ဆောင်းကာလကား အေးမြမြ ချမ်းစိမ့်လျက်…။
မည်မျှပင် တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်နေသည် ဆိုစေကာမူ သိုင်းလောကသားများမှာ ပုံမှန်အတိုင်း စားသောက်ဆိုင်များတွင် စည်ကားစွာ ၀င်ထွက်စားသောက်လျက် ရှိနေကြသည်။ သတင်းနည်းပ ညာခေ တ် တွင် အင်ဖော်မေးရှင်းအစုံဆုံးနေရာသည် ဇူကာဘတ်၏ ဖေ့ဘုတ်စားသောက်ဆိုင်ကဲ့သို့ နေရာမျိုးပင် မဟုတ်ပါလား။
လက်ပတောင်းတောင် သိုင်းလောကအရေးအခင်း၊
ဝမ်ပေါင်းဂိုဏ်း၏ ၀င်ရောက်စွက်ဖက် ကလိမ်ကျမှု၊ ဦးပိုင်၏ လုပ်ရပ်ကြောင့်
ဝူတန်းဂိုဏ်း၏ အကြပ်အတည်း၊ ရှောင်လင်ဂိုဏ်း၏ ထိခိုက်နစ်နာမှု၊
ဝူတန်း ဂိုဏ်း ချုပ်အား စိမ်ခေါ်သည့် အညတရ လူဝင်စား သိုင်းလုလင်၊
အဖြူရောင်သိုင်းလောက အကွဲအပြဲစသည့် သ တင်းများမှာ လက်ရှိအချိန်တွင်
သိုင်းလောကအတွင်း လူပြောများနေသည့် ရေပန်းအစားဆုံး သတင်း များဖြစ် ကြသည်။
သို့သော် လက်ပတောင်းသိုင်းသရဖူလုပွဲ မတိုင်မှီ ဓားချင်းခုတ်သံ၊
ရဲရဲတောက် မာန် သွင်းသံ၊ လက်နက်ပုန်းပစ်ခတ်သံ၊ အငြင်းအခုန်ဖြစ်သံများကြားထဲမှ
ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းပြီး ၀မ်း နည်းကြေကွဲစရာ နိဂုံးချုပ်ခဲ့ရသည့်
ချစ်ဇာတ်လမ်းလေးတစ်ခုအား သိုင်းလောကစောင့်ကြည့်လေ့လာသူ Expert များအပါအ၀င် သိုင်းလောကမီဒီယာများ၊ ရိုးရိုးသိုင်းလောကသမားများ မည်သူမျှ မ သိရှိလိုက်ကြချေ။
*******************************************
တောတန်းကို ဖြတ်သန်းလျှက် အနက်ရောင် အရိပ်တစ်ခု
လျှင်မြန်စွာရွေ့လျားနေသည်။ ကိုယ်ဖော့ပညာ ထိပ်တန်းအဆင့်ရှိကြောင့်
ထိုလူရိပ်ဖြတ်သန်းရာ ဘေးတဖက်တချက်ရှိ သစ်ပင်များ လှုပ်ရှားမှုလုံးဝ မရှိခြင်းက
သက်သေခံနေသည်။ အဆိုပါအရိပ်သည် လျှင်မြန်စွာရွေ့လျားနေရာမှ ရုတ်တရက်
တုန့်ခနဲ ရပ်သွားသည်။ သာယာငြိမ့်ညောင်းလှသည့် ပုလွေသံသည် ပတ်ဝန်းကျင်တွင်
ကြည်နူးဖွယ် ပျံ့လွင့် လျှက်ရှိသည်။ အနက်ရောင်အရိပ်သည် ထိုပုလွေရှင်၏
ဂီတတွင် တဒင်္ဂနစ်မျှောသွားဟန်တူ သည် ။ ယောင်္ကျားပီသပြီး ခက်ထန်ကြမ်းတမ်းသည့်
အသွင်သဏ္ဍာန်ရှိသည့် သိုင်းသမားတစ်ဦး။ ၎င်း၏ လက်မောင်းပေါ်မှ
တံဆိပ်ကိုကြည့်ခြင်းဖြင့် ၀ူတန်းဂိုဏ်းဝင်တစ်ဦးဖြစ်ကြောင်း
သိနိုင်သကဲ့သို့ ပုခုံးပေါ် ရှိအပွင့်တို့သည်လည်း သာမန်ဂိုဏ်းသားမဟုတ်ကြောင်း
သက်သေပြလျက်ရှိသည်။
“ပလေတို ဒီမို”
ဝူတန်းဂိုဏ်း၏
ထိပ်တန်းသိုင်းသမားတစ်ဦး။ သိုင်းလောကအတွင်း သူ့နာမည်မှာထင်ရှားလှသည်။
ပလေတိုသည် ပုလွေသံတွင် ခဏနစ်မြောနေရာမှ သတိဝင်လာပြီး
ပုလွေသံထွက်ပေါ်ရာနေရာသို့ ကိုယ်ဖော့ပညာဖြင့် တိတ်တဆိတ်ချဉ်းကပ်သွားသည်။
လေပြေလေညှင်းများ၏ တိုးဝှေ့မှုကြောင့် ပုလွေရှင် ၏ မဟူရာရောင် ဆံနွယ်များက
တလွင့်လွင့်။ ၀ါညှက်သော အသားအရေ၊ နီစွေးသောနှု တ် ခမ်းငုံ ၊ ကျော့ရှင်းသော
ခန္ဓာကိုယ်၊ မြင်သူငေးအောင် လှပလွန်းသည့် မျက်နှာ.. ပုလွေရှင်ကား
ကျေးတော သူဝတ်စုံကို ဆင်မြန်းထားသည့် မိန်းမချောလေးတစ်ဦးပင်။ သူမသည်
ကျေးတောသူတစ်ဦးအသွင်ဖြင့် သိုင်းလောကအတွင်း လှည့်လည်သွားလာနေသည့်
အော်မေ့ဂိုဏ်း၏ သိုင်းအလှမယ် ခွန်ဒီးယမ်ဖြစ် သည်ကို လူကြမ်းကြီး ပလေတိုဒီမို
လုံးဝရိပ်စားမိခြင်း မရှိချေ။ ခွန်ဒီးယမ်၏ အလှတွင် ပလေတိုတစ်ေ ယာက်
အရူးအမူးကျဆုံးသွားလေပြီဖြစ်သည်။ တိုက်ပွဲများကြားတွင် အိပ်မောကျနေခဲ့သည့်
လူကြမ်းကြီး၏ နှလုံးသားနိုးထလာလေပြီ။ ရင်ခုန်သံတို့ကား ထိန်းမနိုင်သိမ်းမရ
ဗြောင်းဆန်လျှက်။ သူမ သူ့ကိုမြင်လျှင်ကြောက်လန့်သွားမည် စိုးသဖြင့်
ပလေတိုတစ်ယောက် ပါလာသောလက်နက်များနှင့် ၀ူတန်းဂိုဏ်းအဆောင်အယောင်တို့ကို
အနီးရှိချုံပုတ်ထဲ ၀ှက်ထားလိုက်ပြီး ပုလွေရှင်မိန်းမပျိုရှိရာ
အသာ အယာချဉ်းကပ်သွားသည်။
“အို”
ပလေတိုကို မိန်းမပျိုမြင်သည်နှင့် ပုလွေသံရုတ်ချည်းရပ်သွားပြီး အာမေဋိတ်သံလေးထွက်ပေါ်လာသည်။
“ရှင်..ရှင် ဘယ်သူလဲ”
“ကိုယ့်နာမည် ပလေတိုဒီမိုပါ မိန်းခလေး မိန်းခလေးရဲ့ ပုလွေသံရယ် ပြီးတော့
မိန်းခလေးရဲ့ တုနှိုင်းလို့ မ ရနိုင်တဲ့ အလှကြောင့် ကိုယ်ဒီနေရာကို
ရောက်လာရတာပါ”
ပလေတို၏ အဖြေကို မိန်းမပျို သဘောကျသွားပုံရသည်။ ဟက်ဟက်ပက်ပက် ပြုံးလိုက်ပြီး..
“ရှင်က စကားပြောကောင်းသားပဲ ကျွန်မနာမည် ခွန်ဒီးယမ်ပါ ကျေးတောသူလေးဆိုပါတော့”
“တွေ့တွေ့ချင်း ဒီစကားပြောရတာ ရိုင်းမှန်းသိပါတယ် ဒါပေမယ့် မိန်းခလေးကို
မြင်မြင်ချင်း ကိုယ့် ရင်ခုန်သံတွေ ထိန်းချုပ်လို့မရတော့ဘူး
မင်းကိုအရမ်းချစ်မိသွားပြီ ကိုယ့်ကိုလက်ခံပေးပါလား ခွန်ဒီးယမ်ရယ်”
မိန်းမပျို အံ့သြသင့်သွားပြီး မျက်နှာတချက်တည်သွားသည်။ ထို့နောက် နှစ်လိုဖွယ်ပြုံးလိုက်ပြီး..
“ကျွန်မက သာမန်ကျေးတောသူပါရှင်ရယ် ရှင်တို့အဆင့်အတန်းနဲ့ မထိုက်တန်ပါဘူး”
“အချစ်မှာ အဆင့်အတန်းတွေ၊ ပကာသနတွေမရှိဘူး ဒီးယမ် ကိုယ့်ကိုယုံကြည်ပေးပါနော်”
“ဒါဆိုရင် ကျွန်မတို့ အလောင်းအစားတစ်ခု လုပ်ရအောင်လေ ကျွန်မရဲ့
သိုင်းကွက်သုံးကွက်ကို ရှင်ခုခံနိုင် ရင် ရှင်လိုချင်တဲ့အဖြေ ကျွန်မပေးမယ်
ဘယ်လိုလဲ”
ပလေတို အံ့သြသင့်သွားသည်။ ကျေးတောသူလေးက သူ့လို
သိုင်းလောကထိပ်သီးတစ်ဦးကို စိမ်ခေါ် လာလေပြီ။ သဘောကျစွာ ဟက်ဟက်ပက်ပက်
ရယ်မောလိုက်ပြီး..
“ဟားဟားဟား ကြိုက်သွားပြီ ကိုယ့်ချစ်သူလောင်းလေးရဲ့ စိမ်ခေါ်မှုကို ၀မ်းပန်းတသာ လက်ခံပါတယ်ဗျာ ကဲ စလိုက်ရအောင်”
“သတိထားနော် အစ်ကို”
သတိပေးသံအဆုံးမှာ ခွန်ဒီးယမ်၏ ခန္ဓကိုယ်လေး ပလေတိုရှိရာသို့
မြှားတစ်စင်းနှယ် အရှိန်ပြင်းစွာ ၀င်ေ ရာက်လာသည်။ ပလေတို
မျက်ခုံးတချက်ပင့်သွားပြီး ချက်ချင်းနောက်ဂျွန်း ပစ်ချလိုက်ရသည်။ ပလေ တို
မြေကြီးပေါ်သို့ ပြန်အရောက်တွင် မိန်းမပျိုက ဒုတိယသိုင်းကွက်ဖြင့်
ခြေေ ထာက်ကို ဖြတ် ကန်လိုက် သည်။ ဤတစ်ကြိမ်တွင် ပလေတိုရှောင်ချိန်မရတော့ပေ။
အတွင်းအားထုတ်ပြီး လက်ဖြင့်ကာလိုက်ရသည်။ တတိယသိုင်းကွက်ကား
အလွန်ပြင်းထန်လှသည်။ ခွန်ဒီးယမ်၏ လက်ချောင်းများ ပလေတို၏ပေါင်ကြားသို့
တရစပ်ဝင်လာသည်။ ပလေတို ခန္ဓာကိုယ်ကို ဘေးသို့ယိမ်းလိုက်ပြီး မိန်းမပျို၏
လက်ကိုဖမ်းဆွဲလိုက်ရာ အိစက်သော ကိုယ်လုံးလေးသည် ပလေတို၏ရင်ခွင်တွင်းသို့
ဝင်ရောက်သွားလေတော့သည်။
“ကဲ ကိုယ့်ကိုပြန်ချစ်တော့နော် ဒီးယမ်”
မိန်းမပျိုက ရှက်သွေးလျှမ်းသောမျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
လူကြမ်းကြီး ပလေတိုဒီမို၏ ၀မ်း သာအားရ ရယ်မောသံက တောတန်းတစ်ခုလုံး
ပျံ့လွင့်သွားလေတော့သည်။
****************************************
လက်ပတောင်းတောင် သိုင်းသရဖူလုပွဲ အကြမ်းဖက်မှု၏ နောက်ဆက်တွဲအဖြစ်
ဝူတန်းဂိုဏ်းနှ င့် အော်ေ မ့ဂိုဏ်းကြား တင်းမာမှုမှာ ပြင်းထန်လာခဲ့သည်။
ဝူတန်းဂိုဏ်း၏ ကြေငြာချက်အား ခါးခါးသီးသီး ကန့် ကွက်ခဲ့သည့် အော်မေ့ဂိုဏ်းမှ
နာမည်ကြီးသိုင်းသမား ဖြတ်ဖောက်ချုပ် ကုန်းကုန်း ဒီမို ဖက်တီးအား
ဝူ တန်းဂိုဏ်းမှ ပလေတိုဒီမိုမှ နှစ်ယောက်ချင်းတိုက်ခိုက်ရန်
စိမ်ခေါ်လိုက်သည်။ (သိုင်းလောက စိမ်ခေါ်သံ ပထမပိုင်းတွင် ရှု)
သိုင်းလောကတစ်ခုလုံးက ဂိုဏ်းချင်းရန်ငြိုးရန်စကြောင့် ယခုကဲ့သို့
စိမ်ခေါ်ခြင်းဖြစ် သည်ဟု ထင်မှတ်နေကြသည်။ သို့သော် စိမ်ခေါ်သူနှင့်
စိမ်ခေါ်ခံရသူကြားထဲမှ ပြဿနာသည် ၀ူတန်းနှင့်ေ အ်ာမေ့ ဂိုဏ်း၏
ရန်ငြိုးထက်ပိုမိုနက်ရှိုင်းနေသည်ကို သိုင်းလောက၏ ပညာရှိသုခမိန်
ကွန်ဖြူးရှပ် ဘွရှင် မှလွဲ၍ မည်သူမျှ မသိရှိကြချေ။ အာဃာတ၏ နိဒါန်းကား
ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသလောက် အဆုံးသတ်ကား အရုပ်ဆိုး အကျည်းတန်လှချေသည်။
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်း မှ ကွေကွင်းေ နာက်ဆုံး မုန်းကြလေပြီတကား…။
*********************************************
လွန်ခဲ့သည့် လအနည်းငယ်အချိန်ကာလက ပလေတိုဒီမိုတစ်ယောက် ၀ူတန်းဂိုဏ်း၏
တာဝန်ပေး အပ် မှုကြောင့် သိုင်းလောကအတွင်း လှည့်လည်သွားလာရင်း
ကျေးတောသူလေးအဖြစ် သူသိရှိထားသည့် ခွန်ဒီးယမ်နှင့်မေတ္တာမျှခဲ့ကြသည်။
တာဝန်ဝတ္တရားများ ပြီးဆုံးသည့်တစ်နေ့ ချစ်သူနှင့် ရွှေလက်တွဲကာ
သိုင်းလောက၏ထင်ပေါ်ကျော်ကြားမှုများကို စွန့်လွှတ်ပြီး
သာမန်အရပ်သားတစ်ဦးအဖြစ် အခြေချရ န် မျှော် လင့်ထားသည်။ ချစ်သူအား
သိုင်းလောကအရှုပ်အထွေးကြားတွင် စိတ်မညစ်စေလိုပေ။ ချစ်သူ အကြောင်းတွေးတောရင်း
ကြည်နူးစွာ လမ်းလျှောက်နေသည့် ပလေတို၏ မြင်ကွင်းတွင် ကိုယ်ဖော့ပ ညာဖြင့်
ပြေးလွှားနေသော လူနှစ်ဦး ရုတ်တရက်ပေါ်လာသည်။
“အုတ်ခဲ မပြေးနဲ့နော် နင် ငါ့လက်က ဘယ်တော့မှ မလွတ်စေရဘူး”
“ပြေးတယ် လွတ်အောင်ကိုပြေးမှာ နင့်လိုအစိုမဟုတ်၊ အခြောက်မဟုတ်လက်ထဲ ငါ့ဘ၀အဆုံးမ ခံနိုင် ဘူး ပြေးမှာပဲ ငါ့ကိုမတားနဲ့”
“သေချင်းဆိုး ခုမှအဲလိုစကား နင့်ပါးစပ်ကထွက်ရဲတယ်ပေါ့လေ နင်ဘာလို့ ငါ့ကိုလာတွဲတာလဲ ငါကဖြင့် ချစ်လိုက်ရတာ အလိုလိုက်လိုက်ရတာ ခုတော့ နင်က ငါ့ကိုအခြောက်ဆိုပြီး ပစ်မယ်ပေါ့လေ နင့်လိုေ ကာင် မျိုးကို အရှင်မထားဘူး မိလို့ကတော့ ဟာလာလုပ်ပစ်မယ် ဒီမိုဖက်တီးတဲ့ တစ်တီးပဲရှိတယ် ဆင်တူယိုးမှား ဆိုလို့ ၀ါးလုံရှည်အတီးပဲရှိတယ် နင့်ကိုနုတ်နုတ်စဉ်းပစ်မယ် လွတ်အောင်ပြေးထား”
“သေချင်းဆိုး ခုမှအဲလိုစကား နင့်ပါးစပ်ကထွက်ရဲတယ်ပေါ့လေ နင်ဘာလို့ ငါ့ကိုလာတွဲတာလဲ ငါကဖြင့် ချစ်လိုက်ရတာ အလိုလိုက်လိုက်ရတာ ခုတော့ နင်က ငါ့ကိုအခြောက်ဆိုပြီး ပစ်မယ်ပေါ့လေ နင့်လိုေ ကာင် မျိုးကို အရှင်မထားဘူး မိလို့ကတော့ ဟာလာလုပ်ပစ်မယ် ဒီမိုဖက်တီးတဲ့ တစ်တီးပဲရှိတယ် ဆင်တူယိုးမှား ဆိုလို့ ၀ါးလုံရှည်အတီးပဲရှိတယ် နင့်ကိုနုတ်နုတ်စဉ်းပစ်မယ် လွတ်အောင်ပြေးထား”
ဒီမိုဖက်တီး၏ ကြုံးဝါးသံအဆုံးတွင်
စတုထ္ထမဏ္ဍိုင်သိုင်းသမား အုတ်ခဲကိုကိုကား ကြောက် လန့်တ ကြားဖြင့် ပြေးအားကို
နှစ်ဆတင်လိုက်သည်။ ရန်သူအော်မေ့ဂိုဏ်းသားမှန်း သိသည်နှင့် ပလေတိုဒီမိုထံမှ
လျှို့ဝှက်လက်နက်ပုန်းများ ဒီမိုဖက်တီးထံ ပြေးဝင်သွားသည်။ လေတိုးသံကြောင့်
ကိုယ်ဖော့ပညာဖြင်ပြေး လာသည့် ဒီမိုဖက်တီးနောက်ဂျွန်းပစ် ရှောင်လိုက်ရသည်။
အုတ်ခဲကိုကိုမှာ ကယ်တင်ရှင် ပလေတိုအနီးသို့ လှစ်ခနဲရောက်လာသည်။
“ကျေးဇူးအရမ်းတင်တယ်ဗျာ ဒီဟာမကြီးမလွယ်ဘူး ကျုပ်ကို ချုပ်ဖို့ကြိုးစားတာ
အတင်းခွာချတာ ဘယ် လိုမှမရတော့လို့ ခုလိုထွက်ပြေးလာရတာ သူလုပ်တာနဲ့
ကျုပ်လမ်းကြောင်းခင်းထားတဲ့ ဇယားလေးတွေ ပျက်ကုန်တာ မနည်းဘူး
တော်တော်မုန်းဖို့ကောင်းတဲ့ အခြောက်”
“အခြောက် ဟုတ်လား”
“ဟုတ်တယ်ဗျ ကျုပ်ကအစက အစိုထင်ပြီး သွားလုံးတာ အနီးကပ်ပေါင်းကြည့်တော့မှ
ဖြတ်ဖောက်ချုပ်မှန်း သိရတာလေ တော်သေးတယ် ခင်ဗျားကယ်ပေလို့ မဟုတ်ရင်
အုတ်ခဲဘ၀ အမှုန့်ဖြစ်ရချည်ရဲ့ ကဲ ကျုပ်လ စ်ပြီ ဗျို့ ဇယားလေးတွေနဲ့
ချိန်းထားတာရှိတယ် တာ့တာ”
အုတ်ခဲကိုကိုကား ပြောပြီးသည်နှင့် ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးလွှား ထြက္ခြာသြားေ လေ တာ့သည်။ ထိုအချိန်တွင်…
“ဟူး..ဟူး..ဟူး..ဖလတ်..ဖလတ်”
အ၀တ်အစားလေတိုးသံနှင့်အတူ ဒီမိုဖက်တီး ပလေတိုအနီးသို့ရောက်လာသည်။
အဖြူရောင်မျက်နှာဖုံး စွပ် ထားသည့် ဒီမိုဖက်တီးသည် ပလေတိုအား ဒေါသတကြီး
အော်ငေါက်လိုက်သည်။
“စစ်ခွေး အယုတ်တမာကောင် နင်က
ငါ့ကိုမိန်းမကျင့်မိန်းမဥာဏ်နဲ့ လက်နက်ပုန်းပစ်ပြီး လုပ်ကြံ တယ်ပေါ့ေ လ
သေဖို့သာပြင်ပေတော့ နင့်ကိုလည်း အုတ်ခဲလို အမှုန့်ကြိတ်ပစ်မယ်”
“အဟက်ဟက် မိန်းမမဟုတ် ယောင်္ကျားမဟုတ်တဲ့ကောင်ကများ ငါ့ကိုလာငေါက်နေသေးတယ် ကြည့်ကြေ သးတာပေါ့ နင့်အစွမ်းဘယ်လောက်ထက်လဲဆိုတာ”
“ယား …၀ှစ် … ၀ှစ် ချွင်.. ချွင် .. ထန်း”
တခဏအတွင်း သိုင်းကွက်ရာကျော်သွားသည်။ ပလေတို၏ ၀ူတန်းလယ်သိမ်းဓားကွက်ကို
ဒီမိုဖက်တီး အမေ့ထမီကာ သိုင်းကွက်ဖြင့်ခုခံသည့်အချိန် ပလေတို၏ ဓားဖျားက
ဒီမိုဖက်တီးမျက်နှာတွင် စည်း ထားေ သာ မျက်နှာဖုံးပုဝါစအား လှီးဖြတ်သွားပြီး
မဟူရာရောင်ဆံနွယ်များ လေထဲ လွင့်ခနဲဖြစ်သွား သည် ။ ပေါ်လာသော
ဒီမိုဖက်တီးမျက်နှာအား ကြည့်ပြီး ပလေတိုဒီမို ကြက်သေသေသွားသည်။
“ဟင်!!! မင်း…မင်း…ခွန်ဒီးယမ်”
ပလေတို၏ အံ့သြသင့်မှုကို အခွင့်ကောင်းယူ၍ ဒီမိုဖက်တီး
အငိုက်ဖမ်းတိုက်ခိုက်လိုက်ရာ ပလေတိုမှာ အတွင်းဒဏ်ရာ ရရှိသွားလေတော့သည်။
ပလေတိုလဲကျသွားသည်နှင့်တပြိုင်နက် ဒီမိုဖက်တီး ထိုနေရာမှ ကိုယ်ဖော့ပညာဖြင့်
ထွက်ပြေးဆုတ်ခွာသွားတော့သည်။လူကြမ်းကြီးပလေတိုဒီမို အ သည်း ကွဲရလေပြီ။
တစ်သက်တွင် တစ်ကြိမ်သာချစ်ဖူးသည့် ချစ်သူသည် သူ့အားလှည့်ဖျားခဲ့သည်။
အယုံကြီးယုံစားမိသမျှ ခံစားရလေပြီ။ ကြီးမားသည့်အချစ်သည်
ပြင်းထန်သည့်အမျက်ဒေါသအား မွေးဖွားပေးလိုက်သည်။
“ယားးးးးး ၀ုန်း!!! ဖြောင်း!!!”
မဲမဲမြင်ရာ ပလေတိုရမ်းလေတော့သည်။ သူ့အနီးရှိ သစ်ပင်ကြီးငယ်တို့ကား
သူ့လက်ချက်ဖြင့် စိစိ ညက်ညက်ကြေပြီး ပြောင်သလင်းခါသွားတော့သည်။
စိတ်ထင်တိုင်း ပေါက်ကွဲပြီးနောက် ထိုနေရာမှ ပလေတိုတစ်ယောက်
သည်းထန်စွာငိုကြွေးပြီး ပြေးထွက်သွားတော့သည်။ ပေလတိုေ ပါက္ကြဲ ၍
ပြောင်သလင်းခါခဲ့သည့် ကွင်းစပ်တွင် များမကြာမှီ ဆိုင်းဘုတ်ငယ်တစ်ခု
စိုက်ထူထားသည် ကို မြင်တွေ့ရလေသည်။
“တပ်ပိုင်နယ်မြေ မကျူးကျော်ရ”
***************************************
ဖေဘုတ်စားသောက်ဆိုင်...
ပလေတိုဒီမိုကား အလွန်မူးယစ်နေလေပြီ။ သောက်ထားသည့် အရက်အိုးတို့ကား ပျံ့ကြဲလျှက်။
"ပွေးသတ္တာ မင်းစဉ်းစားကြည့်ကွာ ငါဒီလောက်ချစ်ခဲ့တာ ငါဘ၀ရဲ့ အချစ်ဦးးး ဟူးးး အေ့"
"ဟ ပလေတိုရ မင်းက အချစ်ဦးချည်းပဲ လုပ်နေတယ် မင်းအချစ်ဦးက ဘယ်သူဘယ်ဝါမှန်း ခုထိ မသိရေ သးဘူး"
ပလေတိုထံတွင် ဗော်ဒကာ ကပ်သောက်နေသော ၀ူတန်းသိုင်းသမား Thway Thit Sar က မေး ခွန်းထုတ် လိုက်သည်။
"ပြောမထွက်ဘူးကွ င့ါရင်တွေကွဲနေပြီ ပွေးကြီးရဲ့ ငါကတော့ ကျေးတောသူ
ရိုးရိုးသားသားလေးဆိုပြီး ချစ်လိုက်ရတာ ဒင်းက အစွယ်နှစ်ခွနဲ့ မြွေဟောက်မ ငါ
ရှက်တယ် ပွေးကြီးရဲ့ ဒင်းကိုချစ်မိတဲ့ ငါ့မျက်နှာငါ ဓားနဲ့လှီးပစ်ချင်တယ်
အီး..ဟီး"
ပြောရင်းငိုနေသော ပလေတိုကိုကြည့်ရင်း
ဘော်ဒါများသက်ပြင်းချမိသည်။ ထိုအချိန်တွင် ယာယာဖွ ဂျီး
ဖြဲလရမ်းခါသိုင်းကွက်ဖြင့် ဆိုင်တွင်းဝင်လာသည်။ ဆိုင်တွင်း
ချောင်ကျကျတစ်နေရာတွင် ဘိန်းရှူနေေ သာ တဏှာသိုင်းသမား Dollah Zaw မှာ
ယာယာဖွဂျီး၏ ရာဝင်အိုးနှစ်လုံးစာမျှ ဆူဖြိုးလှသည့် ခန္ဓာကိုယ်ေ နာက်ပိုင်းအား
ကြည့်ရင်း သွားရည်သိမ်းလိုက်သည်။ ယာယာဖွဂျီးက စာရွက်တစ်ရွက်ထုတ်ကာ
အသံ ကျယ်ကျယ်ဖြင့် တစ်ဆိုင်လုံးကြားအောင် အော်ဖတ်လိုက်သည်။ သူမဖတ်သော
စာရွက်မှာ ၀ူတန်းဂိုဏ်း၏ လက်ပတောင်းတောင် အရေးအခင်းနှင့်ပတ်သက်၍
ဝူတန်းဂိုဏ်း၏ ကြေငြာချက်အား အော်မေ့ဂိုဏ်းမှ ဒီမိုဖက်တီးက
ပြင်းပြင်းထန်ထန် ရှုံ့ချထားသည့် အကြောင်းဖြစ်သည်။ ဒီမိုဖက်တီးနာမည်
ကြား လိုက် သည်နှင့် အမူးလွန်နေသော ပလေတိုဒီမို ရုတ်တရက်ထရပ်လိုက်ပြီး
စားပွဲအား ရိုက်ခွဲချလိုက်သည်။
"၀ုန်းးးး"
"အဲဒီ
ဒီမိုဖက်တီးခေါ် ခွန်ဒီးယမ်ဆိုတဲ့ဟာမကို ပြောလိုက် သူ့ကို ပလေတိုဒီမိုဆိုတဲ့
ငါက တွေ့တဲ့နေရာ အသေသတ်မယ်လို့။ သတ္တိရှိရင် ငါနဲ့နှစ်ယောက်ချင်းချဖို့
စိမ်ခေါ်တယ်လို့ ပြောလိုက်"
တစ်ဆိုင်လုံးကြားအောင် စိမ်ခေါ်လိုက်သော
ပလေတိုဒီမို၏ စိမ်ခေါ်သံအဆုံး တွင် အော်မေ့ ဂိုဏ်း သား များဖြစ်သည့် ဒီ ချစ်
သူ၊ သိုးကလေး၊ ခင်ကလျာစိုးတို့က လက်နက်များဆွဲထုတ်ကာ ပလေတိုအား
တိုက်ခိုက်ရန် ပြင်ကြတော့သည်။ ပလေတိုဖက်မှလည်း ၀ူတန်းဂိုဏ်းဝင်များဖြစ်သည့်
ကိုကိုစိုး နတ်မောက်, Lin Luck Lu, ကပ္ပတိန် ငှက်ခါး တို့ လက်နက်ဆွဲထုတ်ကာ အသင့်ပြင်လိုက်ကြသည်။
ဆက်ရန်.....(ကုန်ကြမ်းထပ်ရလျှင်)....:P
ဆက်စပ်ဖတ်ရန်
သိုင်းလောက ၏ စိန်ခေါ်သံ အပိုင်း(၁)
သိုင်းလောက ၏ စိန်ခေါ်သံ အပိုင်း(၂)သိုင်းလောက ၏ စိန်ခေါ်သံ အပိုင်း(၃)
ဘွ ရှင်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။