မြန်မာလား ဗမာလား ထ အငြင်းပွားနေကြတော့ တစ်ချိန်တုန်းက ထုတ်ဝေထားတဲ့ ပိုက်ဆံလေး ပြန် ကြည့် မိတယ်.... ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ်တဲ့.... အင်္ဂလိပ်လိုက Burma တဲ့...... ဗမာလို ရေးထား တဲ့စာမှာ မြန်မာနိုင်ငံတော်လို့ ရှင်းရှင်းလင်းလင်း ပြဆိုခဲ့တာ ၈၈ မတိုင်ခင် လွန် ခဲ့သော နှစ် များစီ က ဖြစ် ပါတယ်..... ဒါ့ကြောင့် ဗမာနိုင်ငံဆိုတာဟာ ရှေးယခင်ကပင် မရှိခဲ့တာကို ပြဆိုပီးသား ဖြစ်ပါတယ်.....
ငယ်ငယ်က သင်ကြားခဲ့ရတဲ့ စာများအရလည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစ ရှိ တဲ့ တိုင်းရင်းသားများ စုပေါင်းနေထိုင်တဲ့ နိုင်ငံကို ပြည်ထောင်စု
မြန်မာနိုင်ငံလို့ သင်ယူခဲ့ရတဲ့အ တွက် မြန် မာနိုင်ငံဆိုတဲ့ အသုံးအနှုံးဟာ
ယခင်ကတည်းက ရှိပြီးသားဖြစ်ပါတယ်... အဲ့ဒိအတွက် ကျွန်တော် တို့ နိုင် ငံကို
အင်္ဂလိပ်လို ခေါ်ဖို့မှာ Burma နဲ့ Myanmar နှစ်ခုကွဲနေတာမှာ ကျွန်တော်ကတော့
Myanmar ဆို တာ ကို ပိုပီး သဘောကျပါတယ်...
ဝမ်းနည်းစရာ တစ်ခုကလည်း
ဗမာနိုင်ငံအစား မြန်မာနိုင်ငံလို့ သုံးတဲ့အတွက် ဗုဒ္ဓကိုကော မုဒ္ဓ (မုတ္တ)
လို့ သုံးရမလားဆိုပီး ပါတီတစ်ခုရဲ့ ပါတီဝင် တစ်ယောက်က
စော်ကားခဲ့တာပါပဲ..... ဗမာနိုင်ငံလား မြန်မာနိုင် ငံလား ကိုယ်သုံးနေတဲ့
ပိုက်ဆံကိုကြည့်ပီးတောင် မခွဲခြားနိုင်ပဲ ထင်ရာစွတ်တင် ဘာသာရေး ပါ
စော် ကားခဲ့တဲ့ အဲ့ဒိပါတီဝင်လည်း ခုထိ ရှိသေးလား မရှိသေးလား မသိရပေမယ့်
အတော်စိတ်ပျက်ခဲ့မိပါတယ်...
သမိုင်းကြောင်း ပြန်ကြည့်ရင်
လူမျိုးစုတိုင်းမှာ ဘုရင်တွေရှိခဲ့ပြီး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
သက်ဆိုင်ရာ ဘုရင့်အမှုတော်တွေကို တိုင်းရင်းသားတိုင်း ထမ်းခဲ့ကြရတာပါပဲ....
ဒိအတွက်လည်း ဘု ရင်ကြောင့် ဖြစ်ရတဲ့ စစ်တွေမှာ လူမျိုးစုခြင်း
သတ်ခဲ့ဖြတ်ခဲ့တာဟာ မြန်မာနိုင်ငံ တစ်ခုတည်းသာမက က မ္ဘာ့နိုင်ငံ အသီးသီးမှာ
ဖြစ်ခဲ့ပါတယ်.... တရုတ်ပြည်မှာဆိုလည်း မင်းဆက် အဆက်ဆက် သတ်ခဲ့ ဖြတ်ခဲ့ တာ
မနည်းပါဘူး..... ဒါတွေကို အာဃာတ မထားပဲ တိုးတက်အောင် ကြိုးစားနေတဲ့
သူများနိုင်ငံတွေကို အားကျ အတုယူဖို့ အချင်းချင်း စိတ်ဝမ်းမကွဲဖို့
လိုပါတယ်.... အခုလက်ရှိ ဗမာ လူမျိုးဆိုသော်ငြား ဆင်း သက်လာတဲ့ အနွယ်တွေဟာ
တိုင်းရင်းသားတွေကနေ အစပျိုးတယ်ဆိုရင်လည်း မမှားပါဘူး....
ဒိအတွက်
ဗမာ လူမျိုးကြီးဝါဒ ဗမာလူမျိုးကြီး ၀ါဒနဲ့ ပြစ်တင်ပြောဆိုနေတာတွေ
များနေချိန်မှာ တိုင်းရင်း သား အားလုံး သာတူညီမျှ ဖြစ်မယ့် Myanmar ဆိုတာကို
ကျွန်တော် ပိုနှစ်သက်မိပါ တယ်. ... ရေကြည် ရာ မြက်နု ရာ
ပြောင်းရွှေ့နေထိုင်ကြရင်း တိုင်းရင်းသားတွေ သွေးနှောလို့
မြန်မာနိုင်ငံသားဆိုရင် ဒီ တိုင်း ရင်းသားတွေကိုပဲ မျက်လုံးထဲမှာ
ပြေးမြင်မိမှာ ဖြစ်ပါတယ်....
အဓိကကတော့ ညံ့ဖျင်းတဲ့
အုပ်ချုပ်သူများကြောင့် ဗမာကို ကြည့်မရတာကနေ မြန်မာကို ပါ
ရောမုန်း သွား တာ ပါ..... မြန်မာဆိုတာကို လွတ်လပ်ရေး ယူကတည်းက
သုံးနှုန်းခဲ့ပါတယ်.... အခုလက်ရှိ မဟာဗန္ဓုလ ပန်းခြံလမ်းက
လွတ်လပ်ရေးကျောက်တိုင်မှာလည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့
သုံးပါတယ်....
တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထားရှိသော သဘောထား များ လို့ဖော်ပြထားတာမှာလည်း ၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည်
အာရှအလယ်ပိုင်းကုန်းမြေမှ ဆင်း သက်ပေါက်ဖွား လာကြသည့် တိုင်းရင်းလူမျိုး၊
မိသားစုဝင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံ တစ်နိုင်ငံ
ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့်
တိုင်းရင်းလူမျိုးများ၊ လူမျိုးစုများ၏ အမိမြေသည် မြန်မာနိုင်ငံသာလျှင်
ဖြစ်ပေသည်။
ကျွန်တော်ကတော့ နဂိုကတည်းက ရှိခဲ့တဲ့
မြန်မာနိုင်ငံဆိုတဲ့ အသုံးအနှုန်းကို ပိုမြတ်နိုးပါတယ်.... Burma ဆိုတဲ့
ဗြိတိသျှခောတ်ကို ပြန်အမှတ်ရစေတဲ့ စကားအစား Myanmar ဆိုတဲ့
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြ ငှာန်း နဲ့ ရှိတဲ့ စကားလုံးကို
ပိုနှစ်သက်တယ်လို့ပဲ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့
ဆိုပါရစေ.....
ကျွန်တော်ကတော့ နဂိုကတည်းက ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုတဲ့ အသုံးအနှုန်းကို ပိုမြတ်နိုးပါတယ်.... Burma ဆိုတဲ့ ဗြိတိသျှခောတ်ကို ပြန်အမှတ်ရစေတဲ့ စကားအစား Myanmar ဆိုတဲ့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြ ငှာန်း နဲ့ ရှိတဲ့ စကားလုံးကို ပိုနှစ်သက်တယ်လို့ပဲ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဆိုပါရစေ.....
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။