Pages

Thursday, December 13, 2012

“““ ခင်ဥမ္မာနဲ့  နိုင်အောင် - ရောက်ရာအရပ်မှ အမြန် ပြန်ရှင်းပါ ”””

အဒေါ်စု ပြောနေတာ ရှိတယ်။ ဘာအတွက် ဆန္ဒပြနေကြတာလဲ ဆိုတဲ့ မေးခွန်းပါ။ ( မေးခွန်းမှာ အဓိပ္ပါယ်ရှိ တယ်။ ဘာလိုချင်နေကြတာလဲ ဘာဖြစ်ချင်နေကြတာလဲ။ ဘာကိုရည်ရွယ်နေကြတာလဲ။ )

ဒေါ်စု နဲ့  NLD ဒီ အတိုင်းသွားရင် ၂၀၁၅ ဟာ အောင်ပွဲဆင်မယ့်နှစ် ဖြစ်မယ်။ NLD အစိုးရ ဖွဲ့ နိုင်မယ်။ သမတ ဖြစ်မယ်။ ဒေါ်စု ဖြစ်တာ မဖြစ်တာတော့ မသေချာဘူး။ ဒါပေမယ့် NLD သမတဆိုရင် ဒေါ်စုက အိနိယက ဆိုနီရာဂနီလို လူထုခေါင်းဆောင် ဖြစ်မယ်။ သူတို့ နောက်ပြန်မလှည့်ချင်ဘူး။

၈၈ အဖွဲ့ တွေ ပါတီထောင်ရင် လွှတ်တော်ထဲ အများစု ရောက်လာမယ်။ ကိုကိုကြီးက ပါတီထောင်၊ မင်း ကိုနိုင် က အခုအတိုင်း ဆက်လုပ်။ သူတို့  နောက်ပြန် မလှည့်ချင်ဘူး။

ဦးသိန်းစိန်အစိုးရကလည်း အခုအတိုင်းလေး ကောင်းနေပြီ။ ပိုပြီးကောင်းဖို့ ပဲ ရှိတယ်။ ဒီကြားထဲ ကြံ့ဖွတ် အနေအထားကောင်းရင် ၂၀၁၅ ကို မျှော်နိုင်မယ်။ သူတို့ လည်း နောက်ပြန် မလှည့်ချင်ဘူး။

မြန်မာစစ်တပ်။ နောက်ပြန်လှည့်ရင် ၁၀၀% အကျိုး ဖြစ်မယ် လို့ ထင်နေကြတယ်။ စဉ်းစားကြည့်- စစ်တပ် က အာဏာပြန်သိမ်း-ဆန်ရှင်တွေ ပြန်လုပ်-ငြိမ်းချမ်းရေးသဘောတူညီချက်တွေ အကုန် ပျက်သွားပြီး တိုင်း ရင်းသားလက်နက်ကိုင်တွေက ဒီမိုကရေစီ Army တွေ ဖြစ်လာမယ်။ ပိုဆိုးလာမှာက အနောက်အုပ်စု တစ် စု လုံးက အဲဒီ ဒီမိုကရေစီအာမီတွေကို အလုံးအရင်းနဲ့  ထောက်ပံ့မယ်။ မြန်မာပြည် စစ်တလင်းဖြစ်မယ်။ အုံကြွ ဆူပူကြနဲ့  UG တွေ OG တွေနဲ့  ရှုပ်ရှက်ခတ်နေမယ်။ စစ်တပ် နာမည်ပျက်မယ်။ ဒီတော့ သူ တို့  လည်း နောက်ပြန် လှည့်ချင်မှာ မဟုတ်ဘူး။

ဒါဆိုရင် Zero Sum Game လို့  အထင်အရှား သိထားကြတဲ့ ဒီဂိမ်းကို ဘာဖြစ်လို့  ကစားနေကြတာလဲ။ ဘာရည်ရွယ်ချက်နဲ့  ကစားချင်ကြတာလဲ။ စဉ်းစားဖို့  လိုလာပြီ။

အခု ကိုယ်တိုင် ၀င်ပြီး Play နေတာတွေက ဦးဝီရသူ၊ ကိုကိုကျော်(ဗကသ)၊ Generation Wave-GW စတဲ့ Platform ရှာနေကြတဲ့အဖွဲ့ ။ သူတို့ ကရော ဘာကြောင့် လုပ်နေတာလဲ။ ဒီဂိမ်းဟာ မဖြစ်မနေ ရွေးချယ် ရမယ့် တစ်ခုတည်းသော လမ်းကြောင်း ဟုတ်ပါရဲ့ လား။ ဒီဂိမ်းမှာ သံဃာတွေ နိုင်ငံရေးနဲ့  ဒွေးရော ယှက် တင် ဖြစ်လာပြီ။ သံဃာဆိုတာ ရှေးကတည်းက မဲပေးခွင့်တောင် ခွင့်ပြုမထားတဲ့ဟာ။ ဒါကလည်း ဗိုလ် ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်သွားတဲ့ မူဝါဒ။ သံဃာတွေ သာသနာရေးကိုပဲ လုပ်ဖို့  ဗိုလ်ချုပ်အောင် ဆန်း ကိုယ်တိုင် ပြတ်ပြတ်သားသား ပြောခဲ့ပြီးသား။

၁၂ သုံးလုံးအထိမ်းအမှတ် ဆိုပြီး မဖြစ်ညစ်ကျယ် လှုံ့ ဆော်မှု ဘယ်ကလာတာလဲ။

အခု ကြားသိရတဲ့ သတင်းက မကောင်းတော့ဘူး။

လက်ရှိ ဆန္ဒပြနေတဲ့ ဖြစ်စဉ်အားလုံးကို နိုင်အောင်နဲ့  ခင်ဥမ္မာတို့ က ကြိုးကိုင်ထားတယ် လို့  ခိုင်လုံတဲ့ သတင်းရပ်ကွက်က သိရတယ်။

NDD အဖွဲ့ က အဓိက -သူတို့ နောက်မှာ ဘယ်သူတွေ ရှိသလဲ။ NED ရှိနေတယ်။

၈၈ ရဲ့ ပွင့်လင်း လူ့ အဖွဲ့အစည်း ဆိုတာ ဘီလျံနာဆိုးရော့စ်ရဲ့  Open Society ကို ဖော်နေတာပဲ။ ဒါပေမယ့် ဒါက မြေပေါ် လှုပ်ရှားမှု။

နိုင်အောင်နဲ့  ခင်ဥမာတို့ ရဲ့  နောက်က NED ဆိုတာလည်း အမေရိကန်ဘတ်၈ျက်နဲ့  Run နေတာပဲ။

ခင်ဥမ္မာ ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံကို  ရောက်လာတယ်။  ခင်ဥမာ၊ နိုင်အောင်နှင့်အဖွဲ့တွေဟာ ဗကသ၊ GW နှင့် မနော်အုန်းလှ နောက်မှာ ရှိနေတယ်။ ငွေကြေးထောက်ပံ့နေတယ် လို့  ပြောတယ်။ အခု ဘုမသိ ဘမသိ ပြနေကြတဲ့ သပိတ်ကြီးမှောက်ဖို့ နိုင်အောင်က အဓိက ထောက်ပံ့ ပြီး ကြိုးကိုင်ထားတယ် ဆိုတဲ့ သတင်း ထွက်လာတယ်။

ဒါတွေ ၈၈ တွေက သိတော့ ၊ လက်ရှောင်သွားပြီး ကော်မရှင်မှာ မပါချင်ဘူး ဆိုပြီး လုပ်လာတယ် လို့ ဆို တယ်။ ၈၈ တွေရဲ့ Open Society က ဆိုးရော့စ်ရဲ့  Open Society နဲ့  အတူတူပဲ။ ဆိုးရော့စ်က မြန်မာပြည် အကြောင်း ဘာမှမသိဘူး။ ကြားက လော်ဘီတွေ ပြောသမျှ ငွေထုတ်ပေးနေတာ သက်သက်ပဲ။ ဒါပေမယ့် ဆိုးရော့စ်က ၈၈ တင်မကဘူး ကျန်တဲ့ အဖွဲ့ အစည်းအများအပြားကို လည်း ထောက်ပံ့ပေးနေ တာ ဖြစ် တယ်။ ၈၈ သွားနေတဲ့ လမ်းကြောင်းက ဒေါ်စုနဲ့  ခွဲလုပ်ဖို့  သက်သက်၊ ကိုယ့်လမ်းကိုယ်ဖောက်မယ့် ပုံစံ သက်သက်ပဲ။

ဒါပေမယ့် ခင်ဥမာနဲ့  နိုင်အောင်တို့  လုပ်နေတာက ဘာအတွက်လဲ။ မတည်မငြိမ် ဖြစ်-အာဏာရှင်ဖြစ်မှ သူ တို့ ကို NED က တစ်သက်လုံး ထောက်ပံ့ပေးမှာ မဟုတ်လား။ ပြည်တွင်း ပြန်လာဖို့ ကိုလည်း သူတို့ က စိတ် ကို မကူးဘူး။ ဒီတော့ အခု ကိစတွေရဲ့ လက်သည် တရားခံက ခင်ဥမာနဲ့  နိုင်အောင်-သူတို့ နောက်က NED -NED နောက်က အမေရိကန် အစိုးရနဲ့  ကွန်ဂရက် ဖြစ်နေတာ တွေ့ ရတယ်။

NED ဆိုတာ အမေရိကန် ကွန်ဂရက်ရဲ့  ခွင့်ပြုဘတ်ဂျက်နဲ့  သွားနေတဲ့ဟာ။ ဒါကို ဟီလာရီကလင်တန်က သိတော့ USAID အောက်ကို ဆွဲသွင်းဖို့  ကြိုးစားနေတယ်။ ဒီမိုကရေစီပရိုမိုးရှင်း ဆိုပြီး ဒီလို မြေအောက် အဖွဲ့ တွေကို ပေးနေတာ အရင်ခေတ်က မှန်တယ်။ အခု ဦးသိန်းစိန်နဲ့  ဒေါ်စုတို့  တွဲလုပ်နေပြီ ဖြစ်တဲ့ ဒီ အချိန်မှာ မြန်မာနိုင်ငံနဲ့  ပတ်သက်ရင် USAID အောက်ကပဲ တစ်စုတစ်စည်းတည်း သွားရမယ်။ သွားသင့် တယ် လို့  ခံယူတယ်။ အဓိကအချက်က ဒီမိုကရေစီပရိုမိုးရှင်းမဟာဗျူဟာဟာ အမေ၇ိကန်နိုင်ငံခြားရေး မူဝါဒနဲ့  ဟန်ချက်ညီရမယ်လို့  ဆိုတယ်။

အိုဘားမားလက်ထက်မှာ USAID ကို နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ကို ဆွဲစေ့ထားပြီးပြီ။ ကျန်နေတဲ့ ကွန်ဂရက်က ဆွဲတဲ့ ဘတ်ဂျက်နဲ့  သွားတာတွေလည် USAID နဲ့  ထပ်တူကျဖို က အိုဘားမား က လည်း ပြောနေတာ ကြာပြီ။

GW-ဗကသ-သံဃာဦးဆောင်ကော်မတီ စတဲ့ လှုပ်ရှားမှုတွေဟာလည်း ဒီ-လှုပ်(ဒီမိုကရေစီရေးလှုပ်ရှားသူ များ)တွေ ကို အဓိက တည်ထားတာ ဖြစ်တယ်။ နော်အုန်းလှ ဆိုတာ ဆနပြ နေရရင် ထောင်ထဲ ၀င်လိုက် ထွက်လိုက် လုပ်နေရရင် ကျေနပ်နေတဲ့ သဘောထား။ သူက ထောင်ဆိုတာ အိမ်ဦးနဲ့  ကြမ်းပြင် ဆိုပြီး အခြောက်တိုက် ဂုဏ်ယူနေတာ၊ သူ့ မှာ နိုင်ငံရေး ခံယူချက် ဆိုတာ မရှိဘူး။ ဒါကြောင့်လည်း ဒေါ်စုက သူ့  ကို ထုတ်ပစ်ရတာ။ စိတ်ဓါတ်ကတော့ ကောင်းတယ်။ ဆနပြမယ် ဘာလုပ်မယ် ဆိုရင် နေမကောင်း တဲ့ ကြားကကို ချက်ချင်း လိုက်လာတာ လို့ ပြောတယ်။

ဦးသိန်းစိန်အစိုးရကို မကျေမနပ် ဖြစ်နေတဲ့ ဘင်္ဂါလီကုလားတွေက အခု ဖြစ်စဉ်မှာ ဒို့  လူကလေးများ ဆို သလေလေ မှာ ဝေလေလေ ရောကြိတ်တယ်။ အွန်လိုင်းမှာ ကုလားတွေ ဒီလောက်တက်ကြွတာ ဒီနေ ရာ မှာ ဒီမိုလိုလိုနဲ့  ရောချတယ်။ အခန့်  မသင့်ရင် ဘုန်းကြီးနဲ့  အစိုးရ ထိပ်တိုက် တိုးမယ်။ ဒါပဲ ဒီကောင်တွေ က ဖြစ်စေချင်တာ။

ဒီတော့ ဒီကိစကို သိပြီ ဆိုတာနဲ့  ရောက်ရာအရပ်က အမြန်ပြန်ရှင်းပါ။

NED ဟာလည်း ဒီလိုမျိုး အဖျက်လုပ်မယ့် သူတွေကို ဘာမှ မထောက်ပံ့သင့်ဘူး။ ထောက်ပံ့ချင်ရင် တရား ၀င် မြေပေါ်မှာ ရှိနေတဲ့ CSO တွေကိုပဲ ပေးသင့်တယ်။

မြန်မာပြည်ရဲ့  ဒီမိုကရေစီကို ဒုကပေးမယ့် သူတွေလက်ထဲ ဒေါ်လာတွေ အလျှံပယ် မပေးသင့်ဘူး။

၈၈ ကလည်း ဒီကိစကို ၀ိုင်းပြီး ထိန်းသင့်တယ်။ ထိန်းရမယ်။ သွားနေတဲ့ လမ်းကြောင်းမှာ ဘယ်သူ့ ကိုမှ အကျိုး မပြုတဲ့ အရူးအပေါ ခေတ်ဆွေးဗကပ လုပ်နည်းတွေကို သိသိကြီးနဲ့  လွှတ်မပေးသင့်ဘူး ။ တော် လှန်ရေး ဘာဆိုတာ ၈၈ တွေ သိပါတယ်။ အခုအချိန်ဟာ တော်လှန်၇မယ့်အချိန် ဟုတ်-မဟုတ်လည်း ၈၈ တွေ သိပါတယ်။

ခင်ဥမာနဲ့  နိုင်အောင်လည်း လုပ်စားစရာ မရှိရင် မြန်မာပြည် ပြန်လာဖို့  ကောင်းတယ်။ အနည်းဆုံး ဒေါ်စု ကို အထောက်အပံ့ ပေးသင့်တယ်။ အခုလို လေညှာက အနေသာကြီး ဆိုသလို အပြင်မှာ နေ အတွင်းမှာ မီးလောင်ချင်လောင် သေချင်သေ ဆိုတာမျိုးကတော့ သိပ်ကို မိုက်ရိုင်းလွန်း အားကြီးတယ် လို့  ပဲ ပြောချင် တယ်။

ဗကသနဲ့  GW တွေကလည်း နိုင်ငံရေးကို နိုင်ငံရေးနဲ့  တူအောင် လုပ်တတ်ဖို့  ကြိုးစားသင့်တယ်။ ကောင်း တာ က နိုင်အောင်နဲ့  ခင်ဥမာတို့  အနေနဲ့  ဒီအဖွဲ့ တွေကို ပြည်ပ ခေါ်ထုတ်- ပြီးတော့ နိုင်ငံရေးသိပံတွေေ ကာင်းကောင်း သင်ပေးဖို့  လုပ်သင့်တယ်။ မိုက်ရူးရဲ တော်လှန်ရေးယောင်ယောင်နဲ့  အဖျက်သမား ဖြစ် မှန်း မသိ ဖြစ်နေရင် တိုင်းပြည် ဒုက ရောက်သွားမယ်။ အနည်းဆုံးတော့ အမေရိကန်သံရုံးမှာ ဖြစ်ဖြ စ် ဗြိ တိ သျှကောင်စီမှာ ဖြစ်ဖြစ်၊ NLD ၈၈ တွေနဲ့ ချိတ်ဆက်ပြီး ကိုယ့်အဆင့်ကို မြှင့်ကြဖို့  ကောင်းပြီ။ ၈၈ ရဲ့  ပွင့် လင်း လူ့ အဖွဲ့ အစည်း ကလည်း ကျော်ကိုကိုတို့ လို လုပ်ချင်ကိုင်ချင်တဲ့ လူငယ်တွေကို လမ်းမှား မရော က်ေ အာင် ဆွဲခေါ်သင့်တယ်။ မင်းဇေယျာကို မုံရွာမှာ အနီးကပ်ထားတာ ဘာလုပ်ဖို့ လဲ။ ဒီလို ဦးနှောက်မရှိ တဲ့ လုပ်ရပ်တွေကို ထိန်းဖို့  လား။ မှားနေတဲ့လမ်းမှာ အဆင်း ဘီးတပ်ပေးဖို့ လား။ ဒါကိုလည်း ၈၈ တွေပဲ သိမယ်။

ရှင်းရှင်း ပြောရရင်  ဒီလှုပ်တွေကို လမ်းမှား မပို့ပါနဲ့ ။ ဒီလှုပ်တွေ မှားတာ များလာရင် ပြည်သူတွေ အကုန် လုံး လမ်းမှားထဲကို တစ်ပြုံကြီး ရောက်သွားမှာ ဖြစ်တဲ့အတွက် ပြောနေရတာ ဖြစ်တယ်။

(း မနေနိုင်လို့  ကြားဝင်ပြီး ရှင်းရှင်းပဲ ပြောရတာ ဖြစ်ပါတယ်။ ရိုင်းတယ်ထင်ရင်လည်း နားလည်ပေးပါ။ ဆဲချင်သလိုလည်း ဆဲနိုင်ပါတယ်။း)

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: