၂၈-၁၁-၂၀၁၂ ထုတ်
မြန်မာပို့စ်ဂျာနယ် အတွဲ(၄) အမှတ်(၄၆)မှာဖော်ပြ ထားတဲ့ သတင်းတစ်ပုဒ်ကို ဖတ်
လိုက်ရတဲ့ အချိန်မှာ မီဒီယာတွေ အပုပ်ချ တိုက်ခိုက် ချပြန်ပြီလို့ တွေးမိ
လိုက်ပါ တယ်။ မြောက်ကိုရီးယားမှ လက်နက်နှင့် ဆက်စပ် ပစ္စည်းများ
မြန်မာနိုင်ငံသို့ ပို့ဆောင် ပေးခဲ့သည်ဟု ယူဆ ရသည့် သင်္ဘောတစ်စီး ကို ဂျပန်
အစိုးရ ဖမ်းဆီးမိ---လို့ ခေါင်းစဉ် တပ်ထားတဲ့ သတင်း တစ်ပုဒ်ပါ။
သတင်းရင်းမြစ် ကို တော့ ဂျပန် သတင်းစာ အဆာဟိ ရှင်ဘွန်းလို့ မြန်မာပို့စ်
ဂျာနယ်က ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့နေရာက ဂျပန်ဆိပ်ကမ်း၊ ဖမ်းဆီးရမိတဲ့ပစ္စည်းတွေက သတ္တု ပိုက် ၅၀ ခန့်နဲ့ သတ္တုချောင်း ၁၅ ချောင်းဖြစ်ပါတယ်။ သင်္ဘောထွက်ခွာရာ လမ်းကြောင်းကို မြေပုံနှင့် တကွ ဖော်ပြ ထားပါတယ်။ ၀မ်ဟိုင်း (၂၁၅) သင်္ဘောဟာ တရုတ်နိုင်ငံ ဒါလီယန် ဆိပ်ကမ်းက စတင် ထွက်ခွာပါတယ်။ တရုတ်နိုင်ငံ ရှီကူ ဆိပ် ကမ်းမှာ ရပ်နားပြီး ၀မ်ဟိုင်း(၃၁၃)သင်္ဘောကို ကုန်သေတ္တာ တွေလွှဲပြောင်းပေးခဲ့ပါတယ်။ အဲ့ဒီ သင်္ဘော ဟာ မလေး ရှားနိုင်ငံကိုရောက်ပြီး ကုန်ပစ္စည်းများ ရန်ကုန်သို့ တင်ပို့ရန် သင်္ဘောပြော င်းပေးခဲ့ ပါ တယ်။ ၀မ်ဟိုင်း (၃၁၃) သင်္ဘောဟာ မလေးရှားကနေ ဂျပန်ဆိပ်ကမ်းကိုအရောက် ဖမ်းဆီးရမိတယ်လို့ သတင်း မှာေ ဖ်ာပြ ထားပါတယ်။
ကဲစာဖတ်သူများခင်ဗျာ- ရန်ကုန်ကိုပို့မယ့်ပစ္စည်းတွေ မလေးရှားမှာ သင်္ဘော ပြောင်းပြီး ထားခဲ့ရင် ဂျပန် ဆိပ်ကမ်းရောက် တဲ့အချိန် ဘာပစ္စည်းမှမကျန်နိုင်တော့တာ ကလေးတောင်စဉ်းစား တတ်တယ်လို့ ပွင့်လင်း ယူဆ ပါတယ်။ ဖမ်းဆီးရမိတဲ့ပစ္စည်းကလည်း သတ္တုပိုက် ၅၀ နဲ့ သတ္တု ချောင်း ၁၅ ချောင်းပါ။ ဒါတွေကို တာတို ပစ် ဒုံးကျည်တည်ဆောက်ရန် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ စွပ်စွဲထားပါတယ်။ ဒီဖြစ်စဉ်မှာ ကျွန်တော် မရှင်းတာ က ဒီသတ္တုပိုက်တွေကို မလေးရှားမှာမချခဲ့ဘဲ ဂျပန်ကို ဘာလို့သယ်သွားသလဲ။ ဂျပန်အ စိုးရက များ မြောက်ကိုရီးယားဆီက၀ယ်ထားလို့လား။ လူမိသွားမှ မြန်မာကိုအပြစ်ပုံချသလား၊ ပွင့်လင်းတွေးတော မိပါတယ်။ တကယ်တော့ ၀မ်ဟိုင်း (၃၁၃)သင်္ဘောဟာ မြန်မာနိုင်ငံကို မရောက်ခဲ့ပါဘူး။ မလေးရှား ဆိပ် ကမ်းမှာ လွှဲပြောင်း ပေးခဲ့ ရင်လည်း မလေးရှား တာဝန်ရှိ သူတွေ သိရ မှာပေါ့။ နောက်ပြီး ရှေ့ေ နာက် မညီ တဲ့ ဖော်ပြချက် ကတော့ မြန်မာနိုင်ငံ ကိုပို့ဖို့ မလေးရှားမှာ ပစ္စည်းတွေကို သင်္ဘောပြောင်းပေး ခဲ့တယ် ဆိုပြီး သတ္တု ချောင်းတွေ ဘာလို့ ဂျပန်ကို ပါလာရတာလဲဆိုတာ ဘယ်လိုမှ ဆက်စပ်လို့ မရတဲ့ ကိစ္စဖြစ်နေ တာ ပါ ပဲ။
အိုဘားမား မြန်မာနိုင်ငံကို လာစဉ်က သမ္မတကြီး ဦးသိန်းစိန်ကို ဖျက် အားပြင်းတဲ့ လက် နက် တွေ အကြောင်းပြော ခဲ့တာ ကိုကြည့်ပြီး မြန်မာနိုင်ငံအပေါ် အမေရိကန်မကောင်းမြင်အောင် ဖွလိုက်တဲ့ သတင်း လို့ ယူဆပါ တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအစိုးရအပေါ် အပြု သဘောဆောင်တဲ့ ဆက်ဆံေ ရးနဲ့ ပိတ် ဆို့မှု ရုပ်သိမ်း ခဲ့ တာတွေကို မနာလိုဖြစ်ပြီး မဟုတ်မဟတ် လုပ်ကြံလိုက်တဲ့သတင်းလို့ပဲ အဆာ ဟိ ရှင်ဘွန်း သတင်း ဌာန ကိုပြောပါရစေ။ ပြည်တွင်းက မြန်မာ ပို့စ်ဂျာနယ်ကလည်း သတင်းကို ယုတ္တိ တန်/ မတန်၊ အခြေ အမြစ်ရှိ/ မရှိ မစဉ်း စားဘဲ အစိုးရနဲ့ တပ်မတော်ကို နာမည်ဖျက် ရပြီးရော ဆိုပြီး အပုပ်ချ လိုက် ပုံရ ပါတယ်။
ယုတ္တိမတန်တာတွေကို ဖော်ထုတ်ပြရရင်-
(၁) သင်္ဘောက တရုတ်ပြည်ကစထွက်တယ်။ တရုတ်ပြည်ထဲမှာပဲ နောက် သင်္ဘော တစ်စီးကို ပစ္စည်းေ တွပြောင်း တယ်။
(၂) အဲဒီနောက် သင်္ဘောက မလေးရှားမှာ ရန်ကုန်ကို တင်ဖို့ နောက် သင်္ဘောတစ်စီး ကို ပြောင်းပေးခဲ့ တယ်။
(၃) တရုတ် သင်္ဘော ၂ စီးရဲ့ နာမည်တွေကို ၀မ်ဟိုင်း(၂၁၅)၊ ၀မ်ဟိုင်း (၃၁၃)လို့ နာမည်တွေ သိရှိရပြီး မလေး ရှား ကနေ ရန်ကုန်ကို လာတဲ့ သင်္ဘော နာမည်နဲ့ ရက်စွဲ တွေ ဘာလို့မပါသလဲ။
(၄) မလေးရှားမှာ ပစ္စည်းတွေပြောင်းပေးခဲ့တဲ့ သင်္ဘောက ဂျပန်နိုင်ငံကို သွားတယ်။ သတ္တုပိုက် ၅၀ နဲ့ သတ္တုေ ချာင်း ၁၅ ချောင်းေ တွ့တယ်။ ဒီပစ္စည်းတွေက မလေးရှားမှာ မထားခဲ့ဘဲ ဂျပန်ကို ဘာလို့ သယ် လာရ သလဲ။
(၅) သတ္တုပိုက် ၅၀ နဲ့ သတ္တုချောင်း ၁၅ ချောင်းလောက်က တာတိုပစ်ဒုံးကျည် တည်ဆောက်ဖို့ ဖြစ်နိုင် ရဲ့ လား။
ဒီအချက်တွေကို လေ့လာလိုက်ရင် ဂျပန်သ တင်းစာနဲ့ မြန်မာပို့စ် ဂျာနယ်တို့ဟာ အစိုးရနဲ့ တပ်မတော်ကို သိက္ခာကျအောင် အပုပ်ချ လိုက်တဲ့ အပုပ်ချ မဏ္ဍိုင် ဆိုတာ သိသာလှပါတယ်။
ပွင့်လင်း
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။