နိုင်ငံတကာစာနယ်ဇင်းကျင့်ဝတ်များတွင် သတင်းပေးသူ သို့မဟုတ် သတင်းအရင်းအမြစ်နှင့် စပ်လျဉ်း၍ လျှို့ဝှက်ထား ရမည်ဆိုသည့်အချက်ပါသည်။ ထိုအချက်သည် စာနယ်ဇင်းသမားများအနေဖြင့် အဂတိလိုက် စားခြင်း၊ အစိုးရနှင့် အခြား အဖွဲ့ အစည်းများ၏ စီမံခန့်ခွဲမှုမှားယွင်းခြင်းကဲ့သို့သော ပြည် သူလူထု အကျိုး စီး ပွားအတွက်အရေးကြီးသည့်သတင်းများကို ရေးသားနိုင်ရန်အတွက် သတ်မှတ်ပေးထားခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံရေးသမိုင်းတွင် အကြီးကျယ်ဆုံးအရှုတ် တော်ပုံ ဖြစ်သည့် ဝါးတားဂိတ်အရှုတ်တော်ပုံသည် ထိုကဲ့သို့ လျှို့ဝှက်ထားသည့် သတင်းအရင်းအမြစ်ထံမှရရှိခဲ့သည့် သတင်းများ မှ စတင်ပေါ်ပေါက် ခဲ့ခြင်းဖြစ် သည်။ သတင်းဆောင်းပါးများတွင် သတင်းပေးသူ၊ ပြောကြားသူ၏အမည်နှင့် ရာထူး တာဝန် များ ကို ဖော်ပြခြင်းမပြုပဲ ကိုးကားခြင်းကို အမည်မဖော်ပြသည့်သတင်းအရင်းအမြစ် anonymous source ဟု သတ်မှတ်ပါသည်။ ထို့ကြောင့်အမည် မဖော်ပြသည့် သတင်း အရင်း အမြစ် ကိုးကား အသုံးပြုခွင့်ရှိခြင်း သည်စာနယ်ဇင်း လောက အတွက် အရေးကြီးသည့် အခွင့်အရေး တစ်ခုဖြစ် သည်ဟု ဆိုနိုင်ပါသည်။
ကျင့်ဝတ်ပြဿနာ
သို့သော် ထိုအခွင့်အရေးကိုပင် အလွန်အကျွံသုံးပြီး သတင်းတိုင်းလိုလိုတွင် အမည်မဖော်လိုသော အရာ ရှိတစ်ဦး၊ စီးပွား ရေးသမားတစ်ဦး စသည်ဖြင့် ကိုးကားဖော်ပြလာသည့် အခါ နောက်ဆက် တွဲပြဿ နာ များပေါ်ပေါက်လာသည်ကိုလည်းတွေ့ ရှိရသည်။ သတင်းစာ သို့မဟုတ် သတင်းဌာနတစ်ခုအနေဖြင့် အ မည်မဖော်ပြသည့် အရင်းအမြစ်များကို မကြာခဏ အသုံး ပြုသည့်အခါ ပြဿနာနှစ်မျိုးပေါ်လာနိုင်သည်။ ပထမပြဿနာမှာ သတင်းပေးသူက မိမိအကျိုးအတွက် စာနယ်ဇင်းကို အသုံးချခြင်းဖြစ်သည်။ ဤ အခြေ အနေတွင် သတင်းပေးသူအနေဖြင့် နံမည်ဖော်စရာမလိုသဖြင့် တာဝန်ခံမှုမရှိတော့သဖြင့် သတင်းမှား သို့ မဟုတ် မိမိလိုသလိုပုံဖော်ထားသည့်သတင်းအချက်အလက်များကို စာနယ်ဇင်းများကို အသုံးချပြီး ဖြန့်ချိ သွားသည်ကိုတွေ့ရသည်။တစ်ခါတစ်ရံထိုသတင်းမျိုးသည် သတင်းစာ၏ ဂုဏ်သိက္ခာကို ထိခိုက်ရုံ မျှသာ မ က ကြီးမားသည့် နောက်ဆက်တွဲပြဿနာများကို ပေါ်ပေါက်စေတတ်ပါသည်။ ၂၀၀၅ ခုနှစ်ဧပြီလ အတွင်း က Newsweek မဂ္ဂဇင်း တွင် အမည်မဖော်ပြသည့် သတင်းအရင်းအမြစ်ထံမှ ရရှိသောသတင်းကို အခြေ ခံပြီး ရေးသားထားမှု တစ်ခုသည် အာရပ် ကမ္ဘာတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြ မှုများကို ဖြစ်ပေါ်စေ ခဲ့သည့်အပြင် နောက်ပြန်လည် ဆန်းစစ်သည့် အခါ သတင်း မှန်ကန်မှုမရှိသည့်အတွက် မဂ္ဂဇင်းက တောင်း ပန်ပြီး သတင်းကို ပြန်လည် ရုပ်သိမ်းခဲ့ ရသည်ကို လေ့လာတွေ့ ရှိခဲ့သည်။ ထို သတင်း ဖော်ပြ မှုနှင့်ပတ် သက်ပြီး အမေရိကန်အစိုးရက Newsweek မဂ္ဂဇင်းအနေဖြင့် သတင်းစိစစ်မှုမရှိဘဲ ဖော်ပြခဲ့သည့် အတွက် အရှေ့ အလယ်ပိုင်း နှင့် အစ္စလမ် နိုင်ငံများ တွင်နေထိုင် နေသည့် အမေရိကန် နိုင်ငံသားများ ကို အန္တ ရာယ် ကျရောက် စေခဲ့သည်ဟု ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ သည်ကိုလည်း တွေ့ရသည်။
ဒုတိယပြဿနာမှာ သတင်းဌာနများက အမည်မဖော်ပြသည့်သတင်းအရင်းအမြစ်သုံးစွဲမှုကို အလွယ်တကူ ခွင့်ပြုသည့် အခါ သတင်းသမားများကိုယ်တိုင်က သတင်းများကို လုပ်ကြံဖန်တီးပြီးရေးသား လာခြင်းဖြစ် သည်။ ဤအခြေအနေတွင် သတင်း သမားအနေဖြင့် အပင်ပန်းခံသတင်းရယူခြင်းမပြုတော့ဘဲ အချို့ အ ချက်အလက်များကို အမည်မဖော်ပြသည့် သတင်း အရင်းအမြစ်ကို ကိုးကား၍ ဖန်တီးရေးသားခြင်း၊ တစ်ခါ တစ်ရံ ၎င်း၏ကိုယ်ပိုင်အမြင်ကို အခြားသူတစ်ဦးက ပြောကြား သည့်အသွင်ဖြင့် ထည့်သွင်းရေးသားခြင်း များ ကို ဆောင်ရွက်လာသည်ကိုတွေ့ရပေသည်။ ဤသို့ဆောင်ရွက်ခြင်းကြောင့် နောက်ထပ် စာနယ်ဇင်း ကျင့်ဝတ် နှစ်ခုဖြစ်သည့် သတင်းရေးသားရာတွင် သတင်းရေးသားသူ၏အာဘော် သို့မဟုတ် ထင်မြင်ချက် လုံးဝမပါရှိစေရဆိုသည့် အချက်နှင့် သတင်းအချက်အလက်များကို လုပ်ကြံဖန်တီးရေးသားခြင်းမပြုရ ဆို သည့် အချက်ကို ချိုးဖောက်ရာ ရောက်သည့်အပြင် သက်ဆိုင်ရာစာနယ်ဇင်း အပေါ် ပြည် သူများ၏ယုံ ကြည် အားကိုးမှုလည်း ဆုံးရှုံး စေသည်ကိုတွေ့ရသည်။ ထိုအဖြစ်မျိုးကို နံမည်ကြီးသတင်းစာများပင် ရင် ဆိုင်ခဲ့ရပါသည်။
ဝါရှင်တန်ပို့စ် သတင်းထောက် Janet Cooke ၏ ပူလစ်ဇာဆုရ သတင်းဆောင်းပါးဆိုပါက အမည်မဖော်လို သည့် သတင်းအရင်းအမြစ် anonymous sources များကို ကိုးကား ရေးသားထားချက်များသည့် စာရေး သူ က စိတ်ကူးယဉ် တီထွင်ရေးသားထားမှုများဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့သဖြင့် ဆုကို ပြန်လည်ပေးအပ် ခဲ့ ရ သည့်အပြင် ဝါရှင်တန် ပို့စ် သတင်းစာကလည်း စာဖတ်ပရိသတ်များကို ပြန်လည် တောင်းပန် ခဲ့ရ သည် ကိုတွေ့ခဲ့ရသည်။ အလားတူပင် နယူးယောက် တိုင်းမ် သတင်းစာ၊ သတင်းထောက် Jayson Blair သည်လည်း ၎င်း၏ နံမည်ကြီးသတင်းဆောင်းပါးများတွင် အခြားသူများ ၏ ရေးသားချက်များ ကို ပြန်လည် ကူးယူဖော်ပြခြင်း၊ မရှိသည့်သတင်းအရင်းအမြစ်များကို ကိုးကားပြီးရေးသားခြင်းများ ပေါ်ပေါက်ခဲ့သဖြင့် ရာထူးမှ နှုတ်ထွက်ပေးခဲ့ရသည်ကိုလည်းတွေ့ရသည်။
ဘယ်လို ကာကွယ်မလဲ
အထက်တွင်ဖော်ပြခဲ့သည့် သတင်းအရင်းအမြစ်များနှင့်ပတ်သက်သည့် ကျင့်ဝတ်ဆိုင်ရာပြဿနာများသည် အနောက် ဒီမို ကရေစီနိုင်ငံများတွင်ပင်လျှင် အလေးဂရုပြုရမည့် ပြဿနာတစ်ခုအဖြစ် သို့ ရောက်ရှိ လာခဲ့ သည်။ ထို့ကြောင့် စာနယ်ဇင်း အယ်ဒီတာများအနေဖြင့် ပြည်သူ့အကျိုးစီးပွား အတွက်အရေးကြီး သည့်သ တင်း များရရှိရန်လိုအပ်ချက်နှင့် ကျင့်ဝတ်ဆိုင်ရာ လိုအပ်ချက်များကို ဟန်ချက်ညီညီကျင့်သုံးနိုင်မည့် လုပ် ထုံးလုပ်နည်းများကို တိတိကျကျသတ်မှတ်လာခဲ့သည်ကိုတွေ့ရ သည်။ ထိုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းကြောင့် လည်း ၂၀၀၅ ခုနှစ်တွင် Project for Excellence in Journalism က ဝါရှင်တန် ပို့စ်နှင့် နယူးယောက် တိုင်းမ် အပါအ၀င် အမေရိကန်ထိပ်တန်းသတင်းစာ ၁၆ စောင်၏ အမည်မဖော်ပြသည့် သတင်းအရင်း အမြစ်ဖော်ပြမှုအခြေအနေကို လေ့လာဆန်းစစ်မှုတစ်ခုပြုလုပ်ခဲ့ရာ ၂၀၀၃ ခုနှစ်တွင် အမည်မဖော်ပြ သည့် သတင်းအရင်း အမြစ်ကိုအသုံးပြုမှု ၂၉% ရှိရာမှ ၂၀၀၄ ခုနှစ်တွင် ၇% အထိကျဆင်းလာသည်ကိုတွေ့ ရ သည်။ ယနေ့နိုင်ငံတကာ သတင်းစာများ၊ သတင်းဌာနများ အနေဖြင့် အမည်မဖော်ပြသည့် သတင်းအရင်း အမြစ်ဖော်ပြမှု နှင့်ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများသည် အနည်းနှင့်အ များ ကွဲပြားမှုရှိသော်လည်း အောက်ပါ အခြေခံမူ များတွင်မူ တူညီသည်ကိုလေ့လာတွေ့ရှိ ရပါသည်-
၁။ အမည်မဖော်ပြသည့်သတင်းအရင်းအမြစ်ထံမှ ရရှိသည့်သတင်းအချက်အလက်သည် ခန့်မှန်း ချက် များ၊ ကိုယ်ပိုင် ထင်မြင်ချက်များမဖြစ်ရ။ ဖော်ပြမည့်သတင်းနှင့်သက်ဆိုင်သော အရေးကြီးသည့်သ တင်း အချက်အလက်ဖြစ်ရ မည်။
၂။ အခြားမည်သည့်အရင်းအမြစ်ထံကမျှ မရရှိနိုင်သည့်သတင်းအချက်အလက်ဖြစ်ရမည်။
၃။ သတင်းအရင်းအမြစ်သည် ယုံကြည်စိတ်ချရမှုရှိပြီး တိကျသည့်သတင်းအချက်အလက်ကို ရရှိနိုင် သည့် အခြေ အနေတွင်ရှိသူဖြစ်ရမည်။
၎။ သတင်း၏အရေးကြီးမှုအပေါ်မူတည်ပြီး အမည်မဖော်ပြသည့် သတင်းအရင်းအမြစ်ထံ မှ သတင်း အသုံးပြု ခွင့်ကို ခွင့်ပြုပေးနိုင်သည့် သတင်းဌာနအကြီးအကဲအဆင့်များကို သတ်မှတ်ပေးထားရမည်။ လို အပ် လျှင် သတင်းထောက်သည် အမည်မဖော်ပြသည့် သတင်းအရင်း အမြစ်၏ အမည်ရင်းနှင့် တာဝန်ကို သတင်းဌာနအကြီးအကဲထံ လျှို့ဝှက် တင်ပြ ရမည်။
၅။ အမည်မဖော်ပြသည့် သတင်းအရင်း အမြစ်ထံမှ ရရှိသည့် သတင်းအချက်အလက်များကို အခြား သတင်းအရင်း အမြစ်များနှင့်တိုက်ဆိုင်စစ်ဆေးနိုင်ရန် တတ်စွမ်းသမျှကြိုးစားရမည်။
၆။ သတင်းတွင် အမည်မဖော်ပြသည့် သတင်းအရင်း အမြစ်ကို ရည်ညွှန်းရာတွင် မည်ကဲ့သို့ ဖော်ပြ မည် ကို ကြိုတင် ညှိနှိုင်းသဘောတူညီချက်ရယူရမည်။ စာဖတ်ပရိသတ်အနေဖြင့် သတင်းအခြေအမြစ်ကို ပိုမိုယုံကြည်စေရန်အတွက် ဖြစ်နိုင် သမျှ အနည်းကပ်ဆုံးရည်ညွှန်းရမည်။ ယျေဘူယျရည်ညွှန်းမှုများကို တတ်နိုင်သမျှရှောင်ရှားရမည်။
ကျွန်တော်တို့ဆီမှာ
မိမိတို့နိုင်ငံတွင်လည်းနိုင်ငံပိုင်သတင်းစာများအပါအ၀င် စာနယ်ဇင်းများတွင် သတင်းများ၊ သတင်းဆောင်း ပါး များ ရေးသား ဖော်ပြရာ၌ အမည်မဖော်ပြသည့် သတင်းအရင်း အမြစ်ကို ရည်ညွှန်းရေးသားမှု များရှိ သည် ကို သတိပြုမိပါသည်။ သို့သော် အမည်မဖော်ပြသည့် သတင်းအရင်း အမြစ်များ၏ ပြောကြားချက် အ များစုမှာ အကြောင်းအရာအားဖြင့်လည်း အခြားသူ တစ်ဦးမှအမည်ရင်းဖြင့်ပြောဆိုနိုင်သောအချက် အ လက် များဖြစ်နေသည်ကိုလည်းကောင်း၊ပြောကြားသူများမှာလည်းတာဝန် ရှိသူတစ်ဦး၊ အင်ဂျင်နီ ယာ တစ် ဦး၊ စီးပွားရေးသမားတစ်ဦး၊ တက္ကစီသမားတစ်ဦး၊ ကျောင်းသားမိဘ တစ်ဦး စသည် ဖြင့် ယျေ ဘူယျ ဆန်သော ရည်ညွှန်းမှုများဖြစ်နေသည်ကိုလည်းကောင်းတွေ့ရပါသည်။ထို့ကြောင့် အမည်မဖော်ပြသည့် သတင်း အရင်း အမြစ်များကို အများအပြားသုံးစွဲလေ့ရှိသည်ဟု ယျေဘူယျသတ်မှတ်နိုင်သည့် ဂျာ နယ်နှစ်စောင် ၏ ဇူလိုင်၊ သြဂုတ် နှင့်စက်တင်ဘာလထုတ် စာစောင်များပါ မျက်နှာဖုံးသတင်းများ ကို လေ့ လာဆန်းစစ်မှုပြုလုပ်ခဲ့ပါသည်။
ထိုလေ့လာချက်များအရ ပထမဂျာနယ်၏ ဇူလိုင်ပထမပတ်မှ မှ စက်တင်ဘာ တတိယပတ် အထိ မျက်နှာ ဖုံး သတင်းများ တွင် အမည်မဖော်ပြသည့် သတင်းအရင်း အမြစ်အသုံးပြုမှုအခြေအနေ ကိုအောက်ပါ အ တိုင်းတွေ့ရှိရပါသည်-
၁။ ဇူလိုင်လ။ သတင်းအရေအတွက် (၂၈) ပုဒ်၊ သတင်းအရင်းအမြစ်တိတိကျကျဖော်ပြမှု (၃၁) ကြိမ်၊ အမည် မဖော်ပြ သည့်သတင်းအရင်းအမြစ်အသုံးပြုမှု (၂၆) ကြိမ်။
၂။ သြဂုတ်လ။ သတင်းအရေအတွက် (၃၃) ပုဒ်၊ သတင်းအရင်းအမြစ်တိတိကျကျဖော်ပြမှု (၅၈) ကြိမ်၊ အမည် မဖော်ပြ သည့်သတင်းအရင်းအမြစ်အသုံးပြုမှု (၃၁) ကြိမ်။
၃။ စက်တင်ဘာလ။ သတင်းအရေအတွက် (၂၄) ပုဒ်၊ သတင်းအရင်းအမြစ်တိတိကျကျဖော်ပြမှု (၄၁) ကြိမ်၊ အမည် မဖော်ပြ သည့်သတင်းအရင်းအမြစ်အသုံးပြုမှု (၂၃) ကြိမ်။
ဒုတိယဂျာနယ်၏ ဇူလိုင်ပထမပတ်မှ မှ စက်တင်ဘာတတိယပတ် အထိ မျက်နှာဖုံးသတင်းများတွင် အ မည်မဖော်ပြ သည့် သတင်းအရင်းအမြစ်အသုံးပြုမှုအခြေအနေကိုအောက်ပါအတိုင်းတွေ့ရှိရပါသည်-
၁။ ဇူလိုင်လ။ သတင်းအရေအတွက် (၂၃) ပုဒ်၊ သတင်းအရင်းအမြစ်တိတိကျကျဖော်ပြမှု (၃၇) ကြိမ်၊ အမည် မဖော်ပြ သည့်သတင်းအရင်းအမြစ်အသုံးပြုမှု (၁၉) ကြိမ်။
၂။ သြဂုတ်လ။ သတင်းအရေအတွက် (၂၁) ပုဒ်၊ သတင်းအရင်းအမြစ်တိတိကျကျဖော်ပြမှု (၄၈) ကြိမ်၊ အမည် မဖော်ပြ သည့်သတင်းအရင်းအမြစ်အသုံးပြုမှု (၄၀) ကြိမ်။
၃။ စက်တင်ဘာလ။ သတင်းအရေအတွက် (၁၇) ပုဒ်၊ သတင်းအရင်းအမြစ်တိတိကျကျဖော်ပြမှု (၂၄) ကြိမ်၊ အမည် မဖော်ပြ သည့်သတင်းအရင်းအမြစ်အသုံးပြုမှု (၁၄) ကြိမ်။
ဒုတိယဂျာနယ်၏ ဇူလိုင်ပထမပတ်မှ မှ စက်တင်ဘာတတိယပတ် အထိ မျက်နှာဖုံးသတင်းများတွင် အ မည်မဖော်ပြ သည့် သတင်းအရင်းအမြစ်အသုံးပြုမှုအခြေအနေကိုအောက်ပါအတိုင်းတွေ့ရှိရပါသည်-
၁။ ဇူလိုင်လ။ သတင်းအရေအတွက် (၂၃) ပုဒ်၊ သတင်းအရင်းအမြစ်တိတိကျကျဖော်ပြမှု (၃၇) ကြိမ်၊ အမည် မဖော်ပြ သည့်သတင်းအရင်းအမြစ်အသုံးပြုမှု (၁၉) ကြိမ်။
၂။ သြဂုတ်လ။ သတင်းအရေအတွက် (၂၁) ပုဒ်၊ သတင်းအရင်းအမြစ်တိတိကျကျဖော်ပြမှု (၄၈) ကြိမ်၊ အမည် မဖော်ပြ သည့်သတင်းအရင်းအမြစ်အသုံးပြုမှု (၄၀) ကြိမ်။
၃။ စက်တင်ဘာလ။ သတင်းအရေအတွက် (၁၇) ပုဒ်၊ သတင်းအရင်းအမြစ်တိတိကျကျဖော်ပြမှု (၂၄) ကြိမ်၊ အမည် မဖော်ပြ သည့်သတင်းအရင်းအမြစ်အသုံးပြုမှု (၁၄) ကြိမ်။
အထက်ပါလေ့လာဆန်းစစ်ချက်ကိုကြည့်ပါက ဂျာနယ်နှစ်ခုလုံးတွင် အမည်မဖော်ပြသည့် သတင်း အရင်း အမြစ်ကို ကိုးကား ရေးသားမှုရာခိုင်နှုန်းမှာအတော်များပြားသည်ဟု ဆိုနိုင်ပါသည်။ ထိုသို့ များပြားရခြင်းမှာ အစိုးရဌာနများ၊ ပြည်သူများအနေ ဖြင့် သတင်းမီဒီယာများနှင့် ထိတွေ့ဆက်ဆံမှုအလေ့ အကျင့်မ ရှိသေးခြင်း၊ မိမိနံမည်ကို ဖော်ပြရန်မ၀ံ့ရဲသေးခြင်းကြောင့် လည်းဖြစ်နိုင်ပါသည်။ သို့သော် ယခုအချိန်တွင် အ စိုးရ၏ မူဝါဒအပြောင်းအလဲကြောင့် အစိုးရ၀န်ထမ်းများ၊ ပညာရှင်များ၊ ပြည်သူများက မိမိတို့ အမြင် များကို မီဒီယာများပေါ်တွင်လွတ်လပ်ပွင့်လင်းစွာပြောဆိုလာနေသည်ကိုလည်းတွေ့နေရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က အကြောင်းအမျိုးမျိုးကြောင့် သတင်းအရင်းအမြစ်ကို မဖော်ပြပဲ ကိုးကားမှုများကို အ များ အပြားသုံးစွဲခဲ့ရသည့်တိုင် ယခုအချိန်တွင်မူ ကျင့်ဝတ်ဆိုင်ရာပြဿနာအဖြစ် သို့ ရောက်ရှိမလာစေ ရန် အတွက် စာနယ်ဇင်း များအနေဖြင့် မိမိတို့ စာနယ်ဇင်းတစ်စောင်ခြင်း၏အခြေအနေနှင့် သင့်တော်သည့် မူ ဝါဒများချမှတ်ဆောင်ရွက်ရန် အချိန် ရောက်ပြီဟု ယူဆမိပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။ Code of Ethics for Associated Press ( 2006)
၂။ Ethics and the use of unnamed sources၊ Robert D`Angelo –
၃။ Unnamed sources: essential or overused? ၊ Randy Dotinga, The Christian Science Monitor
၎။ New York Times Policy on Confidential News Sources
၅။ Mass Media Law, Don R. Pember , Clay Calvert
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။