Pages

Friday, January 18, 2013

လွှတ်တော် ကိုယ်စားလှယ်များ ဖွဲ့စည်းပုံပါ အခန်း (၁) ပုဒ်မ (၃၈) (က) (ခ) အား သတိထားမိ စေလိုသည်

အကယ်၍သာ အင်တာနက်စာမျက်နှာပေါ်ရှိဒေါက်တာဆိတ်ဖွား အား စုစမ်းရေးကော်မရှင်ဖွဲ့ပြီး အပြစ် အရေးယူမှု့ တစုံတရာပြုလုပ်လာပါလျှင်….

အခန်း(၁၅)ခန်း ပါရှိသော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအတွင်းမှ အခန်း(၈)အား ပယ်(ဖယ်)(ဖြုတ်)ပစ်ရန် ပထမ ဦးစွာလိုမည်ဖြစ်ပါသည်။ ဖွဲ့စည်းပုံပါ အခန်း(၈) နိုင်ငံသား ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန် များ မှ ပုဒ်မ ၃၅၄ (က)အရ ဒေါက်တာဆိတ်ဖွား ၏ပြောဆိုချက်၊ပြောဆိုခွင့်မှာ တစုံတရာ အရေြး ကီး ဂွင် ကျယ်(သို့ တည်းမဟုတ်)အရေးကြီး အဆိုတင်သွင်းရန်လိုမည်မထင်ပါ။

ဖွဲ့စည်းပုံပါ အခန်း(၄)ဥပဒေပြုရေး တွင် ပုဒ်မ (၉၂)(က)(ခ) အရ လွှတ်တော်ကိုယ်စားလှယ်များသည် လွတ်လပ်စွာမဲ ပေးနိုင်ခွင့် ရှိသော်လည်း… ဖွဲ့စည်းပုံပါ အခန်း(၄)ဥပဒေပြုရေးတွင် ပုဒ်မ (၈၆)(က)အရ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံတွင် အခြားနည်း ပြဌာန်းချက်မရှိလျှင် ဟုရေးသားထားသောကြောင့်  ….

ဖွဲ့စည်းပုံပါ အခန်း(၆)တရားစီရင်ရေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဆိုင်ရာ ပုဒ်မ ၃၂၀၊ပုဒ်မ ၃၂၁၊ပုဒ်မ ၃၂၅ တွင် ပြဌာန်းချက် အတိအလင်းရေးထားပါလျှက် ….. မဲခွဲဆုံးဖြတ်ခြင်းသည် ဖွဲ့စည်းပုံ အခြေ ခံဥပဒေအား ဖောက်ဖျက်သည်ဟု ယူဆခွင့် ရှိနိုင်ပါသည်မဟုတ်ပါလော။

ပြည်သူမှရွေးချယ်တင်မြောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များသည် တိုင်းပြည်နှင့် ပြည် သူများ ၏အကျိုးစီးပွား ဟု သုံးနှုန်းနေပါသော်လည်း တကယ်လက်တွေ့ တွင်မူ- လွှတ်တော်ထဲတွင် ဘင်္ဂလီ အမတ် များ ရှိနေသည်ဟု အင်တာနက်စာမျက်နှာပေါ်တွင်ကျယ်ကျယ်ပြန့် ပြန့် ဖတ်ရပါသော်လည်း စုံစမ်းစစ်ေ ဆးေ ရးကော်မတီ မဖွဲ့ခြင်းကိုတွေ့ ရှိရပါသဖြင့် လွန်စွာ ၀မ်းနည်းမိပါသည်။

ဖားကန့် ဒေသတွင် သတ္တုမိုင်းနေရာများကြောင့်  လူသေလျှင်မြေမြုပ်ရန်နေရာမရှိမူ့ကို လွှတ်တော်တွင် အရေးတကြီး အဆို မတင်သွင်းသည်ကိုလည်း ယူကျိုးမရဖြစ်မိပါသည်။ ကချင်မြေတွင်စစ်ပွဲသံများညံနေ ပါသော်လည်း အရေးတကြီးအဆိုအဖြစ်လွှတ်တော်တွင်ရောက်မလာသေးသည်ကိုလည်း စိတ်မကောင်း ကြီး စွာဖြစ် မိပါသည်။ ပြည်သူများ၏ဆက်သွယ်ရေးလိုအပ်ချက် အင်တာနက်ဝန်ဆောင်မှု့များ။ အလုပ်အ ကိုင် အခွင့်အလမ်းရှားပါးမှု့ပြသနာ။ ပညာရေး စနစ်ဆိုးရွားမှု့။ ကုန်ဈေးနှုန်းကြီးမြင့်မူ့ ။ လမ်းပမ်းဆက် သွယ်ေ ရး ညံဖျင်းမှု့။ အထွေထွေလိုအပ်ချက်များစွာအား ဖြည်ဆည်းပေးရန် ရှိနေသည်တိုင် အွန်လိုင်းစာမျက်နှာမှ ဘလောဂ်ဂါတဦး၏ စာကြောင်းအား အထူးသဖြင် ….

လွှတ်တော်ဥက္ကဌနှင့်  လွှတ်တော်ကိုယ်စားလှယ်များအား ထိပါးမှု့၊လွှတ်တော်နှင့်လွှတ်တော်ကိုယ်စား လှယ် ဟု သွင်သွင်သုံးနေခြင်းအား လွှတ်တော်အမတ်များ၏ မူလတာဝန် ပြည်သူ့အကျိုးစီးပွားအားလည်း သွယ်ဖယ်နေပါသဖြင့်  လွန်စိတ်စိတ်မကောင်းဖြစ်မိပါသည်။ အကယ်၍သာ ဤအတိုင်းဆက်သွား ပါလျှင် မူ ပြည်သူများ ယုံကြည်ကိုယ်းစား၍ ရွေးချယ်တင်မြောက်ထားသော လွှတ်တော်ကိုယ်စားလှယ် အမတ် များသည် ...
 
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံပါ အခန်း(၁) ပုဒ်မ(၃၈)(က)(ခ)ကို ပြန်ဖတ်ကြည့် မိဖို့ လိုမည်ဖြစ်ပါသည်။

ပုံရိပ်စစ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: