Pages

Friday, November 9, 2012

“““ ဖမ်းဆီးခံ မြန်မာ တပ်သား (၃) ဦး ကိစ္စ နစကနှင့် ဘီဂျီပီ အလံတင် အစည်းအဝေး ပြုလုပ်ပြီး ဆွေးနွေး ”””

ယခု ဖေါ်ပြပါ ဓါတ်ပုံမှာ နစကနှင့် ဘီဂျီဘီ တာဝန်ရှိသူများ ယခင်ကတွေ့ဆုံခဲ့သော ပုံဖြစ်ပါသည်။

နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေး အဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ သည် နယ်စပ်တွင် ယမန်နေ့က တွေ့ဆုံကာ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံမှ GE တပ်သား ၃ ဦး အရေးနှင့် ပတ်သက်ပြီး  တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင်တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာဘက်မှ ဖမ်းဆီးခံထားရသော တပ်သား (၃) ဦး ပြန်လည် လွှတ်မြောက်ရေး အတွက် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့၏ အကူအညီ ကို တောင်း ခံခဲ့သည်ဟု ဆိုသည်။

တွေ့ဆုံ ဆွေးနွေးပွဲအား ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ဘင်ဒရိုင်ဘင် ခရိုင် တောင်ဘက်ပိုင်း လိမ္မော်ဆရီး ဘီဂျီပီ စခန်းတွင် ပြုလုပ်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးစဉ် မြန်မာဘက်က ထိုသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလံတင် ဆွေးနွေးပွဲတွင် မြန်မာ နစကဘက်မှ ဦးမြင့်ထွန်း ဦးဆောင် တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ ဘီဂျီပီ တပ်ဖွဲ့မှ လိမ္မော်ဆရီ စခန်း တာဝန်ခံ ဆာဘီဒါ ဆာဟက် အလံ ဦးဆောင် တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ စခန်းအနီးတွင် လမ်းလုပ်နေသော GE တပ်ဖွဲ့မှ တပ်သား (၄) ဦးကို လက်နက် အပြည့် အစုံ ကိုင်ဆိုင်ထားသော အဖွဲ့ တစ်ခုမှ နိုဝင်္ဘာလ ၆ ရက်နေ့က ၀င်ရောက် ပစ်ခတ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မူကြောင့် GE တပ်ဖွဲ့မှာ လမ်းဗိုလ်ခေါ် စက်ပြင်ဆရာ ကျော်ကျော်ဝေ ပွဲချင်း ပီး သေ ဆုံး သွား ခဲ့ပြီး တပ်ကြပ်ကြီး ခင်မိုးအောင်နှင့် နောက်ထပ် (၂) ဦး ဖမ်းဆီးခံခဲ့ရသည်။

နယ်စပ် အရပ်ဘက် သတင်းအရ ဖမ်းဆီးခံရသူ (၃) ဦးကို သတ်ပစ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ထွက်ပေါ်နေသော်လည်း သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မြန်မာဘက်မှ  ယခု ၀င်ရောက် ပစ်ခတ်ခဲ့သော အဖွဲ့ကို အာရ်အက်ဆို မွတ်ဆလင် လက်နက် ကိုင်အဖွဲ့ဟု စွပ်စွဲထားပြီး ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များကမူ  အဆိုပါ အဖွဲ့မှာ ဘင်္ဂလာဒေခ်ျ့ နယ်မြေတွင် ခိုအောင်း၍ မရှိကြောင်း ငြင်းဆိုထားသည်ဟု သိရသည်။

နိရဉ္စရာ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ဖမ်းဆီးခံ မြန်မာ တပ်သား (၃) ဦး ကိစ္စ နစကနှင့် ဘီဂျီပီ အလံတင် အစည်းအဝေး ပြုလုပ်ပြီး ဆွေးနွေး ”””

Labels:
ယခု ဖေါ်ပြပါ ဓါတ်ပုံမှာ နစကနှင့် ဘီဂျီဘီ တာဝန်ရှိသူများ ယခင်ကတွေ့ဆုံခဲ့သော ပုံဖြစ်ပါသည်။

နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေး အဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ သည် နယ်စပ်တွင် ယမန်နေ့က တွေ့ဆုံကာ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံမှ GE တပ်သား ၃ ဦး အရေးနှင့် ပတ်သက်ပြီး  တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင်တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာဘက်မှ ဖမ်းဆီးခံထားရသော တပ်သား (၃) ဦး ပြန်လည် လွှတ်မြောက်ရေး အတွက် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့၏ အကူအညီ ကို တောင်း ခံခဲ့သည်ဟု ဆိုသည်။

တွေ့ဆုံ ဆွေးနွေးပွဲအား ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ဘင်ဒရိုင်ဘင် ခရိုင် တောင်ဘက်ပိုင်း လိမ္မော်ဆရီး ဘီဂျီပီ စခန်းတွင် ပြုလုပ်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးစဉ် မြန်မာဘက်က ထိုသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလံတင် ဆွေးနွေးပွဲတွင် မြန်မာ နစကဘက်မှ ဦးမြင့်ထွန်း ဦးဆောင် တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ ဘီဂျီပီ တပ်ဖွဲ့မှ လိမ္မော်ဆရီ စခန်း တာဝန်ခံ ဆာဘီဒါ ဆာဟက် အလံ ဦးဆောင် တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ စခန်းအနီးတွင် လမ်းလုပ်နေသော GE တပ်ဖွဲ့မှ တပ်သား (၄) ဦးကို လက်နက် အပြည့် အစုံ ကိုင်ဆိုင်ထားသော အဖွဲ့ တစ်ခုမှ နိုဝင်္ဘာလ ၆ ရက်နေ့က ၀င်ရောက် ပစ်ခတ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မူကြောင့် GE တပ်ဖွဲ့မှာ လမ်းဗိုလ်ခေါ် စက်ပြင်ဆရာ ကျော်ကျော်ဝေ ပွဲချင်း ပီး သေ ဆုံး သွား ခဲ့ပြီး တပ်ကြပ်ကြီး ခင်မိုးအောင်နှင့် နောက်ထပ် (၂) ဦး ဖမ်းဆီးခံခဲ့ရသည်။

နယ်စပ် အရပ်ဘက် သတင်းအရ ဖမ်းဆီးခံရသူ (၃) ဦးကို သတ်ပစ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ထွက်ပေါ်နေသော်လည်း သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မြန်မာဘက်မှ  ယခု ၀င်ရောက် ပစ်ခတ်ခဲ့သော အဖွဲ့ကို အာရ်အက်ဆို မွတ်ဆလင် လက်နက် ကိုင်အဖွဲ့ဟု စွပ်စွဲထားပြီး ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များကမူ  အဆိုပါ အဖွဲ့မှာ ဘင်္ဂလာဒေခ်ျ့ နယ်မြေတွင် ခိုအောင်း၍ မရှိကြောင်း ငြင်းဆိုထားသည်ဟု သိရသည်။

နိရဉ္စရာ
0 comments: