မြန်မာနိုင်ငံလည်း
ခုဆိုရင် ဆန္ဒပြတဲ့ ယဉ်ကျေးမှု ခေတ်စားလာခဲ့ပါပြီ။ အစတုန်းကတော့ တော်တော်လေး
အထူးအဆန်း ဖြစ်ခဲ့ပါလိမ့်မယ်။ ခုတော့လည်း မကြာခင်မှာပဲ ရိုးသွားတော့မှာပါ။
ဒီမိုကရေစီရဲ့  အခွင့်အရေးတစ်ရပ်လို့  ဆိုနိုင်တဲ့ Protest Culture ဟာ လူသား နိုင်ငံသားတွေရဲ့  အခွင့် အရေးပါ။ မွေးရာပါအခွင့်အရေးပါ။ ရှေးဘုရင်များလက်ထက် က ဟစ်တိုင်တက်အော်ခဲ့တဲ့ ဓလေ့မျိုးပါပဲ။
အနောက်နိုင်ငံတွေမှာတော့ ဆန္ဒပြတာဟာ မထူးဆန်းတော့ပါဘူး။ အခု
မြန်မာနိုင်ငံမှာလည်း မထူး ဆန်းေ တာ့တဲ့ အနေအထားကို ရောက်ရှိသွားတော့မှာ
ဆိုတော့ လူထုစိတ်ဝင်စား အောင် အမျိုးမျိုးကြံဆပြီး ဆွဲေ ဆာင်လာလတ္တံ့ သော
အခြေအနေများကိုလည်း မြင်တွေ့ နေရပါပြီ။
Stakeholder တွေထဲမှာ ဆရာတော်တွေ ထိပ်ဆုံးက ပါနေတာဟာလည်း ယဉ်ကျေးမှု
တစ်ရပ်လို့ ဆိုနိုင် ပါ့မလား။ ယိုးဒယားမှာ အနီတွေ အ၀ါတွေ အပြာတွေ အဖြူတွေ
ရောင်စုံ ဆန္ဒပြကြတော့ ဆရာတော်တွေ မပါခဲ့ပါဘူး။ ထိုင်းနိုင်ငံရဲ့ 
နိုင်ငံရေးမှာ ဆရာတော်တွေ သြဇာ မကြီးမားခဲ့ပါဘူး။ မြန်မာကတော့ သမိုင်းမှာ
ဦးဝိစာရ၊ ဦးဥတ္တမတို့  အထင်ကရ ရှိခဲ့လေတော့ ဇာတိပုညနဲ့ ပတ်သက်ဆကနွယ်နေတယ်
ဆိုပါတော့။
ကမ္ဘာမှာ ထေရ၀ါဒ အစစ်မှန်ဆုံးက မြန်မာနိုင်ငံလို့  ဆိုရိုး ရှိပါသတဲ့။
ဘာသာရေးနဲ့  နိုင်ငံရေး ရောရောေ ထွးထွေးတွေကြောင့် ဗုဒဘာသာကို
တစ်မျိုးမြင်ကြမှာလည်း စိုးရပါတယ်။ဆရာတော်ေ တွ ကို Check and Balance ဘယ်သူက လုပ်နေပါသလဲ။
ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကား ရှိပါတယ်။ အဲဒါကတော့
တိုင်းပြည်လွတ်လပ်ရေးအတွက် လူလိုနေ တဲ့အချိန်မို့  ပြောခဲ့တာပဲ ထားပါတော့။
အခုဆို ဘယ်လိုလုပ်မလဲ။ ဗုဒဘာသာဝင် အများစု နေထိုင် ကြတဲ့ အ တွက် တွေ့  ရင်
လက်အုပ်ချီရတယ်။ ဆရာတော်တချို့  က နိုင်ငံရေးမှာ ၀င်ပါကြတဲ့အခါ
အုပ်ချုပ်သူေ တွ က ဘယ်လို ရှင်းကြမလဲ။
အစတုန်းက ဆနပြတာဟာ သတင်း ဖြစ်ခဲ့ပေမယ့် အခုတော့ ဆနပြတာဟာ
မထူးဆန်းတော့တဲ့အတွက် ဆနပြသူတွေအနေနဲ့  သူတို့ ကို လူတွေ သတိပြုလာအောင်၊
ထောက်ခံ လာအောင် အမျိုးမျိုး စတန့် ထွင် ကြမှာ ဖြစ်သလို အရေးဟယ် အကြောင်းဟယ်
ဆိုရင် ဆရာတော်တွေကို ပင့်ပြီး ကာဗာယူကြတာ လည်းေ ခတ်စားလာပါလိမ့်မယ်။
နိုင်ငံရေးသမားတွေကလည်း ဆရာတော်တွေကို အသုံးချပြီး နိုင်ငံရေးတိုက်ကွက်
ထွင်လာကြတယ်။ ထွင်ေ ကာင်းရဲ့ လား ဆရာတော်တွေကရော ပါကောင်းရဲ့ လား။ လောကီနဲ့  လောကုတ္တရာ နှစ်ခုစလုံး ကြိုးပမ်း ကြမှာ ဆိုရင်ကော။
ကိုယ့်ဘက်က မမှန်ပေမယ့်လည်း ဥပဒေနဲ့  မညီပေမယ့်လည်း ဆနပြရင်
အနိုင်ရရှိမယ် ဆိုတဲ့ သဘော မျိုး နဲ့  လွတ်လပ်စွာဆနဖော်ထုတ်ခွင့်ကို
တလွဲအသုံးချလာမှာလည်း စိန်ခေါ်မှု ဖြစ်ပါလိမ့်မယ်။
အကောင်းဆုံးကတော့ ၀ိနည်းနဲ့  မညီတဲ့ ဆနပြတာတွေကို ဆရာတော်ကြီးတွေက ၀ိုင်းပြီး ထိန်းမှ ဖြစ် မှာ ပါ။
နောက်တစ်ခုက နိုင်ငံသားတွေအတွက် အရေးကြီလှတဲ့ စက်မှုဇုန်တွေဟာလည်း Protest Culture နဲ့  အ ဟန့် အတား ဖြစ်တာလည်း မကောင်းပါဘူး။ ဒီကြားထဲ နိုင်ငံရေး အမြတ် ထု တ် နိုင်ငံရေးလုပ်စားတွေေ ကြာင့် ရိုးသွားမယ့် ဆနပြမှုတွေ မထိရောက်မှာလည်း စိုးပါတယ်။
ထစ်ကနဲရှိ ဆနပြ ထစ်ကနဲရှိ ဆနပြ နဲ့  အလုပ်ကိုလုပ်လို့  ရတော့မှာ
မဟုတ်ဘူး ။ ဆနတွေ တစ်ခုပြီး တစ် ခု ပြနေရုံနဲ့  ဒီမိုကရေစီ မဟုတ်သေးဘူး။
အများအကျိုးဖြစ်ထွန်းစေနိုင်တဲ့ Protest Culture ဆိုတာ ရိုးရိုးေ လး
မဟုတ်ပါဘူး။
ပလေတို ဒီမို
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။