Pages

Saturday, October 27, 2012

ဖားကန့်တွင် ကျောက်စိမ်း ကုမ္ပဏီများ ပြန်လည် လုပ်ကိုင်ရန် KIA တပ်ရင်းမှူး ခေါ်ယူတွေ့ဆုံ

KIO တပ်မဟာ(၂) တပ်ရင်း(၆)တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲ(ခ) လဒွဲ

27.10.2012

အောက်တိုဘာလ(၂၅)ရက်နေ့ နေ့လည်ပိုင်းမှာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းရှင်(၁၅)ဦးအား KIA တပ်မဟာ (၂) ရင်း(၆)တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲက ခေါ်ယူတွေ့ဆုံခဲ့ပြီး ဖားကန့်ဒေတွင် ကျောက်စိမ်းများ ပြန်လည်တူးဖော်ရန် ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲအား (၅၂)နှစ်မြောက် KIO နှစ်ပတ်လည်နေ့ ဆုတောင်းပွဲပြုလုပ်အပြီး နေ့လည်(၂)နာရီခန့်တွင် KIA ရင်း(၆) အခြေပြုရာ ကန်ဆီးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံရာတွင် ဖားကန့်ဒေသအတွင်းရှိ ကုမ္ပဏီလုပ်ငန်းရှင် များအနေဖြင့် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများအား အောက်တိုဘာလအတွင်းအပြီး ပြင်ဆင်ထားရန်နှင့် နိုဝင်ဘာလ တွင် စတင်တူးဖော်သွားရန် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်သော အလုပ်သမားများအား ခေါ်ယူထားရန်နှင့် လုပ်ငန်းခွင်အတွင်းသို့ ရေမဆေးကျောက်ရှာဖွေသူများ မ၀င်ရောက်ရန် KIA မှ ထားမြစ်ပေးမည် ဖြစ်ကြောင်း နှင့် လစဉ်ပေးသွင်းရန် ဆက်ကြေး ကိစ္စရပ်များကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

``သူတို့က သူဋ္ဌေးတွေကို ပြောတဲ့အထဲမှာ အဓိကအနေနဲ့တော့ လုပ်ငန်းပြန်စဖို့ပေါ့၊ ပြီးတော့ ဆက်ကြေးပေးဖို့ ဒါပါဘဲ၊ ဆက်ကြေးကို အရင်က တစ်နှစ်ခြင်းအလိုက်ပေးရတယ်။ ခုတော့ တစ်လချင်းအလိုက် ကြိုပေးဖို့ ပြောလာတယ်။ ပြီးတော့ ကြို့ကြားကြို့ကြား သူတို့တပ်ဖွဲ့အတွက် လိုအပ်တာတွေကိုလည်း ကူညီပေးဖို့ပေါ့။ ကျွန်တော်ထင်ပါတယ်။ လစဉ်ကြေးအပြင် နှစ်လတစ်ခါ လောက်တော့ ထပ်တောင်းမယ် ထင်ပါတယ်´´ ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ထို့ပြင် ယခုကဲသို့လုပ်ငန်းများ ပြန်စရန် ဆက်ကြေးပေးရန် တောင်းဆိုခြင်းမှာ KIO အနေဖြင့် ဘဏ္ဍာရေး အခက်ကြုံနေခြင်းကြောင့် ဖြစ်နိုင်ကြောင်းနှင့်  KIO အကြီးတန်းခေါင်းဆောင်များပိုင်ဆိုင်သော ပစ္စည်းများအား တရုတ်အစိုးရမှ သိမ်းယူခဲ့ခြင်းနှင့်လည်း ပတ်သတ်နိုင်သည်ဟု ဒေသခံများကဆိုသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီးချိန်မှစ၍ ပြည်နယ်အတွင်းရှိ သစ်များ တွင်းထွက်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများထံမှ ဆက်ကြေးတောင်းခံပြီး KIO ၏ ဘဏ္ဍာရေးအား ဖြည့်တင်းလာခဲ့ရာ ယခုအခါတွင် အစိုးရတပ်နှင့် ဖြစ်ပွားသော တိုက်ပွဲများကြောင့် သစ်ထုတ်လုပ်ရေး ကုမ္ပဏီများ၊ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ၏ လုပ်ငန်း များရပ်ဆိုင်းသွားကာ ဆက်ကြေးကောက်ခံရရှိမှု မရှိတော့သည်မှာ (၂)နှစ်နီးပါး ရှိလာပြီဖြစ်သဖြင့် ဘဏ္ဍာရေး အခက်ကြုံ လျက်ရှိကြောင်း သိရပါတယ်။ ဘဏ္ဍာရေး အခြေအနေကြောင့် KIA တပ်များအား ရိက္ခာထောက်ပံ့ရန်ပင် ခက်ခဲလျက်ရှိကြောင်းလည်း သိရှိရပါတယ်။

ကချင်သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ဖားကန့်တွင် ကျောက်စိမ်း ကုမ္ပဏီများ ပြန်လည် လုပ်ကိုင်ရန် KIA တပ်ရင်းမှူး ခေါ်ယူတွေ့ဆုံ

Labels:

0 comments: