Pages
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Friday, January 4, 2013
ကျဆုံး စစ်သည်တို့ ကောင်းမွန်သော ဘုံဘဝများ ပိုင်ဆိုင်နိုင် ကြပါစေ
ကိုယ်ပိုင်နံပါတ် အမှတ်စဉ်တပ်၍
မည်သူမည်ဝါ ရာထူးဂုဏ်ပါ ရွတ်ဖတ်ပြီးလည်း
"ရဲဘော် သင်သည် သေဆုံးပြီးလူ တပ်မတော်နှင့် မဆိုင်သူမို့
ဒီနေရာက သင်နှင့်မဆိုင်တော့ ပတ်သတ်ပြီးနောက် မစပ်ယှက်နဲ့
သင်၏ဝိဥာဉ် လွတ်လပ်ပြီမို့ အစွဲမထား
ခန္ဓာစွန့်ကာ သွားလိုရာကိုသွားနိုင်ပြီ"ဟု
ကြေကွဲဝမ်းနည်း ဖတ်ကြားပြီးဝယ်
ပြန်တမ်းစာရွက် စုတ်ကာဖြဲပြီး
သင်နှင့်တူတူ ပထဝီသို့
မြှပ်နှံကာလေ ပေးတော့မည်။
Monday, December 31, 2012
၂၀၁၃ တစ်နှစ်လုံးမက ၁၄...၁၅နှစ်များစွားတိုင်
နှစ်ဟောင်းဖျက်ခွဲ နှစ်သစ်လဲပြီ
ဂဏန်းသာပြောင်း မူမပြောင်းသော
ရှေ့သို့မရောက် နောက်သို့ပြန်ဆွဲ
သမိုင်းထဲသို့ မခေါ်လေနဲ့
မြန်မာပြည်ကြီး ရှေ့ခရီးမှာ
တိုးတက်ဖို့ရေး ဆောင်ရွက်ပေးသူ
ဘယ်သူကိုမဆို ကျုပ်သည်ထောက်ခံ မပုန်ကန်ဘူး
ကျုပ်ထောက်ခံသူ ထိုထိုလူသည်
အပြောမဟုတ် အလုပ်သက်သေ
ပြလေကျုပ်အား လေလုံးမထွားဘဲ
ဆောင်ရွက်ပြပါ ကောင်းနိုးရာကို
သို့ပေငြားလည်း.....
ပြောတိုင်းမလုပ် ရှေ့နောက်မညီ
လေလုံးပဲထွား ထိုလူသားကို
ထောက်ထားမျက်နှာ ဖယ်သွေကာဖြင့်
ဝေဖန်တိုက်မှာ မြန်မကြာဘဲ။
၂၀၁၂ ဒီတစ်နှစ်တွင် မြန်မာ့လူမှုဝေဖန်ရှုသော်
သမ္မခေါင်းဆောင် ကျုပ်ဘပြောင်၇ဲ့ ဆောင်ရွက်မှုအား တော်တော်သွားသည်
နိုင်ငံတကာ ပိတ်ဆို့မှုများ ဖယ်ရှားသွားအောင် ဆောင်ရွက်နိုင်သည်
တော်ပါပေသည် တော်ပေသည်။
ပွင့်လင်းစီးပွား ဖွင့်ထားသောကြောင့် မြှုပ်လိုနှံလို ကိုEcoတို့
အလုံးအရင်း ၀င်ရောက်လာပြီ ၀င်ရောက်လာသမျှ စိတ်မချနှင့်
တစ်ခုယူလျှင် နှစ်ခုပေးခေတ် ထိုသို့ခေတ်မှာ
ဧည့်သည်စီးပွား အမြတ်ကြီးစားကို အိမ်ရှင်နေရာ မပေးလေနှင့်
သခင်အားရ ကျွန်ပါးဝသည့် တရုတ်ကုလားအဖြူများလည်း
ဂုတ်သွေးခွသောက် မဖြစ်ရအောင် တားဆီးပါလေ ဘဘစိန်။
ဒီတစ်နှစ်အတွင်း
ရခိုင်အရေး ငလျင်ဘေးနှင့် လက်ပံတန်းတောင် ကချင်ကောင်တို့
စသည်စသည် သွေးစွန်းသည့်ပွဲ ဖြစ်ပွားခဲ့လည်း
မြန်မာပဲကွာ ချစ်စရှည်စေ မုန်စတိုရင်း
လူမျိုးခြားထား ပြည်ထောင်စုဖွားတိုင်းရင်းသ
ားချင်း ပြန်လည်ပေါင်းစည်း
ပြည်တွင်းစစ်ပွဲ မြန်မကြာရပ်ကာ ခြံလုံအောင်ကာ
ဘေးကကုလား ဘင်္ဂလီများလည်း မ၀င်စေနဲ့
ထိခိုက်များပြား ချန်ခဲ့၁၂... နှစ်ထောင်နှစ်အား
မေ့ကာချီတက် ရှေ့သို့ဆက်မည်
၂၀၁၃ တစ်နှစ်လုံးမက ၁၄...၁၅နှစ်များစွားတိုင်
မြန်မာ့အခြေ ကြံ့ခိုင်စေဖို့ ဟင်းလင်းဗလာ ခြေနေခါကို
တွေ့ကြုံနဲ့ဖို့ ရှေ့သို့ဆက်ကာ မုန်းသူတွေပျောက် ချစ်သူရောက်စေ
တောင့်တင်းခိုင်စေ မြန်မာပြည်။
ကျုပ်လည်းဆုတောင်း နှစ်သစ်ပြောင်းမို့
မြန်ပြည်တစ်လွှား ပြည်သူများနှင့်
အဝေးအနီး မြန်မာပြည်ဖွား ပြည်ထောင်သားကို
ကျန်းမာချမ်းသာ ဘေးရန်ကွာ၍
အလွှာအသီးသီး နယ်ပယ်ကြီးမှ
လူသားထုအကျိုး ဆောင်ရွက်တိုး၍
တတ်ထားသမျှ ပညာလှအား
တိုင်းတစ်ပါးကျွန် မခံလေနဲ့
ကိုယ့်ရဲ့ဝမ်းစာ ထိုပညာကို
ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ့်ဌာနာမှာ
ပြန်ကာသုံးလေ
အို......မိတ်ဆွေ။ ။
ဧထက်ပိုင်*
၇း၂၀ (PM)
၃၁.၁၂.၁၂ (Mon)
Sunday, December 2, 2012
Friday, November 9, 2012
“““ ရခိုင်တွေ နာရင် ငါနာတယ် သူငယ်ချင်း ”””
ရက်စက်လိုက်တာ မိတ်ဆွေရာ
မင်းမြန်မာလို့မပြောပါနဲ့
အနောက်မြေမှာ မီးလောင်နေတာ
မင်းနဲ့ မဆိုင်ဘူးတဲ့လား မင်းမြန်မာပါနော်
ရခိုင်မဟုတ်ဘူးမပြောလေနဲ့
တမြေတည်းနေတရေ ထဲသောက်လို့
ငါတို့အတူ မြန်မာပြည်မှာ
ကြီးပွားတာပါ အေးရခိုင်ဆိုတာ
ငါမမြင်ဘူးပေမဲ့ ရခိုင်တွေနာရင်ငါနာတယ် သူငယ်ချင်း
ငါ့ဆွေမျိုး ငါ့သွေးချင်းတွေသွေး
မြေခနေတာ ငါနဲ့မဆိုင်ဘူးဆို
မင်းမြန်မာမလုပ်နေနဲ့
နိုင်ငံတော်သီချင်းမှာတောင်
ဒါတို့မြေ ဒါတို့ပြည် ဒို့ပိုင်တဲ့မြေ
ဆိုတာပါခဲ့သေးတာဘဲ
ဒီသီချင်းလေးကြားတိုင်းငါကြက်သီ
းထတယ် သူငယ်ချင်း
ဒါငါတို့မြေပါ ငါ့တို့မြေကို ကျူးကျေိာသူ တိုက်ခိုက်နေလို့
ရခိုင်စိတ်ထား ကြမ်းရင်ကြမ်းမယ်
ဒါရခိုင်စိတ်ထားမဟုတ်ဘူး
ဒါမြန်မာစိတ်ထားဖြစ်ရမှာ
ကို့မြေ ကို့ပြေ ကျူးကျော်လာလို့
ရိုင်းတယ်ပြောပါစေ ငါရိုင်းလိမ့်မယ်
ငါ့ဘာသာ ငါ့သာသနာ ငါအသက်ရှိသ၍ တည်တံ့စေရမယ်။
Tuesday, November 6, 2012
Sunday, November 4, 2012
*** မင်းအတွက် ဂုဏ်ယူပါတယ် ***
ရှေ့တန်းကပြန်လာရင် သပြေခက်နဲ့ အနမ်းတွေပေးဖို့စောင့်နေမယ်
ဆိုတဲ့ ကောင်မလေးရေ....
ငါပြန်လာခဲ့ပြီးလေ...
သပြေခက်နဲ့အနမ်းတွေက ငါကိုစောင့်နေတာမဟုတ်ပဲ
နင်ကိုမေ့လိုက်တော့ စာလေးတကြောင်းနဲ့
မင်္ဂလာဖိတ်စာလေးက စောင့်နေတာပဲ...
မောင်ကသစ္စာရှိရှိချစ်နိုင်မှာလားဆိုတဲ့
မေးခွန်းတွေ ကတိတွေတောင်းခဲ့ မေးခဲ့ပြီးမှ...
ဘာလို့များ မင်္ဂလာဖိတ်စာ ငါဆီပို့ခဲ့ရတာလဲ...
မင်းပြောတော့ တပ်ကပေးတဲ့ ထမင်းနဲ့လဲစားနိုင်တယ်...
မောင့်လစာနဲ့လဲ ရောင်ရဲတယ်ဆို...
အခုတော့ ပေါ်ဆန်မွှေးနဲ့ ပါရာဒိုကို ရွေးချယ်သွားပြီးပေါ့...
ငါနားလည်ပါတယ်ကောင်မလေးရယ်...
မင်းဘဝကောင်းစားရေးအတွက်ပဲ..
ငါဘယ်လိုငြိုငြင်ရက်မလဲ...
ငါကစစ်သားလေ သူဌေးသားမှ မဟုတ်တာ...
တိုက်ခန်းမှာပဲထားနိုင်တာလေ...
အဲကွန်းနဲ့တိုက်နဲ့မှ မထားနိုင်သေးတာ...
တိုင်းပြည်တာဝန်ထမ်းဆောင်ရအုံးမှာလေ...
မင်းလိုအပ်တဲ့အခါ မင်းလက်ကိုဆွဲပြီး အားမပေးနိုင်သေးတာ...
မင်းရွေးချယ်တာမှန်ပါတယ်ကောင်မလေးရယ်...
မင်းအတွက် ဂုဏ်ယူပါတယ် ...
(စစ်သားတယောက်ကိုတသက်စာလက်မတွဲနိုင်ရင် မျှော်လင့်ချက်နဲ့ကတိတွေပေးမထားခဲ့ပါနဲ့...တာ ဝန် ထမ်းဆောင်တာ ပင်ပန်းလာတဲ့အခါ အနားယူအိပ်စက်နိုင်မဲ့ သစ္စာရှိတဲ့ ရင်ခွင်တခုကိုသာ လိုအပ်တာပါ...)
Goo Gle Mile
Saturday, November 3, 2012
*** မြန်မာ ***
တောင်ပြာတန်းတွေဆီက မြူတွေလွင့်ပျံလာရင် လွမ်းစိတ်တွေ လိုက်မပါသွားဖို့ သိမ်းထားကြတယ်
စစ်မြေပြင်က အသက်တစ်ချောင်း ကံမကောင်းရင် မြေခနိုင်မှန်းလည်းသိကြတယ်
တစ်ခါတစ်ခါကျ မိဘရင်ခွင် ပြန်ဝင်ချင်သလို
သားလှလေးရဲ့ပါးပြင် အကျွမ်းတဝင် နမ်းချင်သေးတာပေါ့
ဆန္ဒနဲ့ဘဝ နပမ်းမှာ
အလွမ်းဆိုတာပန်းတွေလိုနွမ်းလျှ
ကြွေမကျခင် အသာယာ သိမ်းလို့
အမိမြေကာကွယ်ဖို့ စိတ်တွေသာ လွှမ်းစေ
သူတို့ရဲ့ အလွမ်းဘယ်သူတွေမှန်း ဆကြည့်ဖူးလည်း
လူအမမြင်ကြမ်းပေမဲ့ နှလုံးသားနုပါတယ်
ပင်ပန်းဆင်းရဲမှုကို အန်တုရင်ဆိုင်ရင်း
ဇွဲ လုံ့လ ဝရိယအပြည့်နှင့်
အဖျက်ရန်တွန်းလှန်တိုက်ဖျက်
အမှန်တကယ် ကိုကျိုးမဖက်
တိုင်းပြည်နှင့်လူမျိုး အတွက်ပေးဆပ်လျှက်ပါ
ပစ်တိုင်းထောင် ဥပမာဆောင်ရလျှင်
အောက်ခြေက ခဲလုံးရယ်ကြောင့်
လက်မထောင်နိုငိခဲ့ပေမယ့်
ခဲလုံးလေးလို အောက်ခြေကနေပေးမဲ့သူတွေပါ။
ကို့ဌာနေ လုံခြုံဖို့
သတ်မှတ်နယ်တိုင်း အုတ်တံတိုင်းကာရံ
ခန္ဓာကို ကိုအုပ်တစ်ချပ် လိုဝင်ရပ်မဲ့သူပါ
ဒီလိုမျိုး သတ္တိဘယ်သူတွေရှိလည်း
ချောမွေ့ဆင်ပြေ လျှောက်လှမ်းစေဖို့
လမ်းဟောင်းကိုပြင် လမ်းသစ်ထွင်သူတွေ
တစ်တောဝင်တစ်တောင်တက်
ကျောပိုးအိပ်ထဲက ရိက္ခာ ထက်လေးနက်တဲ့တာဝန်တွေ
အမိမြေကာကွယ်ဖို့
သက်စွန့်ကြိုးပမ်း စစ်ချီလမ်းတစ်လျှောက်
မိုးရေရောယှက် သူတို့ချွေးစက်ကို
ဘယ်သူမြင်နိုင်မှာလည်း
လမ်းပြကြယ်
*** ပခုံးပေါ်က ကြယ် ***
သူငယ်ချင်း.......
မင်းတို့ သိတာ ရွေရောင်အပွင့်လေးဘဲ
ဒီရွေရောင်လေး တွေ မတောက်ပဘဲ
ကြွေကြွေ သွားကြတတ်တယ်.......
သူငယ်ချင်း.......
မင်းတို့ မြောက်ကြွားကြွားနဲ့ အပြင်မှာတွေ့ မယ်
မာန်တတ်နေမယ်လို့ ထင်ရင်ထင်မယ် မဟုတ်ဖူး
ငါတို့  ကိုယ်က စစ်ပုံကျနေတာ........
သူငယ်ချင်း.......
ဒီအပွင့်တွေ မင်းတို့ သောက်တဲ့ဘီယာတဝိုင်းစာ
မရှိဖူး မှန်ပါတယ် ဒါမဲ့ ငွေကြေးရဲ့နောက်က
သူထမ်းဆောင်ရတဲ့ တာဝန်တွေရှိတယ် ....
သူငယ်ချင်း........
ကောင်မလေးတွေ ကြိုက်ကြတယ် ဒီအဆင်လေးကို
ဒါမဲ့ ပါရမီ ဖြည့်ဘက်ဆိုတဲ့ ချစ်သူ ဇနီး ဖြစ်ပြီးမှ
ကြွေလို့ ငိုနေရတာတွေ ရှိတယ်........
သူငယ်ချင်း........
စစ်ဆိုရင် ရေတောင်စစ်မသောက်ချင်ဖူးလို့ ပြောမယ်
သိတယ် ကြမ်းတမ်းမယ် သေမယ်ဆိုတာတွေကို
ဒါမဲ့ ဒီပြည် တွက် အပွင့်တွေ အခက်တွေရှိနေရတယ်.....
သူငယ်ချင်း........
မင်းတို့ ဝတ်တဲ့ အဝတ်စားတန်ဖိုးနဲ့  ဆယ်ဆ ကွာလိမ့်မယ်
ဒါမဲ့ ဒီယူနီဖောင်း ကို ဝတ်မိမှ တိုင်းပြည်တွက် လိုအပ်ချက်
လုပ်ပေးသင့်တာတွေ ပိုသိလာရတယ်......
သူငယ်ချင်း .......
အပွင့်အခက်ကြီးတွေနဲ့  စစ်ကားတန်းကြီးတွေ အားအင်
အပြည့် စိုးရိမ်ပူပန်မှုမရှိတဲ့ သူတို့ ပုံတွေ မြင်ခဲ့လိမ့်မယ်
ဒါမဲ့ တနေရာမှာ သူ့ မိဘ သူ့ မိသားစု ပူပန်နေတယ်.....
သူငယ်ချင်း.......
ကုန်ကုန်ပြောရရင်ကွာ လူတွေက ဒီအပွင့်လေးတွေရဲ့
အရှေ့ ကို ဘဲသာမာန် ကြည့်ကြမိတာ သူတို့ မှာ
ကြီးလေးတဲ့ တာဝန်တွေရှိတာကို မမြင်ကြဖူး.....
သူငယ်ချင်း.......
ဒါတွေ ဘယ်လိုကွာခြားနေလဲ ငါတို့ လည်း သစ္စာလေးချက်
တိုင်းပြည်တွက် အသက်ကို အပ်နှံပေးပြီးမှနှစ်နှစ်ကာကာ
သိလာတာ တကယ်တော့ ချိုမလိုနဲ့ ခါးပါတယ်.....
သူငယ်ချင်း........
ဒီခါးစိမ့်စိမ့် ဒဏ်တွေကို ငါတို့ တွေသိလာလေလေ
အမိမြေကို ကာကွယ်ဖို့ ပိုတွေးခဲ့မိလေပါဘဲ
ဒါတွေကို ပခုံးပေါ်က ကြယ်ပွင့်လေးတွေအသိဆုံးပါ။
လေးစားစွာဖြင့်
ဖိုးသားလေး
Friday, November 2, 2012
*** ကျနော်တို့ သေသည်တိုင် နောင်တ မရပါဘူး ***
ကျနော်တို့တွေ အားငယ်မိတယ်...
နေမကောင်းဖြစ်တဲ့အခါ...
ကျနော်တို့ဘေးမှာ ဘယ်သူမှမရှိခဲ့ဘူးလေ...
ကျနော်တို့ ၀မ်းနည်းမိတယ်...
သူများမိသားစုတွေမြင်တဲ့အခါ...
၁နှစ်မှာမှာတောင် တွေ့ဖို့မသေချာတဲ့ မိသားစုဘ၀လေးကို လွမ်းမိတယ်လေ..
ကျနော်တို့ အားကျမိတယ်...
ကြည်နူးနေတဲ့ သူများအတွဲတွေမြင်တဲ့အခါ...
ကျနော်တို့ ချစ်သူက ဟိုးအဝေးမှာလေ...
ဒါပေမဲ့ ကျနော်တို့တွေ အားမငယ်တော့ပါဘူး...
ဝမ်းမနည်းတော့ပါဘူး...
အားမကျတော့ပါဘူး...
ကျနော်တို့ချစ်တဲ့ မိသားစုအတွက်....
ကျနော်တို့ချစ်သူအတွက်....
တိုင်းသူပြည်သားတွေအတွက်...
သူများတွေမလုပ်နိုင်တဲ့ ကိစ္စတခုကို ကျနော်တို့ လုပ်ခဲ့ပြီးလေ....
ကိုယ်အသက် ကိုယ်ခန္ဒာကို စွန့်ပြီး....
ကာကွယ်ဖို့ကြိုးစားခဲ့ပြီးလေ...
ဒါကြောင့် ကျနော်တို့ စစ်သားဖြစ်ရတာ နောင်တမရပါဘူး....
ဟုတ်တယ်....ကျနော်တို့သေသည်တိုင် နောင်တမရပါဘူး....
Goo Gle Mile
Wednesday, October 31, 2012
‎" ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ် "
    (၁)
    သေမင်းဟာ
    ရိုင်ဖယ်ကို ပခုံးမှာချိတ်
    စာသင်ခန်းတံခါးတွေကို ပိတ်လိုက်တယ်။
    (၂)
    စာအံသံတွေေ ပျာက်ဆုံး
    ဗုံးဆံတွေ မိုးချန်းသလိုရွာချ
    အမုန်းတရားတောင်ကုန်းကို
    လက်နက်ကြီးအင်အားသုံးပြီး
    သိမ်းပိုက်ဖို့ကြိုးစားနေကြတယ်။
    မျက်ရည်နဲ့
    အလောင်ကောင်တွေပေါ်က"အမှန်တရား"
    ဘယ်ပြည့်တန်ဆာကတောင်မှ
    လေးစားမှာမဟုတ်ဘူး။
    စစ်ယူနီဖောင်း ရင်ဘတ်ပေါ်
    ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
    စစ်ဘေးဒဏ်ကြောင့်သေသွားတဲ့
    ကလေးတွေရဲ့ အရေအတွက်နဲ့
    ထပ်တူ အချိုးကျပါသလား။
    စစ္နတ္ဘု၇ားရဲ့ သခ်ာၤကို
    ငါ...လက်ချိုးရေတွက်နေတယ်။
    (၃)
    စပါးပင်ပျိုးရမယ့်တောင်ယာမြေမှာ
    ငါ့အဖေရဲ့ ခန္ဓာကိုယ်အပိုင်းအစ
    ဖြစ်သလို မြှုပ်ပစ်ခဲ့၇တယ်။
    အမြှေုာက်ဆံပေါက်ကွဲတဲ့နေရာက မြက်ပင်လို
    မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ
    အမေရေ....ဒီတစ်သက်တော့
    ထမင်းလက်ဆုံစားခွင့်မရှိတော့ဘူး။
    ဦးခေါင်းထက်မှာကျည်ဆန်တွေက
    နတ်ဆိုးရဲ့လေချွန်သံလို
    တရွီရွီမြည်နေတုန်း
    မြေလွှာအောက်ကမိုင်းဗုံး
    "၀ုန်း" ခနဲပေါက်ကွဲတယ်..။
    ငါ့အနာဂါတ်မျှော်လင့်ချက်ဟာ
    ခြေထောက်တစ်ဖက်နဲ့အတူ ပြုတ်ထွက်လွင့်စင်သွားပေါ့
    ငါ့အိမ်ငါပြန်လာတာလေ။
    ဒါဟာအသွားမတော် ဖြစ်ခဲ့ပါသလား။
    မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
    ငါ့ဘ၀ကတော့
    ငါ့ဒူးဆစ်လို ငုံးတိတိဖြစ်လိုနေ့လေရဲ့...။
    ငြိမ်းချမ်းရေးမိုခေါင်ရပ်ဝန်းဒေသမှာ
    သားပျောက်တဲ့အမေတွေနဲ့
    အမေပျောက်တဲ့သားတွေ
    အားလုံးဟာလူအဖြစ်ကနေလျှောကျ
    တိရစ္ဆာန်တွေလို အမဲလိုက်ခံနေရတယ်...။
    အမေအိုတို့ရဲ့ ငိုကြွေးသံ
    မြစ်သောင်ယံမှာစိးဆင်း
    ဧရာဝတီဟာ သွေးချင်းချင်းနီလို့...။
    (၄)
    လက်ဝါးကပ်တိုင်ထက်မှာ
    ချစ်ခြင်းမေတ္တာတ၇ားကိုသံမှိုနှက်
    အာဏာပါးကွက်သားတို့က ကွပ်မျက်ကြတာကို
    စစ်ပွဲလို့ခေါ်တယ်..။
    စစ်ပွဲမှာ
    ဘယ်သူနိုင်နိုင်..ဘယ်သူရှုံးရှုံး
    နောက်ဆုံးမှာ
    အမုန်းတရားကပဲ သိမ်းပိုက်.
    မိဘမဲ့သွားတဲ့ကလေးတွေကို
    လောကထဲ မောင်းထုတ်လိုက်ကြတယ်
    အို...သွေးဆာသူတို့
    ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့
    အပြစ်မဲ့သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
    သူသတ်ကုန်းမှာ ဆောက်တဲ့နန်းတော်ဆီ
    ငါတို့ဘယ်တော့မှ လက်အုပ်မချီဘူး...။
    (၅)
    ကျည်ဆန်ဖိုးတွေထပ်မဖြုန်းပါနဲ့
    ပေါင်မုန့်တစ်လုံးလောက်ဝယ်ပေးပါ
    လက်ပစ်ဗုံးတွေပစ်မယ့်အစား
    ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ
    စစ်ပွဲတစ်ပွဲမှာ
    ပထမဦးဆုံးပစ်တဲ့ကျည်ဆန်
    ကိုယ်ချင်းစာတရားကိုမှန်တယ်။
    ကိုယ်ချင်းစာတရားကျဆုံးခြင်းဟာ
    နိုင်ငံတော်ဈာပနပဲ..။
    ကဲ...အလံတစ်ဝက်လွှင့်ထူကြ
    ကမ္ဘာမကြေသီချင်းဆိုတဲ့အခါ
    ငိုသံပါနေရတာလောက်
    (၆)
    မုန်းတီးစိတ်တွေ
    နောက်မျိုးဆက်ကို.အမွေမပေးစေရ..အာမဘန္တော..။
    ငြိမ်းချမ်းရေးသီလယူသံ
    ကောင်းကင်ထက်မှာညံပါစေ။
    ကလေးတွေရင်ထဲကတောင်းဆုနဲ့
    ငါတို့အားလုံး ၀တ်ပြုကြရအောင်
    မေမေ၀ယ်ပေးတဲ့ ကျောက်သင်ပုန်းပေါ်မှာ
    ဒီစစ်ပွဲပြီးရင်
    ကျောင်း.....တက်.....ချင်...တယ်...။
    Jacqueline Aquamarine
*** သွေးချင်း နှောတဲ့မောင်နှမ အရင်းပါ ***
ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ငိုသံတောင်ပါတယ်မှတ်..
အဖြစ်ပျက်က ဆိုးလွန်းလို့
ငါ့ရင်တွေဆို့ အောင် ခံစားရတယ်.....။
ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ဝေးကွာနေရပေမယ့်
အတွေးကမ္ဘာမှာ မောင်နှမ ညီကို
သီတာထွေးလို အဖြစ်ဆိုးက
ငါ့ခေါင်းကို မိုးကြိုးပစ်သလိုခံစားရတယ်..။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကိုယ်ချင်းစာ သနားစိတ်နဲ့
နှလုံးသွေးက ပြောတဲ့ စကား
ငါကိုယ်တိုင်ပြန်ကြားရဲ့
နင်တို့တွေရဲ့ ဒုက္ခ ငါလည်း ထပ်တူခံစားရတယ်...။
ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာဆိုတာရှိနေသ၍
မေ့မထားဘူးဆိုတာမှတ်ထား
အသွေးအသားထဲက သံယောဇဉ်
မြင်ချင်စမ်းပါဘိ
ငါခုထိခံစားဆဲ
ရခိုင်လည်း ဗမာ ..ဗမာလည်းရခိုင်မို့
ငါ့သွေးထိ ငါမခံနိုင်..
လက်သဲဆိတ်တော့ လက်ထိပ်နာသလိုခံစားရတယ်...။
ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ....
နေသာသလို မနေချင်ပါဘူး
မြင်နေတာတွေက တို့သွေးမို့
တို့အရေးလို့ အခိုင်မာဆို
နင်တို့ စိတ်မာလို့ မငိုကြလည်း
ငါ့နှသားထဲမှာတော့ မျက်ရည်စက်လက်
ငါ့အသက်တစ်မျှ ခံစားရတယ်...။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာတည်သရွေ့ ရခိုင်တည်
မြန်မာပြည်ထဲက မောင်နှမအရင်း
မြန်မာပြည်ထဲက ညီကိုအရင်း
သွေးချင်း မရောပေမယ့်
သွေးနှောတဲ့ နှမ ညီနောင်
ဓားသွားထက်က ပျားရည်စက်တောင်
ခေါင်းမရှောင် အတူလျှက်မယ် လို့ငါခံစားရတယ်...။ ။
ကိုလေး(ထီလာမြေ)
ဒီက ကူးလာတယ် ...
*** ပေးဆပ်ခြင်း ***
လှတော့လှတယ်
တန်ဆာဆင်ထားမှတော့
အရှေ့ယဉ်လို့ အနောက်မြင်တဲ့
ဥဒေါင်းအသွင်တော့ငါမဆောင်ဘူး
အကျည်းတန်ရတာကိုကျေနပ်တယ် ......
အရှုံးအမြတ်ကိုတွက်မိတိုင်း
ပုခုံးအထက်နားက
အမာရွတ်ကလှောင်ရယ်တယ်
လှပတဲ့နေ့သစ်တွေအတွက်
မရေးဖြစ်လိုက်တဲ့ရာဇဝင်မှာ
ငါဘုရင်ဖြစ်ချင်ဖြစ်ခဲ့မယ်
လက်တွေ့မှာတော့
အခက်တွေ့နေရတာ နေ့စဉ်ပေါ့ ......
အမုန်းမဲ့သောမေတ္တာ
ရှုံးမှမြတ်သောသစ္စာနဲ့
နာကျည်းစရာများစွာအတွက်
ငါ့နိုင်ငံအတွက် ငါပေးဆပ်နေတဲ့
အမြဲ ထွန်းလင်းနေတဲ့ ဖီးနှစ်ငှက်ငယ် ......
လမ်းပြ ကြယ်
Tuesday, October 30, 2012
*** ဂုဏ် နဲ့ ကြယ် ***
အို.............
အသက်တွေ...အသက်တွေ...
ဖျက်ခနဲ့ ကြွေကြွေ ကျသွားလိုက်တာ...
အမြောက်သံအောက် ဗုံးဆံအောက်မှာ...
အားမာန်အပြည့်နဲ့ ဒဏ်ရာပြည့်ကိုယ့်ခန္ဒာတွေ
ဘာကိုရည်ရွယ်လို့ သူတို့ မျှော်ကိုးပါသလဲ
ပေးဆပ်ခြင်း....ဆိုတာ
သူတို့နဲ့အသားကျနေပြီးသား သစ္စာ
အမိန့်သံ တစ်ခုအောက်မှာ
အမိမြေအတွက်.....ဆို
...
သူတို့စွန့်လွှတ်ခဲ့တာ
ပိုင်ဆိုင်သမျှ အရာရာ
သူတို့လဲလူသား
ခံစားတတ်တယ် ။
ကိုယ်ပိုင်သမျှတွေ
တိုင်းပြည်အတွက်ပါ လို့ ဖြစ်ခဲ့ပေမဲ့
ငါးခုံးမတစ်ကောင်နဲ့ တစ်လှေလုံး
ဘာလို့ များအမြင်တွေမုန်းနေကြတာလဲ။
ဒီလိုနဲ့
တဖြုတ်ဖြုတ်ပေါ့ ဘယ်သူမှ မသိခင်
အားလုံးအတွက် ကြွေကျပေးခဲ့သူတွေ
လူသူနဲ့ ဝေး ဟိုးတစ်နေရာမှာ
နာကျင်ခြင်း အထပ်ထပ်နဲ့
သူတို့ မျက်ရည်တွေ
အမိမြေ အတွက် သက်သက်လေ
တကယ်တော့
သားကောင်းဆိုတာ
နာမည်တစ်လုံးအတွက်
စကားလုံးတွေ သုံးစရာမလိုတဲ့
ဟိုးး
မိုးယံထက်က တလက်လက် လင်းတဲ့.
အမည်မဲ့
သို့သော် ဂုဏ်နဲ့ ကြယ် .......
လမ်းပြ ကြယ်
" စစ်ကားစိမ်းကြီး ပေါ်က မတစ်ထောင်သားတွေ တစ်ချို့ မြေသြဇာ ဖြစ်သွားပြီ ဆိုတာ သူတို့ မသိဘူး "
TE 11 နောက်က မတစ်ထောင်သားတွေရဲ့ မျက်လုံးတွေကို
အဲဒီစကတ်တိုမလေးတွေက ပြန်ကြည့်တယ်
အညိုပုပ်ရောင်လေလှိုင်းတွေပေါ့
ပုပ်အဲ့အဲ့ နံတယ်..............။
လဘ္ဖက်ရည်ဆိုင်မှာ မီးခြစ်တောင်းတော့
ဆိုင်ထဲက အရွှယ်ကောင်းလူရွှယ်တွေက ဆတ်ခနဲ ကြည့်တယ်
ကမ္ဘာ့ဝင်ရိုးလိုပေါ့..
၂၃ ဒီဂရီ ၂ ပိုင်းဆပိုင်း ခပ်စောင်းစောင်းလေး............။
မိုးဖြောက်ကြားမှာ ထမင်းတနှပ်အတွက် မီးမွှေးတော့
ကျောင်းကြိုပြန်တဲ့ အမိသည်က လက်ညိုးထိုးပြီးပြောတယ်
"သား ပညာမတတ်ရင် အဲဒီစစ်သားကြီးတွေလိုဖြစ်မယ်"
မိုးကြိုးဆိုတာ ၆ပေအောက်လေထုမှာလဲ ပစ်တတ်သေးတော့
ရေပြင်ညီအတိုင်း ထွက်တယ်။
မြို့လေးကတော့ ညဘက်အမဲလိုက်ပွဲအတွက် ကာလာရောင်စုံနဲ့
ခြေဆန့်နေခဲ့ပြီ ။
တစ်ချို့အတွက်ကတော့ ဆည်းဆာနဲ့အပြိုင် မိသားစုလမ်းလျှောက်ပွဲပေါ့
ဒီလိုပါပဲ နှလုံးသားတစ်ချို့ကို ဈေးတင်ပြီး လေလံတင်တဲ့ အခါသမယ...
.....................
မီးခိုးလုံးမွန်တဲ့ ဟောဒီ ကားတန်းပေါ်မှာ
တိတ်ဆိတ်မှူကိုလေးလံစွာထမ်းတဲ့
အစိမ်းရောင် ခြံစည်းရိုးတိုင်တွေ ပါတယ် အမေ ။
မြို့ကလေးကိုနှူတ်ဆတ်တော့ တာ့တာပြမဲ့လူ မရှိဘူး
နေမင်းက အိပ်တော့ဖို့ခေါင်းမြီးခြုံတော့
သွေးဆာသူလိုသတ်မှတ်ခံရသူတွေ
အရှေ့ဘက်ကို ခရီးထွက်ရတယ်။
ဒါ ဖြစ်မြဲပဲလေ။
ရာဇဝင်ထဲမှာတော့ ဦးဆွေးဆံမြည့် တဲ့..
၂၁ရာစုရဲ့ ဟောဒီ အခွံစိမ်းကို ဖွင့်ပြခွင့်ရရင်
ရင်ဘတ်တစ်ခုလုံး ဆွေးနေမယ်...။
........................
......................
......................
တစ်မိုးကုန်တော့
ဒီမြို့ကို ပြန်ရောက်တယ် ။
ပေါင်တိုမလေးတွေ အကြည့်က ညိုဆဲ
လဖ္ဘက်ရည်ဆိုင်တွေထဲက အကြည့်တွေက စောင်းဆဲ
ကျောင်းတတ်တဲ့ကလေး စာကြိုးစားနေပြီလား
ဒါပေမယ့်...
စစ်ကားစိမ်းကြီးပေါ်က မတထောင်သားတွေတစ်ချို့
မြေသြဇာဖြစ်သွားပြီ ဆိုတာ သူတို့ မသိဘူး မေမေ။
ငှက်ခါး
(ရှေ့တန်းသို့အသွား မြို့ကလေးတစ်မြို့မှာ ကားရပ်နားစဉ်တညနေချိန်ခါမှာ တပ်ခွဲမှူးတစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေး ကို ရေးဖွဲ့ခဲ့ ပါသည်)
Saturday, October 27, 2012
ကြွေလေတဲ့ ကြယ်တစ်ပွင့် ( သို့ ) ရခိုင်အမျိုးသား မောင်အောင်အောင်ဆန်း
တာဝန်ကျေတယ် ငါ့ ညီ
တာဝန်ကျေတယ်
ငါ့တို့လို အဝေးရောက်ပြီး
တောက် ခေါက်နေရတဲ့ လူတွေထက်စာရင်
မင်း တာဝန်ကျေခဲ့တယ် . . .
မင်းတို့က ဒုတ်ကိုင် ဓါးကိုင် ပြီး
အမိမြေ ခြံတိုင်နဲ့နဲ့ ကို
အသက်ပေးပြီးကာကွယ်နေရတဲ့အချိန်မှာ
ငါတို့က အဲယားကွန်းခန်းထဲမှာ
ကွန်ပြူတာကီးဘုတ်လေးနှိပ်
အမိမြေရဲ့ နို့တလုံးဖိုးတောင်မကျေနိုင်ဘူး ညီ . . .
မြေတလက်မ ရေတခွက်မှ
ကျုးကျော်ရေးသမားတွေလက်ထဲမပေးရအောင်
ကာကွယ်ခဲ့သတဲ့လား ညီ . . .
လူအုပ်အား နဲ့ အတင်းဆွဲခေါ်ပြီး
သူတို့ ရွာထဲမှာ ညီလေးကို မီးမြိုက်ကြသတဲ့
ရေနွေး နဲ့လောင်းကြသတဲ့
ဗိုက်ကိုခွဲ အူကိုထုတ်ကြသတဲ့
လူကိုလူမဆန်အောင်
ဒီသတ္တ၀ါတွေက မိုက်ရိုင်းခဲ့ကြသတဲ့ . . .
ငါ့ညီလေး အဲ့ဒီအချိန်တုန်းက
အသားတလှုပ်လှုပ် ခေါင်းငုံ့နေရှာမလား
နုတ်ခမ်းကို ကို က် အံကြိတ်ခံသွားလား
ဘာပဲ ဖြစ်ဖြစ် ငါ့ညီ
မင်းဟာ ခေတ်သစ်ကာကွယ်ရေး သမိုင်းရဲ့
မီးရှုးဖြစ်လာစေရမယ် . . .
မင်းရဲ့ နောက်ဆုံးသော မြင့်မြတ်မှု့ကို
ငါတို့ အမှတ်ရနေစေရမယ် . . .
မင်းဟာ တာဝန်မကျေခဲ့တဲ့ နိုင်ငံသားတွေအတွက်
ရှက်စရာ အတုယူရမဲ့ သားကောင်းဖြစ်တယ် . . .
မြတ်သော သေခြင်းပါ ငါ့ညီ
ဘာသာ သာသနာ လူမျိုး နိုင်ငံတော်အတွက်
အသက်ပေးသွားတဲ့ ညီဟာ
အခုအချိန်မှာ ဝေဒနာခပ်သိမ်းက ကင်းလွတ်နေမှာပါ
ရခိုင်တပြည်လုံးက ငါ့ ညီနာမည်
နှလုံးသားတွေထဲမှာ ကဗျည်းထိုးနေကြမှာပါ
တာဝန်ကျေတယ်
ဂုဏ်ယူတယ်
ဒါပေမယ့် ၀မ်းနည်းပါရစေ ငါ့ညီ
ငါတို့ အမျိုးသားကြယ်တစ်ပွင့်အတွက် . . .
မာဃသစ္စာ
( ဖေါ်ပြပါ လင့်ခ် ဓါတ်ပုံကို နှလုံးရောဂါရှိသူများမကြည့်စေရန် မေတ္တာရပ်ခံပါသည် )
*** လှပသော ပြည်ထောင်စု ***
ချစ်ခြင်းဟာ မြစ်တစင်း ဆိုရင်
စစ်ခင်းဖို့ မလို။
မြစ်ရေကို မျှသောက်
ဝမ်းမီးတောက်နေတာတွေ ငြိမ်းပါစေ။
ကောက်နေတဲ့ စိတ်တွေဖျောက်
ပျောက်နေတဲ့ လူတွေရှာ
လက်ဝါးကြီးတွေသာ ဘေးဖယ်ထား
လူတန်းစား မခွဲခြား
အတူတူ ခရီးသွား။
အမှားကိုလည်းသိ
အမှန်ကိုလည်းညှိနိုင်မှ
ပြည်ထောင်စုပန်းခိုင်
လှမ်းကိုင်နိုင်မည်။
ဒေါက်တာရေမီးရှား ၂၃.၁၀.၂၀၁၂
*** သူတို့ တွေ ဘယ်မှာလဲ ***
ကချင်မှာ စစ်တွေဖြစ်လို့ 
ရခိုင် မှာ အိုးအိမ်ပြစ်နေကြရပြီ..........
မီးတောင်မီးလျှံတွေကြား
သက်ကြီးရွယ်အိုတွေပြေးလွှားတာမြင်တော့ 
ရင်မှာ မချိဘူးစိတ်တွေက
ထိန့် လန့် ကာနေမိတယ်..................
တချို့ ကလည်း ပါတီ အမြတ်ထုတ်ဖို့  ကြံ
သတင်းမှန် မမှန် မသိနိုင်ကြဘူး...
ဝမ်းနည်းကြောင်း သ၀ဏ်လွှာပေးယုံလောက်
A4 စာရွတ်နဲ့  ကြေငြာချက်ထုတ်ပြယုံလောက်နဲ့ တော့ 
စစ်ပွဲတွေလည်း မရပ်နိုင်သလို
ရခိုင်အရေးလည်း အမြစ်ပျက်နိုင်မယ်မထင်ဘူး..................
သင်ယူဖူးတဲ့  ငယ်ငယ်က ကလောင်သွားတွေဆိုတာ.............
အရေးကြုံလာရင်ရေးစပ်
တေးထပ်တွေက ဇာတိမာန်ဖြစ်စေတယ်.......
ရေးစပ်တဲ့  သီးချင်းဇာတ်တွေက
စည်းလုံခြင်းအင်းအား
ညီညွှတ်မူ့ တွေကို များစေတယ်..............
ပါးစပ်က မချတဲ့ နိုင်ငံရေး
၂၀၁၅ ထိ ငြိမ်းချမ်းရေးတွေ ဝေးနေရဦးမှာလား......
ဒီကြားထဲ ၃ နှစ်အတွင်း
ပြည်သူတွေရဲ့ စားဝတ်နေရေး
ကလေးတွေရဲ့  ပညာတက်ရေး
ပြေးနေရတဲ့  ဒုက္ခသည်
ကိုယ်ဝန်သည် မိန်းမတွေနဲ့ 
အရာအားလုံးကို လစ်လျူရှု့ 
မေတ္တာတွေ ပြုမပေးနိုင်တာ အံသြတယ်...............
ရခိုင်အရေးမှာ
တချို့  က မသိသလိုနေတယ်
တချို့ ကလည်း မသိပါဘူးဖြေတယ်......
ကချင်အရေးမှာ
တချို့ က မဆိုင်သလိုနေတယ်
တချို့ က နာမည်ပျက်မခံလိုတယ်.............
ဘယ်နေရာ ဆန္ဒပြပြ
ခေါင်းဆောင်ပါဝါ ပြချင်သူတွေလည်း ရခိုင်အရေးမှာ မသိသလိုနေတယ်....
ရှည်ကြာလွန်းတဲ့  ပြည်တွင်းစစ်
ကချင်မှာ စစ်ဖြစ်တော့ လည်း
ရှေးဟောင်းနှောင်းဖြစ်တွေပြော
စာအုပ်တွေထုတ်
ရုပ်ရှင်တွေရိုက်..............
ဒါတွေက ခင်ဗျားတို့ ပြောတဲ့  ခေါင်းဆောင်စရိုက်တဲ့ လား...........ဆိုတာ
လမ်းမှာတခါပဲ ဆုံတွေ့ 
ကြုံတာနဲ့  မေးလိုက်ပါရစေ......................
ငြိမ်းချမ်းရေးဆိုတဲ့  စကားလုံး
လူတိုင်းက သုံးနုန်းကြပေမဲ့ .....
တကယ်တမ်းဆောင်ရွက်နေတာ က ဦးအောင်းမင်း ။
သန်း(၆၀)ကျော်ရဲ့  ဆန္ဒ
တစ်ယောက်တည်း အကောင်အထည်ဖော်ယုံလောက်နဲ့ လုံလောက်တယ်ထင်ရင်
ဝိုင်း မကူညီချင်နေ
မဖေးမ ရင်ထား
ငါ သိ ၊ငါ တက် စကားတွေ သိပ်မများကြရင်ကောင်းမယ်...........။
နိုင်ငံခြားရောက် မြန်မာတစ်ယောက်ရဲ့  လုပ်အားခ
လွယ်လွယ်နဲ့ ရတာ မရှိဘူး...
ကျွန်သာသာ အလုပ်တွေနဲ့ 
မိသားစုတွေကို ပြစ်
အိမ်တွေနဲ့ ခွဲခွာ ကိုယ်ရေးအတွက် ၀မ်းစာရှာနေကြရတာ.....။
မြန်မာနိုင်ငံရဲ့  အရေး
ဒုက္ခတွေ လက်ပိုင်ကြည့် အနေနိုင်သေးတော့ 
ဝမ်းရေးကတဖက်
ပရဟိတကတဖက်
လှူတမ်းနိုင်ဖို့  ငွေ
သူတို့ တွေ ထပ်ပေါင်းရှာရသေးတယ်။
တကယ်သိချင်ပါတယ်......
ကလေးငယ်က အစ
လူကြီးသူမ က အဆုံး ငြိမ်းချမ်းရေး စကားလုံးကို အသွင်သွင် သုံးနေသလောက်.....
ဘယ်မှာလဲ
မြန်မာနိုင်ငံရဲ့  နာမည်ကြီး ခေါင်းဆောင်တွေ
ဘယ်မှာလဲ
မြန်မာကျော်တဲ့  အဆိုတော်တွေ
ဘယ်မှာလဲ
မြန်မာသိတဲ့  စာရေးဆရာတွေ....
ဘယ်မှာလဲ
သတင်းတွေဖွတဲ့  မီဒီယာတွေ...
ဘယ်မှာ လဲ????????
ငြိမ်းချမ်းရေး ဆိုတဲ့  အရသာက
လူတစ်ဦးတစ်ယောက်အတွက်မဟုတ်ဘူးဆိုရင်
သူတို့ တွေ တိတ်တိတ်နေနိုင်တာ ကို အံသြတယ်............
ပုံရိပ်စစ်
Friday, October 26, 2012
*** ကမ္ဘာမြေငြိမ်းချမ်းပါစေ ***
တစ်လောကလုံးဟာကဗျာဆန်ဆန်လှပနေခဲ့တယ်
နားလည်မှု စာနာမှု ခွင့်လွှတ်မှု သည်းခံမှုဆိုတာတွေဟာ
ကဗျာဆန်တဲ့အလှတရားပေါ့
ကဗျာမြေငြိမ်းချမ်းပါစေ
စစ်ပွဲတွေရပ်ဆိုင်းပါ
ကဗျာဆန်တဲ့အလှတရားတွေနဲ့
ကဗျာဆန်တဲ့ဘဝတွေ
ကဗျာလို မျှတစွာစီးဆင်းဖို့
ကမ္ဘာမြေငြိမ်းချမ်းပါစေ။
----မောင်မင်းစိုး---
ဒီနေရာ က ကူးလာပါတယ် ... ခေါင်းစဉ် မတွေ့လို့ လိုက်ဖက်မယ် ထင်သလိုတပ်ပေးလိုက်ပါတယ် ...
*** ပတ္တမြားရွှေဂူ ***
ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။ ။
မန်လည်ဆရာတော်
**** သူ့ မှာတမ်း ****
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း
“အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း”
“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ”
“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့လိုသနည်း”
“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ”
“အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း”
“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ”
ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား။ ။ ။ ။ ။ ။
မင်းသုဝဏ်
သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်
ဖတ်ရှုမှု များသော သတင်းများ
® GOLDEN LAND MYANMAR NEWS & KNOWLEDGE
Showing posts with label ကဗျာ. Show all posts
ကျဆုံး စစ်သည်တို့ ကောင်းမွန်သော ဘုံဘဝများ ပိုင်ဆိုင်နိုင် ကြပါစေ
1/04/2013 12:04:00 PM
ကိုယ်ပိုင်နံပါတ် အမှတ်စဉ်တပ်၍
မည်သူမည်ဝါ ရာထူးဂုဏ်ပါ ရွတ်ဖတ်ပြီးလည်း
"ရဲဘော် သင်သည် သေဆုံးပြီးလူ တပ်မတော်နှင့် မဆိုင်သူမို့
ဒီနေရာက သင်နှင့်မဆိုင်တော့ ပတ်သတ်ပြီးနောက် မစပ်ယှက်နဲ့
သင်၏ဝိဥာဉ် လွတ်လပ်ပြီမို့ အစွဲမထား
ခန္ဓာစွန့်ကာ သွားလိုရာကိုသွားနိုင်ပြီ"ဟု
ကြေကွဲဝမ်းနည်း ဖတ်ကြားပြီးဝယ်
ပြန်တမ်းစာရွက် စုတ်ကာဖြဲပြီး
သင်နှင့်တူတူ ပထဝီသို့
မြှပ်နှံကာလေ ပေးတော့မည်။
Read On 0 comments
၂၀၁၃ တစ်နှစ်လုံးမက ၁၄...၁၅နှစ်များစွားတိုင်
12/31/2012 09:02:00 PM
နှစ်ဟောင်းဖျက်ခွဲ နှစ်သစ်လဲပြီ
ဂဏန်းသာပြောင်း မူမပြောင်းသော
ရှေ့သို့မရောက် နောက်သို့ပြန်ဆွဲ
သမိုင်းထဲသို့ မခေါ်လေနဲ့
မြန်မာပြည်ကြီး ရှေ့ခရီးမှာ
တိုးတက်ဖို့ရေး ဆောင်ရွက်ပေးသူ
ဘယ်သူကိုမဆို ကျုပ်သည်ထောက်ခံ မပုန်ကန်ဘူး
ကျုပ်ထောက်ခံသူ ထိုထိုလူသည်
အပြောမဟုတ် အလုပ်သက်သေ
ပြလေကျုပ်အား လေလုံးမထွားဘဲ
ဆောင်ရွက်ပြပါ ကောင်းနိုးရာကို
သို့ပေငြားလည်း.....
ပြောတိုင်းမလုပ် ရှေ့နောက်မညီ
လေလုံးပဲထွား ထိုလူသားကို
ထောက်ထားမျက်နှာ ဖယ်သွေကာဖြင့်
ဝေဖန်တိုက်မှာ မြန်မကြာဘဲ။
၂၀၁၂ ဒီတစ်နှစ်တွင် မြန်မာ့လူမှုဝေဖန်ရှုသော်
သမ္မခေါင်းဆောင် ကျုပ်ဘပြောင်၇ဲ့ ဆောင်ရွက်မှုအား တော်တော်သွားသည်
နိုင်ငံတကာ ပိတ်ဆို့မှုများ ဖယ်ရှားသွားအောင် ဆောင်ရွက်နိုင်သည်
တော်ပါပေသည် တော်ပေသည်။
ပွင့်လင်းစီးပွား ဖွင့်ထားသောကြောင့် မြှုပ်လိုနှံလို ကိုEcoတို့
အလုံးအရင်း ၀င်ရောက်လာပြီ ၀င်ရောက်လာသမျှ စိတ်မချနှင့်
တစ်ခုယူလျှင် နှစ်ခုပေးခေတ် ထိုသို့ခေတ်မှာ
ဧည့်သည်စီးပွား အမြတ်ကြီးစားကို အိမ်ရှင်နေရာ မပေးလေနှင့်
သခင်အားရ ကျွန်ပါးဝသည့် တရုတ်ကုလားအဖြူများလည်း
ဂုတ်သွေးခွသောက် မဖြစ်ရအောင် တားဆီးပါလေ ဘဘစိန်။
ဒီတစ်နှစ်အတွင်း
ရခိုင်အရေး ငလျင်ဘေးနှင့် လက်ပံတန်းတောင် ကချင်ကောင်တို့
စသည်စသည် သွေးစွန်းသည့်ပွဲ ဖြစ်ပွားခဲ့လည်း
မြန်မာပဲကွာ ချစ်စရှည်စေ မုန်စတိုရင်း
လူမျိုးခြားထား ပြည်ထောင်စုဖွားတိုင်းရင်းသ
ားချင်း ပြန်လည်ပေါင်းစည်း
ပြည်တွင်းစစ်ပွဲ မြန်မကြာရပ်ကာ ခြံလုံအောင်ကာ
ဘေးကကုလား ဘင်္ဂလီများလည်း မ၀င်စေနဲ့
ထိခိုက်များပြား ချန်ခဲ့၁၂... နှစ်ထောင်နှစ်အား
မေ့ကာချီတက် ရှေ့သို့ဆက်မည်
၂၀၁၃ တစ်နှစ်လုံးမက ၁၄...၁၅နှစ်များစွားတိုင်
မြန်မာ့အခြေ ကြံ့ခိုင်စေဖို့ ဟင်းလင်းဗလာ ခြေနေခါကို
တွေ့ကြုံနဲ့ဖို့ ရှေ့သို့ဆက်ကာ မုန်းသူတွေပျောက် ချစ်သူရောက်စေ
တောင့်တင်းခိုင်စေ မြန်မာပြည်။
ကျုပ်လည်းဆုတောင်း နှစ်သစ်ပြောင်းမို့
မြန်ပြည်တစ်လွှား ပြည်သူများနှင့်
အဝေးအနီး မြန်မာပြည်ဖွား ပြည်ထောင်သားကို
ကျန်းမာချမ်းသာ ဘေးရန်ကွာ၍
အလွှာအသီးသီး နယ်ပယ်ကြီးမှ
လူသားထုအကျိုး ဆောင်ရွက်တိုး၍
တတ်ထားသမျှ ပညာလှအား
တိုင်းတစ်ပါးကျွန် မခံလေနဲ့
ကိုယ့်ရဲ့ဝမ်းစာ ထိုပညာကို
ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ့်ဌာနာမှာ
ပြန်ကာသုံးလေ
အို......မိတ်ဆွေ။ ။
ဧထက်ပိုင်*
၇း၂၀ (PM)
၃၁.၁၂.၁၂ (Mon)
Read On 0 comments
“““ ဘုရား သားတော်တွေ ကို အသုံးချ သတိထား ကြ အဖြစ်ဆိုးတွေ နောင်ဘ၀မကူး စေဘူး ”””
12/02/2012 05:08:00 PM
ရိုးရိုးသားသားဝန်ခံရရင်
ကျနော် ရန်ကုန်ကို မချစ်ဘူး......
Read On 0 comments
“““ ရခိုင်တွေ နာရင် ငါနာတယ် သူငယ်ချင်း ”””
11/09/2012 10:33:00 PM
ရက်စက်လိုက်တာ မိတ်ဆွေရာ
မင်းမြန်မာလို့မပြောပါနဲ့
အနောက်မြေမှာ မီးလောင်နေတာ
မင်းနဲ့ မဆိုင်ဘူးတဲ့လား မင်းမြန်မာပါနော်
ရခိုင်မဟုတ်ဘူးမပြောလေနဲ့
တမြေတည်းနေတရေ ထဲသောက်လို့
ငါတို့အတူ မြန်မာပြည်မှာ
ကြီးပွားတာပါ အေးရခိုင်ဆိုတာ
ငါမမြင်ဘူးပေမဲ့ ရခိုင်တွေနာရင်ငါနာတယ် သူငယ်ချင်း
ငါ့ဆွေမျိုး ငါ့သွေးချင်းတွေသွေး
မြေခနေတာ ငါနဲ့မဆိုင်ဘူးဆို
မင်းမြန်မာမလုပ်နေနဲ့
နိုင်ငံတော်သီချင်းမှာတောင်
ဒါတို့မြေ ဒါတို့ပြည် ဒို့ပိုင်တဲ့မြေ
ဆိုတာပါခဲ့သေးတာဘဲ
ဒီသီချင်းလေးကြားတိုင်းငါကြက်သီ
းထတယ် သူငယ်ချင်း
ဒါငါတို့မြေပါ ငါ့တို့မြေကို ကျူးကျေိာသူ တိုက်ခိုက်နေလို့
ရခိုင်စိတ်ထား ကြမ်းရင်ကြမ်းမယ်
ဒါရခိုင်စိတ်ထားမဟုတ်ဘူး
ဒါမြန်မာစိတ်ထားဖြစ်ရမှာ
ကို့မြေ ကို့ပြေ ကျူးကျော်လာလို့
ရိုင်းတယ်ပြောပါစေ ငါရိုင်းလိမ့်မယ်
ငါ့ဘာသာ ငါ့သာသနာ ငါအသက်ရှိသ၍ တည်တံ့စေရမယ်။
Read On 0 comments
Read On 0 comments
*** မင်းအတွက် ဂုဏ်ယူပါတယ် ***
11/04/2012 09:55:00 PM
ရှေ့တန်းကပြန်လာရင် သပြေခက်နဲ့ အနမ်းတွေပေးဖို့စောင့်နေမယ်
ဆိုတဲ့ ကောင်မလေးရေ....
ငါပြန်လာခဲ့ပြီးလေ...
သပြေခက်နဲ့အနမ်းတွေက ငါကိုစောင့်နေတာမဟုတ်ပဲ
နင်ကိုမေ့လိုက်တော့ စာလေးတကြောင်းနဲ့
မင်္ဂလာဖိတ်စာလေးက စောင့်နေတာပဲ...
မောင်ကသစ္စာရှိရှိချစ်နိုင်မှာလားဆိုတဲ့
မေးခွန်းတွေ ကတိတွေတောင်းခဲ့ မေးခဲ့ပြီးမှ...
ဘာလို့များ မင်္ဂလာဖိတ်စာ ငါဆီပို့ခဲ့ရတာလဲ...
မင်းပြောတော့ တပ်ကပေးတဲ့ ထမင်းနဲ့လဲစားနိုင်တယ်...
မောင့်လစာနဲ့လဲ ရောင်ရဲတယ်ဆို...
အခုတော့ ပေါ်ဆန်မွှေးနဲ့ ပါရာဒိုကို ရွေးချယ်သွားပြီးပေါ့...
ငါနားလည်ပါတယ်ကောင်မလေးရယ်...
မင်းဘဝကောင်းစားရေးအတွက်ပဲ..
ငါဘယ်လိုငြိုငြင်ရက်မလဲ...
ငါကစစ်သားလေ သူဌေးသားမှ မဟုတ်တာ...
တိုက်ခန်းမှာပဲထားနိုင်တာလေ...
အဲကွန်းနဲ့တိုက်နဲ့မှ မထားနိုင်သေးတာ...
တိုင်းပြည်တာဝန်ထမ်းဆောင်ရအုံးမှာလေ...
မင်းလိုအပ်တဲ့အခါ မင်းလက်ကိုဆွဲပြီး အားမပေးနိုင်သေးတာ...
မင်းရွေးချယ်တာမှန်ပါတယ်ကောင်မလေးရယ်...
မင်းအတွက် ဂုဏ်ယူပါတယ် ...
(စစ်သားတယောက်ကိုတသက်စာလက်မတွဲနိုင်ရင် မျှော်လင့်ချက်နဲ့ကတိတွေပေးမထားခဲ့ပါနဲ့...တာ ဝန် ထမ်းဆောင်တာ ပင်ပန်းလာတဲ့အခါ အနားယူအိပ်စက်နိုင်မဲ့ သစ္စာရှိတဲ့ ရင်ခွင်တခုကိုသာ လိုအပ်တာပါ...)
Goo Gle Mile
Read On 0 comments
*** မြန်မာ ***
11/03/2012 06:32:00 PM
တောင်ပြာတန်းတွေဆီက မြူတွေလွင့်ပျံလာရင် လွမ်းစိတ်တွေ လိုက်မပါသွားဖို့ သိမ်းထားကြတယ်
စစ်မြေပြင်က အသက်တစ်ချောင်း ကံမကောင်းရင် မြေခနိုင်မှန်းလည်းသိကြတယ်
တစ်ခါတစ်ခါကျ မိဘရင်ခွင် ပြန်ဝင်ချင်သလို
သားလှလေးရဲ့ပါးပြင် အကျွမ်းတဝင် နမ်းချင်သေးတာပေါ့
ဆန္ဒနဲ့ဘဝ နပမ်းမှာ
အလွမ်းဆိုတာပန်းတွေလိုနွမ်းလျှ
ကြွေမကျခင် အသာယာ သိမ်းလို့
အမိမြေကာကွယ်ဖို့ စိတ်တွေသာ လွှမ်းစေ
သူတို့ရဲ့ အလွမ်းဘယ်သူတွေမှန်း ဆကြည့်ဖူးလည်း
လူအမမြင်ကြမ်းပေမဲ့ နှလုံးသားနုပါတယ်
ပင်ပန်းဆင်းရဲမှုကို အန်တုရင်ဆိုင်ရင်း
ဇွဲ လုံ့လ ဝရိယအပြည့်နှင့်
အဖျက်ရန်တွန်းလှန်တိုက်ဖျက်
အမှန်တကယ် ကိုကျိုးမဖက်
တိုင်းပြည်နှင့်လူမျိုး အတွက်ပေးဆပ်လျှက်ပါ
ပစ်တိုင်းထောင် ဥပမာဆောင်ရလျှင်
အောက်ခြေက ခဲလုံးရယ်ကြောင့်
လက်မထောင်နိုငိခဲ့ပေမယ့်
ခဲလုံးလေးလို အောက်ခြေကနေပေးမဲ့သူတွေပါ။
ကို့ဌာနေ လုံခြုံဖို့
သတ်မှတ်နယ်တိုင်း အုတ်တံတိုင်းကာရံ
ခန္ဓာကို ကိုအုပ်တစ်ချပ် လိုဝင်ရပ်မဲ့သူပါ
ဒီလိုမျိုး သတ္တိဘယ်သူတွေရှိလည်း
ချောမွေ့ဆင်ပြေ လျှောက်လှမ်းစေဖို့
လမ်းဟောင်းကိုပြင် လမ်းသစ်ထွင်သူတွေ
တစ်တောဝင်တစ်တောင်တက်
ကျောပိုးအိပ်ထဲက ရိက္ခာ ထက်လေးနက်တဲ့တာဝန်တွေ
အမိမြေကာကွယ်ဖို့
သက်စွန့်ကြိုးပမ်း စစ်ချီလမ်းတစ်လျှောက်
မိုးရေရောယှက် သူတို့ချွေးစက်ကို
ဘယ်သူမြင်နိုင်မှာလည်း
လမ်းပြကြယ်
Read On 0 comments
*** ပခုံးပေါ်က ကြယ် ***
11/03/2012 06:56:00 AM
သူငယ်ချင်း.......
မင်းတို့ သိတာ ရွေရောင်အပွင့်လေးဘဲ
ဒီရွေရောင်လေး တွေ မတောက်ပဘဲ
ကြွေကြွေ သွားကြတတ်တယ်.......
သူငယ်ချင်း.......
မင်းတို့ မြောက်ကြွားကြွားနဲ့ အပြင်မှာတွေ့ မယ်
မာန်တတ်နေမယ်လို့ ထင်ရင်ထင်မယ် မဟုတ်ဖူး
ငါတို့  ကိုယ်က စစ်ပုံကျနေတာ........
သူငယ်ချင်း.......
ဒီအပွင့်တွေ မင်းတို့ သောက်တဲ့ဘီယာတဝိုင်းစာ
မရှိဖူး မှန်ပါတယ် ဒါမဲ့ ငွေကြေးရဲ့နောက်က
သူထမ်းဆောင်ရတဲ့ တာဝန်တွေရှိတယ် ....
သူငယ်ချင်း........
ကောင်မလေးတွေ ကြိုက်ကြတယ် ဒီအဆင်လေးကို
ဒါမဲ့ ပါရမီ ဖြည့်ဘက်ဆိုတဲ့ ချစ်သူ ဇနီး ဖြစ်ပြီးမှ
ကြွေလို့ ငိုနေရတာတွေ ရှိတယ်........
သူငယ်ချင်း........
စစ်ဆိုရင် ရေတောင်စစ်မသောက်ချင်ဖူးလို့ ပြောမယ်
သိတယ် ကြမ်းတမ်းမယ် သေမယ်ဆိုတာတွေကို
ဒါမဲ့ ဒီပြည် တွက် အပွင့်တွေ အခက်တွေရှိနေရတယ်.....
သူငယ်ချင်း........
မင်းတို့ ဝတ်တဲ့ အဝတ်စားတန်ဖိုးနဲ့  ဆယ်ဆ ကွာလိမ့်မယ်
ဒါမဲ့ ဒီယူနီဖောင်း ကို ဝတ်မိမှ တိုင်းပြည်တွက် လိုအပ်ချက်
လုပ်ပေးသင့်တာတွေ ပိုသိလာရတယ်......
သူငယ်ချင်း .......
အပွင့်အခက်ကြီးတွေနဲ့  စစ်ကားတန်းကြီးတွေ အားအင်
အပြည့် စိုးရိမ်ပူပန်မှုမရှိတဲ့ သူတို့ ပုံတွေ မြင်ခဲ့လိမ့်မယ်
ဒါမဲ့ တနေရာမှာ သူ့ မိဘ သူ့ မိသားစု ပူပန်နေတယ်.....
သူငယ်ချင်း.......
ကုန်ကုန်ပြောရရင်ကွာ လူတွေက ဒီအပွင့်လေးတွေရဲ့
အရှေ့ ကို ဘဲသာမာန် ကြည့်ကြမိတာ သူတို့ မှာ
ကြီးလေးတဲ့ တာဝန်တွေရှိတာကို မမြင်ကြဖူး.....
သူငယ်ချင်း.......
ဒါတွေ ဘယ်လိုကွာခြားနေလဲ ငါတို့ လည်း သစ္စာလေးချက်
တိုင်းပြည်တွက် အသက်ကို အပ်နှံပေးပြီးမှနှစ်နှစ်ကာကာ
သိလာတာ တကယ်တော့ ချိုမလိုနဲ့ ခါးပါတယ်.....
သူငယ်ချင်း........
ဒီခါးစိမ့်စိမ့် ဒဏ်တွေကို ငါတို့ တွေသိလာလေလေ
အမိမြေကို ကာကွယ်ဖို့ ပိုတွေးခဲ့မိလေပါဘဲ
ဒါတွေကို ပခုံးပေါ်က ကြယ်ပွင့်လေးတွေအသိဆုံးပါ။
လေးစားစွာဖြင့်
ဖိုးသားလေး
Read On 2 comments
*** ကျနော်တို့ သေသည်တိုင် နောင်တ မရပါဘူး ***
11/02/2012 10:53:00 AM
ကျနော်တို့တွေ အားငယ်မိတယ်...
နေမကောင်းဖြစ်တဲ့အခါ...
ကျနော်တို့ဘေးမှာ ဘယ်သူမှမရှိခဲ့ဘူးလေ...
ကျနော်တို့ ၀မ်းနည်းမိတယ်...
သူများမိသားစုတွေမြင်တဲ့အခါ...
၁နှစ်မှာမှာတောင် တွေ့ဖို့မသေချာတဲ့ မိသားစုဘ၀လေးကို လွမ်းမိတယ်လေ..
ကျနော်တို့ အားကျမိတယ်...
ကြည်နူးနေတဲ့ သူများအတွဲတွေမြင်တဲ့အခါ...
ကျနော်တို့ ချစ်သူက ဟိုးအဝေးမှာလေ...
ဒါပေမဲ့ ကျနော်တို့တွေ အားမငယ်တော့ပါဘူး...
ဝမ်းမနည်းတော့ပါဘူး...
အားမကျတော့ပါဘူး...
ကျနော်တို့ချစ်တဲ့ မိသားစုအတွက်....
ကျနော်တို့ချစ်သူအတွက်....
တိုင်းသူပြည်သားတွေအတွက်...
သူများတွေမလုပ်နိုင်တဲ့ ကိစ္စတခုကို ကျနော်တို့ လုပ်ခဲ့ပြီးလေ....
ကိုယ်အသက် ကိုယ်ခန္ဒာကို စွန့်ပြီး....
ကာကွယ်ဖို့ကြိုးစားခဲ့ပြီးလေ...
ဒါကြောင့် ကျနော်တို့ စစ်သားဖြစ်ရတာ နောင်တမရပါဘူး....
ဟုတ်တယ်....ကျနော်တို့သေသည်တိုင် နောင်တမရပါဘူး....
Goo Gle Mile
Read On 0 comments
‎" ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ် "
10/31/2012 04:09:00 PM
    (၁)
    သေမင်းဟာ
    ရိုင်ဖယ်ကို ပခုံးမှာချိတ်
    စာသင်ခန်းတံခါးတွေကို ပိတ်လိုက်တယ်။
    (၂)
    စာအံသံတွေေ ပျာက်ဆုံး
    ဗုံးဆံတွေ မိုးချန်းသလိုရွာချ
    အမုန်းတရားတောင်ကုန်းကို
    လက်နက်ကြီးအင်အားသုံးပြီး
    သိမ်းပိုက်ဖို့ကြိုးစားနေကြတယ်။
    မျက်ရည်နဲ့
    အလောင်ကောင်တွေပေါ်က"အမှန်တရား"
    ဘယ်ပြည့်တန်ဆာကတောင်မှ
    လေးစားမှာမဟုတ်ဘူး။
    စစ်ယူနီဖောင်း ရင်ဘတ်ပေါ်
    ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
    စစ်ဘေးဒဏ်ကြောင့်သေသွားတဲ့
    ကလေးတွေရဲ့ အရေအတွက်နဲ့
    ထပ်တူ အချိုးကျပါသလား။
    စစ္နတ္ဘု၇ားရဲ့ သခ်ာၤကို
    ငါ...လက်ချိုးရေတွက်နေတယ်။
    (၃)
    စပါးပင်ပျိုးရမယ့်တောင်ယာမြေမှာ
    ငါ့အဖေရဲ့ ခန္ဓာကိုယ်အပိုင်းအစ
    ဖြစ်သလို မြှုပ်ပစ်ခဲ့၇တယ်။
    အမြှေုာက်ဆံပေါက်ကွဲတဲ့နေရာက မြက်ပင်လို
    မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ
    အမေရေ....ဒီတစ်သက်တော့
    ထမင်းလက်ဆုံစားခွင့်မရှိတော့ဘူး။
    ဦးခေါင်းထက်မှာကျည်ဆန်တွေက
    နတ်ဆိုးရဲ့လေချွန်သံလို
    တရွီရွီမြည်နေတုန်း
    မြေလွှာအောက်ကမိုင်းဗုံး
    "၀ုန်း" ခနဲပေါက်ကွဲတယ်..။
    ငါ့အနာဂါတ်မျှော်လင့်ချက်ဟာ
    ခြေထောက်တစ်ဖက်နဲ့အတူ ပြုတ်ထွက်လွင့်စင်သွားပေါ့
    ငါ့အိမ်ငါပြန်လာတာလေ။
    ဒါဟာအသွားမတော် ဖြစ်ခဲ့ပါသလား။
    မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
    ငါ့ဘ၀ကတော့
    ငါ့ဒူးဆစ်လို ငုံးတိတိဖြစ်လိုနေ့လေရဲ့...။
    ငြိမ်းချမ်းရေးမိုခေါင်ရပ်ဝန်းဒေသမှာ
    သားပျောက်တဲ့အမေတွေနဲ့
    အမေပျောက်တဲ့သားတွေ
    အားလုံးဟာလူအဖြစ်ကနေလျှောကျ
    တိရစ္ဆာန်တွေလို အမဲလိုက်ခံနေရတယ်...။
    အမေအိုတို့ရဲ့ ငိုကြွေးသံ
    မြစ်သောင်ယံမှာစိးဆင်း
    ဧရာဝတီဟာ သွေးချင်းချင်းနီလို့...။
    (၄)
    လက်ဝါးကပ်တိုင်ထက်မှာ
    ချစ်ခြင်းမေတ္တာတ၇ားကိုသံမှိုနှက်
    အာဏာပါးကွက်သားတို့က ကွပ်မျက်ကြတာကို
    စစ်ပွဲလို့ခေါ်တယ်..။
    စစ်ပွဲမှာ
    ဘယ်သူနိုင်နိုင်..ဘယ်သူရှုံးရှုံး
    နောက်ဆုံးမှာ
    အမုန်းတရားကပဲ သိမ်းပိုက်.
    မိဘမဲ့သွားတဲ့ကလေးတွေကို
    လောကထဲ မောင်းထုတ်လိုက်ကြတယ်
    အို...သွေးဆာသူတို့
    ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့
    အပြစ်မဲ့သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
    သူသတ်ကုန်းမှာ ဆောက်တဲ့နန်းတော်ဆီ
    ငါတို့ဘယ်တော့မှ လက်အုပ်မချီဘူး...။
    (၅)
    ကျည်ဆန်ဖိုးတွေထပ်မဖြုန်းပါနဲ့
    ပေါင်မုန့်တစ်လုံးလောက်ဝယ်ပေးပါ
    လက်ပစ်ဗုံးတွေပစ်မယ့်အစား
    ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ
    စစ်ပွဲတစ်ပွဲမှာ
    ပထမဦးဆုံးပစ်တဲ့ကျည်ဆန်
    ကိုယ်ချင်းစာတရားကိုမှန်တယ်။
    ကိုယ်ချင်းစာတရားကျဆုံးခြင်းဟာ
    နိုင်ငံတော်ဈာပနပဲ..။
    ကဲ...အလံတစ်ဝက်လွှင့်ထူကြ
    ကမ္ဘာမကြေသီချင်းဆိုတဲ့အခါ
    ငိုသံပါနေရတာလောက်
    (၆)
    မုန်းတီးစိတ်တွေ
    နောက်မျိုးဆက်ကို.အမွေမပေးစေရ..အာမဘန္တော..။
    ငြိမ်းချမ်းရေးသီလယူသံ
    ကောင်းကင်ထက်မှာညံပါစေ။
    ကလေးတွေရင်ထဲကတောင်းဆုနဲ့
    ငါတို့အားလုံး ၀တ်ပြုကြရအောင်
    မေမေ၀ယ်ပေးတဲ့ ကျောက်သင်ပုန်းပေါ်မှာ
    ဒီစစ်ပွဲပြီးရင်
    ကျောင်း.....တက်.....ချင်...တယ်...။
    Jacqueline Aquamarine
Read On 2 comments
*** သွေးချင်း နှောတဲ့မောင်နှမ အရင်းပါ ***
10/31/2012 03:56:00 PM
ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ငိုသံတောင်ပါတယ်မှတ်..
အဖြစ်ပျက်က ဆိုးလွန်းလို့
ငါ့ရင်တွေဆို့ အောင် ခံစားရတယ်.....။
ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ဝေးကွာနေရပေမယ့်
အတွေးကမ္ဘာမှာ မောင်နှမ ညီကို
သီတာထွေးလို အဖြစ်ဆိုးက
ငါ့ခေါင်းကို မိုးကြိုးပစ်သလိုခံစားရတယ်..။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကိုယ်ချင်းစာ သနားစိတ်နဲ့
နှလုံးသွေးက ပြောတဲ့ စကား
ငါကိုယ်တိုင်ပြန်ကြားရဲ့
နင်တို့တွေရဲ့ ဒုက္ခ ငါလည်း ထပ်တူခံစားရတယ်...။
ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာဆိုတာရှိနေသ၍
မေ့မထားဘူးဆိုတာမှတ်ထား
အသွေးအသားထဲက သံယောဇဉ်
မြင်ချင်စမ်းပါဘိ
ငါခုထိခံစားဆဲ
ရခိုင်လည်း ဗမာ ..ဗမာလည်းရခိုင်မို့
ငါ့သွေးထိ ငါမခံနိုင်..
လက်သဲဆိတ်တော့ လက်ထိပ်နာသလိုခံစားရတယ်...။
ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ....
နေသာသလို မနေချင်ပါဘူး
မြင်နေတာတွေက တို့သွေးမို့
တို့အရေးလို့ အခိုင်မာဆို
နင်တို့ စိတ်မာလို့ မငိုကြလည်း
ငါ့နှသားထဲမှာတော့ မျက်ရည်စက်လက်
ငါ့အသက်တစ်မျှ ခံစားရတယ်...။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာတည်သရွေ့ ရခိုင်တည်
မြန်မာပြည်ထဲက မောင်နှမအရင်း
မြန်မာပြည်ထဲက ညီကိုအရင်း
သွေးချင်း မရောပေမယ့်
သွေးနှောတဲ့ နှမ ညီနောင်
ဓားသွားထက်က ပျားရည်စက်တောင်
ခေါင်းမရှောင် အတူလျှက်မယ် လို့ငါခံစားရတယ်...။ ။
ကိုလေး(ထီလာမြေ)
ဒီက ကူးလာတယ် ...
Read On 0 comments
*** ပေးဆပ်ခြင်း ***
10/31/2012 10:04:00 AM
လှတော့လှတယ်
တန်ဆာဆင်ထားမှတော့
အရှေ့ယဉ်လို့ အနောက်မြင်တဲ့
ဥဒေါင်းအသွင်တော့ငါမဆောင်ဘူး
အကျည်းတန်ရတာကိုကျေနပ်တယ် ......
အရှုံးအမြတ်ကိုတွက်မိတိုင်း
ပုခုံးအထက်နားက
အမာရွတ်ကလှောင်ရယ်တယ်
လှပတဲ့နေ့သစ်တွေအတွက်
မရေးဖြစ်လိုက်တဲ့ရာဇဝင်မှာ
ငါဘုရင်ဖြစ်ချင်ဖြစ်ခဲ့မယ်
လက်တွေ့မှာတော့
အခက်တွေ့နေရတာ နေ့စဉ်ပေါ့ ......
အမုန်းမဲ့သောမေတ္တာ
ရှုံးမှမြတ်သောသစ္စာနဲ့
နာကျည်းစရာများစွာအတွက်
ငါ့နိုင်ငံအတွက် ငါပေးဆပ်နေတဲ့
အမြဲ ထွန်းလင်းနေတဲ့ ဖီးနှစ်ငှက်ငယ် ......
လမ်းပြ ကြယ်
Read On 0 comments
*** ဂုဏ် နဲ့ ကြယ် ***
10/30/2012 08:03:00 AM
အို.............
အသက်တွေ...အသက်တွေ...
ဖျက်ခနဲ့ ကြွေကြွေ ကျသွားလိုက်တာ...
အမြောက်သံအောက် ဗုံးဆံအောက်မှာ...
အားမာန်အပြည့်နဲ့ ဒဏ်ရာပြည့်ကိုယ့်ခန္ဒာတွေ
ဘာကိုရည်ရွယ်လို့ သူတို့ မျှော်ကိုးပါသလဲ
ပေးဆပ်ခြင်း....ဆိုတာ
သူတို့နဲ့အသားကျနေပြီးသား သစ္စာ
အမိန့်သံ တစ်ခုအောက်မှာ
အမိမြေအတွက်.....ဆို
...
သူတို့စွန့်လွှတ်ခဲ့တာ
ပိုင်ဆိုင်သမျှ အရာရာ
သူတို့လဲလူသား
ခံစားတတ်တယ် ။
ကိုယ်ပိုင်သမျှတွေ
တိုင်းပြည်အတွက်ပါ လို့ ဖြစ်ခဲ့ပေမဲ့
ငါးခုံးမတစ်ကောင်နဲ့ တစ်လှေလုံး
ဘာလို့ များအမြင်တွေမုန်းနေကြတာလဲ။
ဒီလိုနဲ့
တဖြုတ်ဖြုတ်ပေါ့ ဘယ်သူမှ မသိခင်
အားလုံးအတွက် ကြွေကျပေးခဲ့သူတွေ
လူသူနဲ့ ဝေး ဟိုးတစ်နေရာမှာ
နာကျင်ခြင်း အထပ်ထပ်နဲ့
သူတို့ မျက်ရည်တွေ
အမိမြေ အတွက် သက်သက်လေ
တကယ်တော့
သားကောင်းဆိုတာ
နာမည်တစ်လုံးအတွက်
စကားလုံးတွေ သုံးစရာမလိုတဲ့
ဟိုးး
မိုးယံထက်က တလက်လက် လင်းတဲ့.
အမည်မဲ့
သို့သော် ဂုဏ်နဲ့ ကြယ် .......
လမ်းပြ ကြယ်
Read On 0 comments
" စစ်ကားစိမ်းကြီး ပေါ်က မတစ်ထောင်သားတွေ တစ်ချို့ မြေသြဇာ ဖြစ်သွားပြီ ဆိုတာ သူတို့ မသိဘူး "
10/30/2012 07:42:00 AM
TE 11 နောက်က မတစ်ထောင်သားတွေရဲ့ မျက်လုံးတွေကို
အဲဒီစကတ်တိုမလေးတွေက ပြန်ကြည့်တယ်
အညိုပုပ်ရောင်လေလှိုင်းတွေပေါ့
ပုပ်အဲ့အဲ့ နံတယ်..............။
လဘ္ဖက်ရည်ဆိုင်မှာ မီးခြစ်တောင်းတော့
ဆိုင်ထဲက အရွှယ်ကောင်းလူရွှယ်တွေက ဆတ်ခနဲ ကြည့်တယ်
ကမ္ဘာ့ဝင်ရိုးလိုပေါ့..
၂၃ ဒီဂရီ ၂ ပိုင်းဆပိုင်း ခပ်စောင်းစောင်းလေး............။
မိုးဖြောက်ကြားမှာ ထမင်းတနှပ်အတွက် မီးမွှေးတော့
ကျောင်းကြိုပြန်တဲ့ အမိသည်က လက်ညိုးထိုးပြီးပြောတယ်
"သား ပညာမတတ်ရင် အဲဒီစစ်သားကြီးတွေလိုဖြစ်မယ်"
မိုးကြိုးဆိုတာ ၆ပေအောက်လေထုမှာလဲ ပစ်တတ်သေးတော့
ရေပြင်ညီအတိုင်း ထွက်တယ်။
မြို့လေးကတော့ ညဘက်အမဲလိုက်ပွဲအတွက် ကာလာရောင်စုံနဲ့
ခြေဆန့်နေခဲ့ပြီ ။
တစ်ချို့အတွက်ကတော့ ဆည်းဆာနဲ့အပြိုင် မိသားစုလမ်းလျှောက်ပွဲပေါ့
ဒီလိုပါပဲ နှလုံးသားတစ်ချို့ကို ဈေးတင်ပြီး လေလံတင်တဲ့ အခါသမယ...
.....................
မီးခိုးလုံးမွန်တဲ့ ဟောဒီ ကားတန်းပေါ်မှာ
တိတ်ဆိတ်မှူကိုလေးလံစွာထမ်းတဲ့
အစိမ်းရောင် ခြံစည်းရိုးတိုင်တွေ ပါတယ် အမေ ။
မြို့ကလေးကိုနှူတ်ဆတ်တော့ တာ့တာပြမဲ့လူ မရှိဘူး
နေမင်းက အိပ်တော့ဖို့ခေါင်းမြီးခြုံတော့
သွေးဆာသူလိုသတ်မှတ်ခံရသူတွေ
အရှေ့ဘက်ကို ခရီးထွက်ရတယ်။
ဒါ ဖြစ်မြဲပဲလေ။
ရာဇဝင်ထဲမှာတော့ ဦးဆွေးဆံမြည့် တဲ့..
၂၁ရာစုရဲ့ ဟောဒီ အခွံစိမ်းကို ဖွင့်ပြခွင့်ရရင်
ရင်ဘတ်တစ်ခုလုံး ဆွေးနေမယ်...။
........................
......................
......................
တစ်မိုးကုန်တော့
ဒီမြို့ကို ပြန်ရောက်တယ် ။
ပေါင်တိုမလေးတွေ အကြည့်က ညိုဆဲ
လဖ္ဘက်ရည်ဆိုင်တွေထဲက အကြည့်တွေက စောင်းဆဲ
ကျောင်းတတ်တဲ့ကလေး စာကြိုးစားနေပြီလား
ဒါပေမယ့်...
စစ်ကားစိမ်းကြီးပေါ်က မတထောင်သားတွေတစ်ချို့
မြေသြဇာဖြစ်သွားပြီ ဆိုတာ သူတို့ မသိဘူး မေမေ။
ငှက်ခါး
(ရှေ့တန်းသို့အသွား မြို့ကလေးတစ်မြို့မှာ ကားရပ်နားစဉ်တညနေချိန်ခါမှာ တပ်ခွဲမှူးတစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေး ကို ရေးဖွဲ့ခဲ့ ပါသည်)
Read On 2 comments
ကြွေလေတဲ့ ကြယ်တစ်ပွင့် ( သို့ ) ရခိုင်အမျိုးသား မောင်အောင်အောင်ဆန်း
10/27/2012 01:03:00 PM
တာဝန်ကျေတယ် ငါ့ ညီ
တာဝန်ကျေတယ်
ငါ့တို့လို အဝေးရောက်ပြီး
တောက် ခေါက်နေရတဲ့ လူတွေထက်စာရင်
မင်း တာဝန်ကျေခဲ့တယ် . . .
မင်းတို့က ဒုတ်ကိုင် ဓါးကိုင် ပြီး
အမိမြေ ခြံတိုင်နဲ့နဲ့ ကို
အသက်ပေးပြီးကာကွယ်နေရတဲ့အချိန်မှာ
ငါတို့က အဲယားကွန်းခန်းထဲမှာ
ကွန်ပြူတာကီးဘုတ်လေးနှိပ်
အမိမြေရဲ့ နို့တလုံးဖိုးတောင်မကျေနိုင်ဘူး ညီ . . .
မြေတလက်မ ရေတခွက်မှ
ကျုးကျော်ရေးသမားတွေလက်ထဲမပေးရအောင်
ကာကွယ်ခဲ့သတဲ့လား ညီ . . .
လူအုပ်အား နဲ့ အတင်းဆွဲခေါ်ပြီး
သူတို့ ရွာထဲမှာ ညီလေးကို မီးမြိုက်ကြသတဲ့
ရေနွေး နဲ့လောင်းကြသတဲ့
ဗိုက်ကိုခွဲ အူကိုထုတ်ကြသတဲ့
လူကိုလူမဆန်အောင်
ဒီသတ္တ၀ါတွေက မိုက်ရိုင်းခဲ့ကြသတဲ့ . . .
ငါ့ညီလေး အဲ့ဒီအချိန်တုန်းက
အသားတလှုပ်လှုပ် ခေါင်းငုံ့နေရှာမလား
နုတ်ခမ်းကို ကို က် အံကြိတ်ခံသွားလား
ဘာပဲ ဖြစ်ဖြစ် ငါ့ညီ
မင်းဟာ ခေတ်သစ်ကာကွယ်ရေး သမိုင်းရဲ့
မီးရှုးဖြစ်လာစေရမယ် . . .
မင်းရဲ့ နောက်ဆုံးသော မြင့်မြတ်မှု့ကို
ငါတို့ အမှတ်ရနေစေရမယ် . . .
မင်းဟာ တာဝန်မကျေခဲ့တဲ့ နိုင်ငံသားတွေအတွက်
ရှက်စရာ အတုယူရမဲ့ သားကောင်းဖြစ်တယ် . . .
မြတ်သော သေခြင်းပါ ငါ့ညီ
ဘာသာ သာသနာ လူမျိုး နိုင်ငံတော်အတွက်
အသက်ပေးသွားတဲ့ ညီဟာ
အခုအချိန်မှာ ဝေဒနာခပ်သိမ်းက ကင်းလွတ်နေမှာပါ
ရခိုင်တပြည်လုံးက ငါ့ ညီနာမည်
နှလုံးသားတွေထဲမှာ ကဗျည်းထိုးနေကြမှာပါ
တာဝန်ကျေတယ်
ဂုဏ်ယူတယ်
ဒါပေမယ့် ၀မ်းနည်းပါရစေ ငါ့ညီ
ငါတို့ အမျိုးသားကြယ်တစ်ပွင့်အတွက် . . .
မာဃသစ္စာ
( ဖေါ်ပြပါ လင့်ခ် ဓါတ်ပုံကို နှလုံးရောဂါရှိသူများမကြည့်စေရန် မေတ္တာရပ်ခံပါသည် )
Read On 0 comments
*** လှပသော ပြည်ထောင်စု ***
10/27/2012 11:14:00 AM
ချစ်ခြင်းဟာ မြစ်တစင်း ဆိုရင်
စစ်ခင်းဖို့ မလို။
မြစ်ရေကို မျှသောက်
ဝမ်းမီးတောက်နေတာတွေ ငြိမ်းပါစေ။
ကောက်နေတဲ့ စိတ်တွေဖျောက်
ပျောက်နေတဲ့ လူတွေရှာ
လက်ဝါးကြီးတွေသာ ဘေးဖယ်ထား
လူတန်းစား မခွဲခြား
အတူတူ ခရီးသွား။
အမှားကိုလည်းသိ
အမှန်ကိုလည်းညှိနိုင်မှ
ပြည်ထောင်စုပန်းခိုင်
လှမ်းကိုင်နိုင်မည်။
ဒေါက်တာရေမီးရှား ၂၃.၁၀.၂၀၁၂
Read On 0 comments
*** သူတို့ တွေ ဘယ်မှာလဲ ***
10/27/2012 04:14:00 AM
ကချင်မှာ စစ်တွေဖြစ်လို့ 
ရခိုင် မှာ အိုးအိမ်ပြစ်နေကြရပြီ..........
မီးတောင်မီးလျှံတွေကြား
သက်ကြီးရွယ်အိုတွေပြေးလွှားတာမြင်တော့ 
ရင်မှာ မချိဘူးစိတ်တွေက
ထိန့် လန့် ကာနေမိတယ်..................
တချို့ ကလည်း ပါတီ အမြတ်ထုတ်ဖို့  ကြံ
သတင်းမှန် မမှန် မသိနိုင်ကြဘူး...
ဝမ်းနည်းကြောင်း သ၀ဏ်လွှာပေးယုံလောက်
A4 စာရွတ်နဲ့  ကြေငြာချက်ထုတ်ပြယုံလောက်နဲ့ တော့ 
စစ်ပွဲတွေလည်း မရပ်နိုင်သလို
ရခိုင်အရေးလည်း အမြစ်ပျက်နိုင်မယ်မထင်ဘူး..................
သင်ယူဖူးတဲ့  ငယ်ငယ်က ကလောင်သွားတွေဆိုတာ.............
အရေးကြုံလာရင်ရေးစပ်
တေးထပ်တွေက ဇာတိမာန်ဖြစ်စေတယ်.......
ရေးစပ်တဲ့  သီးချင်းဇာတ်တွေက
စည်းလုံခြင်းအင်းအား
ညီညွှတ်မူ့ တွေကို များစေတယ်..............
ပါးစပ်က မချတဲ့ နိုင်ငံရေး
၂၀၁၅ ထိ ငြိမ်းချမ်းရေးတွေ ဝေးနေရဦးမှာလား......
ဒီကြားထဲ ၃ နှစ်အတွင်း
ပြည်သူတွေရဲ့ စားဝတ်နေရေး
ကလေးတွေရဲ့  ပညာတက်ရေး
ပြေးနေရတဲ့  ဒုက္ခသည်
ကိုယ်ဝန်သည် မိန်းမတွေနဲ့ 
အရာအားလုံးကို လစ်လျူရှု့ 
မေတ္တာတွေ ပြုမပေးနိုင်တာ အံသြတယ်...............
ရခိုင်အရေးမှာ
တချို့  က မသိသလိုနေတယ်
တချို့ ကလည်း မသိပါဘူးဖြေတယ်......
ကချင်အရေးမှာ
တချို့ က မဆိုင်သလိုနေတယ်
တချို့ က နာမည်ပျက်မခံလိုတယ်.............
ဘယ်နေရာ ဆန္ဒပြပြ
ခေါင်းဆောင်ပါဝါ ပြချင်သူတွေလည်း ရခိုင်အရေးမှာ မသိသလိုနေတယ်....
ရှည်ကြာလွန်းတဲ့  ပြည်တွင်းစစ်
ကချင်မှာ စစ်ဖြစ်တော့ လည်း
ရှေးဟောင်းနှောင်းဖြစ်တွေပြော
စာအုပ်တွေထုတ်
ရုပ်ရှင်တွေရိုက်..............
ဒါတွေက ခင်ဗျားတို့ ပြောတဲ့  ခေါင်းဆောင်စရိုက်တဲ့ လား...........ဆိုတာ
လမ်းမှာတခါပဲ ဆုံတွေ့ 
ကြုံတာနဲ့  မေးလိုက်ပါရစေ......................
ငြိမ်းချမ်းရေးဆိုတဲ့  စကားလုံး
လူတိုင်းက သုံးနုန်းကြပေမဲ့ .....
တကယ်တမ်းဆောင်ရွက်နေတာ က ဦးအောင်းမင်း ။
သန်း(၆၀)ကျော်ရဲ့  ဆန္ဒ
တစ်ယောက်တည်း အကောင်အထည်ဖော်ယုံလောက်နဲ့ လုံလောက်တယ်ထင်ရင်
ဝိုင်း မကူညီချင်နေ
မဖေးမ ရင်ထား
ငါ သိ ၊ငါ တက် စကားတွေ သိပ်မများကြရင်ကောင်းမယ်...........။
နိုင်ငံခြားရောက် မြန်မာတစ်ယောက်ရဲ့  လုပ်အားခ
လွယ်လွယ်နဲ့ ရတာ မရှိဘူး...
ကျွန်သာသာ အလုပ်တွေနဲ့ 
မိသားစုတွေကို ပြစ်
အိမ်တွေနဲ့ ခွဲခွာ ကိုယ်ရေးအတွက် ၀မ်းစာရှာနေကြရတာ.....။
မြန်မာနိုင်ငံရဲ့  အရေး
ဒုက္ခတွေ လက်ပိုင်ကြည့် အနေနိုင်သေးတော့ 
ဝမ်းရေးကတဖက်
ပရဟိတကတဖက်
လှူတမ်းနိုင်ဖို့  ငွေ
သူတို့ တွေ ထပ်ပေါင်းရှာရသေးတယ်။
တကယ်သိချင်ပါတယ်......
ကလေးငယ်က အစ
လူကြီးသူမ က အဆုံး ငြိမ်းချမ်းရေး စကားလုံးကို အသွင်သွင် သုံးနေသလောက်.....
ဘယ်မှာလဲ
မြန်မာနိုင်ငံရဲ့  နာမည်ကြီး ခေါင်းဆောင်တွေ
ဘယ်မှာလဲ
မြန်မာကျော်တဲ့  အဆိုတော်တွေ
ဘယ်မှာလဲ
မြန်မာသိတဲ့  စာရေးဆရာတွေ....
ဘယ်မှာလဲ
သတင်းတွေဖွတဲ့  မီဒီယာတွေ...
ဘယ်မှာ လဲ????????
ငြိမ်းချမ်းရေး ဆိုတဲ့  အရသာက
လူတစ်ဦးတစ်ယောက်အတွက်မဟုတ်ဘူးဆိုရင်
သူတို့ တွေ တိတ်တိတ်နေနိုင်တာ ကို အံသြတယ်............
ပုံရိပ်စစ်
Read On 0 comments
*** ကမ္ဘာမြေငြိမ်းချမ်းပါစေ ***
10/26/2012 11:41:00 PM
တစ်လောကလုံးဟာကဗျာဆန်ဆန်လှပနေခဲ့တယ်
နားလည်မှု စာနာမှု ခွင့်လွှတ်မှု သည်းခံမှုဆိုတာတွေဟာ
ကဗျာဆန်တဲ့အလှတရားပေါ့
ကဗျာမြေငြိမ်းချမ်းပါစေ
စစ်ပွဲတွေရပ်ဆိုင်းပါ
ကဗျာဆန်တဲ့အလှတရားတွေနဲ့
ကဗျာဆန်တဲ့ဘဝတွေ
ကဗျာလို မျှတစွာစီးဆင်းဖို့
ကမ္ဘာမြေငြိမ်းချမ်းပါစေ။
----မောင်မင်းစိုး---
ဒီနေရာ က ကူးလာပါတယ် ... ခေါင်းစဉ် မတွေ့လို့ လိုက်ဖက်မယ် ထင်သလိုတပ်ပေးလိုက်ပါတယ် ...
Read On 0 comments
*** ပတ္တမြားရွှေဂူ ***
10/26/2012 09:24:00 AM
ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။ ။
မန်လည်ဆရာတော်
Read On 0 comments
**** သူ့ မှာတမ်း ****
10/26/2012 04:29:00 AM
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း
“အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း”
“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ”
“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့လိုသနည်း”
“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ”
“အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း”
“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ”
ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား။ ။ ။ ။ ။ ။
မင်းသုဝဏ်
Read On 0 comments