တင်ပြချက် (၁)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၁၂)
၁၁၂။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် -
(က) ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊
တင်ပြချက် (၂)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၄၄)
၁၄၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်သည် ပုဒ်မ ၁၁၂ ပါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လုပ် ငန်းတာဝန်ဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်းဖြစ်သည်။
တင်ပြချက် (၃)၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄)
၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊
ရပ်ရွာအေးချမ်းသာယာရေး သို့မ ဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအလို့ငှာပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင် အောက် ပါ အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည် -
(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်၊ ရေး သားဖြန့်ဝေခွင့်၊
ဝေဖန်ချက် (၁)
သူရဦးရွှေမန်းဦးဆောင်သည့် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်
ဆိုတဲ့အသုံးအနှုန်းကို လုံးဝ ကန့် ကွက်ပါတယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ
ရေးသားထားတဲ့ အရေးအသားတစ်ခုလို့ပဲ မြင်ပါတယ်။ ဘာကို ဆိုလိုတယ်ဆိုတာတော့
ဘုရားနဲ့ ရေးတဲ့သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ သဘောရိုးနဲ့ ရေးထား တာ လည်း
ဖြ စ်ကောင်းဖြစ်နိုင်ပါတယ်။ မြောင်းဖောက်တာလား၊ သွယ်ဝိုက်ပြီး
နှိပ်ကွပ်တာလား ဆိုတာ ကတော့ ရေး တဲ့သူကိုပဲ မေးကြည့်ရင်ပိုကောင်းမယ်
ထင်ပါရဲ့ဗျာ။ ကျွန်တော့်အမြင်ကိုတော့ ရဲဝံ့စွာ ပြော ရဲပါတယ်။ တမင်ရေးတဲ့
အသုံးအနှုန်းလို့ပဲ မြင်ပါတယ်၊ သူတို့ဂျာနယ်မှာ အခုနောက်ပိုင်း ဖော်ပြတဲ့
သ တင်းတွေ၊ ဆောင်းပါးတွေအရ ဦးရွှေမန်းကို တမင်ကို မရောက်ရောက်အောင်
ပို့နေကြသူတွေ လို့  မြင် ပါ တယ်။ ဦးရွှေမန်းနဲ့ သစ္စာခံတွေလို့ပြောရင်
အနည်းငယ်အဓိပ္ပါယ် လွဲမှားနိုင်တဲ့အတွက် အဲဒီအသုံးအနှုန်းကို မသုံးတော့ပါဘူး။
ဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ကို ဦးဆောင်နေပြီး၊ ဦးခင်အောင်မြင့်သည်
အမျိုးသား လွှတ်တော်ကို ဦးဆောင်နေတယ်ဆိုတာ တစ်ကမ္ဘာလုံး သိနေတဲ့ကိစ္စပဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အား နည်း ချက်အရ လွှတ်တော်နှစ်ရပ်ယှဉ်ရင်
ပါဝါကွာသလိုဖြစ်နေတဲ့အတွက် ဦးရွှေမန်းက ခြယ်လှယ်နေ တာ ကိုတော့ မပြောလိုပါဘူး။
ဒါပေမယ့် အခုလို ရေးသားထားတာကိုတော့ ကျွန်တော်ကိုဉာဏ် လုံးဝ (လုံးဝ)
သဘောမတူကြောင်းပါခင်ဗျား။ အလကားနေရင်း ဦးရွှေမန်းကို အတိုက်အခိုက်လုပ်နေတယ်
ထင်မှာစိုးတဲ့ အတွက် နောက်ထပ်ဥပမာတစ်ခု ထပ်ပေးပါ့မယ်။ လွှတ်တော်ဂျာနယ်ကို
ထုတ်ဝေနေတာရှိပါ တယ် ။ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှာ
ဘယ်သူက ရာထူးအားဖြင့် ကြီးသလဲ ဆိုတာ စာဖတ်သူတွေ သိပြီးဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် လွှတ်တော်ဂျာနယ်မှာ ဦးရွှေမန်းရဲ့ သတင်းကိုပဲ မျ က်နှာဖုံးကနေ
ဖော်ပြပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကရဲ့ သတင်းကိုတော့ နောက်ကျောဆုံး
သို့ မ ဟုတ် ရှေ့ဖုံးမှာဆိုရင်တောင် ဦးရွှေမန်းသတင်းရဲ့ နောက်ကသာ
ဖော်ပြကြပါတယ်။ ဒါဆိုရင် ကျွန်တော် ဘာ ကို ဆိုလိုသလဲဆိုတာ
သဘောပေါက်ကြလိမ့်မယ် ထင်ပါရဲ့။ လွှတ်တော်အရေး ရင်လေးမိပါသေး ရဲ့ဗျာ။ အခုလို
မီဒီယာတွေကပါ လေပင့်လာပြီဆိုတော့ အင်း... ခက်ရချေရဲ့ဗျို့။
ဝေဖန်ချက် (၂)
အာဏာရပြည်ခိုင်ဖြိုးပါတီဆိုတဲ့ အသုံးအနှုန်းကို သဘောကို မကျဘူး။ ဘာဖြစ်လို့
အဲဒီစကားလုံးကို သုံးရ သ လဲဆိုတာ စဉ်းစားလို့မရဘူး။
လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ ပြည်ခိုင်ဖြိုးပါတီဟာ
အာ ဏာရပါတီလို့ သတ်မှတ်လို့ရမရဆိုတာ ပြန်လည်စဉ်းစားကြစေချင်တယ်။
သူများနိုင်ငံတွေမှာ အာဏာ ရ ပါတီလို့ သုံးနှုန်းကြတာကို ကျွန်တော်လည်း
သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ အဲဒီအတိုင်း သုံး လို့ရမရဆိုတာ
နှိုင်းယှဉ်သုံးသပ်ကြစေချင်တယ်။ အာဏာသုံးရပ်ရှိတဲ့အထဲမှာ ဥပဒေပြုရေးကလွဲရင်
ကျန် တဲ့နှစ်ရပ်က ပါတီနဲ့ လက်ရှိတာဝန်တွေကို ခွဲခြားထားတယ်ဆိုတာ ဘာဖြစ်လို့
မျက်ကွယ်ပြုနေကြ သလဲ ဆိုတာ ကျွန်တော်နားမလည်ဘူး။ မီဒီယာတွေကပဲ သိသိကြီးနဲ့
ဇာတ်သွင်းနေကြတာလား၊ ကျွန်တော်ကပဲ မသိဆိုးဝါးစွာနဲ့ အဆိုးမြင်ဖြစ်နေတာလား
ဆိုတာကတော့ မပြောတတ်တော့ပါဘူးဗျာ။
ဝေဖန်ချက် (၃)
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၅၄) မှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်
မဆန့်ကျင်လျှင် ဆိုတဲ့စကားရပ် ပါ တယ်ဆိုတာကို မမေ့ကြစေလိုပါ။
အခုအရေးအသားတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြု ရာ ရောက်တယ်လို့
ကျွန်တော်ကိုဉာဏ်က မမီတမီဉာဏ်လေးနဲ့ မရဲတရဲလေး သတိပေးလိုက်ပါရစေ ခင် ဗျာ။
ရည်ညွှန်း - Northern Star ဂျာနယ်၊ အမှတ် (၁၉၀)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်၊ တနင်္လာနေ့။
မွန်းလွဲ ၁၂ နာရီ ၁၆ မိနစ်တွင်ပြီး၏။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။