Pages

Sunday, January 6, 2013

စစ်မြေပြင်မှ ရေးသောစာများ

ဒီစာတွေကို စစ်သားတစ်ယောက် ရေးခဲ့ပါတယ်။ အတိအကျ ပြောရရင်တော့ ကချင်ပြည်နယ်မှာ တာ ၀န်ထမ်းဆောင်ခဲ့တဲ့ စစ်သား တစ်ယောက်ရေးခဲ့တဲ့ ဒိုင်ယာရီက စာသားတွေပါပဲ။ သူ တိုင်းပြည် တာ ၀န် ကို ထမ်းဆောင်ခဲ့တယ်။ သူ စားစရာ မရှိတဲ့ဘ၀ကို ရင်ဆိုင်ခဲ့ရတယ်။ သူနာဖျားချိန်မှာ ဆေးတပ်ဖွဲ့ ကေ ပးတဲ့ စားဆေးလောက်နဲ့ သူကျန်းမာအောင် နေခဲ့တယ်။ သူဟာ သူ့ရဲ့ မိန်းမနဲ့မိသားစုကို အရမ်း ကို သ တိရခဲ့ပါတယ်။

စစ်မြေပြင်မှရေးသောစာ

သူ့ရဲ့ ဟင်းတစ်ခွက်က တောထဲက ပေါက်တဲ့ မျစ်ကို အချဉ်လုပ်ပြီး စားခဲ့ရတယ်။ နှင်းဒဏ်တွေနဲ့ ကချ င်တောင်တန်းရဲ့ ချမ်းစီးတဲ့ ဒဏ်တွေကို သူခံခဲ့ရတယ်။ စိုရွဲနေတဲ့ နှင်းစိုဝတ်တွေကို မီးကင်ပြီး ကျောပိုး အိတ် တစ်လုံးမှာ ပါသမျှ အ၀တ်အထည်တွေနဲ့ သူတိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

ပေ တစ်သောင်းကျော် တောင်ကုန်းကို သူတက်ခဲ့ရတယ်။ သူ ရသင့်တယ်လို့ ထင်ခဲ့တဲ့ ရိက္ခာတွေကို သူ စား သုံး ခွင့် မရှိဘူး။ တာဝန်ပေး ခိုင်းစေချက်တွေကို သူမကျေနပ်ဘူး။ ဒါပေမယ့် သူအကုန်လုံးကို ထမ်းေ ဆာင်ခဲ့တယ်။ နောက်တော့ သူ ဂရုဏာဒေါသောနဲ့ အားလုံးကို မကျေမနပ် ဖြစ်ခဲ့တယ်။ သူဒီလောက် အ ပ င်ပန်းခံလုပ်နေတာတောင်မှ အရပ်ထဲမှာ အစိမ်းရောင်ကို မြင်လို့ အထင်သေးတဲ့ သူတွေကို သူ စိတ်တိုတ ယ်။ ဒီလောက် ပင်ပန်းဆင်းရဲတာကို ဒီအတိုင်း ကြည့်နေရမလားဆိုပြီး လူကြီးတွေကို အပြစ်ဆိုမိတယ်။ ငါ့ သားတွေ ဘယ်တော့မှ စစ်ထဲ မ၀င်နဲ့လို့ သူရေးခဲ့တယ်။

တစ်နေ့မှာတော့ တိုင်းပြည် တာဝန်ထမ်းဆောင်ရင်း သူ့အသက်ကို ပေးခဲ့ရတယ်။ အောင်ပွဲဆိုတာကို သူမမြင် ခဲ့ဘူး။ ငြိမ်းချမ်းရေးဆိုတာ အတွက် အသက်ကို ပေးဆပ်ရင်း မကျေမနပ်ဖြစ်ခြင်းတွေနဲ့ သူဟာ အခုထိ ကချင် တောင်တန်းတွေကြားမှာ ရှိချင်ရှိနေအုံးမှာပါ။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: