၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ
လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက်ခဲ့ရာတွင်
တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက်ခဲယမ်းများစွာ
သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။ ၁၂၀ မမ စိန်ပြောင်းများသည်
ဈေးအလွန်ကြီးမားပြီး လက်နက်မှောင်ခို များထံမှ ၀ယ်ယူရန် ခက်ခဲသည့်
လက်နက်မျိုးဖြစ်ကြောင်း KIA အဖွဲ့တွင် အသုံးပြု လျက်ရှိသော လက်နက်ငယ်နှင့်
မိုင်းအားလုံး လိုလိုမှာ တရုတ်နိုင်ငံလုပ်များပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့
တရုတ်နိုင်ငံလုပ် လက်နက်ကြီး တစ်လက် KIA အဖွဲ့ထံမှ သိမ်းဆည်းရမိခြင်းက
တရုတ်တို့အနေဖြင့် KIA အားလက် သိပ် ထိုးထောက် ပံ့နေသည့် သက်သေပင်
ဖြစ်ကြောင်းသိရသည်။
၎င်းတရုတ်နိုင်ငံလုပ် ၁၂၀ မမ လက်နက်ကြီးဖြင့်
အစိုးရတပ်များအား ပစ်ခတ်နေသည့်ပုံကို The Voice ဂျာနယ်၏ Facebook
စာမျက်နှာတွင် (၃၀-၁၂-၂၀၁၂) ရက်နေ့ကလည်း တွေ့ခဲ့ရသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။