Pages

Wednesday, January 2, 2013

အမေရိကန် လူမဲ့ လေယာဉ် နောက်ထပ်တစ်စီးအား အီရန်တို့ ထပ်မံ ပစ်ချ

အမေရိကန်တို့၏ လူမဲ့ လေယာဉ် နောက်ထပ် တစ်စီးအား အီရန်တို့က ကမ်းမြောင် ပင်လယ် ဒေသတွင် ပစ်ချ လိုက်ကြောင်း သိရသည်။ ယင်းသတင်းကို အီရန်နိုင်ငံ အခြေဆိုက် သတင်းဌာန တို့မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်တို့ လုံးဝ မဟုတ်ကြောင်း ငြင်းဆို ထားသည်။

"လေယာဉ်တင် သင်္ဘောက လူမဲ့လေယာဉ် အရေအတွက်ကို ပြန်လည် စစ်ကြည့် ပြီးပါပြီ။ တစ်စီးမှ လျော့မသွားပါဘူး။ ဒါကြောင့် ဘယ်အမေရိကန် လေယာဉ်မှ အီရန်တို့ ထပ်မံ အပစ်ချ မခံရသေးပါဘူး" ဟု အမေရိကန် စစ်ဘက် အရာရှိ တစ်ဦး ဖြေကြားခဲ့သည်။ အမေရိကန်မှ အီရန်သို့ ဖုန်းခေါ်ဆိုမှု ကိုလည်း အီရန်တို့ ပြန်လည် မဖြေကြား ခဲ့ကြောင်း ဆိုထားသည်။
 
သို့သော် အီရန် အခြေဆိုက် သတင်း ဌာနများက အတိအလင်း ပြောကြားနေပြီး ယခု ပစ်ချလိုက်သော လူမဲ့ လေယဉ်က ဈေးနှုန်း သက်သာ လေယာဉ် ဖြစ်ပြီး ဘိုအင်း ကုမ္မဏီ ထုတ် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် လကလည်း နိုင်ငံတကာ လေပိုင်နက်တွင် ပျံသန်းနေသော အမေရိကန် လူမဲ့လေယာဉ်ကို ပစ်ချရန် အီရန်တို့ ကြိုးပမ်း ခဲ့ကြောင်း အမေ ရိကန်တို့ ပြောဆို ခဲ့သည်။
ယမန်နှစ်က ပစ်ချ ခဲ့သည့် RQ-170  ကို အမေရိကန်တို့ ပြန်လည် တောင်းဆို သော်လည်း အီရန်တို့ ပြန်လည် ပေးအပ်ရန် ငြင်းဆို ခဲ့သည်။ ထို့နောက် ယင်းလေယာဉ်ကို အခြေပြု၍ အီရန်နိုင်ငံထုတ် လူမဲ့ လေယာဉ်များ အများအပြား ထုတ်လုပ် ပြသ နိုင်ခဲ့သည်။ ယခုလည်း ကုန်ကျ စရိတ် အနည်းဆုံး ဖြစ်နိုင်အောင် ဖန်တီး ထားသော လူမဲ့ တိုက်လေယာဉ် တစ်စီး ကို ရရှိသွားပြီ ဖြစ်ရာ နောက်ထပ် ဈေးသက်သာ လူမဲ့ လေယာဉ်များ အီရန်တို့ ထုတ်လုပ်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားကြောင်း နိုင်ငံတကာ မီဒီယာများက ပြောဆိုခဲ့ သည်။
မြ၀တီ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

အမေရိကန် လူမဲ့ လေယာဉ် နောက်ထပ်တစ်စီးအား အီရန်တို့ ထပ်မံ ပစ်ချ

Labels:

0 comments: