၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ
ဝါရင့်သမ္ဘာရင့် ဆရာမောင်သွေး ချွန် ရဲ့ “ရွှေတိဂုံဘုရားလင်းတနားတိုင်းကား
ပြည်ရွာပျက်မှာလား” ဆိုတဲ့ခေါင်းစဉ်နဲ့
ဖော်ပြထားတဲ့ဆောင်းပါး ဖတ်လိုက်ရပါတယ်။ ခေါင်းစဉ်ကိုဖတ်ရုံကြည့်ရုံနဲ့
နိုင်ငံသားတစ်ယောက် အနေနဲ့ စိုးရိမ်စိတ်ဝင်သ လိုဖြစ် တဲ့အတွက်
ဆက်ဖတ်ကြည့်တော့ဟုတ်မလိုလိုနဲ့ ဝါရင့်မီဒီယာသမား တစ်ယောက်က သန်း ၆၀ သော
မြ န်မာပြည်သူတွေ စိတ်ခြောက်ခြားအောင်ရေးထားတဲ့ စာဖြစ်နေ ပါရောလားဗျာ။
ဆရာမောင်သွေးချွန်က ဆောင်းပါးအစမှာပဲ ရွှေတိဂုံစေတီတော်ကြီးကို
ငှက်လောကမှာ အယုတ်ဆုံး အ ညံ့ဆုံး လင်းတတွေနားတာဟာ အုပ်ချုပ်သူမင်းအစိုးရရော၊
ပြည်သူတွေရော၊ သာသနာ တော်ကြီး အ တွက်ရော စိတ်ပူစရာဖြစ်တယ်အစချီပြီး
ရေးသားထားတာတွေ့ရပါတယ်။ ဆောင်းပါး တစ်ပုဒ်လုံး ဖတ် ကြည့်ပြီးတော့
ဆရာမောင်သွေးချွန်က မြန်မာနိုင်ငံသားများကို ပေးလိုတဲ့သတင်း Message က
မြန် မာနိုင် ငံမှာ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြည်သူလူထုဒုက္ခသုက္ခတွေ
အကြီးအကျယ် ခံစားရမယ့် သဘောရေးထား တာ တွေ့ရပါတယ်။
ဆောင်းပါးမှာဖော်ပြသလို လင်းတဆိုတာအတိတ်ကောင်း နမိတ်ကောင်းဆောင်တဲ့
ငှက် တိရ စ္ဆာန် မဟုတ် ဘူးလို့တော့ ရှေးအယူအဆအရ
သတ်မှတ်ကောင်းသတ်မှတ်နိုင်ပါလိမ့်မယ်။ လင်းတ တွေက မူလ ကျက် စားရာ
ဟိမ၀န္တာတောင်ရဲ့ မြောက်ဘက်မွန်ဂိုလီးယား၊ တိဘက်ဒေသတွေမှာ ရာသီဥတု
အလွန်အေးတဲ့ ကာလမှာ နွေးထွေးသော ကမ္ဘာ့တောင်ဘက်ခြမ်းဒေသများသို့ ဆောင်းခိုရန်
မိုင်ထောင် ချီပြီး လေ ဟုန် စီးပျံသန်းရင်း အတောင်ညောင်းလို့
ဝင်ရောက်နားခိုခြင်းသာဖြစ်ပါတယ်။ လင်းတငှက်တွေက အတောင်ဖြ န့်ပြီးပျံတဲ့
အမျိုးအစားမဟုတ်ဘဲ လေဟုန်စီးပြီးပျံတဲ့ အမျိုးအစား ဖြစ်ပြီး မနှစ်ကလည်း
ရန်ကုန်မှာဆို ရ င် ရွှေဂုံတိုင်ဘက်က ဖုန်းတိုင်တွေမှာ နားတာတွေ့ခဲ့ရသလို၊
မကွေးတိုင်းဘက်မှာ လည်း တွေ့လေ့ ရှိပါ တယ်။
အရင်တုန်းကလည်း အခြားနေရာတွေ၊ မြင့်တဲ့နေရာ တွေမှာ နားခဲ့တာ၊
မြန်မာနိုင်ငံအနှံ့အပြားသို့ လင်း တဆင်းသက်ခြင်းမှာ
နှစ်စဉ်ဖြစ်ပွားခဲ့တာတွေကို သတိမမူမိကြပါဘူး။ ဒီနှစ်လည်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဘုရားကုန်းကျေးရွာ ဘက်မှာလည်း
ထိုကဲ့သို့သော ဆောင်းခိုငှက်ကြီးများ ဆင်းသက် တာတွေရှိခဲ့တာကို ဆရာ
မောင်သွေးချွန်မသိဘဲ မနေဘူးလို့ထင်ပါတယ်။ မိမိတို့ဒေသတွင်းသို့
တစ်ခဏ ခိုနားရန် စတည်းချခြင်း၊ သို့မဟုတ် လမ်းမှားလာခြင်းမှတစ်ပါး
တခြားမည်သည့်ပြစ်မှုကိုမှ ကျူးလွန် ထားခြ င်း မရှိသော အပြစ်မဲ့ ငှက်ကြီးများကို
ယိုးမယ်ဖွဲ့ပွဲဆူအောင် မဲတူလုပ်တာကိုတော့ ဆရာဗဟုသုတရစေချင် လို့ အသိပေး
လိုက်ပါတယ်။
ဒါပေမယ့် ဆရာမောင်သွေးချွန်က ဒီလင်းတတွေလာနားတာနဲ့
လက်ပံတောင်းတောင်အရေး ကိစ္စတွေ၊ ရ ခိုင်ပြည်နယ်အရေးကိစ္စ၊
ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေတွေ၊ သာသနာတော်အရေးကိစ္စ တွေ
ကေ သာ င်း ကနင်းဖြစ်ပြီး အုပ်ချုပ်သူမင်းအစိုးရ(အစိုးရအဖွဲ့)ပါ
ဒုက္ခရောက်တော့မယ့် သဘောရေး သားထားတာ ကတော့
တမင်ခြိမ်းခြောက်လိုဟန်တွေပါနေပါတယ်။
တစ်နည်းပြောရရင်တော့ အေးအေး ချမ်းချမ်းနဲ့ နေလိုတဲ့ ပြည်သူတွေကို
အဓိကရုဏ်းဖြစ်တော့မယ့် ပုံစံ နဲ့ ခြောက်လှန့်လိုက်တာပဲ ဖြစ်ပါ တယ်။
ဒီလိုခြောက်လှန့်တဲ့နေရာမှာ မောင်သွေးချွန်က ၁၉၈၈ အရေးအ ခင်းကို
နမူနာပြဖော်ပြထား သလို ၂၀၀၇ ရွှေဝါရောင်အရေးအခင်းမတိုင်မီ
ရွှေဂုံတိုင်တာဝါမှာ လင်းတတွေ နားခဲ့တယ်လို့ အထောက်အထားမဲ့စွာ နဲ့
ခြောက်လှန့်ရင်း မြှောက် ထိုးပင့်ကော် လုပ် နှပ်ကြောင်းပေး ခဲ့ တာတွေ့ရပါ တယ်။
သန်း ၆၀ သောပြည်သူများက သမ္မတဦးသိန်းစိန်ပြောခဲ့သလို နောက်ကြောင်းပြန်
မလှည့်စတမ်းနဲ့ ဒီမိုကရေစီနိုင်ငံတော်ဖော်ဆောင်နေချိန်မှာ
မောင်သွေးချွန်ကဲ့သို့သော အရိုးရင့် ကြီးမိုက်ေ တွ က ကလောင်လက်နက်အားကိုးနဲ့
ပြည်သူတွေကို နောက်ကြောင်းပြန်လှည့်အောင် ခြိမ်းခြောက် နေတ ယ် လို့ပဲ
ပြောရမှာဖြစ်ပါတယ်။ လင်းတနားရုံနဲ့တော့ အဲသည်လောက်ဆိုးရွားမသွားနိုင်ပါဘူး။
တစ်စိတ် ကို တစ်အိတ်လုပ် ခေါင်းစဉ်ကြီးကြီးပေးပြီး ဗုဒ္ဓဘာသာအယူဝါဒအပြင်
မိရိုးဖလာယုံကြည် ကိုးကွယ်တတ် တဲ့ပြ ည်သူတွေကို အတိတ်နမိတ်တဘောင်တွေနဲ့
တိုင်းပြည်ပျက်တော့မယောင်ယောင်၊ ၈၈ အရေးအခင်းလိုမျိုး၊ ၂၀၀၇
ရွှေဝါရောင်အရေးအခင်းလိုမျိုးဖြစ်စေချင်တဲ့နှပ်ကြောင်းပေးပြီး “မိုးသောက်ပြီ ထိုးဖောက်ကြ ကုန်ေ လာ့” ဆိုပြီး နှိုးဆော်တာတော့
အဆိုးဘက်ကိုဖြစ်စေချင်နေ တာလား၊ နောက်ကြောင်းပြ န်စေချင်နေ တာ လား၊
ပွဲလန့်တုန်းဖျာဝင်ခင်းနေတာလားဆိုတာတော့ ဆရာပဲသိမှာပါ။
ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ၀စီဒုစရိုက်လေးပါးထဲက
ပိသုဏဝါစာနဲ့ သမ္ဖပ္ပလာပ ရဲ့ ယေဘု ယျသဘောကိုပြောရရင် သူတစ်ပါးလည်းအကျိုးမရှိ၊
မိမိကိုယ်တိုင်အတွက်လည်း အကျိုးမရှိတဲ့ ယုတ် ညံ့သော၊
သူတစ်ပါးပျက်စီးထိတ်လန့်စေလိုသော ကုန်းတိုက်ခြိမ်းခြောက်စကားပြောခြင်းဟာ
သူယုတ် မာေ တွရဲ့ လက္ခဏာဖြစ်ပါတယ်။ အခုတော့ ဆရာမောင်သွေးချွန်က ကျွန်တော်အထက်က
ပြောခဲ့တဲ့ အ တိုင်း ခြောက်လှန့်တွန်းပို့နေလေတော့ ဆရာမောင်သွေးချွန်ရေ
ကိုယ့်ဘာသာကိုယ် ဘယ်လို လူစားလဲဆို တာ နဖူးပေါ်လက်တင်ပြီး
တစိမ့်စိမ့်စဉ်းစားပေးပါဦးလို့ အကြံပေးပါရစေဗျာ။
ဗညားထော
မောင်ကျောက်ခဲ
ဖြည့်စွက်ချက် ။ ရန်ကုန် စာပေအသိုင်းအဝိုင်းမှာတော့ မောင်သွေးချွန်ကို
လူထုစိန်ဝင်း သေပြီးက တည်း က လူထုစိန်ဝင်းနေရာမှာ နေဖို့ ပြောဆိုနေတဲ့
ဘဝင်ရူးလို့ ပြောဆိုတတ်ကြပါတယ် ။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။