ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခြင်း
စစ်တက္ကသိုလ် စတင်ဖွင့်လှစ်ခဲ့သည့် ဗထူးမြို့သည် ထိုခေတ်ကာလက ခရီးလမ်းကြောင်းအရ ဝေးကွာပြီး ဆက်သွယ်ရန် ခက်ခဲသော အနေအထားတွင် ရှိသည်။ ထို့ကြောင့် လေ့ကျင့်ရေး သင်ကြား ပို့ချရေး ကူး သန်းသွားလာရေးတို့အတွက် ပို၍ အဆင်ပြေသော ပြင်ဦးလွင်မြို့သို့ ၁၉၅၇ ဇွန်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ပြောင်းရွှေ့ခဲ့သည်။ ၁၉၅၇ ဇူလိုင်လ ၁ ရက်တွင်သင်တန်းများ ပြန်လည် ဖွင့်လှစ်နိုင် ခဲ့ပါ သည်။
အုပ်ထိန်းသူစနစ် အခွင့်အရေးနှင့် လစာရိက္ခာ
မိဘ အုပ်ထိန်းသူနှင့် ဝေးကွာသော နေရာတွင် သင်တန်းတက်ရောက် နေသော ဗိုလ်လောင်းများအတွက် စိတ်ဓာတ်ရေးရာ နွေးထွေးမှု လူငယ်များ၏ အတွေးအခေါ် အယူအဆများကို တည့်မတ်ပေးမှု တစ်ဦးချင်း ၏ အခက်အခဲ ပြဿနာများကို ကူညီဖြေရှင်းပေးမှုများ ဆောင်ရွက်နိုင်ရန် အုပ်ထိန်းသူစနစ်ကို ၁၉၅၅ သြဂုတ်လ ၆ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့သည်။ စာပေညွှန်ကြားရေးမှူး၏ ဦးစီး အုပ်ချုပ်မှုဖြင့် ဌာနမှူး တစ်ဦးလျှင် ဗိုလ်လောင်း ၃ ဦးစီ၊ နည်းပြဆရာတစ်ဦးလျှင် ဗိုလ်လောင်း ၂ ဦးစီ အုပ်ထိန်းသူအဖြစ် တာ ဝန်ပေး အပ်၍ စနေနေ့ ၁၃၀၀ မှ ၁၅၀၀ နာရီအတွင်း စာကြည့်တိုက်၌ တွေ့ ဆုံ ဆွေးနွေးစေ ပါသည် ။ တွေ့ဆုံ ဆွေးနွေးချက် အစီရင်ခံစာကို စာပေညွှန်ကြားရေးမှူးမှ တစ်ဆင့် ကျောင်းအုပ်ကြီး ထံသို့ တင်ပြ ရသည်။
ဗိုလ်လောင်း တစ်ဦးသည် လေးနှစ်တာ ကာလ ပညာဆည်းပူးနေစဉ် စစ်ဝတ်တန်ဆာ အပြည့်အစုံ၊ ဗလာ စာအုပ်မှစ၍ စာရွက်စာတမ်း အပြည့်အစုံရသည်။ ကျန်းမာရေးအတွက် ဆေးစစ် ကုသမှု ခံယူခွင့်ရှိသည်။ ရက်ရှည် ကျောင်းပိတ်ချိန် ခွင့်ပြန်ရန်အတွက် တပ်မတော် စရိတ်နှင့် ခရီးသွားခွင့်လက်မှတ် ရသည့်ပြင် လစာအဖြစ် ပထမနှစ် ၆၂ ကျပ် ၃၃ ပြား၊ ဒုတိယနှစ် ၆၈ ကျပ်၊ တတိယနှစ် ၈၁ ကျပ် ၃၃ ပြား၊ စတုတ္ထနှစ် ၈၇ ကျပ် ၈၃ ပြား ရပါသည်။
စာရိတ္တမဏ္ဍိုင်ကော်မတီ
၁၉၅၇-၅၈ ခုနှစ်တွင် စာရိတ္တမဏ္ဍိုင်ကော်မတီ (Honour Committee) ကို ဖွဲ့စည်းသည်။ ရည်ရွယ်ချက် မှာ ကျောင်းဆင်းပြီးလျှင် တပ်မတော် အရာရှိကောင်းတစ်ယောက် ဖြစ်လာစေရေး စစ်တက္ကသိုလ် တွင် လေ့ ကျင့်ရင်း အကျင့်စာရိတ္တကို တည်ဆောက်နိုင်စေရန် ဖြစ်သည်။ ကော်မတီမှာ သက်တမ်း ၁ နှစ် ဖြစ် သည်။ ပထမအကြိမ် ဖွဲ့စည်းရာတွင် ဒုတိယ ကျောင်းအုပ်ကြီး အပါအဝင် အရာရှိ ၃ ဦး ပါဝင်သော အဖွဲ့ ဖွဲ့စည်းသည်။ နောင်တွင် ဗိုလ်လောင်းများ ကိုယ်တိုင် ဆောင်ရွက်သွားရန် စီစဉ်ခဲ့သည်။ ကော်မတီ ၏ ဆောင်ပုဒ်မှာ သူရ သစ္စာ သမာဓိ ဖြစ်သည်။
၁၉၅၇-၅၈ စာရိတ္တမဏ္ဍိုင်ကော်မတီတွင်-
ဗလအမှတ် ၅၂ ဗလ ကြည်လွင် ဥက္ကဌ
ဗလအမှတ် ၅၀ ဗလ တင်အေး အဖွဲ့ဝင်
ဗလအမှတ် ၁၈ ဗလ တင်စိုး အဖွဲ့ဝင်
ဗလအမှတ် ၄၄ ဗလ ဥာဏ်လင်း အဖွဲ့ဝင်
ဗလအမှတ် ၉ ဗလ လှမော် အတွင်းရေးမှူး တို့ဖြစ်သည်။
၁၉၅၈-၅၉ စာရိတ္တမဏ္ဍိုင်ကော်မတီ တွင်-
ဗလအမှတ် ၄၇ ဗလ မောင်အေး ဥက္ကဌ
ဗလအမှတ် ၂၉ ဗလ တင်ဦး အဖွဲ့ဝင်
ဗလအမှတ် ၅၀ ဗလ တင်အေး အဖွဲ့ဝင်
ဗလအမှတ် ၂၄ ဗလ ညွန့်ဌေး အဖွဲ့ဝင်
ဗလအမှတ် ၄၅ ဗလ တင်လှိုင် အတွင်းရေးမှူး တို့ဖြစ်သည်။
စစ်တက္ကသိုလ် အလံ ဆောင်ပုဒ်နှင့် တံဆိပ်
၁၉၅၈ အောက်တိုဘာ ၁ ရက်နေ့တွင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်မှူးချုပ် သူရ စည်သူ သန်းဖေ က စစ်တက္ကသိုလ်အလံ အပ်နှင်းခဲ့ပါသည်။ ယခု စစ်တက္ကသိုလ် အလံသည် ထို နောင်တ စ်ခေတ် ၏ အောင်စစ်သည် စာတန်းပါ အလံကို အခြေပြုထားသည်။ စစ်တက္ကသိုလ်၏ ဆောင် ပုဒ်ဖြစ်ေ သာ နောင် တစ်ခေတ်၏အောင်စစ်သည် (The Triumphant Elite of the Future)ကို ဗိုလ်မှူး ဘသောင်းက တီ ထွ င်ေ ရးသားခဲ့သည်။ သစ္စာ-သိပ္ပ-သူရ ဟူသော ဆောင်ပုဒ်ကိုလည်း ၁၉၅၉ ဇူလိုင် ၄ ရက်က စတင် သုံးစွဲ ခဲ့ပါသည်။ စစ်တက္ကသိုလ်၏ အမှတ်အသားမှာ အလယ်တွင် ကြယ်ဝါ မိုးပြာရောင်တောင်ပံနှင့် နက်ပြာရော င် ကျေက်ဆူးတို့ ဖြစ်သည်။
နိုင်ငံခြား အကြံပေးအရာရှိ တွဲဖက်မှု
၁၉၅၇ နိုင်ဝင်ဘာလမှ ၁၉၅၈ မေလထိ အမေရိကန် စစ်တက္ကသိုလ်မှ ဒုတိယဗိုလ်မှူးကြီး ဘတ်ဆင် Lt.Col Richard J. Batson G.E. U.S Army ကို စစ်တက္ကသိုလ်တွင် အကြံပေး အရာရှိအဖြစ် တွဲဖက်ထားခဲ့သည်။
စစ်တက္ကသိုလ် စာကြည့်တိုက်
စစ်ပညာ စာပေပညာ သင်ကြား လေ့လာမှုတွင် အထောက်အကူ ဖြစ်စေရန်နှင့် ဆရာနှင့်ဗိုလ်လောင်းများ အတွက် မှီငြမ်း ကိုးကားရန် ဗဟုသုတ ဖြစ်စေရန် အတွက် တက္ကသိုလ် အင်္ဂါရပ်များနှင့်အညီ စာကြည့်တိုက် ကို ၁၉၅၅ ဖေဖေါ်ဝါရီ ၁၄ ရက်မှ စတင် ဖွင့်လှစ်ခဲ့သည်။ ဖွင့်စတွင် အင်္ဂလိပ်ဘာသာဖြင့် စာအုပ် ၂၉၇၇ အုပ်၊ မြန်မာဘာသာဖြင့် စာအုပ် ၇၆၄ အုပ် ရှိသည်။
အမျိုးသမီး အရာရှိသင်တန်း
၁၉၅၇ နိုဝင်ဘာ ၂၂ ရက်တွင် အမျိုးသမီး အရာရှိ အခြေခံသင်တန်း အမှတ်စဉ် ၃ ကို သင်တန်းသူ ၁၄ ဦး၊ ၁၉၅၈ နိုဝင်ဘာ ၁ ရက်တွင် အမှတ်စဉ် ၄ ကို သင်တန်းသူ ၁၁ ဦး၊ ၁၉၆၀ ဖေဖေါ်ဝါရီတွင် အမှတ်စဉ် ၅ ကို သင်တန်းသူ ၁၁ ဦးနှင့် ဖွင့်လှစ် သင်ကြား လေ့ကျင့် ပေးခဲ့သည်။
ကွန်ပျူတာ သုံးစွဲရန် ပြင်ဆင်ခြင်း
၁၉၈၄ ခုနှစ်တွင် စစ်တက္ကသိုလ်၌ ကွန်ပျူတာများ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ရန် ညွှန်ကြားချက် ရရှိ သည်။ ထို့ကြောင့် ရန်ကုန် တက္ကသိုလ်များ ကွန်ပျူတာဌာနတွင် ၁၀-၆-၈၄ မှ ၁၆-၁၀-၈၄ အထိ ဖွင့်လှစ်ေ သာ အခြေခံ ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁ ကို သင်္ချာဌာနမှ ဗိုလ်မှူးမြင့်အောင် ဗိုလ်မှူးတိုးတိုး ဗိုလ်မှူး တိုက်စံနှင့် ရူပဗေဒဌာနမှ ဗိုလ်ကြီးထွန်းမြင့် ဗိုလ်ကြီးသောင်းရွှေတို့ ၅ ဦးကို စေလွှတ်ပြီး တက်ရောက်စေခဲ့ သည်။
၁၇-၃-၈၆ တွင် စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ်က လက်ဆောင်ပေးသော Lingo PC-88XT အမျိုးအစား ကွန်ပျူ တာတစ်လုံး လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးကတစ်ဆင့် စစ်တက္ကသိုလ်သို့ ရောက်ရှိလာသည်။ စာကြည့် တိုက်တွင် လေအေးစက်တပ် ကွန်ပျူတာအခန်း ပြုလုပ်ပြီး သုံးစွဲခဲ့သည်။ သင်္ချာဌာနမှ ဗိုလ်မှူး တိုးတိုး (ဒု မှူး ကြီး ဇော်ထက်) သည် ထိုကွန်ပျူတာကို အသုံးပြုပြီး A Myanmar Character Printing Program ရေး ဆွဲခဲ့သည်။ ၁၅-၂-၉၀ တွင် Sakata KGB Colour Monitor တစ်လုံးနှင့် ဆက်စပ် ပစ္စည်းများ Panasonic KXB 1081 Printer နှစ်လုံး ထပ်မံ ရောက်ရှိလာခဲ့သည်။ သင်္ချာဌာနက တာဝန်ယူပြီး တတိယနှစ်နှင့် စတု တ္ထနှစ် ဗိုလ်လောင်းများအား Computer Science ဘာသာရပ်ကို စတင် သင်ကြားနိုင်ခဲ့သည်။
စစ်တက္ကသိုလ် ဖွဲ့စည်းပုံဇယား ကဖ-၁၀၅ ခ(၉၁) အရ ကွန်ပျူတာဌာနကို သီးခြား ဖွဲ့စည်းခွင့် ရရှိခဲ့သည်။ ၆-၄-၉၁ ရက်နေ့တွင် ကွန်ပျူတာ ၁၅ လုံး ဝယ်ယူခွင့် ရရှိသောကြောင့် စာကြည့်တိုက် အဆောက်အုံတွင် တိုးချဲ့ ဆောက်လုပ် နေရာချထားပြီး ၁၉၉၂ တွင် ကွန်ပျူတာ ဌာနမှူးအဖြစ် သင်္ချာဌာနမှ ဗိုလ်မှူးတိုက်စံကို တာဝန်ပေးခဲ့သည်။ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၃၄ မှ စပြီး ကွန်ပျူတာ ဘာသာရပ်ကို တစ်ပတ် ၄ ကြိမ် တိုးချဲ့ သင်ကြားပေးနိုင်ခဲ့သည်။ တတိယနှစ် သင်တန်းသားများကို ဒုတိယနှစ်ဝက် ပညာသင် ကာ လနှင့် စတုတ္ထနှစ် သင်တန်းသားများ၏ ပထမနှစ်ဝက် ပညာသင်ကာလတွင် ကွန်ပျူတာ ဘာသာရပ်ကို စာတွေ့ လက်တွေ့ သင်ကြား နိုင်ခဲ့သည်။
စစ်လက်ရုံးရွေးချယ်ခြင်း
၁၉၇၄ အောက်တိုဘာ ၃၀ ရက်စွဲပါ စာအမှတ် ၁၈၈၆/၆/ဦး၃ အရ ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) က စစ်တက္ကသိုလ် ဗိုလ်လောင်းများ၏ စစ်လက်ရုံးသတ်မှတ်ခြင်း စည်းမျဉ်းကို အတည်ပြုခဲ့သည်။ စစ်တ က္က သိုလ် ဗိုလ်လောင်းများ (ကြည်း ရေ လေ) စစ်လက်ရုံး ရွေးချယ်ရေးအဖွဲ့တွင် ဒုတိယကာကွယ်ရေး ဦး စီးချုပ်(ကြည်း)က အဓိပတိအဖြစ် ဆောင်ရွက်၍ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယကာကွယ်ရေး ဦးစီးချုပ်(လေ) စစ်ရေးချုပ် လေ့ကျင့်ရေး ညွှန်ကြားရေးမှူးတို့က အဖွဲ့ဝင်များ အဖြစ် ပါဝင်ပြီး စစ်ရာထူး ခန့် ချုပ်က အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ပါသည်။ တတိယနှစ် သင်တန်း ကာလတွင် ပြုလုပ်လေ့ ရှိ ပါသည်။ စစ်လက်ရုံးရွေးချယ်ရေးအဖွဲ့က လူတွေ့ စစ်မေးသော အခါတွင် အထောက်အကူ ဖြစ်စေ ရန်အ တွက် လိုအပ်သော စာရင်းဇယားများကို စစ်တက္ကသိုလ်က ပြုစုပေးရပါသည်။
သမ္မတတပ်ခွဲ၊ အောင်စစ်သည်တပ်ခွဲ
စစ်တက္ကသိုလ်တွင် ဖွဲ့စည်းထားသော တပ်ခွဲအချင်းချင်း ယှဉ်ပြိုင်စေခြင်းဖြင့် ဗိုလ်လောင်းတိုင်း၏ အရည် အေ သွး ပိုမို တိုးတက်လာစေရန် ရည်ရွယ်၍ ၁၉၅၇-၅၈ လေ့ကျင့်ရေးနှစ်မှ စ၍ သမ္မတတပ်ခွဲ ပြိုင်ပွဲ ပြု လုပ်ခဲ့သည်။ စာပေပညာ စစ်ပညာ ကိုယ်လက်ကြံ့ခိုင်ရေး စစ်ရေးပြ ခေါင်းဆောင်မှု စည်းလုံးညီ ညွတ် စွာ ဆောင်ရွက်မှု အားကစား စသည်တို့ကို ယှဉ်ပြိုင်စေခဲ့သည်။ ထိုသို့ ယှဉ်ပြိုင်၍ အနိုင်ရရှိသော တပ်ခွဲ ကို သမ္မတအလံတော် အပ်နှင်း၍ သမ္မတတပ်ခွဲ ဟူသောအမည်ကို သင်တန်းနှစ် တစ်ခုလုံး ခံယူစေခဲ့သည်။ သမ္မတတပ်ခွဲ ပြိုင်ပွဲတွင် ပထမဆုံး အနိုင်ရသော ဘုရင့်နောင် တပ်ခွဲအား ၁၉၅၉ မေလ ၁၁ ရက်တွင် နိုင် ငံတော် သမ္မတ မန်းဝင်းမောင်ကိုယ်တိုင် ကြွရောက်ပြီး သမ္မတအလံတော် ချီးမြှင့်ခဲ့ပါသည်။ သမ္မတတပ် ခွဲအလံမှာ အဝါရောင်အောက်ခံ အလယ်တွင် အစိမ်းရောင် ကဒေါင်းပုံပါသော ငါးပေ သုံးပေ အလံ ဖြစ် သည်။ သမ္မတတပ်ခွဲ အလံပြိုင်ပွဲ သမ္မတအလံတော်ဟူ၍ ၁၉၆၁-၆၂ ပညာသင်နှစ်ထိ သုံးနှုန်းခေါ်ဆိုခဲ့ပြီး ၁၉၆၂-၆၃ ပညာသင်နှစ်မှစ၍ အောင်စစ်သည်တပ်ခွဲ ပြိုင်ပွဲဟု အမည်ပြောင်းခဲ့ သည်။ အောင်စစ်သည် တပ်ခွဲ အလံမှာ အောက်ခံ ကြက်သွေးရောင်အလယ်တွင် အစိမ်းရောင် ကဒေါင်းပုံ ပါရှိသည်။ ယနေ့ တိုင်အောင် အောင်စစ်သည်အလံကို အောင်စစ်သည်တပ်ရင်း တပ်ခွဲတို့တွင် အသုံးပြုလျက် ရှိပါသည်။
အောင်စစ်သည်တပ်ခွဲ ပြိုင်ပွဲအတွက် သင်တန်းနှစ်အလိုက် ပြိုင်ပွဲများနှင့် သင်တန်းနှစ် အားလုံး စုပေါင်းပါ ဝင်ရသော ပြိုင်ပွဲများရှိသည်။ အောက်တန်းပထမနှစ် ဗိုလ်လောင်းများသည် ခံနိုင်ရည် ဇွဲ စိတ်ဓာတ်ရှိရန် နယ်ကျော်ပြေးပြိုင်ပွဲ အောက်တန်း ဒုတိယနှစ် ဗိုလ်လောင်းများသည် ကိုယ်လက်ကြံ့ခိုင်ရေး ကျွမ်းဘားပြိုင် ပွဲ အထက်တန်း ပထမနှစ်(တတိယနှစ်) ဗိုလ်လောင်းများသည် သေနတ်ပစ်ပြိုင်ပွဲ အထက်တန်းဒုတိယနှစ် (စတုတ္ထနှစ်) ဗိုလ်လောင်းများသည် ချေမှုန်းရေးပြိုင်ပွဲများကိုသင်တန်းနှစ်အလိုက် ယှဉ်ပြိုင်ရသည်။ တပ်ခွဲ အတွင်းရှိ သင်တန်းနှစ်အားလုံး အဖွဲ့အစည်းအလိုက် စုပေါင်းပါဝင် ယှဉ်ပြိုင်ရသော ပြိုင်ပွဲများမှာ ဘော် လီဘော ဘတ်စကက်ဘော ဘောလုံး လက်ဝှေ့ ပြေးခုန်ပစ် စသော အားကစား ပြိုင်ပွဲများ အိပ်ဆောင် စည်း ကမ်း စစ်ရေးပြပြိုင်ပွဲများနှင့် ဗိုလ်လောင်း တစ်ဦးချင်းအလိုက် ရရှိသော စာပေပညာ စစ်ပညာ ရမှတ် များ ယှဉ်ပြိုင်ခြင်းများ ပါဝင်သည်။
ကျောင်းတည်မြဲအမိန့်
စစ်တက္ကသိုလ်၏ ဖွဲ့စည်းတည်ဆောက်မှုအရ နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန် လို အပ်သည့် ကျောင်းတည်မြဲအမိန့်ကို ၁-၇-၅၉ နေ့တွင် Defence Services Academy Standing Ordder ( First Edition) ဖြင့် ထုတ်ပြန်၍ ၁၁-၁-၆၃ ရက်နေ့တွင် အမြဲတမ်း ကျောင်းတည်မြဲအမိန့်အဖြစ် ထုတ်ပြန် ခဲ့ပါသည်။ ဗိုလ်မှူးကြီး အယ်လ်ခွန်နောင် လက်မှတ်ရေးထိုးပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ သည်။
ဗိုလ်လောင်းအချင်းချင်း ကွပ်ကဲ အုပ်ချုပ်ခြင်း
၁၉၅၅ ဇူလိုင် ၁ မှစ၍ ဗိုလ်လောင်းများကို တပ်ခွဲအသွင် ဖွဲ့စည်း လေ့ကျင့်ပေးခဲ့သော်လည်း လက်ခံပတ် အမှတ်စဉ် ၁ ဗိုလ်လောင်းများ စတုတ္ထနှစ်ရောက်သည့် ၁၉၅၈ ခုနှစ်မှ စ၍ ဗိုလ်လောင်းများကို အချင်းချင်း လက်တွေ့ ကွပ်ကဲ အုပ်ချုပ်စေခဲ့သည်။ တပ်ခွဲလိုက် တာဝန်ကျ ဗိုလ်လောင်းများမှာ-
အနော်ရထာတပ်ခွဲ
တပ်ခွဲမှူး ဗလသန့်စင်
တပ်စုမှူး ဗလမောင်လတ်
တပ်စုမှူး ဗလတင်လှိုင်
တပ်စုမှူး ဗလဘိုရှိန်း
တပ်ခွဲအရာခံဗိုလ် ဗလဥာဏ်လင်း
တပ်ခွဲတပ်ကြပ်ကြီး ဗလတင်အေး
ဘုရင့်နောင်တပ်ခွဲ
တပ်ခွဲမှူး ဗလမောင်သောင်း
တပ်စုမှူး ဗလတင်ဦး
တပ်စုမှူး ဗလမောင်မောင်
တပ်စုမှူး ဗလကြည်လွင်
တပ်ခွဲအရာခံဗိုလ် ဗလအောင်ကို
တပ်ခွဲတပ်ကြပ်ကြီး ဗလခင်မောင်မြင့်
အပတ်စဉ် ၁ မှ ကျန်ဗိုလ်လောင်းများ အားလုံးသည် တပ်ကြပ်ကြီး တာဝန်ကျများ ဖြစ်သည်။
၁၉၇၅-၇၆ ပညာသင်နှစ်တွင် ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ခင်မောင်တင့်က ဗိုလ်လောင်းတပ်ရင်း တည်မြဲ အမိန့်နှင့် လုပ်ထုံးလုပ်နည်း စနစ်များ စာစောင်တွင် ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်ခြင်း ပဲ့ပြင်ဆုံးမခြင်း မိမိပြစ်ချက်ကို ရဲဝံ့စွာ ဝန်ခံတတ်ခြင်း စနစ်တို့ကို အကောင်အထည် ဖော်ထုတ်ပေးရမည်။ သို့သော် ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်မှု စနစ်သည် ဗိုလ်လောင်းတပ်ရင်း တည်မြဲအမိန့်နှင့် လုပ်ထုံးလုပ်နည်း စ နစ်များ ဘောင်အတွင်းမှသာ လိုက်နာ လုပ်ဆောင် ကြရမည်။ ရိုက်နှက်ခြင်း ဆဲရေးတိုင်းထွာခြင်းနှင့် လူ့ ကျင့်ဝတ်နှင့် မသင့်လျော်သော ပြစ်ဒဏ်မျိုး လုံးဝ ပေးနိုင်ခွင့်မရှိ။ အရာရှိများက အမြဲတမ်း စစ်ဆေး ကြပ် မတ်၍ ဗိုလ်လောင်းများကို ပဲ့ပြင် သွန်သင် ဆုံးမ ပြုပြင် နေရမည်။ စစ်စွမ်းရည် ထက်မြက်ရေးနှင့် နိုင်ငံရေး အသိဥာဏ် တိုးတက် မြင့်မားစေရေးအတွက် ဗိုလ်လောင်းများအား ဦးဆောင်မှု ပေးသွားရမည်ဟု မူတစ် ရပ် ချမှတ်ပေးခဲ့ပါသည်။
ဗိုလ်လောင်းအချင်းချင်း ကွပ်ကဲ အုပ်ချုပ်ရာတွင် စည်းကမ်းတကျ ဖြစ်စေရေးအတွက် ၁၉၉၀ ပြည့်နှစ် နိုဝင် ဘာလ ၁-၂ ရက်များတွင် ထိုစဉ်က တွဲဖက် စစ်ရေးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် မင်းသိမ်း ဥက္ကဌအဖြစ် ဆောင် ရွက်သော အဖွဲ့က စစ်တက္ကသိုလ်သို့ လာရောက် အစည်းအဝေး ပြုလုပ်ကာ နည်းလမ်း ရှာဖွေခဲ့သည်။
စစ်တက္ကသိုလ် ပထမနှစ်အတွက် ပဏာမ ရွေးချယ်ရောက်ရှိလာသော ဗိုလ်လောင်းများကို ပြင်ဦးလွင်မြို့ အ မှတ် ၁ အခြေချ စစ်ဆေးရုံတွင် ဆေးစစ်ပြီး အောင်မြင်သောအခါ ဗိုလ်လောင်းတပ်ခွဲများသို့ ခွဲဝေ ဖွဲ့ စည်းလေ့ ရှိသည်။ တပ်ခွဲသွင်း၍ ဗိုလ်လောင်းအချင်းချင်း အောက်တွင် ထားရှိသောကြောင့် အချို့ နှစ်ကြီး ဗိုလ်လောင်းများသည် ပထမနှစ် ဝင်ရောက်စ ဗိုလ်လောင်းများကို ကွပ်ကဲ ကြပ်မတ်ရာတွင် လွဲမှားစွာ ပြုမူ ခဲ့မှုများ ရှိသည်။ စစ်တက္ကသိုလ်ရောက်စ ဗိုလ်လောင်းများ စိတ်ဓာတ်ရေးရာတွင် ကျဆင်းမှုများ ရှိနိုင်ေ သာေ ကြာင့် ၁၉၈၄ ခုနှစ် အမှတ်စဉ် ၂၉ ဗိုလ်လောင်းသင်တန်း ပထမနှစ်တွင် ဆေးစစ် အောင်မြင်ပြီးချိန် တပ်ခွဲများသို့ ခွဲဝေ စေလွှတ်ခြင်း မပြုဘဲ သီးခြားထား၍ လေ့ကျင့်ရေး အရာရှိများက တိုက်ရိုက် အုပ်ချုပ် ကွ ပ်ကဲခဲ့သည်။ ဗိုလ်လောင်း အသိအမှတ်ပြု စစ်ရေးပြ အခမ်းအနား ပြီးသောအခါမှ တပ်ခွဲများသို့ ခွဲေ ဝစေလွှတ်ခဲ့သည်။ ၁၉၈၅ အမှတ်စဉ် ၃၀ ဗိုလ်လောင်းသင်တန်း ပထမနှစ် မှစပြီး ဆေးစစ်ပြီးချိန် တပ်ခွဲများ သို့ ခွဲဝေစေလွှတ်ပြီး ဗိုလ်လောင်းအချင်းချင်း ကွပ်ကဲ အုပ်ချုပ်စေရန် ဆောင်ရွက်ခဲ့ပါသည်။ အမှတ်စဉ် ၃၃ ဗိုလ်လောင်း သင်တန်း ပထမနှစ်ထိ ဖြစ်သည်။
၁၉၈၉ ခုနှစ် အမှတ်စဉ် ၃၄ နှင့် ၁၉၉၀ ပြည့်နှစ် အမှတ်စဉ် ၃၅ ဗိုလ်လောင်းသင်တန်း ပထမနှစ် ဝင်ရောက် လာချိန်တွင် အရာရှိများ တိုက်ရိုက်ကွပ်ကဲပြီး ၁၉၉၁ အမှတ်စဉ် ၃၆ နှင့် ၁၉၉၂ အမှတ်စဉ် ၃၇ ပထမနှစ်ကို တပ်ခွဲများသို့ ခွဲဝေ ပေးပို့ခဲ့ပါသည်။ ၁၉၉၃ ခုနှစ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၃၈ တွင် သီးခြားထားရှိ ကာ အရာရှိများ အုပ်ချုပ်မှုစနစ် ပြန်လည် ပြောင်းခဲ့ပါသည်။
အပျော်တမ်းအသင်းအဖွဲ့များ ဖွဲ့စည်းခြင်း
စစ်တက္ကသိုလ်ဗိုလ်လောင်းများ စိတ်အပန်းပြေစေရေး ဗဟုသုတ တိုးပွားရေးအတွက် ဓာတ်ပုံရိုက် အ သင်း ရေဒီယို အသင်း သေနတ်ပစ် လေ့ကျင့်ရေး အသင်း စကားရည်လုပွဲ ယှဉ်ပြိုင်သူအ သင်း လေ ယာဉ်ပုံစံငယ် တည်ဆောက်ရေး အသင်း လှေလှော်ရွက်တိုက် အသင်း မြင်းစီးအသင်း ပြဇာတ်အနုပညာ အသင်း ရေကူးအသင်းနှင့် အမဲလိုက် ငှက်ပစ်အသင်းတို့ကို ဖွဲ့စည်းခဲ့သည်။ ကန်တော် ကြီး နောင် ခမ်း ကြီးဘုရားသို့ တပ်ခွဲမှူးများ ဦးဆောင်၍ ပျော်ပွဲစားထွက်ခြင်း တပ်ခွဲအလိုက် စုပေါင်းစားသောက်ခြင်း က ခုန်ခြင်းများ ပြုလုပ်ခွင့် ပြုခဲ့သည်။
အရပ်သား ကျောင်းသားများကို သင်ကြားလေ့ကျင့်ပေးခြင်း
စစ်ဘက် အရာရှိများသာမက အရပ်သား ကျောင်းသား များကိုလည်း စစ်ပညာနှင့် ခေတ်ပညာ စွယ်စုံ တတ်မြောက်သည့် ဘွဲ့ရပုဂ္ဂိုလ်များအဖြစ် မွေးထုတ်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၂ တွင်လက်ခံခဲ့သည်။ အ ရပ်သား ကျောင်းသားများသည် ဗိုလ်လောင်းများ နည်းတူ စစ်ပညာနှင့် တက္ကသိုလ်ပညာ သင်ယူရသည့်ပြင် စစ်တက္ကသိုလ်၏ စည်းကမ်း စည်းမျဉ်းများကိုလည်း တိကျစွာ လိုက်နာရသည်။ မိမိ စရိတ်ဖြင့် စစ်တက္က သိုလ် တွင် ကျောင်းအိပ်ကျောင်းစား နေထိုင်ရပါသည်။ သင်တန်း ပြီးဆုံး အောင်မြင်သောအခါ ရန်ကုန် တက္ကသိုလ်က ဝိဇ္ဇာ သိပ္ပံဘွဲ့ ဒီဂရီများ ချီးမြှင့်ပေးပြီး တပ်မတော်သို့ ဝင်ရောက်လို လျှင် နောက် ဆုံးနှစ် တွင် လျှောက်ထားရသည်။
အရပ်သား ကျောင်းသားများကို လက်ခံသင်ကြားရန် အထွေထွေ ပဋိညာဉ်ကို ၁၁-၁-၆၂ တွင် ပြင်ဆင်ရေး ဆွဲပြီး အရပ်သား ကျောင်းသား ၇ ဦးကို လက်ခံပတ် အမှတ်စဉ် ၈ ဗိုလ်လောင်း သင်တန်းသားများနှင့်အတူ လက်ခံခဲ့သည်။ ယင်းတို့အနက် သင်တန်းသား ၅ ဦးသည် ၁၉၆၆ မေလတွင် ပြန်တမ်းဝင်အရာရှိ ခန့် အပ် ခံရသည်။ ကျန် ၂ ဦးမှာ စာမေးပွဲ ၁ နှစ်ကျ၍ ၁၉၆၇ ဧပြီလတွင် ပြန်တမ်းဝင်အရာရှိ ခန့်အပ် ခံရသည်။ အ ရပ်သား ကျောင်းသားများကို လက်ခံပတ် အမှတ်စဉ် ၈ တစ်ခုတည်းတွင်သာ လက်ခံသင်ကြားပေးခဲ့သည်။
အလုပ်သင်ဗိုလ်သင်တန်း
တပ်မတော်အတွက် လိုအပ်သော အရာရှိများကို အချိန်တို ကာလအတွင်း မွေးထုတ်နိုင်မည့် စီမံချက်ကို ၁၉၇၀ ပြည့်နှစ် သြဂုတ်လ ၁၆ ရက်နေ့ လေ့ကျင့်ရေးနှင့် စီမံရေး ညွှန်ကြားရေးမှူးရုံးခန်း အစည်းအဝေး တွင် ဆွေးနွေးညှိနှိုင်းခဲ့သည်။ အခြေခံပညာ အထက်တန်း စာမေးပွဲကို ခ အဆင့် အောင်မြင်ပြီး ၁၆ နှစ်မှ ၁၉ နှစ်အတွင်း လူငယ်များကို စစ်ပညာတွင် တပ်စုမှူးအဆင့် တက္ကသိုလ်ပညာတွင် ဥပစာအဆင့်ထိ သင် ကြားလေ့ကျင့်ပေးပြီး အလုပ်သင်ဗိုလ်လောင်းများ မွေးထုတ်ပေးရန် ဖြစ်သည်။ အလုပ်သင်ဗိုလ်များ အ တွက် စာပေပညာ သင်ကြားပို့ချမှုကို စစ်တက္ကသိုလ်က တာဝန်ယူပြီး စစ်ပညာ လေ့ကျင့်မှုကို ဗိုလ် သင် တန်းကျောင်းက တာဝန်ယူရသည်။
၁၉၇၁ ခုနှစ်မှစ၍ အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၁ မှ ၃ ထိ ပထမ ၆ လကို စစ်တက္က သိုလ် တွင် စာပေသင်ကြားပေးခဲ့သည်။ အလုပ်သင်ဗိုလ် ဗိုလ်လောင်းတပ်ခွဲကို ဗန္ဓုလတပ်ခွဲ အမည်ဖြင့် ဖွဲ့ စည်းလေ့ကျင့် ပေးခဲ့သည်။ အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄ ကို ပြင်ဦးလွင်၌ အမှတ် ၂ လေ့ကျင့်ရေးတပ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ် စာပေပညာရပ်များကို စစ်တက္ကသိုလ် စာပေ ဌာနမှ အရာရှိများက သွားရောက် သင်ကြားပေးခဲ့သည်။
အနီးကပ်ကြီးကြပ် အုပ်ထိန်းသူစနစ် Brother Guardian System
ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ် ကွပ်ကဲရာတွင် ဗိုလ်လောင်းတပ်ရင်း၌ တာဝန်ပေးခံရသော တပ်ရင်း တပ် ခွဲ တပ်စုတာဝန်ကျ ဗိုလ်လောင်းများကသာ အုပ်ချုပ်ကွပ်ကဲ အပြစ်ပေးခြင်း ပြုခဲ့ရာမှ လက်ခံပတ် အမှတ် စဉ် ၁၃၊ ၁၄၊ ၁၅၊ ၁၆ များတွင် ဗိုလ်လောင်းအချင်းချင်း အနီးကပ် ကြီးကြပ်အုပ်ထိန်းသူ စနစ် ပေါ်ပေါက် လာ ခဲ့သည်။
( စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း မှ ကောက်နှုတ်ချက် )
( အပိုင်း - ၂ ကို ဆက်လက်ဖော်ပြပါမည် )
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။