြောင့် နယ်စပ်တရုတ်ပြည်ထဲက ပြည်တွင်း လေယာဉ်ခရီးစဉ် တချို့ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ခဲ့ပါတယ်။ ယူနန်ပြည်နယ် ထိန်ချုံးမြို့သို့ ပျံသန်းမဲ့ လေယာဉ်ခရီးစဉ်တချို့ ဖျက်သိမ်းခြင်း နှောင့်နှေးခြင်း ရှိခဲ့ပြီး နောက်ပိုင်းမှာ ပြန်လည်ပျံသန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က ကူမင်း မှ ထိန်ချုံးသို့ ပျံသန်းတဲ့ China Eastern Airlines မှ MU5839 ခရီးစဉ် လေယာဉ် ဟာ ပျံတက်ပြီးနောက်မှာ ပြန်လှည့်ပြန်ခဲ့ပါတယ်။ နယ်စစ်မှာဖြစ်နေတဲ့စစ်ပွဲကြောင့် လေယာဉ်နှောင့်နှေးရတယ်လို့ ကူမင်း ချိန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၀န်ထမ်းတဦးက ပြောပါတယ်။ ကူမင်း-ထိန်ချုံး MU5740 ခရီးစဉ်ကလည်း ကြာသပတေးနေ့မှာ ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
ကူမင်းနိုင်ငံတကာ ခရီးသွားလုပ်ငန်းမှ အေးဂျင့် Jia Shuyi က ကုမ္ပဏီမှ နယ်စပ်ဒေသမှာ မတည်ငြိမ်နေတဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ စာတစောင်ကို လက်ခံရခဲ့လို့ ကမ္ဘာလှည့်ခရီးသည်များကို ခရီးစဉ်ရွေ့ဆိုင်းခိုင်းပြီး အခြေအနေကို ထပ်တင်ပြပေးမယ်လို့ ပြောပြပါတယ်။ ထိန်ချုံးဟွမ်ဖူး ခရီးသွားကုမ္ပဏီ ကလည်း နယ်စပ်ဒေသ လည်ပတ်တဲ့ခရီးစဉ်တွေကို ပြီးခဲ့တဲ့ ဇွန်လ ကတည်းက ရပ်ဆိုင်းခဲ့ကြောင်း Global Times ကို ပြောခဲ့ပါတယ်။
(Global Times, Jan 11, 2013)

အေးချမ်းမွန်မှ Myanmar1 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
 
မြန်မာစစ်တပ်က ထိုးစစ်ဆင်နေတဲ့ ကချင်ပြည်နယ် လိုင်ဇာဒေသ စစ် ပွဲကြောင့် နယ်စပ်တရုတ်ပြည် ထဲ က ပြည်တွင်း လေယာဉ်ခရီးစဉ် တချို့ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ခဲ့ပါတယ်။ ယူနန်ပြည်နယ် ထိန်ချုံး မြို့သို့ ပျံသန်းမဲ့ လေယာဉ်ခရီးစဉ်တချို့ ဖျက်သိမ်းခြင်း နှောင့်နှေးခြင်း ရှိခဲ့ပြီး နောက်ပိုင်း မှာ ပြန်လည် ပျံသန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က ကူမင်း မှ ထိန်ချုံးသို့ ပျံသန်း တဲ့ China Eastern Airlines မှ MU5839 ခရီးစဉ် လေယာဉ် ဟာ ပျံတက်ပြီးနောက် မှာ ပြန် လှည့်ပြန် ခဲ့ပါတယ်။ 

နယ်စစ်မှာဖြစ်နေတဲ့စစ်ပွဲကြောင့် လေယာဉ်နှောင့်နှေးရတယ်လို့ ကူမင်း ချိန်ရွှေ အပြည်ပြည် ဆိုင်ရာလေ ဆိပ် မှ ၀န်ထမ်းတဦးက ပြောပါတယ်။ ကူမင်း-ထိန်ချုံး MU5740 ခရီးစဉ်ကလည်း ကြာသပတေးနေ့မှာ ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ကူမင်းနိုင်ငံတကာ ခရီးသွားလုပ်ငန်းမှ အေးဂျင့် Jia Shuyi က ကုမ္ပဏီမှ နယ်စပ်ဒေသမှာ မတည်ငြိမ်နေတဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ စာတစောင်ကို လက်ခံရခဲ့လို့ ကမ္ဘာလှည့်ခရီးသည်များကို ခရီးစဉ်ရွေ့ ဆိုင်း ခိုင်းပြီး အခြေအနေကို ထပ်တင်ပြပေးမယ်လို့ ပြောပြပါတယ်။ ထိန်ချုံးဟွမ်ဖူး ခရီးသွားကုမ္ပဏီ ကလည်း နယ်စပ်ဒေသ လည်ပတ်တဲ့ခရီးစဉ်တွေကို ပြီးခဲ့တဲ့ ဇွန်လ ကတည်းက ရပ်ဆိုင်းခဲ့ကြောင်း Global Times ကို ပြောခဲ့ပါတယ်။

Global Times

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

လိုင်ဇာစစ်ပွဲကြောင့် တရုတ်နယ်စပ် ပြည်တွင်းလေယာဉ် ခရီးစဉ်တချို့ နှောင့်နှေး

Labels:

0 comments: