Pages

Friday, November 2, 2012

နောင်တစ်ခေတ် ၏ အောင်စစ်သည် များသို့

ကျွန်တော် သူတို့ကိုစတွေ့တာ ၂၀၀၀ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီးမှာပါ..ရဲရင့်မှုတွေ၊ တက် ကြွ မှုေ တွနဲ့၊ လန်းဆန်းနုပျိုတဲ့ လူငယ်လေးတွေ အနေနဲ့ တွေ့ခဲ့ရတာပါ…သက်ဆိုင်ရာ တိုင်းနှင့် ပြည် နယ် အသီးသီးမှာ ၀င်ခွင့်စာမေးပွဲတွေဖြေဆိုရင်း နောင်တစ်ခေတ်ရဲ့ အောင်စစ်သည် ဖြစ်ဖို့ အိပ်မက်ေ တွ အပြ ည့် နဲ့ ပျော်ရွှင်နေကြတဲ့ လူငယ်လေးတွေအဖြစ် သူတို့မျက်နှာတွေက လန်းဆန်းလို့.… ရွယ်တူ အပေါင်းအသင်း သူငယ်ချင်းတွေက ဘာလုပ်ဖို့ ၀င်မှာလဲကွာ …နေ့သေမှန်း ညသေမှန်းလဲ သိတာ မဟုတ်ဘူး.. ဘယ်တော့ ကိုယ်အင်္ဂါတွေ ပြတ်တောက်မလဲ ဆိုပြီး စိတ်ပူနေရသေးတယ်… စသည်ဖြင့် တားမြစ်မှုတြွေ ကားမှာ တွေဝေမှုမရှိဘဲ ဆုံးဖြတ်ခဲ့ကြ တယ်..

စိတ်အားထက်သန်စွာနဲ့ အားပေးခဲ့တဲ့ မိဘတွေရှိသလို၊သားရဲ့ဆန္ဒကို မတားရက်လို့ လိုက်လျောပေးခဲ့တဲ့ မိဘတွေ ကိုလဲ သူတို့အနားမှာ တွေ့ရပြန်တယ်.. ငါ့သားလေး မကောင်းတာ လုပ်တာမှ မဟုတ်ပဲ. .အမေဂုဏ် ယူပါတယ်ဆိုပြီး မျက်ရည်တွေနဲ့ ခွင့်ပြုခဲ့တဲ့ မိဘတွေလဲ ရှိခဲ့တာပါပဲ.. …၀င်ခွင့် စာမေး ပွဲတွေ အောင်မြင်သွားလို့ ပျော်ရွှင်နေတဲ့ သူတို့ ၊ အကြောင်းကြောင်းကြောင့် ဗိုလ်ရွေးစာမေးပွဲကို ဆက်လက်ေ ဖြဆိုခွင့်မရတဲ့ သူငယ်ချင်းတွေကို အားပေးရင်း အိပ်မက်တွေကို ဖန်ဆင်းခဲ့ကြတယ်…. စစ်တက္ကသိုလ် ဆိုတာ ဘယ်လိုနေရာပါလိမ့်ဆိုပြီး စဉ်းစားရင်း သူတို့ အိပ်ရာဝင်ခဲ့ကြတယ်…

အိပ်မက်တွေရဲ့အဆုံးမှာ ဆိုက္ကားနင်းတဲ့ဖခင်က ကိုယ့်သားသေတ္တာကို ဆိုက္ကားပေါ်တင်လို့ ဗိုလ်ရွေး စာမေးပွဲ သွားဖြေမယ့် သားကို အားပေးနေတာကိုလဲ သူတို့ထဲမှာေ တွ့မြင်ခဲ့ရတယ်.. လယ်လုပ်တဲ့ဖခင် ကလဲ ထော်လာဂျီပေါ် သေတ္တာတင်လို့ ကားဂိတ် အရောက်လိုက်ပို့၊ ကြွယ်ဝတဲ့ မိသားစုတွေကလဲ ကိုယ်ပိုင် ကားတွေနဲ့ လိုက်ပို့၊ ရွာဦးကျောင်းဆရာတော်ကို ကန်တော့ပြီး မိဘမောင်နှမတွေ လိုက်ပို့တဲ့ သူကလဲ ပို့ ၊ဒါပေမယ့် သူတို့မိဘတွေအားလုံးရဲ့ ရည်ရွယ်ချက်က ငါတို့သားေ လး နောင်တစ်ခောတ် ရဲ့ အောင်စစ်သည် တစ်ယောက်ဖြစ်စေဖို့.. ငါ့သားကြိုးစားကွာ.. အဖေအပင်ပန်းခံပြီး သင်ပေးခဲ့ရတဲ့ ပညာတွေအတွက် ငါ့သား နိုင်ငံအတွက် အကျိုးရှိအောင်၊ အဖေတို့လဲ ဂုဏ်ယူနိုင်အောင် ကြိုးစားကွာ လို့ပြောနေတဲ့ ဖခင်ကို လူကြားထဲမှာ ကန်တော့ပြီး နှုတ်ဆက်နေတဲ့ သူတို့ကိုလဲ တွေ့ရပြန်တယ်..

ဗိုလ်ရွေးထဲကိုစရောက်တာနဲ့ တစ်သက်လုံးနှစ် လက်မအောက် မရောက်ဖူးတဲ့ဆံပင်ကို စစ်သားပုံ စသွင်း ချိန် မှာ မအီမလည်နဲ့ တစ်ယောက်ပုံ တစ်ယောက်ကြည့်ပြီး စနောက်ပျော်ရွှ င်နေတာ လဲ တွေ့ရတာပဲ.. စစ်ဆေးမှုေ တွ အမျိုးမျိုး အပြီးမှာတော့ စစ်တက္ကသိုလ်ဗိုလ်လောင်း ဆိုတဲ့ နေရာတစ်ခုအတွက် အိပ်မက်သစ် တစ်ခု စတင်ပြန်ရော. .Defence Services Academy (DSA) ဆိုတာ ဘာကြီးပါလိမ့်ပေါ့.. ဘယ်လိုနေရာ မျိုးလဲပေါ့.. ပြင်ဦးလွင်ဆိုတာ ကိုရောက်ရင် ဘာလုပ်မယ်ဆိုပြီး စိတ်ကူတွေ ကိုယ်စီနဲ့သူတို့၊ အစ်မတို့ သားလေး စစ်ဗိုလ်ဖြစ်တော့မှာဆို ၊ဘယ်တော့ပြင်ဦးလွင် သွားရမှာလဲ၊ အစ်မသားလေးက စစ်ဗိုလ်ရုပ်လေး၊ အစ်မသား ကတော့ တာဝန်ကျေပြီ၊ အိမ်ကကောင်ကတော့ စာမေးပွဲတောင် မအောင်သေးဘူး…စတဲ့ ပတ်ဝန်းကျင်က စကားတွေကြားမှာ ဂုဏ်ယူကျေနပ်နေတဲ့ သူတို့မိခင်တွေ၊ တစ်ရွာလုံးမှာ တစ်ယောက်၊ တစ်မြို့လုံးမှာမှ ဆယ်ဂဏန်းလောက် အရေအတွက်မို့ သူတို့ကို အားလုံးက အားကျလို့ပါပဲ…

သက်ဆိုင်ရာ တိုင်းအလိုက်က ထွက်ခွာလာတဲ့ ရထားတွေကြီးထဲမှာ သူတို့တွေစုရုံးလို့ လူငယ်တို့ရဲ့ အားမာန်ေ တွနဲ့ ပြင်ဦးလွင်က စစ်တက္ကသိုလ်ဆိုတဲ့ နေရာကြီးကို တရွေ့ရွေ့ ချီတက်ခဲ့ကြ တယ်.. ရောက်ခဲ့ပါပြီ စစ်တက္ကသိုလ်ဆီသို့….အနယ်နယ်အရပ်ရပ်က အသုတ်လိုက်ရောက်လာတဲ့ ရွယ်တူ လူင ယ် တွေ ကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ရင်း ဗိုလ်လောင်းတ စ်ယောက် ဖြစ်ဖို့ အစစ်ေ ဆးခံဖို့ သူတို့ ပြင်ဆင်ကြရတယ်…ရွှီ ဆိုတဲ့ခရာမှုတ်သံနဲ့အတူ မနက် ငါးနာရီမှာ အိပ်ရာထရ တာတွေ၊ ညဆယ်နာရီမှာ မီးပိတ်ချိန်ဆိုပြီး ခရာမှုတ်သတိပေးသံအဆုံး အဆောင်တိုင်းမီးပိတ်လို့ စစ်မြေပြင် မှာလိုပဲ အလှည့်ကျ ကင်းစနစ်နဲ့ သတ်မှတ်ချိန်မှာ အိပ်ရာထပြီး ကင်းစောင့်ခဲ့ရတာတွေ၊ အရာအား လုံးဟာ သူတို့အတွက် အသစ် အဆန်းတွေကြီးပါပဲ..

အဆင့်ဆင့်အပြီးသတ် စစ်ဆေးခြင်းတွေမှာ ဆေးစစ်ချက်အဆင့်မမှီလို့ ပြန်သွားတဲ့ သူတွေ၊ ခံနိုင်ရည်မ ရှိလို့ စောစီးစွာ လက်မြှောက် အရှုံးပေးသွားတဲ့ သူတွေနဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းအဖြစ် သူတို့တွေ ကိုပဲ နောက်ဆုံးမှာ တွေ့မြင်ခဲ့ရတယ်…သူတို့တွေအားလုံး စနစ်တကျ တန်းစီလို့ နိုင်ငံတော်အလံကို ထိပြီး ဆိုခဲ့ကြတဲ့ သစ္စာတရားတွေမှာ သူတို့မျက်နှာတွေက ရဲရင့်ပြောင်မြောက်လို့ပါပဲ. .ပုခုံးပေါ်မှာ အဖြူရောင် ဘားလေးတ စ်ခုရဖို့ under training သုံးလကာလကို ဖြတ်သန်း ရချိန်မှာ စစ်သားဘ၀ ဆိုတာ သူတို့စပြီး နားလည်ခဲ့ကြတယ်..ပြင်ဦးလွင်မြို့ကြီး ဘယ်လောက်လှလဲ ဆိုတာလဲ သူတို့မသိဘူး..

ပြင်ဦးလွင်သူလေးတွေ ဘယ်လောက်ချောလဲဆိုတာလဲ သူတို့နဲ့မဆိုင်ဘူး. .သူတို့သိတာသူ တို့ရဲ့ နေ့စဉ် တာဝန်…ဘယ်ညာ..ဘယ်ညာ ခြေလှမ်းမှန်စွာနဲ့ မနက်မိုးလင်းတိုင်း ပြေးခဲ့ရတဲ့ သုံးမိုင်၊ သတိ၊ သက်သာ၊ေ အးစေ အခြေခံတဲ့ စစ်သား တစ်ယောက်ရဲ့အခြေခံ စစ်သင်တန်း၊ပင်ပန်းလို့ ဆေးလိမ်းပေးမယ့်သူမရှိ၊ ညစ်ပေတဲ့ အ၀တ် လျှော်ဖွတ်ပေးမယ့်သူမရှိ၊ အစားအသောက်ပျက်လို့ ချက်ပြုတ်ကျွေးမယ့်သူမရှိ၊ ကိုယ့်တာဝန် ကိုယ်ထမ်းလို့ တာဝန် ကျေတတ်အောင် သင်ကြားခဲ့ကြတယ်..ကင်းကျတဲ့ ညအချိန်လေးေ တွမှာ ကြားလိုက်ရတဲ့ ညရထားသံတွေနဲ့ ထူးအိမ်သင်ရဲ့အမေ့အိမ်သီချင်းဟာ သူတို့တွေကို မျက်ရည် ၀ိုင်းေ စတဲ့အထိပါပဲ..

သာမန်လူတစ်ယောက်ဘ၀မှာ ပျော်စရာအကောင်းဆုံးအချိန် သုံးချိန်ရှိသလို စစ်တက္ကသိုလ် ဗိုလ်လောင်း ဘ၀မှာလဲ ရှိပါတယ်…ပထမဆုံးက အဆင့်ဆင့်စစ်ဆေးခြင်းတွေ အောင်မြင်ပြီးလို့ ငါစစ်တက္ကသိုလ်မှာ ပညာ သင် ရတော့မှာပါလားဆိုတဲ့ အချိန်၊ ဒုတိယကတော့ ဗိုလ်လောင်းအသိအမှတ်ပြု ဒေါက်တင်ပွဲ အခမ်း အနား ပါ.. အပြင်ကို ထွက်ခွင့်ရတော့မယ်…စာပေပညာတွေ သင်ကြားရတော့မယ်. .စနေ၊တနင်္ဂနွေ မှာ မိဘ နဲ့ေ တွ့ခွင့်ရတော့မယ်လေ..ဒါပေမယ့် ပိုကြီးလေးတဲ့ တာဝန်တွေဖြစ်လာ တယ်ဆိုတာ သူတို့ေ နာက်မှ သိလာ ကြတယ်..မနက်မိုးလင်း သုံးမိုင်ပြေးပြီးလို့ အပြန်မှာ စာသင်ခန်းသွား ဖို့ ပြောင်လက်ေ နရမယ့် ဖိနပ် ရယ်၊ တောက်ပြောင်သပ်ရပ်နေရမယ့် ၀တ်စုံရယ်၊ဆရာ၊ဆရာမတွေကို ပြရမယ့် စာတွေရယ်. .ေ သာကြာ ညနေခင်းတိုင်းမှာ သက်လုံလေ့ကျင့်ခန်း ငါးမိုင်ရယ်၊ ထပ်တိုးလာတဲ့ ဗိုလ်လောင်း တာဝန် ၀တ္တရားေ တွကို သူတို့အပြုံးမပျက်ထမ်းဆောင်ရတော့မယ်။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်နဲ့ အလောင်း ဘုရား တပ်ရင်းအသီးသီးမှာ မိမိတပ်စု၊ တပ်ခွဲက စလို့ အမိစစ်တက္ကသိုလ်ကြီး တစ်ခုလုံးဟာ သူတို့ လုပ်ေ ဆာင်ချက်တွေအပေါ်မှာ မူတည်လာပြီကိုး…

စနစ်တကျ တန်းစီလို့ စစ်သီချင်းတွေဟစ်ကြွေးရင်း စာသင်ခန်းေ တွဆီကို သူတို့ လှမ်းလာချိန်တွေမှာ ကြက်သီးတွေ တဖြန်းဖြန်း ထလို့ပါပဲ.. အမျိုးချစ်တဲ့ဇာနည်၊ တိုင်းပြည်ဝန်ထမ်းမည်၊ စစ်တက္ကသိုလ်ေ ကျာင်းသားများ စွမ်းရည်၊ ပေးအပ်တဲ့တာဝန်၊ တို့ကျေပွန်ရမည် ၊အားခဲကာဇွဲနဲ့ တက်လှမ်းချီ..

နေဘယ်လောက်ပူပူ၊မိုးဘယ်လောက်ရွာရွာ၊ဆောင်းဘယ်လောက်အေးအေး သူတို့တွေအတွက် မှုစရာ မဟုတ်ပါဘူး…မိုးရွာချိန်တိုင်းမှာ သူတို့တွေဆိုတတ်ကြတဲ့ စစ်သီချင်းတစ်ပုဒ်ကတော့ မိုးတွေကလဲ မစဲဘဲ ရွာနေတယ်၊သူတို့အလောင်းကောင် အကာအကွယ်ပြုလို့၊ ငါတို့တိုက် ရတယ်၊ ဒို့ဗိုလ်က ဓားဆွဲလို့ ရှေ့ကတက်ပါတယ်၊ဘယ်မှာကြောက်စိတ်ရှိမလဲ ငါတို့စစ်သားရယ်…

အချိန်တွေအလီလီဖြတ်သန်းလို့ တစ်နှစ်တာ ပြီးဆုံးမှုမှာ သူတို့ပြန်ချိန်ရောက် ရှိလာပါပြီ… ခွင့် တစ်လ ဆိုတဲ့ အတိုင်းအ တာ မှာ မိဘရင်ခွင် ခဏပြန်ခွင့် ရတော့မယ်လေ… စိတ်ကူးတွေ ကိုယ်စီနဲ့ ရူးကြတော့ တာ ပါပဲ.. ချစ်သူေ ကာင်မလေး ရှိတဲ့သူ များကြတော့ ညအိပ်ရင်တောင် စိတ်ကူးတွေထဲမှာ ပြုံးရွှင် လို့ပေါ့.. ဒီလိုနဲ့ပဲ အိမ်ပြန်ချိန်ကို ရောက်ခဲ့ပြန်ပေါ့… တစ်နှစ်တစ်နှစ် သင်ကြားပြီးဆုံး သွားတဲ့ စစ်ပညာ ၊ စာပေပညာေ တွ ထဲမှာ ခေါင်းဆောင်မှုနဲ့ အမိန့်ဆိုတာတွေလဲ ပါပါတယ်.. စံနမူနာပြခေါင်းေ ဆာင်ခြင်းနဲ့ အကြောက်တ ရား နဲ့ ခေါင်းဆောင်ခြင်းတွေနဲ့ လက်ရှိတပ်မတော် မှာ ခေါင်းဆောင်ေ ကာင်းတြွေ ဖစ်ဖို့ စံနမူ နာပြ ခေါင်းေ ဆာင် တတ်ဖို့လိုတဲ့ အကြောင်းတွေ သင်ကြားခဲ့ရပြန်ပါတယ်..

ဗိုလ်လောင်းဘ၀ရဲ့ခံစားချက်မျိုးစုံကို ပြောရင်စာဖွဲ့လို့ မကုန်နိုင်ပါဘူး.သူတို့တွေအားလုံးဟာ ဒီဇင်ဘာ ၁၉ ဆိုတဲ့ရက်စွဲေ လးမှာ တပ်မတော်ရဲ့ပြန်တမ်းဝင်အရာရှိဘ၀ကို ရခဲ့ကြတယ်… ဒါဟာသူတို့ ဗိုလ်လောင်း ဘ၀ရဲ့ တတိယမြောက် အပျော်ဆုံးအချိန်ပါပဲ…သူတို့ပေးဆက်ခဲ့ရတဲ့ လူငယ်ဘ၀တစ်ခုလုံးအတွက် သူတို့ ပုခုံး ထက်မှာ ရွှေရောင်ကြယ်ပွင့်လေးတွေ တပ်ဆင်ခွင့်ရခဲ့ရတယ်..တစ်ဆင့်ထက်တစ်ဆင့် ကြီးမြင့်လာတဲ့ သူတို့ ဘ၀တွေမှာ အရွယ်နဲ့ မလိုက်လောက်တဲ့ တာဝန်ဝတ္တရားတွေ၊ လူတန်းစားမျိုးစုံကို အုပ်ချုပ်နိုင်တဲ့ေ ခါင်းဆောင်မှုအရည်အသွေးတွေ၊ သူတို့ရင်ဘတ်ထဲက ခိုင်မြဲတဲ့ သစ္စာတရားတွေနဲ့..ပေးအပ်တဲ့တာဝန်ကို ထမ်းဆော င်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြတယ်..

ဗိုလ်လောင်းဘ၀ကုန်ဆုံးလို့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြရတဲ့အချိန်မှာ ကိုယ်ရောက်ရာနေရာ၊ ကိုယ်ကျ တဲ့ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြန်တယ်.. ရွယ်တူလူငယ်တွေရဲ့ ၀တ်စားဆင် ယင် မှု၊ ရွယ်တူလူငယ်ေ တွရဲ့ လွပ်လပ်စွာ လှုပ်ရှားရုန်းကန်မှု ၊ရွယ်တူလူငယ်တွေရဲ့ တစ်ခြားခြားသော နည်း လမ်းေ တွနဲ့ တိုင်းပြည် တိုးတက်အောင် ကြိုးပမ်းနေကြတဲ့အထဲမှာ သူတို့တွေဟာလည်း သူတို့ကျရာေ နရာမှာ တာဝန်ကျေခဲ့ကြတယ်… နယ်စပ်ဒေသရဲ့ မဆုတ်တမ်း ခံစစ်ကုန်းတွေမှာ၊ နယ်စပ်ေ ဒသ အေးချမ်း သာယာေ ရးအတွက် ကင်းလှည့်စောင့်ကြပ်ပေးတဲ့ နေရာတွေမှာ အသက်ကို ပဓာနမထားပဲ ကူညီခဲ့ကြတယ်.. အကြောင်း ကြောင်းကြောင့် တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ သူငယ်ချင်းတွေ ကို တတ်စွမ်း သမျှကူညီကြတယ်…

သူတို့ထဲကမှ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေကို တိုင်းပြည်အတွက် ပေးလှုခဲ့ကြတဲ့ သူတွေလဲ ဒုနဲ့ဒေးပါပဲ. .တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း တိမ်းပါးသွားတဲ့ မိဘတွေရှိခဲ့ရ င်တောင်မှ အဝေးကေ နပဲ နောက်ဆုံး ကန်တော့ခွင့် ရတဲ့ သူတို့တာဝန်ကျေပွန်မှုတွေ ကိုလဲ လေးစားမိပါတယ်… အားလုံးဟာ တိုင်းပြည် အတွက် လုပ်နေကြတာပဲ မဟုတ်လား.. ဂုဏ်ယူပါတယ် အောင်စစ်သည်တို့ရယ်… မင်းတို့ ပေး ခဲ့တဲ့ အသက်သွေးတွေ၊ မင်းတို့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအတွက် ငါတို့အမြဲတမ်း ဂုဏ်ယူနေမှာပါ. .ဒီလိုပဲ ငါတို့လိုတပ်မတော်ထဲ မ၀င်ရောက်နိုင်ပေမယ့် ငါတို့တိုင်းပြည် ကောင်းစားဖို့အတွက် ကြိုးစားေ နကြတဲ့ လူငယ်တွေကကော၊ ငါတို့မြန်မာနိုင်ငံက ပြည်သူတစ်ရပ်လုံးကပါ ဂုဏ်ယူနေကြမှာပါ..

သူတို့တွေရဲ့ထိုက်တန်တဲ့ ဆုလာဒ်အနေနဲ့ ၂၀၀၇ ဒီဇင်ဘာ ၁၉ ဆိုတဲ့ရက်စွဲလေးမှာ ထပ်ဆင့်တိုးလာတဲ့ ကြယ်ပွင့်တွေနဲ့ အတူ တစ်ဆင့်မြင့်တဲ့ တာဝန်တွေကို ထမ်းဆောင်ကြ၇ေ တာ့မယ်..သူတို့ ပျော်ရွှင်နြေ ကတယ်.. တစ်ချိန်ထဲမှာပဲ သူတို့နဲ့အတူ မလိုက်ပါနိုင်ခဲ့တဲ့ သူငယ်ချင်းတွေအတွက်လဲ ဆုမွန်ကော င်းတွေ တောင်းေ ပးနေကြတယ်… အနယ်နယ်အရပ်ရပ် မှာလဲ သာသနာအကျိုးအတွက် အလှုဒါနတွေကို စုပေါင်းလု ပ်ပြီး သာဓုခေါ်နေကြတယ်… ဆက်လက်ပြီးတော့ တာဝန်ေ ကျပွန်ကြပါ..ငါ တို့ပြည်သူတွေ အားလုံးကလဲ ဆက်လက်ပြီးတော့ ဂုဏ်ယူနေကြပါအုံးမယ်… ဘ၀တစ်ခုလုံးေ ပးဆပ်ပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ကြတဲ့ နောင်တစ်ခောတ်ရဲ့ အောင်စစ်သည်များကို ဂုဏ်ယူပါတယ်…ပြီးတော့ ပြည်သူထဲက စစ်သား တစ်ယောက်ဖြစ်တဲ့ ငါကလဲ အလေးပြုလိုက်ပါတယ်…

 တိုင်းပြည်တိုင်ဝန်ထမ်းဆောင်ရင်း ရာထူးအဆင့်ဆင့်တိုးမြှင့်လာခဲ့သည့် အရာရှိများ အားလုံးအတွက် ဤ စစ်တက္ကသိုလ် အမှတ်စဉ်(၄၆) ဗိုလ်ကြီးအဆင့်တိုးအထိမ်းအမှတ်အား ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ကိုစိုင်း
ခေတ္တ-ရုရှား
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: