ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ အစိုးရက
တစ်ဆင့်ချင်း ကိုင်တွယ် ဖြေရှ င်းေ န သည့်အပေါ် နိုင်ငံတကာမှ
သည်းခံနားလည်ပေးရန်လိုကြောင်း နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး
သိန်းဌေးက ဒီဇင်ဘာလ ၈ ရက် နေ့၌ ရန်ကုန်မြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်
ပြုလုပ်သော ရ ခိုင်ပြည်နယ်အရေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“Globalization ဖြစ်နေတဲ့ ကာလမှာ ဆွေးနွေးမှုတွေနဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့လိုပါတယ်။ အုပ်စုတစ်ခုချ င်း စီမှာပဲဖြစ် ဖြစ်၊ တစ်အုပ်စုနဲ့ အခြားအုပ်စု တစ်ခုစီမှာပဲဖြစ်ဖြစ် အပြန်အလှန် ဆွေးနွေး မှုတွေ ပြုလုပ်ဖို့လို ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သံတမန် အသိုင်းအ၀ိုင်းကနေ နိုင်ငံတကာကို မေတ္တာရပ်ခံလိုတာကတော့ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေတွေကို နားလည်ပေးဖို့ဖြစ်ပါတယ်'' ဟု နယ်စပ်ရေးရာဝန်ကြီး က ပြော ကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဒီဇင်ဘာလ
အစောပိုင်းအထိ ရွှေ့ပြော င်းနေထို င် ခဲ့ရသူ အရေအတွက်မှာ
တစ်သိန်းကိုးသောင်းခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပြဿနာ များ
ဖြစ်ပွားရခြင်းမှာ ဒေသမဖွံ့ဖြိုးမှုကြောင့်ဖြစ်ပြီး မိမိတို့ဘက်က
မည်သည့်အရာကိုမျှ ဖုံးကွယ်ထားမှု မ ရှိသောကြောင့် နိုင်ငံတကာမှ ထိရောက်သော
အကူအညီများကို မျော်လင့်ကြောင်း ၀န်ကြီးက ဆက်လ က်ပြော ကြားခဲ့သည်။
'' ကျွန်တော်တို့ မကြာခဏ ပြောပြောနေသလို ဒီပြဿနာဟာ Communal Conflict ပဲ
ဖြစ်ပါတယ် ။ ပြဿ နာရဲ့ အဓိကအကြောင်းရင်းဟာ ဒေသမဖွံ့ဖြိုးမှုကြောင့်ပဲ
ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီဒေသ မှာ နေ ထိုင်သူတွေ အကြားမှာရှိနေတဲ့
မယုံကြည်မှုတွေကို ဖယ်ရှားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ နားလည်မှုလွဲနေ တာတွေကို
ဖယ်ရှားဖို့လိုပါမယ်'' ဟု ၀န်ကြီးက ပြောကြားခဲ့သည်။
နိုင်ငံတကာမီဒီယာများတွင် ဖော်ပြနေသော လူမျိုးတုန်း သတ်ဖြတ်မှုများ
လုပ်နေသည်ဆိုသော ကိစ္စနှင့် ပ တ်သက်၍လည်း ၁၉၈၀ ခုနှစ်တွင် ဘင်္ဂါလီလူမျိုး ၂
သိန်းခွဲ ၀န်းကျင်ခန့်သာရှိခဲ့သော်လည်း ယခုအခါတွင် ၁၀ သိန်းခန့်အထိ
ရှိနေသည်ကို ကြည့်ခြင်းဖြင့် မှန်မမှန် ဆုံးဖြတ်နိုင်ကြောင်း၊ အယ်လ်ဂျားဇီး
ယားရုပ်သံတွ င် ဖော်ပြမည့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုသည့် အစီအစဉ်နှင့်
ပတ်သက်၍လည်း လိုအပ်ပါက ကန့်ကွက်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၀န်ကြီးက
ပြောကြားခဲ့သည်။
'' ဘင်္ဂါလီလူမျိုး အကြမ်းဖက်တာ မဟုတ်သလို ရခိုင်လူမျိုးအား လုံးကလည်း
အကြမ်းဖက်တာ မဟုတ် တာေ ကြာင့် အကြမ်းဖက်တဲ့ အုပ်စုနှစ်ခုကြားမှာ
ဖြစ်တဲ့ပြဿနာသာ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေ ဖြစ် လာ ပြီ ဆိုရင် မီဒီယာကို
အသုံးပြုပြီး နိုင်ငံရေးဘက်ကို ဦးတည်ပုံဖော်လေ့ရှိပါတယ်။ ဒီလို
ပုံဖော်မှုအေ ပါ် မှာ သူတို့ရဲ့ထုတ်လွှင့်မှုနဲ့ ပတ်သက်ပြီး ချေပသင့်ရင်လည်း
ပြန်လည်ချေပသွားပါမယ်'' ဟု ၎င်းက ပြော ကြား ခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်နေသည့်
အဖွဲ့အစည်းများရှိနေသည်ဆိုသော အချက်နှ င့် ပတ်သက်သော မေးမြန်း မှုကို
စုံစမ်းစစ်ဆေးဆဲ အဆင့်သာရှိသေးကြောင်း၊ အထောက်အထား ခိုင်ခိုင် လုံ လုံနှင့်
ဖော်ထုတ်လို့ရပြီ ဆိုပါက အားလုံးကို အသိပေးသွားမည်ဖြစ်ကြောင်း ရဲချုပ်
ကျော်ကျော်ထွန်း က ပြန်လည်ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်မှ နိုင်ငံသား ဖြစ်ပြီးသော ဘင်္ဂါလီလူမျိုးများ
နိုင်ငံအတွင်းသို့ လွတ်လွတ်လပ်လပ်သွားလာခွင့် မပေးခြင်းမှာ
မြန်မာနိုင်ငံသည် လူဦးရေသန်း ၁၂၀၀ ခန့်ရှိသည့်နိုင်ငံ၊ လူဦးရေ သန်း ၁၃၀၀
ခန့်ရှိသည့်နိုင် ငံ၊ မိမိနိုင်ငံထက် သုံးဆခန့်ငယ်ပြီး လူဦးရေအားဖြင့်မူ
လေးဆခွဲခန့် ရှိနေသည့် နိုင်ငံများကြားတွင် ရှိနေခြ င်းေ ကြာင့်
လူမှားမှာစိုးသည့်အတွက် စစ်ဆေးရခြင်းသာဖြစ်ကြောင်းလည်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားခဲ့သည်။
'' နိုင်ငံသားပြုခြင်း၊ နိုင်ငံသားဖြစ်ခြင်းဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့
အချုပ်အခြာအာဏာ ဘောင်အတွင်း မှာပဲ ရှိ တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် နယ်စပ်ချင်းစပ်ပြီး ခွဲခြားဖို့ခက်တဲ့ ကျွန်တော်တို့ဘက်မှာ
နေ တဲ့ သူတွေအတွက် မြို့နယ်၊ ခရိုင်၊ တိုင်း ကျော်သွားရင် ခွင့်ပြုချက်
တောင်းရတယ်ဆိုတာ မှားမှာစိုးလို့ စစ်ေ ဆးရခြင်းဖြစ်ပါတယ်'' ဟု ၀န်ကြီးက
ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ၈၉ ဦးသေ၊
၁၂၄ ဦး ဒဏ်ရာရကာ လူနေအိမ် ပျက်စီးမှု ၅၃၃၈ အိမ် ရှိခဲ့ကြောင်း၊
အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ၁၁၁ ဦးသေ၊ ၄၃၁ ဦး
ဒဏ်ရာရကာ လူနေအိမ်ပျက်စီးမှု ၅၃၅၁ အိမ်ရှိခဲ့ကြောင်း၊ ဇွန်လမှ စတင်ပြီး
ဒီဇင် ဘာ လ ၄ ရက်နေ့အထိ အဆင့်မြင့်အရာရှိကြီးများ ရခိုင်ပြည်နယ်သို့
သွားရောက်ကြည့်ရှုမှုမှာ ၁၈ ကြိမ်ရှိ ခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီး၏
ပြောကြားချက်အရ သိရသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။