ယနေ့ ၂၀.၁၂.၂၀၁၂ တွင်ကျောက်ဖြူမြို့၊ မြစ်နားတန်း ရပ်ကွက် ဂျပန်မဆိပ်ကမ်းတွင် ပြေးဆွဲနေေ သာ နွား ဂါရီ (နွားလှည်း) သမား၆၀ခန့်သည်၊အခွန်ကောက်ခံခြင်း ဈေးနှုန်းကြီးမြင့်မှုကို မကျေနပ်မှု အား နံနက် ၉း၀၀နာရီမှစ၍ ၉း၃၀ထိ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်၊ အဆိုပါဂျပန်မ ဘုတ်ဆိပ်ရှိ အခွန်ကောက်ခံ မှုနှုန်း ထားများမှာ စည်ပင်အား ဘီးလှိမ့်ခွန် အဖြစ် တရက်လျင် (၂၀၀)နှုန်း ဆိပ်ကမ်း ဂိတ်ကြေးအဖြစ် အ တက်အဆင်း တကြိမ်လျင်(၅၀၀)နှုန်းပေးဆောင် ရသည်ဟု သိရှိရသည် ထိုကဲ့သို့ အခွန်နှုန်းကြီးမြင့် မှု အား မခံမရပ်နိုင်သည့်အတွက် ယ္ခုကဲ့သို့ဆန္ဒပြ ရခြင်းဖြစ်ကြောင်း သတင်းရ ရှိပါသည်။
Shwe Myanmar Media Group

No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။