Pages

Tuesday, November 13, 2012

“““ ဒီမိုကရေစီ ထောင်ချောက် ”””

ဒီမိုကရေစီဟာ ပညာအခြေခံနည်းပါးသူတွေအတွက် ထောင်ချောက်ပါ..။

အဖျက်သမားတွေ အတွက်တော့ လက်နက်ပါ..။

ငြိမ်းချမ်းရေးလိုလားသူတွေ အတွက် ချိုးဖြူငှက်နဲ့ သံလွင်ခက်ပါ..။

ပညာအခြေခံကောင်းသူတွေအတွက်တော့ အကျိုးအမြတ်ပါ။

ဒီမိုကရေစီ အပြည့်အ၀ရတယ်ဆိုတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် … ဒီမိုကရေစီဆိုင်ရာ ပညာပေး အစီ အ စဉ်တွေ အများကြီး လုပ်ရပါတယ်.. လုပ်ချင်ရာလုပ်ဆိုပြီး လွှတ်ပေးလိုက်တာ ဒီမိုကရေစီမဟုတ်ပါဘူး.. ဒီ မိုကရေစီကို ဘမ်းပြပြီး ဖျက်လိုဖျက်ဆီး လုပ်လို့ ရတာတွေ အများကြီးရှိပါတယ်..။ အဲဒီလို ဖျက်လို ဖျက် ဆီးလုပ်တာကို တားမြစ်လိုက်ရင် ဒီမိုကရေစီ မဟုတ်ဘူး ဆိုပြီး အော်ကြပြန်တယ်..။

ဒီနေ့ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးကို ပြပါဆိုရင် ကိုယ်နဲ့ အနီးဆုံး အိန္ဒိယကို ပြရမှာပါ..။ သူ့ နိုင် ငံမှာ ဒီမိုကရေစီ အတော်ရင့်ကျက်နေပါပြီ.. လူထုကလည်း ဒီမိုကရေစီက ဘာတွေ ကောင်းတယ် ဆိုတာ သိနေပါပြီ..။ သူတို့ရဲ့ အခွင့်အရေးကိုလည်း သိနေပါပြီ..။ အရင်တုန်းက သူတို့လဲ ဒီမိုကရေစီ ကသောင်း ကနင်း ဖြစ်ခဲ့ဖူးပါတယ်… စ,ခါစမှာ နေ့စဉ် တစ်နိုင်ငံလုံးမှာ တစ်နေရာမဟုတ်တစ်နေရာ ဆန္ဒပြနေခဲ့ကြ ဖူး တယ်..။ ရဲတွေ ခြေကုန်လက်ပမ်းကျတဲ့ အထိ ပြေးကြလွှားကြ လုပ်ခဲ့ကြရဖူးတယ်..။ အခုတော့ သူတို့ဆီ မှာ ဒီမိုကရေစီ သက်တမ်းကလည်း ရွှေရတုကို ကောင်းကောင်းကြီး ကျော်ခဲ့ပြီ.. ဒီမိုကရေစီရဲ့ ကျင့်သား ကို ကောင်းကောင်း ရနေပြီ..။ အဲဒီလိုသိလာတဲ့ အချိန်ကျတော့မှ တဖြည်းဖြည်း ရင့်သန်လာတာပါ. .။ နေ ရာတိုင်းမှာ ဆန္ဒမပြတော့ဘူး..။ နိုင်ငံရေးသမားတွေ ပြောတိုင်း လိုက်မလုပ်တော့ဘူး..။ သူတို့ရဲ့ မဲတွေ ကို သေသေချာချာ စိစစ်ပြီးမှ ပေးလာကြတယ်..။

ဒါဟာ ဒီမိုကရေစီပါပဲ.. ။

ဒါတောင်မှ အိန္ဒိယမှာ ဆင်းရဲတဲ့ လူတန်းစား ရှိနေသေးတယ်.. ပညာမသင်နိုင်ရှာတဲ့ လူတန်းစား.. လက် လုပ် လက်စား ဘ၀နဲ့ ရပ်တည်ရုန်းကန်နေရတဲ့ လူတန်းစားတွေ ရှိနေပါသေးတယ်..။ ဒါဟာလည်း Balance of Nature လို့ပဲ ပြောရမယ်ထင်တယ်.. အားလုံးသာ ပြီးပြည့်စုံနေပြီး လိုတရနေမယ်ဆိုရင်.. လူ့ ဘ၀ဟာ သိပ်အဓိပ္ပါယ် မရှိတော့သလို ဖြစ်သွားနိုင်တယ်..။

ဒီမိုကရေစီရဲ့ အခွင့်အရေးတွေကို ကျင့်ဝတ်နဲ့ အညီ ထုတ်သုံးရပါတယ်.. ကျင့်ဝတ်မမှန်တဲ့ ဒီမိုကရေစီ ဖက် ကို ခြေဦးလှည့်သွားရင် ပြန်ထိန်း ပြန်မတ်ရပါတယ်..။အဲဒါ ဒီမိုကရေစီခေါင်းဆောင်တွေရဲ့ အလုပ်ပါ..။ အခုအချိန်မှာ မြန်မာပြည်ဟာ ဒီမိုကရေစီရဲ့ အစပဲ ရှိပါသေးတယ်.. သေသေချာချာ ပြင်ဆင်ထား တဲ့ ခေါင်းဆောင် တချို့ကလွဲလို့.. ဒီမိုကရေစီရဲ့ သဘောတရားတွေကို မကြေညက်သေးပါဘူး.။

သိနေတာက အနည်းစုဖြစ်ပြီး မသိတာက အများစုဖြစ်နေပါသေးတယ်..။

အများဖတ်ဖို့ ဒီမိုကရေစီရေးရာ စာအုပ်စာပေ များစွာ လိုနေပါသေးတယ်.. စာအုပ်ကောင်းတွေလည်း အမြောက် အများရှိနေပါတယ်.. ရှာဖွေ ဖတ်ရှုဖို့ပဲ လိုနေတာပါ..။ နေ့စဉ်နဲ့ အမျှ ဆန္ဒဖေါ်ထုတ်တယ် ဆို တဲ့ ခေါင်းစဉ်အောက်မှာ ဆန္ဒပြနေကြမယ်ဆိုရင် ဘယ်အချိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ကြပါမလဲ..။
ဟို ဟာမကြိုက် .. ဒီဟာမကြိုက်.. အချိုမရ ..အချဉ်မရ ဖြစ်အောင် အားပေးလှုံ့ဆော်နေသူတွေ ရှိနေပါ တယ်..။

အဲဒါ နိုင်ငံပျက်သုဉ်းရေးကို လိုလားတဲ့ အဖျက်သမားတွေပါပဲ.. ခေတ်အဆက်ဆက်မှာ ဒီလိုလူတွေ ရှိနေ ခဲ့ ပါတယ်.. အခုလည်းရှိနေတယ်.. နောင်လည်း ရှိနေဦးမှာပါပဲ..။ မြှောက်ပေးမယ်.. သွေးထိုးမယ်.. လှုံ့ဆော် မယ်.. ထ လာ ကြွလာပြီ ဆိုရင် သူတို့က ရှောင်နေမယ်..။ အဲဒီနည်းနဲ့ကစားနေတာပါ သူတို့က စစ်မ တိုက် ဘူး..။ ဘယ်သူနဲ့မှလည်း ရန်မဖြစ်ဘူး..။ ရှေ့မှာ ရွှေပြည်အေးစကားတွေပြောပြီး ကွယ်ရာမှာ စဉ်း စား ဥာဏ် နည်းပြီး တိုက်ချင်ခိုက်ချင်စိတ်ရှိတဲ့ လူတွေကို မြှောက်ပေးတာ.. ဖြစ်ကြစမ်း.. ပြသနာတွေ…။ ရှင်းပေတော့ အစိုးရ.. ။ အကြပ်ဆိုက်ပေတော့..။ သိပ်ကြပ်လာပြီး လုပ်ရကိုက်ရခက်လာပြီဆိုရင် အဲဒီအစိုး ရကိုအယုံအကြည်မရှိအဆိုတင်မယ်..။လက်ရှိလုပ်နေတဲ့အစိုးရအဖွဲ့ပျက်သွားအောင်လုပ်မယ်..။  တော်ေ
တာ် ကို အန္တရာယ်ကြီးပါတယ်..။

အခုမြင်တွေ့ ကြားသိနေရတာတွေက အဲဒီလိုမျိုး ဖြစ်ဖို့ ဦးတည်တဲ့ လှုပ်ရှားမှုတွေပါ..။ ပညာသတိနဲ့ ကြည့်  ကြ ဖို့လိုပါတယ်..။ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီရဲ့ လမ်းမြှောင်လေးပေါ်မှာပဲ ရှိပါသေး တယ်  .. ။ ဒီမိုကရေစီ အမြန်လမ်းမကြီးပေါ်ကို မရောက်သေးပါဘူး..။ ဒီမိုကရေစီရဲ့ ပန်း တိုင် ပျောက် သွားအောင် မငြိမ်မသက်ဖြစ်အောင်.. ပဋိပက္ခတွေနဲ့ နပမ်းလုံး နေရအောင် မလုပ်ကြစေချင်ပါဘူး..။

ကိုယ့်လိုအင်ဆန္ဒတစ်ခုထဲကို ရှေ့တန်းတင်တတ်တဲ့ self centered တွေ မဖြစ်စေချင်ပါဘူး..။ အများဆန္ဒ နဲ့ အများအကျိုးရှိမယ့် ကိစ္စ.. တွေကိုသာ ရှေ့တန်းတင်ကြရအောင်ပါ..။

ကောင်းလွန်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: