ရှိခိုးပူဇော်ခြင်းငှါ ထိုက်သောပုထုဇဉ် ရဟန်းတို့ အသွင်မူရာ ဂုဏ် ၂၂-ပါး၊ ဖူးမြင်ရသူတို့ စိတ်ထဲ၌။
(၁) သေက္ခပုဂ္ဂိုလ်ဟု ထင်မှတ်ခြင်း၊
(၂)ရဟန္တာဟု ထင်မှတ်ခြင်း၊
(၃)အရိယာတို့နှင့်တူသော အကျင့်ရှိခြင်း၊
(၄)တူသော နေထိုင်ခြင်း ရှိခြင်း၊
(၅)တူသောဣနြေ္ဒရှိခြင်း၊
(၆)တူသော ဆင်းရဲခြင်း ရှိခြင်း၊
(၇)တူသော သည်းခံခြင်းရှိခြင်း၊
(၈)တကိုယ်ထီးတည်း အကျင့်ရှိခြင်း၊
(၉)တကိုယ်ထီးတည်းမွေ့လျော်ခြင်း၊
(၁၀)တယောက်ထီးတည်းကျိန်းအောင်းခြင်း၊
(၁၁)မကောင်းမှုမှ ရှက်ခြင်း၊
(၁၂)မကောင်းမှုမှ လန့်ခြင်း၊
(၁၃)သဓမ္မအကျင့်ကို အားထုတ်ခြင်း၊
(၁၄)ကုသိုလ်၌မမေ့လျော့ခြင်း၊
(၁၅)သုက်လွတ်ခြင်းကာမမှ ဖဲကြဉ်ခြင်း၊
(၁၆)ပါဠိကို သင်ယူခြင်း၊
(၁၇)အဋ္ဌကထာသင်ယူခြင်း၊
(၁၈)သီလ, သမာဓိ, ပညာဂုဏ်၌ မွေ့လျော်ခြင်း၊
(၁၉)ကင်းသော တပ်မက်မှုရှိခြင်း၊
(၂၀)သိက္ခာပုဒ်တော်ကို ဖြည့်ကျင်ခြင်း၊
(၂၁) ဖန်ရည်စွန်းသော သင်္ကန်းကိုဆောင်ခြင်း၊
(၂၂) ဦးပြည်း ဦခေါင်းရှိခြင်း။
သုတေသန သရုပ်ပြအဘိဓာန် မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည် .......
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။