အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့
အပြောင်းနိုင်ငံများသို့ အမေရိကန်တို့ ပြန်လည် ထိတွေ့ရှိသော အလေ့အထ
ပုံစံအရဆိုလျှင် အိုဘားမား၏ မြန်မာသို့ ခြေလှမ်းသည်
အသော့နှင်သည်ဟုဆိုကြသည်။
သမိုင်းစဉ်အရ ယင်းသို့သော
အာဏာရှင်နိုင်ငံများ တံခါး စအဖွင့်တွင် အတန်ငယ် မာထန်သော
နိုင် ငံခြားရေးမူဝါဒ ဖြင့် အစပျိုးသည်။ ယင်းနောက် ဆက်ဆံရေး
အဖွင့်တီးလုံးစသည်။ နောက်ဆုံးတွင် မိတ် ဖက် ဖြစ်လာတော့သည်။
ကနဦး အချက်ပြမှုမှာ နိုင်ငံခြားရေးဝန်ကြီး ယင်းနိုင်ငံသို့ သွားရောက်ခြင်းပင်ဖြစ်သည်။
သို့ဆိုလျှက် အဘယ်ကြောင့် အသော့နှင်သည်ဟုဆို နိုင်သနည်း။ ဆောင်းပါးရှင် Max Fisher က The Washington Post သတင်းစာတွင် အောက်ပါ
ဖြစ်ရပ် သုံးခုသုံးခုနှင့် ယှဉ်ထိုးကာ သွက်သွက်မြ န်မြ န် နှင်ကြောင်း
သုံးသပ်သည်။
တောင်အာဖရိက စအဖွင့် လပိုင်းအကြာ နိုင်ငံခြားရေးဝန်ကြီးရောက်လာသည်။
ရှစ်နှစ်အကြာမှ သမ္မ တ ခြေ လှမ်းသည်။ ဆားဗီးယား စအဖွင့်အတွင်
နိုင်ငံခြားရေးဝန်ကြီး အရောက်ပို့ရန် ၁၀ နှစ်ကြာသည်။ သ မ္မတ လာရန်ကား ၁၂
နှစ်အကြာသည်။ လစ်ဗျားတွင် နိုင်ငံခြားရေး ၀န်ကြီးရောက်ရန် ၅ နှစ်ကြာသည်။
သ မ္မတကား ၉ နှစ် အကြာမှ ရောက်ရှိလာသည်။
မြန်မာတွင်ကား တံခါးဖွင့်ပြီး ၈ လအကြာ နိုင်ငံခြားရေး ၀န်ကြီးရောက်လာသည်။ လ ၂၀ အကြာတွင် သမ္မ တ ရောက်လာတော့မည်။
“ဒါဟာ စစ်အေးခေတ်လွန်ကာလ ပြန်လည်သင့်မြတ်မှုအတွက် အမြန်ဆုံးဆုံးနဲ့ လက်တွေ့ အကျ ဆုံး မှတ် တမ်း တစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်တယ်” Max Fisher က ဆိုလေသည်။
Ref: The Washington Post သတင်းအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Max
Fisher ၏ 'Why Obama's trip to Burma is such a big deal' ဆောင်းပါး
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။