KIA TERRORIST ဓါးပြအဖွဲ့
အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခု အချိန် အထိ မန္တလေး- မြစ်ကြီးနား ရ ထားလမ်းတွင် မိုင်းထောင် ဖောက် ခွဲမှု ၅၃ကြိမ်၊ မန္တလေး- လားရှိုး ရထားလမ်းတွင်
နှစ်ကြိမ် စုစုပေါင်း ၅၅ ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
နိုင်ငံရေး အင်အားစုများက KIA TERRORIST ဓါးပြအဖွဲ့ ကို ရှုံ့ချတဲ့ ကြေငြာချက်လေး တစ်စောင်တောင် ထွက် မလာပါလား။စစ်ပွဲတွေရပ်ဆိုပြီး ဆန္ဒပြတဲ့ လူတွေ ၊ ဘာလုပ်နေတာလဲ။
လဂျားယန် နဲ့ လိုင်ဇာ တဝိုက်က လူတွေကိုသာ ၊ ခင်ဗျားတို့က " လူ " ထင်တာလား။
ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးက " ကွက်ကြားမိုး " ကြီးလားဗျာ။
KIA TERRORIST ဓါးပြအဖွဲ့၏ တပ်တွေကို လဂျာယန်စခန်းကနေ ဒီဇင်ဘာလ ၂၅ရက်
နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က
သတိပေးအကြောင်းကြားစာပို့ မှ ကမန်းကတန်းထလုပ်တဲ့ "
ငြိမ်းချမ်းရေးလိုလားသူများ၏ ဆန္ဒထုတ်ဖော်ပွဲများ " ဟာ လုံးဝရိုးသားမှုမရှိသလို ၊ အမှန် တကယ် ငြိ မ်း ချမ်းရေးအတွက်ပြောနေတာလို့လဲ
ယုံနိုင်စရာမရှိပါဘူး။
အခုလိုလုပ်နေတဲ့ ပုံစံက ၊ ယခင် ဗကပ မြေပေါ်
အဖွဲ့အစည်းတွေ က ၊ အစိုးရကို မြေပေါ် မြေအောက် ညှပ်ပြီး တိုက်တဲ့
တိုက်ကွက်မျိုးမို့  ရိုးသားတဲ့ တောင်းဆိုမှုများ မဟုတ်ပါဘူး။
ခင်ဗျားတို့ ငြိမ်းချမ်းရေးလိုလားသူများဟု အော်နေကြသူတွေထဲမှာ KIA TERRORIST ဓါးပြအဖွဲ့၏ အ ကြီးတန်း အထူးအရာရှိများ ပါဝင်နေပြီး၊ မြေပေါ်လှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတာကို အားလုံးက သိနေ ပါပြီ။
ပြည်သူလူထုသည် မိမိ တို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်၍ အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက်နေသော KIA TERRORIST ဓါးပြအဖွဲ့၏ အပြုအမူများကို စက်ဆုပ်ရွံရှာ နေပါပြီ။
အစိုးရအနေနဲ့  KIA TERRORIST ဓါးပြအဖွဲ့ကို ဒီအတိုင်းလွှတ်ထားပါက ပြည်သူလူထုဆက်ပြီး ဒုက္ခ များ နေရပါမယ်။
အခုအချိန်ကစပြီး KIA TERRORIST ဓါးပြအဖွဲ့ကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့  တောင်း ဆိုလိုက်ပါတယ်။ ။
ကိုဂျွန်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။