Pages

Saturday, January 12, 2013

ကော့သောင်းမှာ ဖမ်းမိတဲ့ ဘင်္ဂလီ များ လာရင်းဒေသ ပြန်ပို့ပြီ

တနင်္သာရီတိုင်း ကော့သောင်းမြို့ကို အခု လဆန်းပိုင်းက စက်လှေနဲ့ရောက်လာကြတဲ့ ဘင်္ဂလီ ၈၅ ယောက်ကို ဒီကနေ့ ဇန်န၀ါရီ ၁၁ ရက်နေ့ မနက် ၄ နာရီက ကော့သောင်းမြို့ကနေ အမြန်ရေယာဉ်နဲ့ ရန်ကုန်မြို့ကတဆင့် နေရပ်ဒေသကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီ
ဘင်္ဂလီ ၈၅ ယောက်ကို သက်သေအထောက်အထား လက်မှတ် တစ်စုံတစ်ရာ မရှိတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူဖို့ နေပြည်တော်ကို တင်ပြထားရာက ဇန်န၀ါရီ ၁၀ ရက်နေ့ မနေ့ညနေက နေရပ်ဒေသကိုပဲပြန်ပို့ဖို့ ညွန်ကြား လာတဲ့အတွက် ဒီကနေ့မနက် မှာ ပြန်ပို့ လိုက် တာဖြစ်တယ်လို့ ကော့သောင်း လူဝင်မှု ကြီးကြပ်ရေးဌာန ဦးစီးမှူး က RFA ကို ပြောပါ တယ်။

"အထက်ကို တင်ပြထားတာကို တရားမစွဲပါနဲ့ နေရပ်ဒေသပဲ ပြန်ပို့ပါဆိုပြီးတော့ နေပြည်တော်က အဲ့လို အကြောင်းပြန်လာတယ် မနေ့က ၄ နာရီလောက်ကပေါ့။ အဲ့ဒါကြောင့်မို့ ဒီနေ့မနက်ပြန်ပို့တာ၊ ပို့လိုက်ပြီ အကုန် ပို့လိုက်ပြီ ဒီနေ့မနက်၊ ကျနော်တို့က ဒီကနေပြီးတော့ မြိတ်ကိုသွားမယ်၊ မြိတ်ကနေပြီး မြစ်ကြီးနား သဘောင်္နဲ့ ရန်ကုန်ကိုပေါ့၊ ကျနော်တို့ ရန်ကုန်မှာ တိုင်းလ၀က အစီအစဉ်နဲ့ သူတို့နေရပ်ဒေ သ ပြန်ပို့ မှာပေါ့နော်"

ပြန်ပို့လိုက်တဲ့ ဘင်္ဂလီ ၈၅ ယောက်ဟာ ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ဆိုပြီး၊ ရခိုင်ပြည် နယ် စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ဒုက္ခသည်စခန်းကနေပြီး ဇန်န၀ါရီ ၂ ရက်နေ့ ည ၁၀ နာရီခွဲခန့် မှာ ကော့သောင်းမြို့ သီိရိမြိုင်ရပ်ကွက်ကို စက်လှေနဲ့ရောက်ရှိလာကြပြီး ဖမ်းဆီးထိန်းသိမ်း ခံထား ရ သူတွေ ဖြစ်ကြပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အထက် ၃၆ ယောက်သာပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေက ၄၉ ယောက် ပါရှိတယ်လို့ ကော့သောင်းလူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူး ထံမှ သိရပါတယ်။
From:rfa
 
Myanmar Daily Star Group 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ကော့သောင်းမှာ ဖမ်းမိတဲ့ ဘင်္ဂလီ များ လာရင်းဒေသ ပြန်ပို့ပြီ

Labels:
တနင်္သာရီတိုင်း ကော့သောင်းမြို့ကို အခု လဆန်းပိုင်းက စက်လှေနဲ့ရောက်လာကြတဲ့ ဘင်္ဂလီ ၈၅ ယောက်ကို ဒီကနေ့ ဇန်န၀ါရီ ၁၁ ရက်နေ့ မနက် ၄ နာရီက ကော့သောင်းမြို့ကနေ အမြန်ရေယာဉ်နဲ့ ရန်ကုန်မြို့ကတဆင့် နေရပ်ဒေသကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီ
ဘင်္ဂလီ ၈၅ ယောက်ကို သက်သေအထောက်အထား လက်မှတ် တစ်စုံတစ်ရာ မရှိတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူဖို့ နေပြည်တော်ကို တင်ပြထားရာက ဇန်န၀ါရီ ၁၀ ရက်နေ့ မနေ့ညနေက နေရပ်ဒေသကိုပဲပြန်ပို့ဖို့ ညွန်ကြား လာတဲ့အတွက် ဒီကနေ့မနက် မှာ ပြန်ပို့ လိုက် တာဖြစ်တယ်လို့ ကော့သောင်း လူဝင်မှု ကြီးကြပ်ရေးဌာန ဦးစီးမှူး က RFA ကို ပြောပါ တယ်။

"အထက်ကို တင်ပြထားတာကို တရားမစွဲပါနဲ့ နေရပ်ဒေသပဲ ပြန်ပို့ပါဆိုပြီးတော့ နေပြည်တော်က အဲ့လို အကြောင်းပြန်လာတယ် မနေ့က ၄ နာရီလောက်ကပေါ့။ အဲ့ဒါကြောင့်မို့ ဒီနေ့မနက်ပြန်ပို့တာ၊ ပို့လိုက်ပြီ အကုန် ပို့လိုက်ပြီ ဒီနေ့မနက်၊ ကျနော်တို့က ဒီကနေပြီးတော့ မြိတ်ကိုသွားမယ်၊ မြိတ်ကနေပြီး မြစ်ကြီးနား သဘောင်္နဲ့ ရန်ကုန်ကိုပေါ့၊ ကျနော်တို့ ရန်ကုန်မှာ တိုင်းလ၀က အစီအစဉ်နဲ့ သူတို့နေရပ်ဒေ သ ပြန်ပို့ မှာပေါ့နော်"

ပြန်ပို့လိုက်တဲ့ ဘင်္ဂလီ ၈၅ ယောက်ဟာ ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ဆိုပြီး၊ ရခိုင်ပြည် နယ် စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ဒုက္ခသည်စခန်းကနေပြီး ဇန်န၀ါရီ ၂ ရက်နေ့ ည ၁၀ နာရီခွဲခန့် မှာ ကော့သောင်းမြို့ သီိရိမြိုင်ရပ်ကွက်ကို စက်လှေနဲ့ရောက်ရှိလာကြပြီး ဖမ်းဆီးထိန်းသိမ်း ခံထား ရ သူတွေ ဖြစ်ကြပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အထက် ၃၆ ယောက်သာပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေက ၄၉ ယောက် ပါရှိတယ်လို့ ကော့သောင်းလူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူး ထံမှ သိရပါတယ်။
From:rfa
 
Myanmar Daily Star Group 

0 comments: