Pages

Tuesday, November 13, 2012

“““ သဘာဝ ဘေးအန္တရာယ် များ အတွက် ပြင်ဆင် ပြုလုပ်သင့် သည်များ ( Basic Facts for Disaster before and after ) ”””

သဘာဝ ဘေးအန္တရာယ်များအတွက် သတင်းကြိုတင် ရထားသော အခါပြင်ဆင်ထားသင့် သည်များ
When you received disaster information;

တစ်ပတ်စာလောက်စားနိုင်မယ့်အစားအသောက်နှင့်ရေကိုသိုလှောင်ထားပါ။ Keep enough supplies of food and water to meet your family need for at least 1 week.
အရေးပေါ် ကုသရေးပစ္စည်းများ (ဆေး၊ ပလာစတာ၊ ပတ်တီး စသည်များ) နှင့် လက်နက်ကိရိယာများ (တူ၊ တူရွင်း၊ ပေါက်ပြား စသည်များ) ကိုလည်း သေချာသိမ်းဆည်းပြီး ယူရန်လွယ်ကူသောနေရာများတွင်ထားပါ။ Assemble an emergency supplies kits and hand tools and kept theses items on accessible places.
ရေဒီယို၊ ဓါတ်မီး နှင့် ဓါတ်ခဲအပိုများကိုကိုယ်နှင့်မကွာထားပါ။ Keep radio, light and extra batteries with you.
အရေးကြီးစာရွက်စာတမ်းများနှင့် ပိုင်ဆိုင်မှုများကိုသံ၊ သတ္တုသေတ္တာများ၊ ရေလုံဗူးများနှင့်ထည့်ထားပါ။ Keep your poverty and important documents in metal case or water-proof container.
မျက်မှန်တပ်ဆင်ထားသူများ မိမိမျက်မှန်ပြုတ်ကျမသွားစေရန်ကြိုးတပ်ထားပါ။ For glass wear, string the glass not to drop and loss.
အိမ်တွင်းလျှပ်စစ်အတွက် မိန်းနေရာနှင့်အသုံးပြုပုံများကိုမိသားစုများအား ကြိုတင်ရှင်းပြထားပါ။ Explain all family member how to use the electrical fuse box (e.g on/off)

သဘာဝဘေးအန္တရာယ်ကျလောက်လာပြီဆိုလျင်
When disaster occurs;

ထိတ်လန့်ပြာယာခတ်ခြင်းမဖြစ်ပါနဲ့။ Don't panic.
အဆောက်အအုံအတွင်းမှာရောက်ရှိနေရင်အပြင်ထွက်လို့ရတဲ့တံခါးနဲ့နီးရင်အမြန်ပြေးထွက်ပါ။ ပြုတ်ကျလာမယ့်အရာများကိုကြိုတင်ကာကွယ်ရန် လက်ကိုခေါင်းပေါ်တင်ပြေးပါ။ မော်တော်ယာဉ်များကိုလည်းဂရုစိုက်ပါ။ တစ်ကယ်လို့ အပေါ် ထပ် မှာရော က်ေ နပြီ ဆိုရင် ပရိဘောဂအမာပစ္စည်းများအောက်တွင်နေပါ။ ဓါတ်လှေကားများကိုလုံးဝအသုံးမပြုပါနဲ့။ If you are inside of the building: if exit is near, leave the building as soon as possible and put your arms over head to protect possible falling above. Watch out for traffic. If you are situated in upstairs: Underneath yourself with strong furniture. Don't use elevators.
အပြင်မှာရောက်နေခဲ့ရင် အဆောက်အအုံ၊ တံတား၊ လျှပ်စစ်ကြိုးများနှင့်ဝေးသော ကွင်းပြင် တစ်ခုကိုေ ရာ က်အောင်ပြေးပါ။ Move to an open area that clear away all buildings, bridges and overhead power lines.
ယာဉ်မောင်းနေလျင် အဆောက်အအုံများ၊ တံတားများ၊ လျှပ်စစ်ကြိုးများ၊ မြေအောက်လှိုဏ်ခေါင်း များနှင့် ဝေးရာသို့မောင်းပြေးပါ။ ဝေးသွားပါကလည်း မော်တော်ကားဖြစ်ပါက အတွင်းမှာသာနေပါ။ If you are driving, drive to open area that clear away all buildings, bridges, tunnels and overhead power lines. If your vehicle is motor car, stay down inside.

သဘာဝဘေးအန္တရာယ်များကျရောက်ပြီးသွားပါက
After disaster;

စိတ်အေးအေးထားပါ။ Stay calm!
ပြုတ်ကျ နိုင်သောပစ္စည်းမျာကိုသေချာကြည့်ရှုစစ်ဆေးပါ။ Check for unstable objects above and around you.
မိမိ မိသားစုထိခိုက်ဒဏ်ရာရမရကြည့်ပါ။ Check your family for injuries.
ရေဒီယို၊ ရုပ်မြင်သံကြားများမှ သတင်းမျာကိုကြည့်ရှုနားဆင်ပါ။ Listen information about disaster from radio and TV.
အိမ်အတွင်း ရေပိုက်လိုင်း၊ ဓါတ်ငွေ့ပိုက်လိုင်းများ၊ လျှပ်စစ်ကြိုးများပြတ်တောက်မှုရှိမရှိစစ်ဆေးပါ။ Check water, gas and electrical cable for leak and broken.
အဆောက်အအုံကွဲအက်ခြင်းများရှိပါက ဝေးရာသို့ရှောင်ရှားနေပါ။ If the building is damaged, stay away form it.

http://kyawzin-mm.blogspot.com/

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: