ပြဿနာရပ်များကို
ဘင်္ဂါလီတို့ကဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားတို့က
စွပ်စွဲခဲ့ကြပါသည်။ ထို့ အပြင် ဘင်္ဂါလီ တို့သည် ၄င်းတို့
၏ပိုင်ဆိုင်မှုများကို ဖျက်ဆီး ခဲ့ကြသည့် အတွက် ဒုက္ခသ ည်စခန်းများသို့
ပြောင်းေ ရွှ့ ရောက် ခဲ့ရကြောင်းထပ်မံပြောပြခဲ့ကြပါသည်။ ပြင်ပကမ္ဘာသည်
ဘင်္ဂါလီတို့၏ လှည့်စားမှုကို ခံလိုက်ရ သည်ဟု
ရခိုင်လူမျိုးတို့ကယုံကြည်လက်ခံထားကြပါသည်။
ကုလားများသည် မိမိအိမ်
မိမိမီးရှို့ပြီး ရခိုင်များ ရှို့သည်ဟုအော်ကြောင်း၊ ရခိုင်နှင့် ကုလားသည်
ပရိယာယ် ၌ ရခိုင် သည် ကုလားကိုမမီကြောင်း၊ ကုလားများသည် ငိုပြ၊ ရယ်ပြတတ်
ကြောင်း ဆရာတော် ဦးနန္ဒော ဘာသ ကပြောကြားခဲ့ပါသည်။
ဘင်္ဂါလီတို့သည် ရခိုင်ပြည်နယ်အတွင်း
ရခိုင်တို့၏သြဇာလွှမ်းမိုးမှုရပ်ဆိုင်းစေရေး ပရိယာယ်အမျိုးမျိုးဖြင့် ကျင်း
သုံးဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်သူတို့ကစွပ်စွဲထားကြ ပါသည်။
ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ
ဒေါက်တာအေးမောင်က မိမိတို့အပေါ်လှေစီး ဒုက္ခသည် အဖြစ် ဖန်တီးခြင်း သည်
ရည်ရွယ်ချက်ကြီးကြီးမားမားရှိမည်ဖြစ်ကြောင်း၊ သတင်းခေတ်၏ ဖန်တီးမှုကြောင့်
နား လည် မှု လွဲမှားအောင် တမင်ဖန်တီးထားသည်ဟုယူဆကြောင်း၊ ယခုလို လူမျိုးသည်
မြေကိုလည်း ယူချင်ေ ကြာင်းနှင့်ပြည်နယ်ကိုလည်း သူတို့ဒေသအဖြစ် တမင်သက်သက်
ဖန်တီးပြီးရယူလိုသည့် နိုင်ငံရေး ရည်ရွယ် ချက်ရှိမည်ဟု
ယူဆကြောင်းပြောကြားခဲ့ပါသည်။
ရခိုင်ပြည်သူတို့၏
အမြင်သဘောထားများမှာ အသိုက်အဝန်းနှစ်ခု၏ မျိုးဆက်အသီးသီး အကြား ပဋိပက္ခ
များဖြစ်ပွား ရာမှပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉ဝ ပြည်နှစ်နှောင်းပိုင်း
ကာလများတွင် မြန်မာ အစိုးရ သည် အဖွဲ့ အစည်းနှစ်ရပ်အကြား
ခွဲခြားဆက်ဆံရေးစီမံချက်ချ ဆောင်ရွက်လာခဲ့ပါသည်။ ရခိုင် တိုင်းရင်း သားများ
၏ တောင်းဆိုချက်အရ ဗဲူဖေနနမေ ရုပ်သံက ဖော်ထုတ်လက်ခံရရှိခဲ့သည့် ၁၉၉၈
ခုနှစ်တွင်ပြု လုပ်ခဲ့သော နားလည်မှုစာချွန်လွှာအရ ရခိုင်
တိုင်းရင်းသားတို့သည် မြန်မာ့မြေ ပေါ်တွင် ဘင်္ဂါလီတို့ ၏နေထို င်ခွင့်ကို
လျှော့ချရေးအတွက် အသေးစိတ် အစီအစဉ်များ ချမှတ်ဆောင် ရွက်ခဲ့ကြောင်း
တွေ့ရှိရ ပါသည်။ အဆိုပါနားလည်မှု စာချွန်လွှာတွင်ဘင်္ဂါလီတို့၏ လှုပ်ရှား
ဆောင်ရွက်မှုကို ကန့်သတ်ပိတ် ပင်ရေးဟူသည့် အချက် ပါဝင်ခဲ့ပြီး
ပညာရေးအခွင့်အလမ်းများကို ကန့်သတ်လျှော့ချခဲ့ပါသည်။ ထို့အပြင် ဘင်္ဂါလီတို့၏
မွေးဖွားနှုန်းကိုလည်း ထိန်းချုပ်ကန့် သတ်ခဲ့ပါသည်။
ကလေးတစ်ဦးမွေးဖွားသောအခါ
၎င်းတို့ကိုဒေါ်လာ ၁၅ဝ ပေးရကြောင်း၊ လက်ထပ် ထိမ်းမြား ရန်အတွက် သက်ဆိုင်ရာ
အာဏာပိုင်များကို ဒေါ်လာ ၇၅ဝ ပေးရကြောင်း၊ ခွင့်ပြုချက် မရဘဲလက် ထက်သည့်
သူများ သည် ထောင် ၅ နှစ်ကျခံရကြောင်း ဟာမီဂျမီးကပြောကြားခဲ့ပါသည်။
မြန်မာစစ်အစိုးရသည်
အဆိုပါမူဝါဒများကို မြန်မာနိုင်ငံအောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တော
မြို့များတွင် သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါမြို့များရှိ ပြည်သူ ၉ဝ
ရာခိုင်နှုန်းမှာ ဘင်္ဂါလီတို့ ဖြစ်ကြပါ သည်။ ထို့နောက်
အဆိုပါမြို့နှစ်မြို့မှာ ဆယ်စုနှစ် ၂ ခုအကြာမျှ ပြင်ပကမ္ဘာနှင့် အဆက်
အသွယ်ဖြတ်ေ တာက် ခံ ထားရပါသည်။ အမှန်တကယ်တွင် အဆိုပါမောင်တောမြို့
အတွင်းရှိ ပြည်သူ အများစုမှာ တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြရာ
၎င်းတို့၏နိုင်ငံသား ဖြစ်ရေးတောင်းဆိုမှုနှင့် လှုပ်ရှား သွားလာမှုကို
ကန့်သတ်ပိတ်ပင်ထားသင့်ကြောင့်ဖော်ပြခဲ့ကြ ပါသည်။
အဓိကရုဏ်ြး ဖစ်ပွားပြီးနောက် ၃
လအကြာတွင် အယ်ဂျာဇီးရား ရုပ်သံသတင်းထောက်သည် လျှို့ဝှက် ကင်မ ရာဖြင့်
မောင်တောမြို့တွင်းအခြေအနေကို လှည့်လည်ရိုက်ကူးခဲ့ပါသည်။ လမ်းမ များမှာ
တိတ် ဆိတ်ငြိမ် သက်လျက်ရှိပြီး ကျောင်းများမှာလည်း ပိတ်ထားဆဲဖြစ်ပါသည်။ ဗလီ
များကို ပိတ်ထားဆဲဖြစ်ပြီး အရေးပေါ် အခြေအနေအမိန့်ထုတ်ပြန်ချက်အရ လူ ၅
ဦးအထက် စုစည်းမှုကိုလည်း ပိတ်ပင် တားမြစ် ထားပါသည်။
တိုက်ခိုက်မှုများထပ်မံမဖြစ်ပွားစေရေးအတွက် ဘင်္ဂါလီတစ်ဦးက ဗလီအဝန်းအဝိုင်းအား
သော့ခတ် ပိတ်ဆို့ထားခဲ့ပါသည်။
မြန်မာအမျိုးသားလွှတ်တော်အမတ် ဦးရွှေမောင်သည် ၄င်း၏ဘူးသီးတောင်မဲဆန္ဒနယ်သို့ သွားရောက် လေ့လာခဲ့ပါသည်။
ဦးရွှေမောင်ကပြောကြားရာတွင်
ပြည်သူတို့သည် ကြောက်ရွံ့စိုးရိမ်စွာဖြင့် နေထိုင်ရ ကြောင်း၊ ပြည်သူ
အများစုက မိမိတို့အနေဖြင့် မည်သည့်အချိန်တွင် အဖမ်းခံရမည်ကိုမခန့်မှန်း
နိုင်ကြောင်းနှင့် အိမ်တစ်အိမ် မီးရှို့ဖျက်ဆီးခံရချိန်တွင်
အိမ်အတွင်းမှလွတ်လာသူများကို ရဲတပ်ဖွဲ့ ဝင်များက ပစ်ခတ်ကြေ ကြာင်းဒေ
သခံဘင်္ဂါလီ များကပြောကြားခဲ့သည်ဟု ထုတ်ဖော်ပြောကြား ခဲ့ပါသည်။
ရခိုင်ပဋိပက္ခကို
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)ခေါင်းဆောင် ဒေါက်တာအေးမောင်က
ကြိုးကိုင်နေခြင်းဖြစ်ကြောင်း၊ ဒေါက်တာအေးမောင်သည် RNDP ပါတီ၏ တစ်ဦး
တည်းသောေ ခါင်းဆောင်ဖြစ်ကြောင်း၊ ၄င်းသည် တောင်ကုတ်၊ ပုဏ္ဏားကျွန်း၊
မြောက်ဦး တို့မှပါတီဝင်များကို ခေါ် ယူဆွဲဆော င်၍
လူသတ်မှုများကိုကျူးလွန်နေကြောင်း၊ ၄င်းသည် ရိုဟင်ဂျာ တို့ကို
သတ်ဖြတ်မှုများအတွက် တစ်ဦး တည်းသောတာဝန်ရှိသူဖြစ်ကြောင်း၊
ဖြစ်နိုင်မည်ဆိုလျှင် မိမိတို့နှစ်ဦး မျက်နှာချင်း ဆိုင်ရင် ဆိုင်ဖြေရှင်း
လိုကြောင်းနှင့် မိမိအနေဖြင့် တစ်လောကလုံးကို
လိမ်လည်လှည့်ဖျားနေခြင်းမရှိကြောင်း အောင်ဝင်းကပြောကြားခဲ့ပါသည်။
ဇူလိုင်လတွင် RNDP ပါတီေ
ခါင်းဆောင်ဒေါက် တာအေးမောင်က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ ပါသည်။ အဆို
ပါကြေညာချက်တွင် ဘင်္ဂါလီတို့ကိုသင့်လျော်ရာနေရာများသို့ ရွှေ့ပြောင်းနေရာ
ချထား သင့်ကြောင်းနှင့် ရခိုင်တို့နှင့် ဘင်္ဂါလီတို့ကို အတူယှဉ်တွဲ၍
ရောနှောမထား သင့်ကြောင်းေ ဖ်ာပြထား ခဲ့ပါသည်။
ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ
ဒေါက်တာအေးမောင်က မိမိတို့၏ဒေသ တည်မြဲရန်အတွက် မိမိတို့ ရခိုင်
မျိုးနွယ်စု၏ ခေါင်းထဲရင်ထဲတွင်ရှိကြောင်း၊ မည်သည့်မျိုးနွယ်စုကိုမျှ
တိုက်ခိုက်လိုစိတ်၊ ရန်လို မုန်းတီး စိတ် မရှိကြောင်း၊ ကိုယ့်မြေ ကိုယ့်ဒေ
သတည်တံ့ခိုင်မြဲပြီး မိမိ၏ တာဝန်တစ်ခု သမိုင်း၌တွင် ကျန်စေရန် ကြိုး
စားနေကြောင်း မိမိဒေသကို မိမိရပ်တည်မှုရှိအောင် ကြိုးစားေ နချိန်တွင်
ပြည်ပမှ နည်းမျိုးစုံဖြင့် သတင်းထုတ်လွှင့်ခြင်းများရှိကြောင်း၊
ပြန်တွက်ကြည့်ခြင်း အားဖြင့် လုပ်ကြံဖန်တီးမှု များပေါ်တွင် မူတည်ကြောင်း
ပြောကြားခဲ့ပါသည်။
စစ်တွေနှင့်မောင်တောမြို့တို့ရှိဒေသခံပြည်သူများနှင့်
အင်တာဗျူးများပြုလုပ်ခဲ့ကြောင်း၊ ၄င်းတို့က ပြဿနာ ရပ်များကို RNDP
ပါတီဝင်များက ဖန်တီးခဲ့သည်ဟုဖြေကြားခဲ့ကြောင်းနှင့် လူတိုင်းက
ထိုကဲ့သို့ပြော လာသည့်အတွက် ၄င်းအခြေအနေမှာ အမှန်ဖြစ်နိုင်ကြောင်း
ဦးရွှေမောင်က ပြောကြားခဲ့ပါသည်။
မြန်မာအစိုးရသည် ဇွန်လတွင်
ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ် ဖွဲ့စည်း ခဲ့ရာ
အဆိုပါကော်မရှင်တွင် ဘင်္ဂါလီကိုယ်စားလှယ်တစ်ဦးမှ မပါဝင်သော်လည်း
ဒေါက်တာအေးမောင်က ကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့ပါသည်။
မြန်မာအစိုးရသည် ပြင်ပကမ္ဘာနှင့်
ထိတွေ့ဆက်ဆံလာချိန်တွင် မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း
စုကြည်သည် ဘင်္ဂါလီတို့အား နိုင်ငံသားအဖြစ်သတ်မှတ်ရေးအစီ အစဉ်ကို ထောက် ခံပေး
ရန်ငြင်း ပယ်ခဲ့ပြီး ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့ပါသည်။
မြန်မာနိုင်ငံသည်
တိုင်းရင်းသားမျိုးနွယ်စုတစ်ရာကျော်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။
လွန်ခဲ့သည့် နှစ်ေ ပါင်း ၃ဝ ခန့်အကြာကတည်းက ဘင်္ဂါလီတို့အား
နိုင်ငံသားပြုခွင့်ပိတ်ပင်ထား ခဲ့ပြီး ကိုလိုနီ လက်ထက် ကတည်းက ရောက်ရှိ
လာခဲ့သည့် ဘင်္ဂါလီ တို့မှာ နိုင်ငံ သားဖြစ်ခြင်းမှ ဖယ်ကျဉ်ခြင်း
ခံထားရပါသည်။ ၂ဝ၁၂ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ရခိုင်
ကွန်ဖရင့်တစ်ရပ်ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲ တက်ရောက် လာသူများက ဒီမိုကေ
ရစီနိုင်ငံတော် သစ်တွင် နိုင်ငံ သားပြုခွင့်ကို မည်သို့ သတ်မှတ်မည်ကို
ဆွေးနွေးခဲ့ကြပါသည်။
ဒေါက်တာအေးချမ်းသည်
ရခိုင်သမိုင်းပညာရှင်နှင့် ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူ တစ်ဦးဖြစ် ပါ
သည်။ ၄င်းသည် စစ်အစိုးရကို ထောက်ခံသူဖြစ်ပါသည်။ မြန်မာနိုင်ငံသည် မိမိတို့
နိုင်ငံဖြစ်ကြောင်း၊ မည်သူ့ ကို မျှဝေမပေးနိုင်ကြောင်း၊ တရားမဝင်
ဝင်ရောက်လာ သူများကို နေရာ မပေးနိုင်ကြောင်း၊ မိမိသည် အစ္စ လာမ် ဘာသာကို
ဆန့်ကျင်သူမဟုတ်ကြောင်းနှင့် မိမိတို့နိုင် ငံသည် ဗုဒ္ဓဘာသာကို
ကာကွယ်ရန်နှင့် ပြည် သူ တို့၏ သက်သာေ ချာင်ချိရေးကို ဆောင်ရွက်ပေးရန်တာဝန်
ရှိကြောင်း ၄င်းကပြောကြားခဲ့ပါသည်။ ရခိုင် အမျိုး သားရေး ဝါဒီအဖွဲ့က စာတမ်း
တစ်စောင်ပြုစု ခဲ့ပြီး ဘင်္ဂါလီတို့အား မြန်မာ တိုင်းရင်းသား မျိုးနွယ်စု
တစ်ခု အဖြစ်သတ်မှတ်ရန် ငြင်းပယ်ခဲ့ပါသည်။ ဒေါက်တာအေးချမ်းက မြန်မာနိုင်ငံ
ရခိုင်ပြည် နယ်အ တွင်းသို့ ဘင်္ဂါလီတို့ ဘိုးဘွားအစဉ်အဆက် ဝင်ရောက်လာမှုကို
အန္တရာယ်ရှိ သည့်ဗိုင်းရပ်စ် တစ်မျိုး ဝင်ရော က်မှု အဖြစ် တင်စားသမုတ်ခဲ့
ပါသည်။
နိုင်ငံတကာလူမျိုးတုံးသတ်ဖြတ်မှုလေ့လာရေးပညာရှင်အဖွဲ့မှ
ပါမောက္ခဟောင်း ဒေါက်တာWilliam Schabas က ရခိုင်ပြည်နယ်တွင်
လူမျိုးရေးနှိပ်ကွပ်မှုထက်ပိုမိုသော အခြေအနေတစ်ရပ်ကို တွေ့ရှိရ ပါသည်ဟု
ပြောကြားခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂါလီ
၎ဝဝ,ဝဝဝ ခန့်သည် ဆင်းရဲဒုက္ခကြုံတွေ့ရလျက်ရှိ ပါသည်။ ဆယ်စုနှစ် ၃ ခုကျော်
ကာလအတွင်း ဒုက္ခသည်အမြောက်အများသည် မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်
လာခဲ့ကြပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ထွက်ပြေးလာသူအနည်းငယ်ကို သာလျင် တရားဝင်
ဒုက္ခသည် များအဖြစ် သတ်မှတ်ထားခဲ့ပါသည်။ ဆယ်စုနှစ်များစွာအတွင်း
လူ့အခွင့်အရေးအဖွဲ့အစည်းများသည် မြန်မာ အစိုးရ၏ကျူးလွန်မှုများကို
မှတ်တမ်းပြုစုထားခဲ့ ကြပါသည်။ သို့ရာတွင် ဘင်္ဂါလီတို့အပေါ် ပြုမူဆောင်
ရွက်မှုများသည် နိုင်ငံတကာဥပဒေများကိုချိုးဖောက်ရာရောက်ပြီး လူမျိုးတုံး
သတ်ဖြတ်သည့် လုပ်ရပ်ဖြစ်ကြောင်း အယ်ဂျာဇီးရား ရုပ်သံက
စုံစမ်းထောက်လှမ်းမှုများပြုလုပ်၍ အကြံပြုတင်ပြနိုင်ခဲ့ပါသည်။
ပါမောက္ခ Schabas က မိမိတို့သည်
ဘင်္ဂါလီကိစ္စရပ်နှင့်ပတ်သက်၍ တရားဝင် လုပ်ဆောင် ခွင့်ရရှိနိုင်မည့် အခြေအနေ
သို့ ဦးတည်ဆောင်ရွက်နေကြောင်း၊ မြန်မာအစိုးရက ဘင်္ဂါလီတို့၏ဈေးနှုန်းများကို
ကန့်သတ် တားမြစ်ရေးဆောင် ရွက်ချက်၊ ၄င်းတို့၏နိုင်ငံသားဖြစ်ခွင့်
ကိုငြင်းပယ်ချက်၊ ၄င်းတို့ ထပ်မံ မရပ် တည်နိုင်ရေးဆော င်ရွက်ချက်၊
သမိုင်းကြောင်းကိုငြင်းပယ်ချက်၊ ၄င်းတို့လက်ရှိနေထိုင်သည့်နေရာတွင် တရား
ဝင်နေထိုင်ခွင့်ကိုငြင်းပယ်ချက် စသည့်အချက် များသည် လူမျိုးတုံး
သတ်ဖြတ်မှုကို လုပ်ဆောင် လာနိုင် ဖွယ်ရှိသည့် အရိပ်လက္ခဏာများပင်ဖြစ်
ကြောင်းပြောကြားခဲ့ပါသည်။
ဘင်္ဂါလီပြဿနာသည် သိမ်မွေ့နက်နဲသော
ပြဿနာရပ်ဖြစ်ကြောင်း၊ လူတိုင်းတွင် လူ့အခွင့် အရေး ရှိကြောင်း၊
၎င်းတို့တွင်လည်း လူ့အခွင့်အရေးရှိကြောင်း၊ သို့ရာတွင် လူ့အခွင့်အရေး
ဟူသည်ကို နားလည် ရန် လိုအပ်ကြောင်း၊ တစ်ခါတစ်ရံတွင် အခြေခံဥပဒေနှင့်
အချုပ်အခြာ အာဏာသည် လူ့အခွင့် အရေးနှင့် ဆန့်ကျင်နေတတ်ကြောင်း
ဒေါက်တာအေးချမ်းကပြောကြားခဲ့ ပါသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့တွင်
အမေရိကန်သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့်ေ တွ့ဆုံရန်
မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပါသည်။ နိုင်ငံတွင်းပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်၍ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးပြီးနောက် မြန်မာနိုင်ငံသည်
လူ့အခွင့်အရေး အဖွဲ့များ၏ချီးကျူးခြင်းခံခဲ့ရပါသည်။ သမ္မတ ဦးသိန်းစိန်က
ဘင်္ဂါလီများသည် တရားမဝင် ဝင်ရောက်လာသည့်အတွက် ၄င်းတို့ကိုနှ င်ထုတ်သင့်ေ
ကြာင်း အလေး ထားပြောကြားခဲ့ပါသည်။
၎င်းတို့ကိုနိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်စိစစ်ပြီး
နိုင်ငံသားမဟုတ်သည့် သူများကို စခန်း၌ ထား၍ ဒုက္ခသ ည်များအား
ဒုက္ခသည်အတိုင်းထားရမည်ဖြစ်ကြောင်း၊ တတိယနိုင်ငံ၊ သို့မဟုတ် လက်ခံမည့်နို
င်ငံသို့ပို့ပေး လိုက်ရန် လိုကြောင်း ဆရာတော် ဦးနန္ဒော ဘာသက
ပြောကြားခဲ့ပါသည်။
မိုဟာမက်အစ္စလာမ်နှင့်
၎င်း၏မိသားစုအတွက် ပင်လယ်ပြင်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့
ရောက်ရှိရန် အချိန် ၄ ရက်ကြာခဲ့ပါသည်။ ၄င်းတို့သည်
၎င်းတို့ချစ်ခင်သူများနှင့် ၄င်းတို့၏ နေအိမ်ကို စွန့်ခွာ ခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာအစိုးရကဲ့သို့ပင် ဘင်္ဂါလီတို့ကို တရားမဝင်
ဝင်ရောက် လာသူများအဖြစ် သတ်မှတ်ထားပါသည်။ ဘင်္ဂါလီတို့သည် မည်သည့်
တရားရေးရပိုင်ခွင့်မျှမရှိသကဲ့သို့ သွားစရြာေ မလည်းမရှိပါ။
ဂျန်နတ်အာရာ၏သူငယ်ချင်းများသည်
၎င်းအားဆေးရုံသို့ရန်ငွေအလုံအလောက်မရှိ ကြပါ။ ထို့ကြောင့် ၄င်း အား စစ်
တကောင်းမြို့သို့စေလွှတ်နိုင်ခဲ့ကြပါသည်။ ဂျန်နတ် အာရာသည် ကျောက်ကပ်ရော
ဂါကို ခံစား ခဲ့ရပြီး ကိုယ်ဝန် လည်း ပျက်ကျခဲ့ ရပါသည်။ ဂျန်နတ် အာရာသည်
၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် အဓမ္မပြု ကျင့်ခံရသည့် ဒဏ်ရာများကြောင့်
သေဆုံးသွားခဲ့ ပါသည်။
(မြန်မာနိုင်ငံအတွက်
အလွန်အန္တရာယ်ကြီးမားသော လူမျိုးတုန်းအစီအစဉ်အား ပြည်သူအများ သိရှိ နား
လည် စေရန် အပင်ပန်းခံ ဘာသာပြန်ဆိုဖော်ပြသော ပညာရှင်များအား အထူးလေးစား
ဂုဏ်ပြုပါသည်။)
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။