Pages

Thursday, January 17, 2013

Eleven ပြောသည့် ဒေါက်တာ ဆိတ်ဖွား အကြောင်း

ဒေါက်တာဆိတ်ဖွား ၀က်ဘ်ဆိုက်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ၀က်ဘ် ဆိုက် တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်း အချက် အ လက် နည်း ပ ညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ် တွင်ေ ဖ်ာပြ ခဲ့ ဖူး ကာ အဆိုပါ ဂျာ နယ် ၏ အယ်ဒီ တာချုပ်မှာ ဦးခင်မောင်ညို(ဘောဂဗေဒ) ဖြစ်ပါသည်။
 
ထို့အပြင် ဒေါက်တာ ဆိတ်ဖွား၏ Voice of Myanmar ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါး များကို ၀ါဒ ဖြန့်ချိရေး ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Myanmar Express တွင် တစ်ဆင့် ပြန် လည် ကူးယူ ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်လေ့ရှိပါသည်။  ဒေါက်တာ ဆိတ်ဖွား ၀က်ဘ်ဆိုက်နှင့်  Myanmar Express ၀က်ဆိုက်တို့သည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ၀က်ဘ်ဆိုက်နှင့်လည်း ဆက်နွှယ် ရှိကာ အဆိုပါ ၀က်ဘ်ဆိုက်များသည်  အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံရေး သမားများနှင့် သတင်းမီဒီယာများကို  အပုပ်ချ တိုက်ခိုက်လေ့ရှိပြီး ယင်းတို့၏ ရေးသားချက်များသည် အမျိုး သား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားဖြစ်စေသော ရေးသားမှုများ ဖြစ်သည်ဆိုသော သုံးသပ် မှုများ ရှိနေခဲ့ပါသည်။
ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား အမည်ရှိသူ ရေးသားသော post များသည် ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ Facebook ရှိ status အချို့နှင့် တူညီမှုရှိသလို ရံဖန်ရံခါတွင် sit aung အမည်ရှိ Facebook ပိုင်ရှင် တစ်ဦး၏ status များနှင့်လည်း တူညီကာ ရေးသားပုံ style မှာလည်း တူညီမှုရှိကြောင်း Eleven Media Group မှ လေ့လာတွေ့ရှိရပါသည်။ sit aung အမည်ရှိသူသည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ၀က်ဘ်ဆိုက်တွင် ဆောင်းပါးများ မကြာခဏ ရေးသားလေ့ ရှိသူ ဖြစ်ပါသည်။ 
 
 Eleven Media Group
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

Eleven ပြောသည့် ဒေါက်တာ ဆိတ်ဖွား အကြောင်း

Labels:
 
ဒေါက်တာဆိတ်ဖွား ၀က်ဘ်ဆိုက်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ၀က်ဘ် ဆိုက် တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်း အချက် အ လက် နည်း ပ ညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ် တွင်ေ ဖ်ာပြ ခဲ့ ဖူး ကာ အဆိုပါ ဂျာ နယ် ၏ အယ်ဒီ တာချုပ်မှာ ဦးခင်မောင်ညို(ဘောဂဗေဒ) ဖြစ်ပါသည်။
 
ထို့အပြင် ဒေါက်တာ ဆိတ်ဖွား၏ Voice of Myanmar ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါး များကို ၀ါဒ ဖြန့်ချိရေး ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Myanmar Express တွင် တစ်ဆင့် ပြန် လည် ကူးယူ ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်လေ့ရှိပါသည်။  ဒေါက်တာ ဆိတ်ဖွား ၀က်ဘ်ဆိုက်နှင့်  Myanmar Express ၀က်ဆိုက်တို့သည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ၀က်ဘ်ဆိုက်နှင့်လည်း ဆက်နွှယ် ရှိကာ အဆိုပါ ၀က်ဘ်ဆိုက်များသည်  အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံရေး သမားများနှင့် သတင်းမီဒီယာများကို  အပုပ်ချ တိုက်ခိုက်လေ့ရှိပြီး ယင်းတို့၏ ရေးသားချက်များသည် အမျိုး သား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားဖြစ်စေသော ရေးသားမှုများ ဖြစ်သည်ဆိုသော သုံးသပ် မှုများ ရှိနေခဲ့ပါသည်။
ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား အမည်ရှိသူ ရေးသားသော post များသည် ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ Facebook ရှိ status အချို့နှင့် တူညီမှုရှိသလို ရံဖန်ရံခါတွင် sit aung အမည်ရှိ Facebook ပိုင်ရှင် တစ်ဦး၏ status များနှင့်လည်း တူညီကာ ရေးသားပုံ style မှာလည်း တူညီမှုရှိကြောင်း Eleven Media Group မှ လေ့လာတွေ့ရှိရပါသည်။ sit aung အမည်ရှိသူသည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ၀က်ဘ်ဆိုက်တွင် ဆောင်းပါးများ မကြာခဏ ရေးသားလေ့ ရှိသူ ဖြစ်ပါသည်။ 
 
 Eleven Media Group
 
0 comments: