Pages

Sunday, January 13, 2013

အမှတ် ၃၄ အစုန် လူစီးရထား အား ကေအိုင်အေအဖွဲ့ မိုင်းခွဲ တိုက်ခိုက်မှု နောက်ဆက်တွဲ

မကြာခဏ မိုင်းကွဲမှု ဖြစ်ပွား နေသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင် ယနေ့ (ဇန်နဝါရီ ၁၃ ရက်နေ့) နံနက် ၃ နာရီ ၁၅မိနစ် ဝန်းကျင် ခန့်က မြစ်ကြီးနားမှ ထွက်ခွာလာသော အမှတ် ၃၄ အစုန် အိပ်စင်  အထူးရထား သည် နန့်စီးအောင် ဘူတာနှင့် မော်လူး ဘူတာ ကြားတွင် မိုင်းခွဲ ခံရပြီး ခရီးသည် ၁၀ ဦး ဒဏ် ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။ “ထိခိုက် ဒဏ်ရာရတဲ့ ခရီး သည် တွေကို မော်လူး တိုက်နယ် ဆေးရုံမှာ အရေးပေါ် ကုသ နေပါတယ်။  စိုးရိမ်ရတဲ့ အနေ အထား တော့ မရှိပါဘူး” ဟု အခင်း ဖြစ်ပွားရာသို့ ရောက်ရှိ ခဲ့သော လုံခြုံရေး အရာရှိ တစ်ဦး က ပြောကြား သည်။ 
 
ယင်း မိုင်းကွဲမှုကြောင့် အိပ်စင် အထူးရထား၏ စက်ခေါင်း (အမှတ် DD2058) သည် လဲကျ သွားခဲ့ပြီး ရိုးရိုးတန်း လူစီး တွဲတစ် နှင့် တွဲနှစ် မှာ ကန့်လန့်ဖြတ် အနေအထား ဖြစ်သွားကာ သံ လမ်း အရှည် ၃၉ ပေ (၁၀ချောင်း)၊ ကွန်ကရစ် ဇလီဖား တုံး ၃၀ တုံး၊ သစ်သား ဇလီဖားတုံး ၇၅ တုံး တို့ ပျက် စီး၍ ပေါက်ကွဲသည့် နေရာတွင် အကျယ် နှစ်ပေ အနက်၁ပေခန့် ဖြစ် နေကြောင်း ၄င်း က ပြောကြားသည်။ ယင်းမိုင်းခွဲမှု မှာ KIA မှ လုပ်ဆောင်ခြင်း ဖြစ်ပြီး ရထားလမ်း ပျက်စီးမှု များကြောင့် မန္တလေး - မြစ်ကြီးနား ခရီး စဉ် များကို ခေတ္တ ပိတ် ထားရကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးသို့ ပေးပို့သော အစီ ရင် ခံစာတွင် ဖော်ပြ ထား သည်။
 မန္တလေး - မြစ်ကြီးနား မီးရထားလမ်း တွင် မိုင်း ဖောက်ခွဲမှု များ မကြာခဏ ဖြစ်ပွားလျက် ရှိပြီး လူစီး အထူး ရထား ကို မိုင်းခွဲခြင်း မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ကလည်း နဘား - မြစ်ကြီးနား လော်ကယ် ရထားကို မိုင်းခွဲ ခဲ့သည့် အတွက် လုံခြုံရေး ရဲသား တစ်ဦး သေဆုံး ခဲ့သည်။
From:ကချင်နေ့စဉ်သတင်း

Myanmar Daily Star Group 

ဆက်စပ်သတင်း ...   အမှတ် ၃၄ အစုန် လူစီးရထား အား ကေအိုင်အေအဖွဲ့ မိုင်းခွဲ တိုက်ခိုက်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

အမှတ် ၃၄ အစုန် လူစီးရထား အား ကေအိုင်အေအဖွဲ့ မိုင်းခွဲ တိုက်ခိုက်မှု နောက်ဆက်တွဲ

Labels:
မကြာခဏ မိုင်းကွဲမှု ဖြစ်ပွား နေသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင် ယနေ့ (ဇန်နဝါရီ ၁၃ ရက်နေ့) နံနက် ၃ နာရီ ၁၅မိနစ် ဝန်းကျင် ခန့်က မြစ်ကြီးနားမှ ထွက်ခွာလာသော အမှတ် ၃၄ အစုန် အိပ်စင်  အထူးရထား သည် နန့်စီးအောင် ဘူတာနှင့် မော်လူး ဘူတာ ကြားတွင် မိုင်းခွဲ ခံရပြီး ခရီးသည် ၁၀ ဦး ဒဏ် ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။ “ထိခိုက် ဒဏ်ရာရတဲ့ ခရီး သည် တွေကို မော်လူး တိုက်နယ် ဆေးရုံမှာ အရေးပေါ် ကုသ နေပါတယ်။  စိုးရိမ်ရတဲ့ အနေ အထား တော့ မရှိပါဘူး” ဟု အခင်း ဖြစ်ပွားရာသို့ ရောက်ရှိ ခဲ့သော လုံခြုံရေး အရာရှိ တစ်ဦး က ပြောကြား သည်။ 
 
ယင်း မိုင်းကွဲမှုကြောင့် အိပ်စင် အထူးရထား၏ စက်ခေါင်း (အမှတ် DD2058) သည် လဲကျ သွားခဲ့ပြီး ရိုးရိုးတန်း လူစီး တွဲတစ် နှင့် တွဲနှစ် မှာ ကန့်လန့်ဖြတ် အနေအထား ဖြစ်သွားကာ သံ လမ်း အရှည် ၃၉ ပေ (၁၀ချောင်း)၊ ကွန်ကရစ် ဇလီဖား တုံး ၃၀ တုံး၊ သစ်သား ဇလီဖားတုံး ၇၅ တုံး တို့ ပျက် စီး၍ ပေါက်ကွဲသည့် နေရာတွင် အကျယ် နှစ်ပေ အနက်၁ပေခန့် ဖြစ် နေကြောင်း ၄င်း က ပြောကြားသည်။ ယင်းမိုင်းခွဲမှု မှာ KIA မှ လုပ်ဆောင်ခြင်း ဖြစ်ပြီး ရထားလမ်း ပျက်စီးမှု များကြောင့် မန္တလေး - မြစ်ကြီးနား ခရီး စဉ် များကို ခေတ္တ ပိတ် ထားရကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးသို့ ပေးပို့သော အစီ ရင် ခံစာတွင် ဖော်ပြ ထား သည်။
 မန္တလေး - မြစ်ကြီးနား မီးရထားလမ်း တွင် မိုင်း ဖောက်ခွဲမှု များ မကြာခဏ ဖြစ်ပွားလျက် ရှိပြီး လူစီး အထူး ရထား ကို မိုင်းခွဲခြင်း မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ကလည်း နဘား - မြစ်ကြီးနား လော်ကယ် ရထားကို မိုင်းခွဲ ခဲ့သည့် အတွက် လုံခြုံရေး ရဲသား တစ်ဦး သေဆုံး ခဲ့သည်။
From:ကချင်နေ့စဉ်သတင်း

Myanmar Daily Star Group 

ဆက်စပ်သတင်း ...   အမှတ် ၃၄ အစုန် လူစီးရထား အား ကေအိုင်အေအဖွဲ့ မိုင်းခွဲ တိုက်ခိုက်

0 comments: