၁၈၄၅ ခု နှစ်မှာ စတင် ထုတ်ဝေခဲ့တဲ့ စထရိတ်တိုင်း သတင်းစာဟာ ဒေသ တွင်းရှိ ခေါင်းဆောင်များမှ တစ်နှစ် တစ်ဦး ရွေးချယ်ပြီး ဒီ ဆုပေးခဲ့ပါတယ်။ ဆုပေးရာမှာ သူ့နိုင်ငံအတွင်း ( သို့ ) အာစီယံ ဒေသ အတွင်း သူတို့ရဲ့ အကျိုးပြုလုပ်ငန်းတွေကို ကြည့်ပြီး ပေးတယ်လို့ သိရပါတယ်။
စစ်တပ်အစိုးရမှ အရပ်သား အစိုးရအသွင်ကူးပြောင်းခြင်း၊ ဒီမိုကရေစီစနစ် စတင်ကျင့်သုံးခြင်း၊ တံခါးဖွင့် စီးပွားရေး စနစ်ကို စတင်ကျင့်သုံးပြီး အနောက်နိုင်ငံတို့ ပိတ်ထားခဲသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးနိုင်ခြင်း၊ နိုဘယ်လ် ဆုရုရှင် ဒီမိုကရေစီ မိခင် ဒေါ်အောင်ဆန်းစု ကြည်ကို ပါလီမန်ထဲ ဝင်လာအောင် ဆွေးနွေး စည်းရုံးနိုင်ခြင်း စသော သူ၏ ရဲဝံ့ ပြောင်မြောက်သော စွမ်းဆောင်ချက်များကြောင့် စထရိတ်တိုင်း သ တင်းစာ အယ်ဒီတာများအဖွဲ့က ၂၀၁၂ ခု အတွက် " Asian of the Tear " ဆုကို မြန်မာ သမ္မတကြီး ဦးသိန်းစိန်အား ချီးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ယနေ့ ထုတ် စထရိတ်တိုင်း သတင်းစာအရ သိရပါသည်။
Ravi Velloor
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။