Pages
Saturday, January 12, 2013
ပေတစ်ရာ ဆီလျှောက်ပါလို့ မြင်သလောက် ပြလိုက် ချင်ပါသည်
“မြေမြို၍လူမျိုးမပြုတ်၊ လူမြိုမှလူမျိုးပြုတ်မည်” ဆိုတဲ့ စကားတစ်ခွန်းကြားဖူးတယ်။ အခုလည်း ကေ အိုင် အေ/ ကေအိုင်အိုအဖွဲ့ရဲ့လုပ်ရပ်တွေက ဒီပုံစံဖြစ်နေတယ်။ 
ကေအိုင်အေ/ကေအိုင်အိုအဖွဲ့နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တယ်။ ၂၀၁၁ ခုနှစ် ဇွန်လ ကနေ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းအထိဖြစ်ခဲ့တဲ့တိုက်ပွဲတွေကို သုံးသပ်ကြည့်ရင် ကေအိုင်အေဘက်က တစ်ဖက်သတ်ဆန်လွန်းနေတာတွေ့ရတယ်။ ဘာကြောင့်ကျိန်းသေဒီလိုပြောရသလဲဆိုတော့ စစ်တပ်က စစ်တိုက်နေရခြင်းဟာ ပျော်လို့စစ်တိုက်နေတာ၊ လက်တည့်စမ်းသဘောမျိုး စစ်တိုက်တာမဟုတ်ဘူး။ သူတို့ စစ်တိုက်နေတာရည်ရွယ်ချက်ရှိတယ်။ အဲဒါက နယ်မြေတည်ငြိမ်အေးချမ်းဖို့ ၊ ဒေသခံ ပြည်သများရဲ့ ဘ၀တွေ လုံခြုံအေးချမ်းစေဖို့၊ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်စေဖို့ စတဲ့ အချက်တွေကြောင့် ဖြစ် ပါတယ်။ နိုင်ငံတော်နဲ့ချီပြီးပြောရရင်တော့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ စေဖို့  ပါ။ ပြည်ထောင်စု ကြီးငြိမ်းချမ်းသာယာစေဖို့အတွက်ပါ။ 
ဒါဆို ကချင်အဖွဲ့လို့အလွယ်ခေါ်နေကြတဲ့ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ စစ်တိုက်နေရ တာက ရောဘာအတွက်ပါလဲ။ နှစ်ပေါင်းများစွာကြားခဲ့ရတဲ့ ဟစ်ကြွေးသံကတော့ကချင်လူထု ကောင်း စားရေး၊ ကချင်ပြည်နယ်ထူထောင်ရေး။ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ရယ်လို့ဖွဲ့စည်းပြီး လက်နက်စွဲ ကိုင်ခဲ့တဲ့ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်လောက်ကနေ ဒီကနေ့အချိန်အထိ ကချင်ပြည်နယ်နဲ့ ကချင်လူထုကို ဘာများကောင်းကျိုးပေးခဲ့ပါသလဲ။ မှတ်မှတ်ရရ ဘာအကျိုးများပြုခဲ့ပါသလဲ။ 
အတိုင်းအတာတစ်ခုအထိတော့ ကောင်းကျိုးတစ်ခုပြုခဲ့ဖူးပါရဲ့။ အဲဒါက ၁၉၉၄ခုနှစ်မှာ တပ်မတော် အစိုး ရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ငြိမ်းချမ်းရေးရယူခဲ့တာပါ။ အစိုးရက ဒီအဖွဲ့ကို ကချင် ပြည် နယ်၊ အထူးဒေသ(၂)အဖြစ်သတ်မှတ်ပေးပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးခဲ့ပြီး ပြည်နယ်နဲ့ ဒေသ ခံအ ကျိုးကို ပူးပေါင်းဆောင်ရွက်စေခဲ့တယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးအတွက် တစ်ဖက်သတ် လိုက်လျောမှုတွေနဲ့ စီးပွားရေးတွေလုပ်ကိုင်ခွင့်ပေးလိုက်လို့ ကျွန်းသစ်၊ ကျောက်စိမ်း၊ ပတ္တမြားစတဲ့ လုပ်ငန်းတွေ နဲ့ ကေ အိုင်အေ/ကေအိုင်အိုအဖွဲ့ကောင်းစားနေချိန်မှာရော ကချင်လူမျိုးကောင်းစားရေးအတွက် ဘာများ လုပ်ကိုင်ပေးခဲ့ပါသလဲ။ 
ဘာပဲဖြစ်ဖြစ်ပါ။ ဘာမှမလုပ်ပေးသည့်တိုင် လူထုကို ဒုက္ခမပေးခဲ့တာပဲစိတ်ချမ်းသာရပါပြီ။ ဒီလိုလေး ပဲ အေးအေး ချမ်းချမ်းနေသွားရရင် ကျေနပ်လှပါပြီလို့ဖြည့်တွေးခဲ့ကြပါတယ်။ ဒါပေမယ့် လုပ်ပိုင် ခွင့် တွကြောင့် ဓနအင်အားနဲ့ လျှို့ဝှက်စစ်သားစုဆောင်းခဲ့လို့ အင်အားတောင့်တင်းလာတဲ့ အချိန် လည်း ရောက် ရော လက်နက်စွဲကိုင်သောင်းကျန်းပါရောလား။ မြစ်ဆုံကိစ္စ၊ တာပိန်ရေအား လျှပ်စစ်ကိစ္စ၊ ဘာ ကိစ္စ၊ ညာကိစ္စတွေ အကြောင်းပြပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်တယ်။ အစိုးရက အပစ် အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးကမ်းလှမ်းတယ်။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြီး လိုက်လျော မှု တွေဖြေလျှော့ပေးခဲ့တာလည်း ငြင်းဆန်ခဲ့တယ်။ သူတို့ကန့်ကွက်တဲ့စီမံကိန်းတွေရပ်ဆိုင်း ပေးခဲ့တယ်။ ဒါလည်း မရဘူး။ 
ဒါကြောင့်ပဲ တကယ့်အမှန်တရားရဲ့အကြောင်းပြချက်ကတော့ မြစ်ဆုံကိစ္စ၊ တပိန်ကိစ္စ  မဟုတ်လောက်ပေ ဘူးလို့အားလုံးကတွက်ဆလိုက်တယ်။ တွင်းထွက်သယံဇာတ ရတနာတွေ ပေါကြွယ်ဝလှတဲ့ရတနာမြေကို အပိုင်စီးချင်တာကအကြောင်းအရင်းအမှန်တရားဖြစ်ပါတယ်။ အခုပဲကြည့် ဖားကန့်ရတနာမြေကို စီးပွားရေး သမားတွေမနေရဲအောင်၊ လူတွေမလာရဲအောင် လက်နက်အားကိုးနဲ့ အကြမ်းဖက်တယ်။ စစ်သားတွေ အဓမ္မစုလိုက်တာကလည်း မိန်းမတွေတောင်မချန်ဘူး။ ဆက်ကြေးတွ အတင်းကောက် တယ်။ ကောက် တဲ့ဆက်ကြေးက ကျပ်သိန်းခြောက်ထောင်တဲ့။ ဒါက ဖားကန့်တစ်ခု တည်းမှာကိုကောက်တာ။ ကျန်တဲ့နေ ရာတွေမပါသေးဘူး။ လူတွေကြောက်ပြီး ပြေးကြတော့ ဖားကန့် မြေကိုအပိုင်စီးပါရော။ဒါတွေက ကေ အိုင်အေ /ကေအိုင်အိုအဖွဲ့စစ်တိုက်နေရတဲ့ အကြောင်းအရင်း ပေပဲလား၊ ရည်ရွယ်ချက်လေလား။ 
ကားလမ်း၊ ရထားလမ်းတွေကို မိုင်းခွဲဖျက်ဆီးတာကရော ကချင်လူထုကောင်းစားရေးပဲလား။ ကေအိုင်အေ / ကေအိုင်အိုရဲ့အဖျက်လုပ်ရပ်တွေကို စစ်တမ်းကောက်ရသလောက်စုစည်းမိတာတွေကို အများ သိအောင် ဖောက်သည်ချပြချင်တယ်။ ၂၀၁၁ခုနှစ် ဇွန်လကနေ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကုန် အထိ ကေ အိုင်အေက ရထားလမ်းတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ အကြိမ်ပေါင်းက ၅၅ ကြိမ်တောင်ရှိ တယ်။ ကားလမ်းနဲ့ရထားလမ်းတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အကြိမ်တွေကိုပါ ထည့်ပေါင်းလိုက်ရင်တော့ မိုင်းခွဲ တိုက်ခိုက်မှုပေါင်းက ၁၁၀ ရှိတယ်။ ဒါက စစ်တမ်းကောက်မိသလောက် ပြောတာနော်။ ဒီထက် တောင်မှ များနိုင်သေးတယ်။ 
အဲဒီအထဲမှာ ဒုက္ခရောက်နေတဲ့ ဒေသခံတွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေပေးပို့တဲ့ယာဉ်တန်း တွေကို တိုက်ခိုက် ခဲ့တာကတော့ မိုက်ရိုင်းလွန်းအားကြီးပါတယ်။ ဒေသအတွက် စားနပ်ရိက္ခာနဲ့ အသုံးအ ဆောင် ပစ္စည်းတွေပေးပို့ခဲ့တဲ့ ကုန်ရထားကိုလည်း မိုင်းခွဲတိုက်ခိုက်တယ်။ ဒီပစ္စည်းတွေက စစ်တပ်ပိုင် တဲ့ အရာတွေမဟုတ်ဘူး။ ပြည်သူပိုင် ပစ္စည်းတွေဖြစ်ပါတယ်။ ပို့ဆောင်ရေး လမ်းကြောင်း တွေပိတ်ဆို့ အောင် အမျိုးမျိုးတိုက်ခိုက်နေတာကလည်း မရေတွက်နိုင်အောင် ရှိပါတယ်။ 
တကယ်တော့ ဒါတွေဟာ မလုပ်ကောင်းတဲ့အရာတွေပါ။ ဒုက္ခရောက်နေတဲ့ဒေသခံတွေ၊ အကူအညီတွေ လိုနေတဲ့ ပြည်သူတွေအတွက် ပွင့်လင်းရာသီမှာ လမ်းတွေပြုပြင်မယ်၊ တံတားတွေ ဆောက်မယ်၊ စားနပ် ရိက္ခာတွေပို့ပေးမယ်။ ဒီလိုလုပ်ဆောင်ရာမှာ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ မနှောင့် ယှက်ကြဘဲ ဝိုင်းဝန်းအကူအညီပေးကြပါလို့ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီမှာကျင်းပ တဲ့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကေအိုင်အေ / ကေအိုင် အို ခေါင်းဆောင်ပိုင်းတွေကို ကြိုတင်မေတ္တာ ရပ်ခံပန်ကြားထားခဲ့ပြီးဖြစ်ပါတယ်။ ဒါနဲ့များ တောင် ကိုယ့် လူမျိုး စားဝတ်နေရေး အခက်တွေ့အောင် အဖျက်လုပ်ငန်းတွေ လုပ်ရက်လေခြင်း။
ကိုင်း……ကေအိုင်အေ/ကေအိုင်အိုရဲ့အဖျက်လုပ်ရပ်နဲ့ စစ်တိုက်နေတာဟာ ကချင်ပြည်နယ်၊ ကချင် လူမျိုးကောင်း စားရေးဆိုတာ ဟုတ်ရဲ့လားလို့ သုံးသပ်ကြပါဦး။ ဒီပြည်တွင်းစစ်ကြောင့် ဒေသခံ တွေလည်း ဒုက္ခတွေပင်လယ်ဝေရတယ်။ နှစ်ဖက်အဖွဲ့အစည်းကလူတွေလည်း သေကြရတယ်။ ဒီလူ တွေက ဘယ် သူတွေလဲ။ မြန်မာလူမျိုးတွေလေ။ နိုင်ငံတော်သမ္မတကြီးကပြောဖူးတယ်။ ကချင်တပ်သား တစ်ယောက် ဆုံးရှုံးခြင်းကလည်းတိုင်းပြည်ရဲ့ဆုံးရှုံးမှုပါပဲတဲ့။ဒါကြောင့်ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်း ဆောင်ရွက်နေလေရဲ့။ တပ်မတော်ကိုလည်း မိမိကိုယ်ကို ခုခံကာကွယ်ရုံကလွဲပြီး အပစ်အခတ်ရပ်ဆိုင်း ထားတယ်။ တပ်မတော် ဆိုတာ နိုင်ငံတော်အစိုးရ၊ တစ်နည်းအားဖြင့် သမ္မတဦးဆောင်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါ တယ်။ တပ်မတော်ရဲ့ ထူးခြားတဲ့ ဝိသေသအတိုင်း အမိန့်နာခံတတ်မှုအပြည့်ရှိ တယ်။ သမ္မတရဲ့ အမိန် အတိုင်းပဲ ဆောင်ရွက်ခဲ့တယ်။ 
ခုခံကာကွယ်မှုဆိုတဲ့နေရာမှာ နှစ်မျိုးရှိတယ်။ တစ်ခုက မိမိအတွက်၊ နောက်တစ်ခုက ပြည်သူ လူထု အတွက်။ ပြည်သူလူထုကို ကိုယ့်ရှေ့မှာဒုက္ခပေးနေတဲ့ အဖျက်လုပ်ရပ်တွေ၊ ပြည်သူ့အကျိုးစီးပွား ကို ထိခိုက်နစ်နာစေမှုရှိလာရင်ပည်သူရှေ့ကမားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးရမယ်။ 
ကာကွယ် စောင့်ရှောက်ပေးရမယ်။ ဒီလိုကာကွယ်စောင့်ရှောက်ရာမှာလည်း ပေါ့ပေါ့တန်တန်သဘောမျိုး မလုပ်ဘဲအသက်စွန့်ပေးဆပ်ပြီးလုပ်ကြရတယ်။ ဒါဟာ တပ်မတော်ရဲ့ဂုဏ်ရည်နဲ့ အစဉ် အလာကောင်းတွေ လည်းဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့ တပ်မတော် ရဲ့စိတ်ဓာတ်နဲ့ သစ္စာ စောင့် သိမှုတရားတွေပါ။ 
ကေအိုင်အေ/ကေအိုင်အိုအဖွဲ့မှာတော့ ဒီလိုစိတ်ဓာတ်မျိုးနဲ့ ဒီလိုလုပ်ရပ်မျိုးရှိလိမ့်မယ် မဟုတ်ဘူးလို့ ရဲရဲကြီးပြောရဲတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့သမိုင်းကြောင်းတစ်လျှောက်လုံးမှာ မကောင်းတဲ့ အဖျက် လုပ်ရပ်တွေနဲ့ လူထုကို ဒုက္ခတွေပေးနေခဲ့တာ အထင်အရှားရှိနေလို့ပါပဲ။
မောင်ကျောက်ခဲ
1 comment:
  1. ဦးသိန်းဇော်ခင်ဗျား-
    KIA/KIOကချင်တို.နှင့် ငြိမ်းချမ်းရေးရယူဘို. လွှတ်တော်မှာ တင်ပြတာတွေ.ရလို. ကချင်ပြည်နယ.်နေတိုင်းရင်းသာများအားလုံးကိုယ်စား အထူးကျေးဇူးတင်ပါသည်။ သို.သော်လည်းအချိန်နဲနဲစောနေသေးသည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါသည်။ KIA/KIOတို.သည် ကောက်ကျစ်၏ စဉ်းလည်း၏ ယုတ်မာ၏ ရက်စက်ကြမ်းကြုတ်၏ အခြားတိုင်းရင်းသားများကို စုဆောင်းရေးဆွဲ အတင်းအဓမ္မ ရှေ့.တန်းမှအသေခံ စစ်တိုက်ခိုင်း၏ မိန်းကလေးများကို စစ်သမီးလုပ်ခိုင်းပြိး အတင်းအဓမ္မမုဒိန်းကျင့်ကြ၏ လိမ်လည်လှည့်ဖျား၍လည်း မယားငယ်ပြုကြ၏ မူးယစ်ဆေးဝါးများဖြင့်လည်း လူထုကိုမှိုင်းတိုက်၍ စိတ်ဓါတ်ကိုဖျက်ဆိးပြိး အသေခံစစ်တိုက်ခိုင်း၏ ကချင်မဟုတ်သော အခြားတိုင်းရင်းသားများအား လုမျိုးရေးခွဲခြုားပြိး အနိုင်ကျင့်၏ ဘာသာ ရေးခွဲခြားမှုပြုပြိး ဗုဒ္ဓဘာသာ ဘုန်းတော်ကြိးများကိုလည်း
    သတ်ဖြတ် ညှင်းပန်းနှိပ်စက်ကြ၏ ဘုရားစေတီတော်များကိုလည်းမိုင်းခွဲဖျက်ဆိးခဲ့ကြ၏ ၂၀၁၀စက်တင်ဘာလက တနိုင်းမြို.နယ် ရှင်ဗွေယံရွှေမှော်အနိးရှိ နန်ဖြူကျေးရွာအနိး ရှေးဟောင်းမိုးကောင်း မြို.ဟောင်းတွင်တည်ရှိသော ရှေးဟောင်း ရပ်တော်မူဆင်းတုတော်မြတ်ကြိးကို မိုင်းခွဲဖျက်ဆီးခဲ့၏ ရှမ်းနီသာသနာသမိုင်းများကို ဖျောက်ဖျက်ခဲ့၏ မဖေါ်ပြနိုင်လောက်အောင် ကမ်းကုန်အောင် မိုက်ရိုင်းယုတ်မာရက်စက်သော KIO/KIAတို.ကို နောက်ထပ်တစ်ကြိမ် ငြိမ်းချမ်းရေးယူခြင်းဖြင့် သက်ဆိုးမရှေသင့်တော့ပါ။ ၁၉၉၄တွင် ကချင်ပြည်နယ် တနယ်လုံးရှိ ရှမ်းအမျိုးသားများ အားလုံးနှင့် ဥယုမြစ်ရိုးတလျှောက်ရှိ တိုင်းလျှံ (ရှမ်းနီ)အမျိုးသားများပြည်သူ.စစ်သတင်တန်းများတက်ရောက်ပြိး ရှမ်းပြည်သူ.စစ်များ အာကောင်းလာပြိး ကချင်ပြည်နယ်တစ်ခုလုံး KIO/KIAကိုတော်လှန်ကြတော့မည့် အချိန်ကြမှ လူပါးဝပြိး နိုင်ငံတော်နှင့် အမြန်ငြိမ်းချမ်းရေးယူခဲ့ပြိး ယခုလိုစစ်အင်အားကို ၅၀၀၀၀မှ၁၀၀၀၀၀ကြားအရံအင်းအားပါ အပါအ၀င် ကြိးမားစွာတည်ဆောက်ပြိးမှ
    ယခုလိုနိုင်ငံတော်အစိုးရကိုတောင်အန်တုစိမ်ခေါ်တိုက်ခိုက်ခဲ့၍ ကချင်ပြည်နယ်တခုလုံး ကြေမွပျက်စီးအောင်အနိုင်ကျင်. ဖျက်ဆိးခံနေကြရခြင်း ဖြစ်ပါသည်။ ဒါကြောင့်KIO/KIAတို.ကို နောက်ထပ်အခွင့်အရေးမပေးသင့်တော့ပါ။ ပြည်သူလူထုအင်မတန်နစ်နာလွန်းနေပါကြောင်း ပြောကြားလိုပါသည။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း လက်ရှောင်နေသင့်ပါသည် ။ ငြိမ်းချမ်းရေးရယူဘို. အချန်စောလွန်းပါသေးသည်ဟုပြောကြားလိုပါသည်။ ဒေါ်ဒွဲဘူ ဥိးလနန်တို.လည်း မျက်စေ.ကွယ်နေခြင်း နားပင်းနေခြင်း ဆွံ.အနေခြင်း ရောဂါများကင်းဝေးပြိး ပြည်နယ်နေတိုင်းရင်းသားများ၏ အဖြစ်မှန်များကို အရှိပကတိအတိုင်းဖေါ်ပြနိုင်ကြပါစေ အတ္တလျော့နိုင်ကြပါစေ ဟုဆုတောင်းပါတယ်။
    ReplyDelete
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။
သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်
ဖတ်ရှုမှု များသော သတင်းများ
® GOLDEN LAND MYANMAR NEWS & KNOWLEDGE
1 comments:
ဦးသိန်းဇော်ခင်ဗျား-
Post a Comment