Pages

Sunday, December 9, 2012

“““ ဆန္ဒပြ သံဃာတော်များသို့ တင်ပြ လျှောက်ထားခြင်း ”””

နည်းမျိုးစုံနဲ့ သပိတ်ထနေသော ဆရာတော်များ ဘုရား လက်ပန်တောင်းတောင်နှိပ်ကွပ်ရေးမှာ လက်လွ န်ခြေ လွန်ဖြစ်ခဲ့လို့ ရဲမှူးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် လူသိရှင်ကြား တောင်း ပန်ပြီးဖြစ်ပါတယ် . . ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်လဲဖွဲ့ပြီးပြီ .. ဒေါ်အောင်ဆန်းစုကြည် ကလည်း.. မြင်တာတွေ့တာ ဘက် မလိုက်ဘဲ အမှန်တရား အတိုင်း လူထုကို အသိပေးမယ် လို့ ပြော ပြီး သွား ပြီ။

ဒါကြောင့် .. ချစ်စကိုရှည်စေ .. မုန်းစကိုတိုစေဆိုသလို လူကြား သူကြားမှာ တရားထိုင်မယ့် အစား လူသူ ဆိတ်ငြိမ်တဲ့ အရပ်မှာ တရားထိုင်၊ လမ်းလျှောက်ပြီး မေတ္တာပို့မယ့် အစား ထိုင်ပြီးစူးစူးစိုက်စိုက် နဲ့ မေတ္တာ ပို့တာကမှ မိမိအတွက်နဲ့ သာသနာ အတွက် ပိုမိုအကျိုးရှိပါမယ်ဘုရား .. တဖြည်းဖြည်းနဲ့ လက်ပန်တော င်းေ တာင် ကန့်ကွက်မှုကနေ တောင်းဆိုချက် တွေမှာ ဘာမဆိုင် ညာမဆိုင် လွှတ်တော်မှာ တပ်မတော် ကို ယ်စားလှယ် တွေမပါဝင်ဖို့ တောင်းဆိုမှုတွေ က လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ သော်လည်းကောင်း၊ သံဃာတော်များကို ဖြိုခွဲခဲ့မှုအပေါ်သော် လည်းကောင်း မည်သို့မျှ မသက်ဆိုင်တဲ့၊ အကျိုး သက်ရောက်မှု မ ရှိတဲ့တောင်းဆိုချက်တွေ ပါဝင်လာခဲ့ပါတယ် ဘုရား။

ဒီတောင်းဆိုချက်တွေက ဘာတွေရနိုင်သလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ၊ သာသနာအတွက် နယ်မြေခံ လူထု အ တွက် ဘယ်လိုအကျိုး ကျေးဇူး ခံစားရမလဲ စဉ်းစားသင့်ပါတယ်ဘုရား။ ဘယ်သူက ဒီတောင်းဆိုချက်ေ တွ စတင်ခဲ့သလဲ ဂရုပြုစောင့်ကြည့်ဖို့လိုပါမယ်ဘုရား။ အချို့ကလည်း တပည့်တော်ကို ဘုရားရှင် ကိုယ်တို င် ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း၊ ဗုဒ္ဓ သာသနာကမ္ဘာ ကိုထွန်းလင်းစေခဲ့တဲ့ လယ်တီ ဆ ရာတော် ဘုရားကြီးရဲ့ သမိုင်းအမွေအနှစ်ပျေုာက်ပျက်ဖို့ရှိတာကို ဆန္ဒ မပြသင့်ဘူးလားလို့ ပြောလာတာ ရှိပါတယ်ဘုရား။

ဘုရားရှင်ကဆန္ဒ ပြခဲ့တာမဟုတ်ဘဲ အသိမှားနေသူကို ဆုံးမချင်လို့ ဥပက္ခာ ပြုတာလို့ မှတ်သားမိသလို လ ယ်တီဆရာတော်ဘုရားကြီးရဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းဖို့ဆိုတဲ့နေရာမှာလည်း အဆင့်ဆင့်သော သံဃာ့နာယကတွေကနေတစ်ဆင့် တာဝန်ရှိသူတွေကို အသိပေးကန့်ကွက်ရင် ငြိမ်းချမ်းစွာနဲ့ ပြေလည်ပြီးစီး သွားမယ့်အခြေအနေလို့ ယူဆပါတယ်ဘုရား။ အလိုမကျတိုင်း ဒေါသမထွက်ဘဲ  ပြသနာဖြေရှင်းဖို့ နည်း လ မ်းကို ဘက်စုံ ဒေါင့်စုံက သုံးသပ်ပြီး ဆောင်ရွက်ခြင်းက အကောင်းဆုံးအဖြေလို့ယူဆပါတယ်ဘုရား။ ဒီကေ န့အစိုးရခေတ်မှာ လူတန်းစားအမျိုးမျိုးက သတ်မှတ်ပေးထားတဲ့ ဘောင်အတွင်းမှာ မိမိဆန္ဒ ကို မည်သူမဆို ထုတ်ဖော်နိုင်တဲ့အခြေအနေရှိနေပါတယ်ဘုရား။ ဘောင်ကျော်လွန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကတော့ ဘ ယ် ဒီမိုကရေစီနိုင်ငံတွင်မှ ခွင့်မပြုပါဘုရား။

ဒီအချိန်မှာ ဒီကနေ့မှာ အာရဗီဘာသာနဲ့ ရခိုင်အရေးကိစ္စကို အယ်ဂျာစီးယားက ဘာသာရေး နှိပ်ကွက်မှု အ သွင်နဲ့ အပုပ်ချနေပြီ။ NGO အဖွဲ့အစည်း ကို အကာကွယ်ယူ ဖြစ်ရပ်မှန်တစ်ချို့ ကို လုပ်ကြံမှု အများအပြား နဲ့ နိုင်ငံတကာမီဒီယာမှာ ၆ ရက်ဆက်တိုက် ထုတ်လွှင့်တော့မယ်။ ဒီအရေးက အမှန်တကယ် နိုင်ငံေ တာ် ပြ ည် သူလူ ထုနဲ့ ဘာသာ သာသနာအတွက်ပိုမိုအရေးကြီးတာမို့ အရှင်ဘုရား တို့အနေနဲ့ဘုရားသားတော်များ ပီပီ အရှည်မျှော်တွေး၊ အဝေး ကိုမြင်ပြီး ပြည်သူ လူထုနဲ့နိုင်ငံတော်ကို စောင့်ရှောက်ေ မတာပို့ သပေး ဖို့ေ တာင်းပန်လိုပါတယ်ဘုရား။ ဒီနေ့ ကမ္ဘာ ပေါ်မှာ အစ္စလမ် ဘာသာဟာ အများစု ကိုးကွယ်တဲ့ ဘာသာဖြ စ် သလို တရားမ၀င်၊ တရားဝင်ကွန်ယက်တွေ အများကြီးရှိတဲ့ဘာသာဖြစ်တဲ့အတွက် ဒီလိုထုတ်လွှင့်မှုတွေ တ ပည့်တော်တို့ တိုင်းပြည် အပေါ်အကျိုး သက်ရောက်မှုတွေ ကြီးမား လာနိုင်ပါတယ်ဘုရား။

အရှင်ဘုရားတို့အနေနဲ့ ဘုရားသားတော်များ ပီပီ ဒီကိစ္စမှာ ၀င်ရောက် ဆောင်ရွက်ခြင်း မပြုရင်တောင်မှ လူ ကြားသူကြားမှာ ထိုင်လိုက် ထလိုက် လမ်းလျှောက်လိုက်ဆန္ဒ ပြမယ့်အစား ဖြစ်သင့် ဖြစ်ထိုက်သော တ ရား ဒေသနာတွေနဲ့ ဆုံးမမှုတွေကို ဟောပြော ဆုံးမရင်း ပြည်သူပြည်သားတွေ ကို စောင့်ရှောက်ပေး ပါ လို့ေ တာင်းပန်အပ်ပါတယ်ဘုရား။ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော် များနဲ့ ပြည်သူအပေါင်း ရန်သူ မျိုးငါး ပါးမှ ကင်းဝေးလွတ်မြောက်ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် ဆူးတစ်စင်း၊ ညှောင့်တစ်ချောင်း မဖြစ်ေ စဘဲ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ပါစေရန် ဆုတောင်း မေတ္တာ ပို့လိုက်ပါတယ် ဘုရား..

ထေရ၀ါဒဗုဒ္ဓ ဘာသာဝင်စစ်စစ်  ဒကာကြီးရာကျော်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ဆန္ဒပြ သံဃာတော်များသို့ တင်ပြ လျှောက်ထားခြင်း ”””

Labels:

0 comments: