မိုဟာမက်ဇနီး၏အမေနှင့် ၄င်း၏အစ်ကို
၂ ဦးသည် မီးလောင်နေအိမ်အတွင်းမှ ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း အသက် ၁၆
နှစ်အရွယ်မောင်ဖြစ်သူက တုံ့ပြန်တိုက်ခိုက်ရန်ကြိုးပမ်း ခဲ့ပါသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်တို့က မောင်ဖြစ်သူကို သေနတ်ဖြင့် ပစ်ရာတွင်မမှန်ခဲ့ကြောင်း၊ မောင်ဖြစ်သူက ရခိုင်နှစ်ေ ယာက် ကိုလက်တုံ့ပြန် သတ်ပစ်ခဲ့ကြောင်း၊ ထို့နောက် ရခိုင်အချို့က ၄င်းကိုဖမ်းဆီးပြီး အပိုင်း ပိုင်း ခုတ်ထစ် ပစ်ခဲ့ကြောင်းနှင့် မိခင်ဖြစ်သူသည် မေ့လဲသွားခဲ့ကြောင်း မိုဟာမက်၏ဇနီး ကပြောကြား ခဲ့ပါသည်။
စစ်သည် ၁ဝဝ ခန့်ပါသည့်ကား ၂
စီးထပ်ရောက်လာပြီး စတင်ပစ်ခတ်ခဲ့ကြောင်း၊ ရခိုင်တို့က တိုက်ခိုက် သကဲ့သို့
မိမိတို့ကလည်း ပြန်လည်တိုက်ခိုက်ကြကြောင်း၊ တိုက်ခိုက်မှုသည်
ဒူအမိုရောင်ရွာ၏ လယ်ကွက် များ အထိဆက်လက်ဖြစ်ပွားခဲ့ပြီး
လယ်ကွက်များတွင်အလောင်းများ၊ သွေးများနှင့်ပြည့်နေခဲ့ကြောင်း မိုဟာမက်
ကပြောကြားခဲ့ပါသည်။
စစ်တွေမြို့ရှိ ဘင်္ဂါလီများ၏
အိမ်များဖျက်ဆီးခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်အတွက် ၄င်းမြို့တွင်
ဆက်လက်နေထိုင်နိုင်ခြင်းမရှိသည့်အခြေအနေသို့ရောက်ရှိသွားခဲ့ပါသည်။ ဘင်္ဂါလီ
တို့သည် ရခိုင်အိမ် များကို ဖျက်ဆီးခဲ့ရုံသာမက ရခိုင်ဒေသတစ်ခုလုံးကို
ဖျက်ဆီးခဲ့သည့်အတွက် တာဝန်ရှိကြောင်း ရခိုင် တို့ကစွပ် စွဲပြောဆိုခဲ့ပါသည်။
မွတ်စလင်များသည်
ကြောက်ပြီးထွက်ပြေးကြောင်း၊ ပစ္စည်းများအားလုံးလှေပေါ်တင်၍ မြစ်ထဲသို့
ရောက်ပြီး ချိန်၌ မိမိအိမ် မိမိမီး ရှို့ကြောင်းနှင့် ကုလားအိမ် များသည်
မကောင်းကြောင်း၊ အစုတ်ပ လုတ် များဖြစ်ေ သာေ ကြာင့် မိမိအိမ်
မိမိမီးရှို့သည့် အချိန်တွင် ရခိုင် အိမ်ကြီးများပါသွား ကြောင်း ဆရာတော်
ဦးနန္ဒော ဘာသ ကပြောကြားခဲ့ပါသည်။ ရခိုင်လူမျိုးတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်
များနှင့် ပူးပေါင်းခဲ့ကြပါသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်တို့က
မိမိတို့၏ အိမ်များနှင့် ဆိုင်များကို မီးရှို့ခဲ့ကြကြောင်း၊ ဆိုင်များကို
ဖျက်ဆီးပြီး တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခဲ့ကြကြောင်း၊
ယောက်ျားလေးများနှင့် မိန်းကလေးများမှာ သေနတ်ဖြင့် ပစ် သတ်ခံ ခဲ့ရကြောင်း၊
အလောင်းများကို ပလတ်စတစ်အိတ် များဖြင့်ပတ်သွားကြ ကြောင်း၊ ၄င်းတို့ အား
တံတားအောက် တွင်မြှုပ်နှံခဲ့ကြကြောင်း ဂျန်နတ်အာရာကပြောကြား ခဲ့ပါသည်။
မိမိတို့သည် တောများ၊ သင်္ချိုင်းများ၊ ပုဇွန်ကန်များစသည့်နေရာတို့တွင် ပုန်းအောင်းနေခဲ့ကြ ကြောင်း မိုဟာမက် ကပြောကြားခဲ့ပါသည်။
ထို့အပြင် လူ ၂ ဦးမှ ၄ ဦးအထိသည်
တံတားတစ်ခုတွင် စခန်းချနေကြောင်း၊ ညဘက်တွင် ခြံစည်းရိုး တစ်ခုမှ တစ်ဆင့်
၎င်းတို့ကိုစောင့်ကြည့်ခဲ့ကြောင်း၊ စစ်ဘက်နှင့်ရဲတပ်ဖွဲ့ဝင်များသည် ထရပ်ကား
ပေါ်မှ အလောင်းများကိုချ၍ မြှုပ်နှံခဲ့ကြကြောင်း
မိုဟာမက်ကပြောကြားခဲ့ပါသည်။ တံတားအနီး ရွှံ့ပျော့ ထဲတွင်
မြှုပ်နှံခဲ့ကြခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်းလူသေ ၁ဝဝ ခန့်ရှိကြောင်း
မိုဟာမက်က ပြောကြား ခဲ့ပါသည်။
စစ်တွေမြို့ပြင် ပင်လယ်ကမ်းခြေရှိ
ဘင်္ဂါလီရွာတစ်ရွာကိုသွားခဲ့ပြီး မိုဟာမက်က မိမိတို့အနေဖြင့် ဘင်္ဂလားေ ဒ့ရှ်
ကိုပြန်သင့်ကြောင်း ပြောကြားခဲ့ပါသည်။
ဦးလေးရောက်လာပြီး
လူတိုင်းသတ်ဖြတ်မီးရှို့ခံနေရသည့်အတွက် အတူထွက်ပြေးရန် ပြောကြားခဲ့ ကြောင်း၊
မိခင်ဖြစ် သူကငြင်းပယ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးလေးများ မည်ကဲ့သို့
ကိုယ်လက် အင်္ဂါများဖြတ် တောက်ခံ ရကြောင်း၊ အစ်ကိုများမည်ကဲ့သို့
မီးရှို့သတ်ဖြတ်ခံရကြောင်းနှင့် ပတ်သက်ပြီး မိခင်ဖြစ် သူကိုပြော
ပခဲ့ကြောင်း၊ အဆိုပါသတင်းကြားသည့်အတွက် မိခင်ဖြစ်သူမှာ ရုတ်တရတ်
မူးမေ့သတိလစ် သွားကြောင်း ဘင်္ဂါလီ မိန်းကလေးတစ်ဦးကပြောကြားခဲ့ပါသည်။
ခင်ပွန်းဖြစ်သူသေဆုံးပြီဟုထင်ခဲ့သော်လည်း
အသက်ရှင်နေသေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူး တင် ပါကြောင်း၊
မိမိတို့၏လှေဆီသို့အပြေးအလွှားရောက်လာကြောင်းနှင့် ၄င်း၏အနေအထား မှာစိတ်
ခြောက်ခြားေ နသည့် အနေအထားတွင်ရှိနေကြောင်း မိုဟာမက်၏ ဇနီးကထုတ်ဖော်
ပြောကြား ခဲ့ပါသည်။
မိမိအစ်ကိုနှစ်ဦးသေ
ဆုံးသွားပြီဟုသတင်းကြားကြောင်း၊ ဝမ်းကွဲအစ်ကို သုံးယောက်နှင့် ယောက်ဖ
နှစ်ယောက် လည်း သေဆုံးသွားပြီ ဟုကြားသိရကြောင်း၊ ဇနီးနှင့်ကလေးများ
အသက်ရှင် လျက်ရှိ နေဦးမည် ဟုမျှော်လင့်ခဲ့ကြောင်း၊ ၄င်းတို့နှင့်ပတ်သက်၍
အိမ်နီးချင်းများကိုမေးကြည့် ကြောင်း၊ ဇနီးနှင့်က လေးများ ကို
အစ်ကိုအကြီးဆုံးက Bogaddia သို့ခေါ်သွားသည်ဟုကြားသိခဲ့ရ ကြောင်း မိုဟာမက်က
ပြောကြားခဲ့ပါသည်။
ကုလားများသည်
လှေဖြင့်သာထွက်ပြေးကြောင်း၊ ၄င်းနောက်ကို ရခိုင်များကစက်လှေ
ကြီးကြီးတစ်စီး၊ နှစ်စီးဖြင့် လိုက်ပြီးသတ်လျှင်ရကြောင်း၊ ကုလားများ
သေမည်ဖြစ်ကြောင်း၊ သို့သော်ရခိုင်များက မလုပ်ေ ကြာင်း ဆ
ရာတော်ဦးနန္ဒောဘာသကပြောကြားခဲ့ပါသည်။
ဟာမီဂျမီးသည် ၄င်းအိမ်မှာရှိစဉ် နစကအဖွဲ့များ ဇွန်လ ၇ ရက်နေ့တွင်ရောက်ရှိလာပြီး အိမ်ကို ဖျက်ဆီးခဲ့ပါသည်။
နေ့လည် ၂ နာရီခန့်တွင် နစကတို့က
ဓာတ်ဆီရှိ၊ မရှိမေးကြောင်း၊ သို့ရာတွင်မည်သည့် အရာမျှ မပေးလိုက်ကြောင်း၊
မိမိအားအိမ်ရှေ့ခပ်လှမ်းလှမ်းသို့ခေါ်ထုတ်သွားကြောင်း၊ မိမိကျောကို သေနတ်
ဒင် နှင့် ထုကြောင်း၊ ထို့နောက် နစကစခန်းသို့ခေါ်သွားကြောင်း၊
ခြေထောက်များကို ကြိုးတုပ်ထားပြီး အချက်ပေါင်းများစွာအရိုက်ခံခဲ့ရကြောင်း၊
နေမဝင်မီလွတ်မြောက်ရန်ကြံစည် ခဲ့ကြောင်းနှင့် အိမ်သို့
တွားသွားပြီးပြန်လာခဲ့ရကြောင်း ဟာမီဂျမီးကပြောကြားခဲ့ပါသည်။
မောင်တောမြို့ရှိ ဂျန်နတ်အာရာအား
မောင်တောဆေးရုံသို့ လိုက်လံပို့ဆောင်စဉ် ဗုဒ္ဓဘာသာဝင် အများ စုနှင့်
ရဲတပ်ဖွဲ့များက မောင်တောဆေးရုံကို တိုက်ခိုက်လျက်ရှိသောကြောင့်
သူမ၏ဆွေမျိုး များက သူမကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ကော့ဘဇားမြို့သို့ပို့ဆောင်ပေးခဲ့ပါသည်။
ဆွေမျိုးများကဆေးရုံသို့ပို့ပေးကြောင်း၊
နစကနှင့်ရခိုင်လူမျိုးတို့က ဆေးရုံကိုတိုက်ခိုက် ချိန်တွင် အစ်ကိုဖြစ်
သူများနှင့်အခြားသူများက လှေပေါ်တင်ပြီး ဘင်္ဂလားဒေ့ရှ်အထိမြစ်ကိုဖြတ်ပြီး အကူ
အညီပေး ခဲ့ကြောင်းနှင့် ထမ်းစင်ဖြင့် သယ်ကာ
ကော့ပဇားထိရောက်အောင်ပို့ဆောင်ပေးခဲ့ ကြောင်း ဂျန်နတ် အာရာ ကပြောကြား
ခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏
တောင်ဘက်အကျဆုံးနေရာကို နတ်မြစ်က နယ်နိမိတ်မျဉ်းအဖြစ် ပိုင်းခြား
ထားရှိပြီး နစက ဌာနချုပ်သည်
နတ်မြစ်၏မြစ်ကမ်းပါးတွင်တည်ရှိပါသည်။အဆိုပါကာလအတွင်းမှာ ထောင်ပေါင်း များ
စွာသော ဒုက္ခသည်များသည် နတ်မြစ်ကို ဖြတ်၍ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်
လာခဲ့ပြီး အများစု မှာည ဘက်တွင် ဖြတ်ကူးလေ့ရှိပါသည်။
ဒုက္ခသည်များသည် နစကအဖွဲ့များကို
ရှောင်ရှား၍ဝင်ရောက်လာခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့
ပြန်လည်စေလွှတ်ခြင်းခံခဲ့ရပါသည်။ လူမှောင်ခိုသမားများသည်လည်း
ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့် တပ်ဖွဲ့ တို့ကို ရှောင်ရှားခဲ့ကြသည်။
ဒုက္ခသည် များသည် ပင်လယ်
ထဲမျောနေခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကမ်းခြေဘက်ရောက်သည့် အခါတွင် လည်း ဘင်္ဂ
လားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ၄င်းတို့အားဖမ်းဆီးခဲ့ပါသည်။
မိမိတို့ရွာ
တစ်ရွာကိုရောက်လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့က
စိုစွတ်သည့် မြေပေါ်တွင် ထိုင်ခိုင်းကြောင်း၊ ထို့နောက် ဒီဘက်ကမ်းကို
ဘယ်သူလာခိုင်းသလဲ၊ မင်းက အသုံးမကျ တဲ့ဗမာလား ဟုမေးပြီး လှေပေါ်ပြန်
တင်ပေးခဲ့ကြောင်း၊ မိမိတို့ Zinara ဒေသသို့ ရောက်ရှိပြီးနောက် တစ်ဘက်ကမ်း
သို့ပြန်ပို့ခံရကြောင်း၊ ထိုကဲ့သို့ အပြန်အလှန်ပြန်ပို့ခံနေရသည့် အတွက်
ပင်လယ်ထဲတွင် ၄ ရက်ကြာေ မျာနေခဲ့ကြောင်း မိုဟာမက်၏ဇနီးကပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်တွင်
ကာဖျူးအမိန့်ထုတ်ပြန်ပြီးသည့်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သံသယ
ရှိသော မွတ်စလင် ဘင်္ဂါလီလူငယ်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက
မိမိအားဆွဲခေါ်သွားပြီး ဇနီးဖြစ်သူကို ခြေထောက်နှင့်ကန် ကြောင်း၊ လက်
နှစ်ဖက် ကိုကျောနောက်တွင်ထားပြီး ချည်နှောင်ကြောင်း၊ သေနတ်သမားများက
၎င်းတို့၏သေနတ်ဖြင့် ဦးခေါင်း ကိုချိန်ထားပြီး
အချက်ပေါင်းများစွာရိုက်ကြောင်း၊ ကလေး ၂ ယောက်ကလည်းငိုနေကြောင်း၊ ထို့နောက်
အိမ်အပြင်ထုတ်ပြီးထပ်ရိုက်ကြောင်း၊ အခြားသူ များလည်း အရိုက်ခံရ သည်ကိုတွေ့
ခဲ့ရကြောင်း၊ ၄င်းတို့ အားလုံးကို မောင်တောရဲစခန်းကတစ်ညလုံး
ဖမ်းထားခဲ့ကြောင်း အီမန်မာဟုက ပြောကြားခဲ့ ပါသည်။
ဇဟီအာလန်နှင့်၎င်း၏မိသားစုသည်
အိမ်တွင်ရှိနေပြီး ၄င်းတို့သားနှင့်အဆက်အသွယ်ရရန် စိုးရိမ် စိတ်များ
စွာနဲ့စောင့်ဆိုင်းနေခဲ့စဉ်မှာပင် ၄င်း၏သားနှင့်အလုပ်အတူလုပ်ကိုင်သူ
သူငယ်ချင်း ထံမှ တယ်လီဖုန်း သတင်းရရှိခဲ့ကြောင်း၊
ရခိုင်များဝိုင်းရံထားခြင်းကိုခံနေရသည်ဟု သားဖြစ်သူက မက်ဆေ့စ်
ပို့လာကြောင်း၊ အိမ်များ လည်းမီးရှို့ခံရကြောင်း၊
မည်သို့အသက်ရှင်ရမည်ကိုမသိရှိပါ ကြောင်း၊ မျှော်လင့်ချက် မရှိတော့
ပါကြောင်း၊ မိမိအားခွင့်လွှတ်ရန်တောင်းပန်ကြောင်းနှင့် ဆုတောင်း မေတ္တာ
ပို့သပေးရန် တောင်းဆိုကြောင်း ဇဟီအာလန်ကပြောကြားခဲ့ပါသည်။
အဖမ်းခံရစဉ်က သေနတ်နဲ့ထု၊
ဗိုက်ကိုထိုးနှက်မှုများကြောင့် ယခုချိန်ထိ၎င်းနေရာတွေက နာနေ ဆဲဖြစ်ေ
ကြာင်း၊ ၄င်းတို့တွင် ကြင်နာသနားစိတ်မရှိကြကြောင်း၊ မိမိတို့
မည်မျှအထိညှင်းပန်း နှိပ်စက်ခံ ခဲ့ရသည် ကို ဘုရား သခင်သာသိကြောင်း
အီမန်မာဟုကပြောကြားခဲ့ပါသည်။
ဟာမီဂျမီးသည်
ဒဏ်ရာများပြင်းထန်သည့်အတွက် အိမ်သူအိမ်သားများနှင့် အိမ်နီးချင်းများက
ပြုစုနေရ ဆဲဖြစ်ပါသည်။ ဇွန်လ ၁၁ ရက်နေ့ညနေတွင် နစကနှင့် ရဲတပ်ဖွဲ့
ဝင်များရောက်လာခဲ့ပါသည်။
အစိုးရ တပ်ဖွဲ့များဝိုင်းထားစဉ်က
ရပ်မိရပ်ဖများကိုဖမ်းဆီးသွားကြောင်း၊ ရွာသားများက ထွက်ပြေး ကုန်ကြောင်း၊
ဖမ်းမိကောင်းဖမ်းမိနိုင်ကြောင်း၊ အစိုးရတပ်ဖွဲ့ဝင်များက ဆက်တိုက်
ပစ်ခတ်ခဲ့ကြောင်း ဟာမီဂျမီး ကပြောကြားခဲ့ပါသည်။
ကလေးငယ်များက
ချောင်းငယ်များအတွင်းသို့ သူတို့၏ဖခင်များနှင့်အတူလိုက်ပါ
ပုန်းအောင်းကြကြောင်း၊ အချို့ ပစ်သတ်ခံခဲ့ရကြောင်း၊
အချို့ကချောင်းကိုဖြတ်ကူးပြေးကြကြောင်း၊ ပစ်သတ်ခံရသူများ ရေပေါ်မှာ
တွင်မျောပါနေကြကြောင်း၊ ကလေး ၂၅ ယောက်ခန့်ရေနစ်ခဲ့ ကြောင်း၊
စစ်တပ်ပြန်သွားပြီးနောက် ရွာသား များက သေဆုံးသူများ၏အလောင်း တွေကိုပြန်လည်
သယ်ယူသွားခဲ့ကြကြောင်း၊ အချို့ မှာချောင်း ထဲမှာ ပင် ပဲရှိနေဆဲဖြစ်ပြီး
ငါးဖမ်းပိုက်များအသုံးပြု ဆယ်ယူရကြောင်း၊ လူ ၃၅ ဦးသေ ဆုံးကြောင်းနှင့်
၎င်းသေ ဆုံးသူများအား ညအချိန်တွင် တိတ်တဆိတ်မြှုပ်နှံခဲ့ကြကြောင်း
ဟာမီဂျမီးကပြောကြားခဲ့ပါသည်။
ရဲစခန်းထဲတွင် သေဆုံးသူ ၆
ဦးထိရှိကြောင်း၊ ၄င်းတို့ကိုအိတ်များတွင်ထုပ်ပိုးပြီး သယ်ထုတ် သွားကာ
လွှင့်ပစ် ထားခဲ့ကြကြောင်း၊ အချက်ပေါင်း များစွာ အရိုက်ခံရပြီး အရိုးကျိုး၊
ခေါင်းကွဲဖြစ် ခဲ့ကြကြောင်း အီမန်မာဟု ကပြောကြားခဲ့ပါသည်။
နေရာတိုင်းမှာ
တိုက်ခိုက်မှုတွေရှိတဲ့အတွက် ဘင်္ဂါလီဒုက္ခသည်များမှာ လွတ်လပ်စွာ
နေထိုင်၍မရကြောင်း ကုလား လူမျိုးတစ်ဦးက ဗဲူဖေနနမေ
သတင်းဌာနသို့ပြောကြားခဲ့သည်။
သေဆုံးသူများ၏အလောင်းကို
ညဘက်တွင်တိတ်တဆိတ်စွန့်ပစ်ခဲ့ကြကြောင်း၊ သေဆုံး သူများအကြားတွင်
ဆွေမျိုးများ ပါလာနိုင်သည့်အတွက် သင်္ချိုင်းကိုသွားကြည့်ကြောင်း၊ သေဆုံးသူ
များမှာ မိတ်ဆွေ များဖြစ်ေ နကြောင်း၊ သေဆုံးသူအားလုံးအား
အစုလိုက်အပြုံလိုက်မြေမြှုပ် ပေးခဲ့ကြောင်း ဟာမီဂျမီး ကပြောကြား ခဲ့ပါသည်။
အယလ်ဂျာဇီးရား ရုပ်သံသတင်းထောက်သည်
ဇွန်လတွင် အဓိကရုဏ်းဖြစ်ပြီးနောက် စစ်တွေမြို့ပြင်ရှိ ကယ် ဆယ်ရေး
စခန်းသို့ရောက်ရှိခဲ့သော်လည်း လှုပ်ရှားသွားလာမှုကို ကန့်သတ်ထားပါသည်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ဒုက္ခသည်စခန်း
များရှိပါသည်။စစ်တွေမြို့အနီးရွာများရှိ ဘင်္ဂါလီများသည်
အနီးအနားမှလမ်းမပေါ်သို့ပင်ထွက်ခွင့်မရှိကြပါ။ ယောက်ျားများမှာ
အလုပ်လုပ်ခွင့်မရှိဘဲ အမျိုးသမီး များမှာ လည်း ဈေးဝယ်ခွ င့်မရရှိကြပါ။
မည်သည့်နေရာမှ သွား၍မရကြောင်း၊
သွားသည့် အချိန်တွင် သတ်ပုတ်၊ ရိုက်နှက်ပြီး ရဲစခန်း ကိုပို့ကြောင်း၊
ဘာမှလုပ်၍ မရကြောင်း၊ ယခုအချိန်တွင် အစားအစာနှင့် အလုပ်မရှိကြောင်း၊ တစ်လ
တစ်ကြိမ်၊ ၁၅ ရက်တစ်ကြိမ်ခန့် ဆန်ခွဲဝေပေးကြောင်းနှင့် ဆန်မလောက်၍ ၂ ရက် ၃
ရက် မျှမစားဘဲနေရကြောင်း ဒုက္ခသည်များ ကပြောကြားခဲ့ကြပါသည်။
စစ်တွေမြို့တွင်
အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီများသာကျန်ရှိပြီး ၄င်းတို့၏အိမ်များကို
စွန့်ခွာ မသွားနိုင်သလို အနာဂတ်မှာလည်း မသေချာမရေရာဖြစ်နေပါသည်။
အောင်ဝင်းသည် စစ်တွေမြို့ မှာမွေးဖွားပြီး ကြီးပြင်းခဲ့သူဖြစ်ပါသည်။
မိမိတို့သည်
မြန်မာပြည်ဖွားများဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ
ရွှေ့ပြောင်းလုပ်သားများ မဟုတ်ြ ကကြောင်း၊ သွားစရာနေရာမရှိကြောင်း၊
ဤမြေမှာပင်သေရန်အသင့်ရှိကြောင်း အောင်ဝင်း ကပြောကြားခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။