မနေ့ကဇန်န၀ါရီ၉ရက်လွှတ်တော်ခေတ္တနားတဲ့အချိန်မှာ သတင်းထောက်တွေကိုဒေါ်အောင်ဆန်းစုကြည်
ကခရိုနီတွေကိုကာကွယ်တဲ့စကားတွေကိုပြောသွားတယ်။ အဲဒီလိုပြောသွားတဲ့အထဲမှာခရိုနီတွေဒီလို ပညာရေး၊ လူမှုရေး ကိစ္စတွေကိုကူညီထောက်ပံ့ တာဟာကြိုဆိုရ မယ့်ကိစ္စလို့လည်းပြောသွားသေးတယ်။
ပြီးတော့ဒေါ်အောင်ဆန်းစုကြည် ကရန်ကုန်တက္ကသိုလ်ကိုပြန်လည်ဖွင့်လှစ်ဖို့ အဆိုကိုလွှတ်တော်မှာ
တင်ခဲ့ ပါတယ်။ ဒါတွေကNLDရဲ့ လက်ရှိအချိန်ပညာရေးနဲ့ပက်သက်ပြီးဆောင်ရွက် တဲ့လှုပ်ရှားမှုတွေဖြစ် ပါတယ် ။ပြီးတော့လွန်ခဲ့တဲ့ဒီဇင်ဘာလ ကခရိုနီတွေဆီကအလှူငွေတွေကိုဂီတရန်ပုံငွေပွဲ လုပ်ပြီးလက်ခံယူ ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ခရိုနီတွေဆီကရတဲ့အလှူငွေတွေနဲ့ထိုင်းမြန်မာနယ်စပ် ကရွှေ့ပြောင်း ကလေးတွေရဲ့စာသင်ကျောင်းတွေကို သွားရောက်လှူဒါန်းတာဟာပျက်စီးယိုယွင်းနေတဲ့မြန်မာ့ပညာရေး အတွက်ဘယ်လိုမှအထောက်အကူမပြုနိုင်ပါဘူး။ဒါပေမယ့် တစ်ဖက်မှာတော့အဲဒီလိုလှူဒါန်းတာနဲ့ ပက်သက်ပြီး အမြတ်ထွက်မယ့်အဖွဲ့အစည်းနှစ်ခုရှိနေပါတယ်။
တစ်ခုကခရိုနီ တွေဖြစ်ပြီးနောက်တစ်ခုဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီဖြစ်ပါတယ်။ အဲဒီလိုကာကွယ် ဖို့တစ်ခုတည်းသောနည်းကလူထုထောက်ခံမှုရရှိထားတဲ့အဖွဲ့အစည်းတွေကိုတစ်ဖက်တစ်လမ်း နဲ့ပံ့ပိုး ကူညီတာဖြစ်ပါတယ်။ ဒီအတွက်လက်ရှိအချိန်မှာဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီကိုအလှူငွေတွေ လှူဒါန်းပြီး သူတို့အပေါ်ပြည်သူလူထုရဲ့ အထင်အမြင်(Impression)ကောင်းလာအောင် လုပ်ဆောင် တာဖြစ် ပါ တယ်။ နောက်တစ်ဖက်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီအတွက်ကတော့ အရင်က တည်း ကလူထုထောက်ခံမှုရရှိထားတဲ့ ပါတီဖြစ်လို့ သူတို့ဆီကိုလာရောက်ချည်းကပ်မယ့် လူတွေ အများကြီး ရှိ လာမယ်ဆိုတာကြိုတင်တွက်ဆမိပါလိမ့်မယ်။
အဲဒီလိုလာရောက်ချည်းကပ်မယ့် အရင်ဆုံးခရိုနီတွေနဲ့ သာကူးနိုင်ငံရေးသမားတွေကိုငြင်းဆန်လိုက် ရင်ပြည် သူတွေ အမြင်မှာဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီဟာပြည်သူ့ အကျိုးတစ်ခုတည်းကို သာကြည့်တဲ့ တီ၊ ဘက်ပြောင်းချည်းကပ်မယ့်လူတွေကိုလက်မခံတဲ့၊သန့်စင်တဲ့ပါတီတစ်ခုအဖြစ်လူထုရဲ့ ယုံကြည်ကိုးစားမှုကိုထပ်မံတိုးမြှင့်ရရှိပါလိမ့်မယ်။ဒါပေမယ့်ငြင်းဆန်လိုက်မယ်ဆိုရင်ရရှိလာမယ့်ဆိုးကျိုးတွေ လည်းရှိပါသေးတယ်။
ပထမဆုံးရရှိလာမယ့်ဆိုးကျိုးကပါတီအတွက်အရေးကြီးတဲ့ရန်ပုံငွေဖြစ်ပါတယ်။လက်ရှိအချိန်မှာ NLDပါတီ ထဲ ကိုမြန်မာနိုင်ငံအနှံ့ အပြားကလူတွေအများအပြားဝင်ရောက်လာကြပေမယ့်အားလုံးက မိမိဘာသာ ရှာဖွေရရှိထားတဲ့ငွေကြေးတွေကိုသုံးစွဲနေသူတွေဖြစ်ပါတယ်။ ပါတီကလက်ရှိအချိန်မှာပါတီ ၀င်တွေကို လစာပေး မထားနိုင်သေးပါဘူး။ဒါပေမယ့်ပါတီတစ် ခုရေရှည်ရပ်တည်ဖို့အတွက်ရန်ပုံငွေဟာမရှိမဖြစ် အရေးကြီး ပါတယ်။အဲဒါကြောင့်ရန်ပုံငွေရရှိဖို့ကိုယ်ကျိုးရှာစီးပွားရေးသမားတွေနဲ့အကျိုးတူ
ပူးပေါင်းဆောင်ရွက် ရပါတော့မယ်။တကယ်လို့ ခရိုနီတွေကိုငြင်းဆန်ရင်အဲဒီအခွင့်အရေးဆုံးရှုံးမယ်ဆို တာဒေါ်အောင်ဆန်းစုကြည်သိပါလိမ့်မယ်။
တကယ်လို့ရန်ပုံငွေတွေကို လက်ခံလိုက် မယ်ဆိုရင်အရင်ဆုံးရရှိ လာမယ့်အကျိုးကျေးဇူးတွေ ကငွေရေးကြေးရေး အတွက်ပူပန် စရာမလိုဘဲပါတီစည်းရုံးရေးတွေ ကို လုပ်ဆောင်နိုင် မှာဖြစ်ပါ တယ်။ငွေကြေးပြည့် ၀ဖူလုံနေတဲ့အတွက်တစ်ခြားပြိုင် ဘက်ပါတီတွေထက် သိသိသာသာ အသာ ရနေ မှာဖြစ်ပါတယ်။
ဒါပေမယ့်ရရှိလာမယ့်ဆိုးကျိုးကပြည်သူ့ရဲ့ယုံကြည်မှုကိုအနည်းနဲ့အများဆုံးရှုံးသွားမှာဖြစ်ပါ တယ်။ ဒါဆိုရင်ဒေါ်အောင်ဆန်း စုကြည်ရဲ့နောက်ကွယ်ကရည်ရွယ်ချက်တွေကဘာတွေ များဖြစ်နိုင်မလဲ။ နောက်ပြီး ဒီမိုကရေစီနိုင်ငံ မှာအာဏာရှင်ဆန်ဆန်အုပ်ချုပ်နိုင်ဖို့အုပ်ချုပ်တဲ့နိုင်ငံခေါင်းဆောင် အမည်ခံ အာဏာရှင် ကိုပြည်သူလူထုရဲ့အမြင်မှာအမြဲတမ်းယုံကြည် ကိုးစားထိုက်တဲ့ပုဂ္ဂိုလ်တစ်ဦးအဖြစ်ထင်မြင်
ယူဆလာအောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။အရင်စစ်အစိုးရခေတ်ကမြန်မာနိုင်ငံမှာအစိုးရပိုင်သတင်း စာတွေကနေအစိုးရ၀ါဒဖြန့်တာတွေလုပ်ဆောင်ပါတယ်။အလားတူစစ်အစိုးရကိုဝေဖန်တဲ့ လူတွေကိုဖမ်း ဆီး၊ထောင်ချ၊သတ်ဖြတ်မှုတွေပြုလုပ်ပါတယ်။ဒါပေမယ့်ဒီမိုကရေစီလို့အမည်ခံတဲ့တိုင်းပြည်မှာအာဏာရှင် လုပ်ဖို့ စစ်အစိုးရလိုအကြမ်းနည်းထက် အနုနည်း(Soft Power)ကိုသုံးဖို့လိုအပ်တယ်ဆို တာဒေါ်အောင်ဆန်းစုကြည် သိရှိပါလိမ့်မယ်။
အဲဒါကြောင့်လက်ရှိအချိန်ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်နေသူတွေကိုလူထုခေါင်းဆောင်ကိုစော်ကား
သူ၊ကျေးဇူးကန်းသူတစ်ယောက်အဖြစ်ပြည်သူ အများအမြင်မှာထင်မြင်လာအောင်NLDပါတီဝင်တွေ ၊ဒေါ်အောင် ဆန်းစုကြည်ကိုမျက်ကန်းချစ် သူတွေကFacebookကဲ့သို့သောအွန်လိုင်းမီဒီယာတွေမှာ လုပ်ဆောင်လာကြပါတယ်။ဝေဖန် သူတွေကို ဘာမှနိုင်ငံအတွက် ၀င်မလုပ်ဘဲအသားလွတ်ဝေဖန်နေ
သူအဖြစ်မိမိကိုယ်ကိုရှက်ရွံ့လာအောင်၊အများအမြင်မှာစစ်တပ် သစ္စာခံ၊ကြံခိုင်ရေးပါတီ သစ္စာခံ တစ်ယောက် အဖြစ်ပုံဖော်ပေးနေပါတယ်။
တစ်ဖြည်းဖြည်းနဲ့မင်းသမီးယောင်ဆောင်ထား တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘီလူးမပုံ ဟာပေါ်လာနေပါပြီ။ အားလုံးနိုင်ငံရေးနဲ့ပက်သက်ပြီးသတိရှိဖို့လိုပါတယ်။ ကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရိုနီတွေဆီကအ လှူငွေတွေရယူတာ၊ခရိုနီတွေကိုကာကွယ်ပြောဆိုတာတွေနဲ့ပက်သက်ပြီး ကျွန်တော်ဥာဏ် မှီ သ လောက် စဉ်းစားမိတာတွေဖြစ်ပါတယ်။ ကျွန်တော်နဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။
Form:စည်သူထက်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။