ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက် ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ် ကိုင် သူဖြစ်ကြောင်း ၄င်း ၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊၊
“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားေ နာက်လိုက်သွားရင်လည်း အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊ အခုလို ရုတ်တရက် ဘာသတင်းမှမကြားရဘဲစုန်းစုန်းမြုတ်ပျောက်သွားတော့ပိုစိတ်ပူနေရပါတယ်၊သ မီးလေးပျောက်သွားတဲ့နေ့ ကစက်ချုပ်ပစ္စည်းတွေလည်းပါသွားတယ်၊သူ့ဆိုင်ကယ်ကိုလည်းပေါင် သွား တယ်၊သူဆိုင့်ကယ် သွားပေါင် တဲ့ မိတ်ဆွေကပြောတာတော့ မေသက်ဇွန်ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာ စိမ်း တစ်ယောက်ပါလာတယ်တဲ့၊နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေးနဲ့ပဲ တွေ့တဲ့သူရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူးခံလိုက်ရပြီ လားလို့ တွေး မိပါတယ်”
ဒေါ်ခင်နန်းမြင့်ပြောခဲ့သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ပါသည်၊၊
မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံ သို့ခေါ်ေ ဆာင် ရောင်းချခဲ့သည့် ဖြစ်စဉ်များဖြစ်ပါသည်၊ထိုဖြစ်စဉ်အား ကျွန်တော်မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန် ကူး ခဲ့သည့် တရားခံ များအားလုံး ထောင်( ၁၀ ) နှစ်ကျခံလိုက်ရပြီးဖြစ်ပါသည် ယခုပျောက်ဆုံးသွား သည့်ဖြစ် စဉ် မှာယခင် အင်းတော်မြို့တွင်ဖြစ်ပွားခဲ့သော ခြေရာလက်ရာ အတိုင်းဖြစ်နေပါသော ကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ၊ထိုပျောက်ဆုံးသွားသောမိန်းကလေးနှင့် ပါတ်သက်၍ေ တွ့ ရှိသူများး၊တွေ့မြင်သူများရှိပါက ကျွန်တော့်ထံ အွန်လိုင်းမှ တဆင့် ( သို့မဟုတ် ) ဖုန်း၀၉၆၄၆၈၄၅၅ သို့ ဆက်သွယ် ကူညီပေးနိုင်ရန် ရေးသား လိုက်ရပါသည်၊။

ဟာဂျူလီ-ကသာ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။