မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)ဥက္ကဌ ရဲဘော်သံခဲနှင့်အဖွဲ့ဝင် ၉ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်မနေ့မှစတင်၍ ၂ပတ်ကြာမြန်မာနိုင်ငံ ခရီးစဉ်ကိုစတင် မည်ဟုမကဒတ ကသတင်းထုတ်ပြန်သည်။
၎င်းခရီးစဉ်သည်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးစီးဖော်ဆောင်နေသည့်ပြုပြင်ပြောင်းလဲမှုများ ကိုလေ့ လာ ရ န် ၊မကဒတဒအနာဂတ် နိုင်ငံရေးအခန်းကဏ္ဍအတွက် အမြင် သဘောထား များစုစည်းရန်နှင့် မိသားစု များ၊ မကဒတရဲဘော်ဟောင်းများနှင့်တွေ့ဆုံရန် ရည်မှန်းချက်၃ရပ်ဖြင့် သွားရောက်ခြင်းဖြစ် သည်ဟု ထိုထုတ်ြ ပန် ချက် တွင်ဖော်ပြထားသည်။
မကဒတကိုယ်စားလှယ်များသည်ထိုခရီးစဉ်အတွင်းအစိုးရတာဝန်ရှိသူများ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င်ဒီမိုကရေစီအင်အားစုများ၊ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အပါအ၀င်တိုင်းရင်းသားအင်အားစုများ၊ကျောင်းသားလူငယ်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ အစိုးရအဖွဲ့ဝင်များနှင့် ယခုနှစ်အတွင်း ၃ကြိမ်တွေ့ဆုံဆွေးနွေး ခဲ့သည့် မကဒတသည်နိုဝင်ဘာ ၉ရက်၌ သမ္မတရုံးဝန်ကြီးဦးအောင်မင်းဦးဆောင်သည့် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာပြည်သွားရောက်ရန် ၂ ဖက်သဘောတူညီခဲ့ခြင်းဖြစ်သည်။
Popular
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။