Pages

Sunday, December 9, 2012

“““ သံဃာများ ဆန္ဒဖော်ထုတ်မှု နိုင်ငံတကာ အမြင် မကောင်းနိုင်ဟု အငြိမ်းစား ၀န်ထမ်းဟောင်းများနှင့် လေ့လာသူများ ဝေဖန် ”””

ပြီးခဲ့သည့် ရက်ပိုင်းတွင်းက ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြမှုအား အကြမ်း ဖ က်နှိမ်နှင်းမှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသော သံဃာများအား အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များက တရား ၀င် တောင်းပန်မှုမရှိသောကြောင့် ဟုဆိုကာ အနယ်နယ် အရပ်ရပ်ရှိ သံဃာတော် များက ယနေ့တွင် ဆန္ဒေ ဖ်ာထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဆန္ဒ ဖော်ထုတ်မှုများ နှင့် ပတ်သက်ပြီး အငြိမ်းစားဝန်ထမ်းေ ဟာ င်း များ နှင့် လေ့လာသူ ပညာရှင်များ ၏ ဝေဖန်သုံးသပ်မှုများကို စုစည်းဖော်ပြလိုက်ပါသည်။

အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးတင်ညွန့်

" ဖြစ်သွားတဲ့ကိစ္စမှာ အစိုးရရော၊ ဦးပိုင်ရော၊ ဆန္ဒပြသူတွေရောမှာ အပြစ်ရှိတယ်။ အစိုးရပိုင်းကလည်း သံ ဃာတွေကို မညှာဘူး၊ ဆန္ဒပြသူတွေကလည်း သံဃာတွေကို အသုံးချသလိုဖြစ်သွားတယ်။ ဖြစ်မယ့် ညမ တိုင်ခင်ကတည်းက ကြေငြာချက်ကို နှစ်ရက်ကြိုထုတ်ထားတာ။ သူတို့တော့ပြန်သွားပြီး သံဃာတွေကို ထား ခဲ့တာ အမြင်မရှင်းဘူး။ အနည်းဆုံးတော့ တက်ညီလက်ညီရှိနေသင့်တယ်။ အခုကျတော့ သံဃာေ တွ ကို သက်သက် အသုံးချ စတေးသလို ဖြစ်သွားတယ်။ ဖြစ်ပြီးတဲ့ကိစ္စမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မုံ ရွာမှာ လည်းတောင်းပန်တယ်။ ပြီးတော့ မနေ့က သာသနာရေး ၀န်ကြီး ကိုယ်တိုင်လည်း သံဃာဥက္ကဌ ဆ ရာတော်ကြီး အပါအ၀င် မထေရ်ကြီးတွေကို တောင်းပန် လျှောက်တင်ပြီးပြီ။ ဆရာတော်ကြီး ကလည်း ထိ ထိ ရောက်ရောက် သြ၀ါဒ ပေးပြီးပြီ။ ဒါကို ကျေနပ်သင့်တယ်။ အဓိကက နောက် ဒါမျိုး ပုံစံ ဆက်မဖြစ်ေ အာ င် နည်းလမ်းရှာရမယ်။ နိုင်ငံတကာ သတင်းတွေမှာ သံဃာတော်တွေ ဆန္ဒပြတဲ့ မြင်ကွင်းတွေက ဘာ သာရေးဘက်ကကြည့်ရင် အမြင် မကောင်းဘူး။ မြတ်စွာ ဘုရားရှင်က ဝေသာလီပြည်နဲ့ ကောသလပြည် စ စ်ဖြစ်တော့ ကြားထဲကနေ ငြိမ်းချမ်းရေး ရအောင် တရားဟောပြီးဖြေရှင်းတာ။ ဒါမျိုး အမြဲတမ်း ဆန္ဒပြနေ ရ င် မြတ်စွာဘုရားရဲ့ တရားတော်တွေကို ဘာသာခြားတွေ အမြင်စောင်းသွားနိုင်တယ်။ ဆရာတို့ ဘာသာအေ ပါ် အယူအဆ လွဲမှားသွားနိုင်တယ်။ ငယ်ရွယ်တဲ့ ရဟန်း သံဃာတွေ ကလည်း ခေတ်အမြင် နိုင်ငံတကာ အမြင်ရှိဘို့လိုပါတယ် " ဟု ၄င်း၏ အမြင်ကို ပြောသွားပါတယ်။

အငြိမ်းစားရဲဝန်ထမ်းဟောင်း ဦးဂျော့ချစ်

" အရင်ဖဆပလခေတ် တုန်းကတော့ သံဃာတွေ ပါဝင်တာနည်းတယ်။ ဆန္ဒပြရင်လည်း လူပုဂ္ဂိုလ်တွေပဲ ဆိုေ တာ့ အစိုးရနဲ့ ဖြေရှင်းရတာလွယ်တယ်။ လုပ်ပေးနိုင်တာဆိုရင်လုပ်ပေးလိုက်တာပဲ။ မလုပ်ပေးနို င် တာဆိုရင် သတင်းစာထဲကနေ ပြန်ဖြေရှင်းပေးတယ်။ အခုလောက်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်တာ မကြုံဖူး ဘူး ။ အခုဟာက အစိုးရဘက်ကလည်း သူတို့လိပ်ပြာသူတို့ မသန့်တော့ အတင်းဗြောင်ငြင်းတယ်။ ဆန္ဒပြ သူတွေဘက်ကလည်း နည်းအမျိုးမျိုးနဲ့ ပြည်သူလူထုစိတ်ဝင်စားပါဝင် လာအောင်လုပ်တယ်။ သင့်တော်၏ မတော်၏ မစဉ်းစားဘူး။ ရခိုင်ကိစ္စမှာကတည်းက သံဃာတွေရဲ့ လုပ်ဆောင်ချက်တွေကို ဘာသာရေး အမြ င်နဲ့ နိုင်ငံတကာက စောင့်ကြည့်နေတာ။ အခုလက်ပံတောင်းတောင်ကိစ္စဖြစ်တော့ ဗုဒ္ဒဘာသာ သံဃာေ တ်ာတွေကို နိုင်ငံတကာက အထင်အမြင် လွဲမှားသွား စေနိုင်တယ်။ နိုင်ငံရေးမှာ ဘာသာရေး ပါဝင်ပတ် သ က်မှုတွေ ရှိတယ်ဆိုတဲ့ Negative အမြင်တွေ မြင်သွားနိုင်တယ်။ ဒါဆိုရင် အခြား လုပ်သင့်လုပ်ထိုက်တဲ့ ကိ စ္စတွေ ဥပမာ ရခိုင်အရေးမှာ လိုအပ်ပြီဆိုရင် ဘာသာခြားတွေက ဒီပေတံတွေနဲ့ပဲ တိုင်းလာမှာ စိုးရိမ်ရတယ် " လို့ ဝေဖန်သွားပါတယ်။

လေ့လာသူ ကိုမျိုးညီညီ

" ကျွန်တော်ပြောခဲ့ပြီးသား စကားတစ်ခုကို ပြန်ပြောပါမယ်။ ဆန္ဒ ဖော်ထုတ်တယ် ဆိုတာ အစိုးရရဲ့ လုပ် ကို င်ပုံကို မကျေနပ်လို့ ဆန္ဒဖော်ထုတ် ရတာပါ။ ဒီတော့ အစိုးရကိုယ်တိုင် ပြည်သူတွေ ကျေနပ်အောင် လုပ်ေ ပးနိုင်ရင် ဘာဆန္ဒ ဖော်ထုတ်ပွဲမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်သူတွေ အတွက် ကျေနပ် တိုင်း လည်း ကိစ္စတစ်ခုဟာ မမှန်ကန်နိုင်ပါဘူး။ မှန်ကန်တဲ့ ကိစ္စတိုင်း ကိုလည်း ပြည်သူတွေက ကျေ နပ် ချင် မှ ကျေနပ်မှာပါ။ အဲဒီနှစ်ခုကြားထဲမှာ ကောင်းကောင်း ကစားနိုင်မှ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ရ လ ဒ်တွေ ဖော်ဆောင်နိုင်မှာပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ အုပ်ချုပ်သူတာဝန်ရှိသူတွေက တာဝန်ယူမှုအပိုင်းမှာ အား နည်း နေသေးတာကို တွေ့ရတယ်။ သူတို့လုပ်လိုက်တဲ့ ကိစ္စတစ်ခု မှားယွင်းသွားရင် မှားသွားပါတယ် လို့ပြော ရမှာ ၀န်လေးတတ်တယ်။ အဲဒီအမှားကို ၀န်ခံပြီး တာဝန်ယူရမှာကို သေမလောက်ကြောက်တယ်။ ဒါကို ပြုပြင်နိုင်အောင်ကြိုးစားသင့်တယ်။ ပြည်သူတွေကို မျက်နှာပြောင်တိုက်ခိုင်းတဲ့ သဘောတော့ မ ဟု တ်ပါဘူး။ ကိုယ့်အမှားကို ၀န်ခံ ပြီးရင် ဖြစ်ရတဲ့ အကြောင်းရင်းကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြ ဒါ ဆို နှစ်ဦးနှစ်ဘက် အမြင်ရှင်းတာပေါ့။ ပြည်သူတွေဘက်ကလည်း သူတို့တွေ ဒီလိုလုပ်ချင်လာအောင် ဆွဲေ ဆာင်နိုင်ရမယ်။ ဆန္ဒပြမှုကို ဖြိုခွဲတာ မကျေနပ်လို့ ဆက်ပြီးဆန္ဒပြမယ်ဆိုရင် ဂျာအေးသူ့အမေရိုက်သလို မုန့်လုံးစက္ကူကပ်နေမှာပဲ။ ဘယ်နေရာမှာမဆို တွန်းအားပေးတာပဲကောင်းတယ်။ ဖိအားပေးတယ် ဆိုတာေ ရှ့ဆက်လို့မရအောင် ပိတ်ပင်ထားတာနဲ့ အတူတူပဲ။ လက်ပံတောင်းတောင်ကိစ္စမှာ အမှားကြီးကြီး လုပ်တာ က အစိုးရနဲ့ ဦးပိုင်၊ အမှားနည်းနည်းလုပ်တာက ဆန္ဒပြပြည်သူတွေ ဒီကြားထဲမှာ စတေးခံလိုက်ရတာက ပု ထုစဉ် ရဟန်းသံဃာတွေ။ အစိုးရနဲ့ ဦးပိုင် မှားတာတွေကိုတော့ ပြောစရာမလိုပါဘူး အားလုံးသိတယ်။ ဆန္ဒပြ တဲ့ ပြည်သူတွေ ဘက်က မှားတဲ့အချက်က ရဟန်းသံဃာတွေ ကို တံတိုင်း သဘောမျိုးဖြစ်သွားအောင် Cover ယူတဲ့အချက်ပဲ။ သူတို့ဘက်က ကြိုစဉ်းစားသင့်တယ်၊ ဒီလို အခြေအနေမျိုးမဖြစ်ခင် နှစ်ရက် အတွ င်း မှာ ပြင်ဆင်ဖို့ အချိန်ရတယ်။ ဒါပေမယ့် သူတို့လုံခြုံရေးကိုပဲဦးစားပေး လုပ်ဆောင် သွားတာတွေ့ရတယ်။ တကယ်ဖြစ်လာတော့ ရဟန်း သံဃာတွေနဲ့ အတူရင်ဘောင်တန်း ကြံ့ကြံ့ခံတဲ့သူ သိပ်မရှိတော့ဘူး။ သူ တို့ အတွက် တောင်းဆိုမှုတွေ လုပ်ပေးတဲ့ သံဃာတွေကို ဒီအတိုင်း ထားပစ်ခဲ့တာတော့ မကောင်းဘူးပေါ့။ ဆိုး အတူ ကောင်းအတူ စိတ်ဓါတ်မရှိခဲ့တာ သံဃာတော်တွေ အစား ၀မ်းနည်းမိပါတယ်။ ဒီအခြေအနေမျိုးေ တွ ဖြစ်လာတာကို အစိုးရကလည်း ဗြောင်တစ်မျိုး မသိသလိုတစ်မျိုး ခေါင်းရှောင်နေတယ်။ သံဃာတွေ ၀ င် ပါလို့ ခံရတာမျိုး ပြောနေတာတွေ ကတော့ မသင့်တော်ဘူးပေါ့။ အဓိကပြဿနာက လူစုခွဲတာမဟုတ် ဘူး။ မျက်ရည်ယိုဗုံးက မီးလောင်ဗုံးသဘောမျိုးဖြစ်သွားတဲ့ကိစ္စ၊ ဒါကို အုပ်ချုပ်သူပိုင်းက အဓိကပြည်ထဲေ ရးဝန်ကြီးပေါ့။ သူတာဝန်ယူလုပ်ဆောင်တဲ့ကိစ္စမှာ အမှားဖြစ်လာတော့ ဘာသံမှ မထွက်ဘူး၊ ငြိမ်နေတယ်။ သူ့ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်ရမယ်။ မှားယွင်းမှုတွေရှိခဲ့တယ်ဆိုတာ ၀န်ခံပြီး အကြောင်းရင်းမြ စ်ကို ရှင်းလင်းပြမယ်ဆိုရင် ပြဿနာကြီးမသွားနိုင်ဘူး။ ဒါကို သူကိုယ်တိုင်က တာဝန်ခံရမှာ ကြောက်နေ တယ်။ ဒါနဲ့ပဲ အနယ်နယ်အရပ်ရပ်က သံဃာတွေပါဝင်လာမယ်ဆိုရင် ဒီကိစ္စက ဘယ်လောက်အတိုင်း အ တာအထိ နိုင်ငံတကာသတင်းစာမျက်နှာမှာ နေရာယူတာတွေရှိလာနိုင်လဲဆိုတာ အရင်တွက်ချက် သင့်တ ယ် ။ RFA၊ BBC နဲ့ VOA တို့ဆိုတာလဲ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တွေပါဝင်မှုအခန်း ကဏ္ဍကိုေ ထာက်ပြခဲ့တာတွေရှိတော့ နှစ်မျိုးပေါင်းစပ်ပြီး သံဃာတွေရဲ့ဆန္ဒပြပွဲတွေကို ဘာသာရေးလွှမ်းမိုး မှုအသွင် နဲ့ ဖော်ပြခဲ့ရင် ရခိုင်ကိစ္စအတွက် သံဃာတွေအခန်းကဏ္ဍကို နိုင်ငံတကာအမြင်မှာ အထင်လွဲမှားမှုရှိလာနိုင် ပါ တယ်။ ဒီအချက်တွေကိုလည်း သံဃာတော်များ အနေနဲ့ ဆင်ခြင်သင့်ပါတယ်။ အခုလည်း ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်လုပ်ဆောင်နေတာကို စောင့်ကြည့်ပြီးမှ တစ်နိုင်ငံလုံးအတိုင်း အ တာ အနေနဲ့ ဆန္ဒဖော်ထုတ်မှုလုပ်သင့်တယ်။ ကော်မရှင်ရဲ့ စုံစမ်းမှုမပြီးခင်မှာ ဆန္ဒဖော်ထုတ်မှုတွေ ဟာ ကော်မရှင်ကို ဖိအားပေးသလိုမျိုးဖြစ်နေတယ်။ မလုပ်သင့်သေးဘူး၊ စောင့်ကြည့် သင့်တယ်လိုမြင် ပါ တယ်။" ဟု ဝေဖန်ထောက်ပြသွားပါတယ်။

People Development for Knowledge

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: