ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက် လူကြီး လူငယ် လူလတ်တန်းမရွေး တနေ့ မကြည့်ရရင်
မနေနိုင်ေ ရာဂါ စွဲကပ်နေသလို ဖြစ်နေတဲ့ လူမှုကွန်ရက် facebook ဟာ တခြားသော
နိုင်ငံခြား တိုင်းပြည်တွေ မှာေ တာ့ ခေတ်စားနေခဲ့တာ ကြာပြီဖြစ်ပေမယ့်
မြန်မာပြည်သူလူထု ကြားထဲမှာတော့ လက်ချိုးရေ တွက်ရင်ေ တာင် ရတဲ့
အချိန်လောက်ကမှ ခေတ်စားခဲ့တာပါ။
ဒီလို မကြာသေးတဲ့ ခေတ်ကာလအတွင်းမှာ အဲဒီရောဂါ ပျံ့နှံ့ လာလိုက်တာ အခုဆို
မြန်မာပြည်ကြီးရဲ့ နှေးကွေး လှတဲ့ အင်တာနက်ကို အံတုပြီး တင်ချင်တဲ့
ပို့စ်တွေ ကိုယ်ရေးချင်တဲ့ စာသားတွေ သတင်းတွေ ဓာတ်ပုံေ တွကို တနေ့တနေ့ ရှယ်
(share) လိုက်ကြ၊ လိုက်ခ် (like) လိုက်ကြ၊ အမျိုးစုံသော ကွန်မန့်
(comment) တွေ ရေးလိုက်ကြနဲ့ မနားရအောင်ပါပဲ။
ဒီလို ကိုယ်လုပ်ချင်တာတွေက ပြောကြ၊ ဆိုကြ၊ ရေးသားကြ၊ တချို့ ကိစ္စတွေဆို
ဖြစ်ဖြစ်ချင်း ဟိုလေး တကျော်ေ ကျာ်နဲ့ အပြင်းအထန် ကန့်ကွက် ဝေဖန် ပြောဆို
ချီးကျူးကြပြီး ကြာလာတော့လည်း အေးသွား၊ ငြိမ် သွားကြပြန်ရောပါ။
ဒါပေမယ့် အဲဒီအထဲမှာမှ မစပ်စု အကြောင်းအရာတခုကို သတိထားမိ လာခဲ့ပါတယ်။
အဲဒါကတော့ လူငယ် အဆိုတော် အိန်အိန်းရဲ့ ဓာတ်ပုံတွေ၊ သူနဲ့ပတ်သက်တဲ့
အကြောင်းအရာတွေကို ဟာသနှောပြီး အပြင်းအ ထန် ဝေဖန် တိုက်ခိုက်လာကြတာ
အတော်ကြာသည့်တိုင် မအေးနိုင်အောင်ပါ။
အဆိုတော် အိန်အိန်းဟာ ၂၀၀၈ ခုနှစ်ကစပြီး “မင်းဘာလုပ်မှာလဲ” ဆိုတဲ့
တေးစီးရီးနဲ့ အနုပညာ လောက ထဲကို စတင် ၀င်ရောက်လာခဲ့တာဖြစ်ပြီး အခုဆိုရင်
တကိုယ်တော်စီးရီး ၄ ခွေ ထွက်ရှိထားသူပါ။
မစပ်စု သိရသလောက်ကတော့ မြန်မာပြည် ပရိသတ်အနေနဲ့ သူတို့ မကြိုက်နှစ်သက်တဲ့
အနုပညာရှင် တော်တော် များများကို ဝေဖန် တိုက်ခိုက်မှုဆိုတာ ရှိစမြဲပေမယ့်
အခုလို လူအများသိသာ ထင်ရှားစေမယ့် facebook လို အင်တာနက် လူမှုကွန်ယက်
စာမျက်နှာမျိုးမှာ နှစ်နဲ့ချီပြီး အပြင်းအထန် တိုက်ခိုက်နေခဲ့တာ မရှိသေ
လာက်ပါပဲ။
facebook မှာ အဆိုတော် အိန်အိန်းကို “မုန်းသူများ အမြင်ကတ်သူများ”
အဖွဲ့ဆိုပြီး အဖွဲ့စာမျက်နှာဖွဲ့ပြီး အဲဒီ စာမျက်နှာပေါ်မှာ အပြင်းအထန်
ရေးသားနေကြတာပါ။ နောက် “အိန်အိန်းကို ချစ်သူများ”အဖွဲ့ဆိုပြီး
တွေ့လိုက်ရလေတော့ သူ့ကို ချစ်သူများအဖွဲ့လို အမြင်မှာ ထင်ရပေမယ့်
အဲဒီစာမျက်နှာဟာလည်း သူ့ကို သရော်ထားတဲ့ စာမျက်နှာ ဖြစ်နေပြန်တာပါပဲ။
အခုလို ပြောဆို ဝေဖန်နေကြခြင်းက ဘာအတွက်ကြောင့်လဲ၊ ဘယ်လောက်အထိတောင်
ကြာခဲ့ပြီလဲ၊ စတာေ တွကို ကာယကံရှင် အဆိုတော် အိန်အိန်းကို မစပ်စု တီးခေါက်
ကြည့်မိပါတယ်။
“မြန်မာပြည်မှာက နှစ် ၆၀ ပညာရေး နိမ့်ကျမှုဒဏ် ခံခဲ့ရတယ်လေ။
အဲဒီအချိန်တွေမှာ မျက်စိပွင့် နားပွင့် ဆိုတဲ့ အရာတွေက ဒီမြန်မာနိုင်ငံမှာ
မရှိခဲ့ဘူး။ အခုမှ ဒီမိုကရေစီရတာက ၂ နှစ်မပြည့်သေးဘူး။ အဲဒီအတွက် ဒီဘက်မှာ
မျက်စိပွင့် နားပွင့်ဆိုတဲ့ အခြေအနေ နိုင်ငံတကာနဲ့
ရင်ပေါင်တန်းနိုင်မယ်ဆိုတဲ့ အခြေအနေ၊ စိတ်အဆင့်အတန်း ပညာအရည်အချင်း
အများကြီး ပြုပြင်ပြောင်းလဲမှုလိုအပ်နေတဲ့ ကာလမှာ ကျနော်လုပ်တဲ့ အနုပညာက
ဒီနိုင်ငံနဲ့ ၁၀၀ ရာခိုင်နှုန်း မအပ်စပ်ဘူးဖြစ်နေတယ်။ ကျနော်လုပ်တာ
နည်းနည်းလေး လွန်နေတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့် ကျနော်မှ ကျနော်ဆိုပြီး
အားပေးနေတာက တခြမ်း၊ ကျနော် လုပ်သမျှကို မကြိုက်ဘူး၊ လက်မခံဘူးဆိုပြီး
ယဉ်ကျေးမှုဘက် အခြမ်းကနေ ကြည့်ပြီးတော့ ကန့်ကွက် တာက တခြမ်း
အဲဒီလိုဖြစ်သွားတယ်” လို့ အဆိုတော် အိန်အိန်းက ဧရာဝတီကိုပြောပါတယ်။
နောက်ဆုံး သူရဲ့ ကိုယ်ရေးကိုယ်တာကိုပါ ဆိုးဆိုးဝါးဝါး တိုက်ခိုက်ခံခဲ့ရလို့
facebook ကို အတော်လေး စိတ် ပျက် ခဲ့ရဖူးတယ် လို့လည်း သူကဆိုပါတယ်။
“ကျနော့ ဖေ့ဘုတ် အကောင့်ကို မသမာသူ အဖွဲ့တဖွဲ့က ခိုးသွားတယ်။ ဟတ်သွားတယ်။
ကျနော့ရဲ့ ညီမ အရင်းဖြစ်တဲ့ ဖေ့ဘုတ်အကောင့်ကိုလည်း ဟတ်သွားတယ်။
အဲ့ဒီအကောင့်နှစ်ခုလုံးကို married ပြန် လုပ်ပြီးေ တာ့ ကျနော့ ညီမအရင်းက
ကျနော်နဲ့ ကိုယ်ဝန် သုံးလ ရှိတယ် ဆိုပြီး မဟုတ်မဟတ် သတင်း တပုဒ်
ထွက်လာခဲ့တယ်။ ဖေ့ဘုတ်မှာ personal ပိုင်းကို
အကြီးအကျယ်တိုက်ခိုက်တာပေါ့နော်။ အနုပ ညာတင် ဝေဖန်တာမဟုတ်တော့ဘူး။
ဘယ်သူလုပ်မှန်းလည်း မသိဘူး။ အဲဒီတချက် ပေါ်မူတည်ပြီးတော့ facebook ကို
တော်တော်လေး စိတ်ကုန်ခဲ့ဖူးတယ်” လို့ သူက ပြောပါတယ်။
သူ့ကို တိုက်ခိုက်ဝေဖန်ခြင်းဟာ အခုမှ စတင်ခဲ့တာ မဟုတ်ဘဲ သူရဲ့ ပထမဆုံး
တကိုယ်တော်စီးရီး စတင် ထွက်ရှိ ခဲ့ ကတည်းက ဖြစ်ပြီး သူ့ကို အပြင်းအထန်
ဝေဖန်မှုကတော့ “အိန်အိန်းရဲ့ လျှို့ဝှက်ချက်” ဆိုတဲ့ တေးစီး ရီးထဲက MTV
တပုဒ်ဖြစ်တဲ့ “မင်းနဲ့ချစ်တာ” တေးသီချင်းက စခဲ့တာပါ။
“၂၀၁၂ မှာ အိန်အိန်းရဲ့ လျှို့ဝှက်ချက် အခွေ ဆင်ဆာမရခဲ့ဘူး။ အဲဒီ MTV မှာ
Sexy Art ဆိုတဲ့ ညှို့ ဓာတ်ပြင်းတဲ့ အနုပညာ တရပ်ကို ဖော်ထုတ်လိုက်တယ်။
အဲဒါဟာ ကျနော့အတွက် လူ သတိထားမိစရာ ကြီးမားတဲ့ လုပ်ရပ်တခု ဖြစ်သွားခဲ့တယ်။
အဲဒီအခွေရဲ့ ဗီစီဒီက ဆင်ဆာအဖွဲ့ရဲ့ ငြင်းပယ်ခြင်း ခံရတယ်။ ဒါနဲ့ ဗီစီဒီ
မထွက်ဘဲနဲ့ Audio စီဒီအဖြစ်ပဲ တရားဝင် ထွက်ခဲ့ရတယ်။ ဒါပေမယ့် ကျနော်က
ရိုက်ပြီးသား ဗီစီဒီဖြစ်နေတဲ့ အတွက် youtube မှာ တင်လိုက်တယ်။
ဒီဝက်ဘ်ဆိုက်ဟာလည်း နိုင်ငံခြား အခြေစိုက် ၀က်ဘ်ဆိုက် တခု ဖြစ်တယ်။
ဒီဝက်ဘ်ဆိုက်မှာ တင်တာမှန်သမျှ Sexy တာထက် ပိုပြီး ကျုးလွန်နေရင် အသက် ၁၆
နှစ်၊ ၁၈ နှစ် တွေ မကြည့်သင့်တဲ့ ဥပဒေနဲ့ ငြိတာမှန်သမျှကို ပို့တဲ့
လိင်အသားပေး ဗီဒီယို ကဏ္ဍ ထဲကို ထည့်လိုက်တယ်။ အခု ကျနော်တင်လိုက်တဲ့ MTV
မှန်သမျှ လက်ရှိ အဲဒီကဏ္ဍထဲကို မရောက်သေးပါဘူး။ အခု မြန်မာပြည်မှာ
ပြောနေကြတဲ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး ဆိုတာဟာ ဒါနဲ့ သက်သေပြ လို့ ရပါတယ်”
လို့ အိန်အိန်းက ပြောပါတယ်။
အခုလို ဝေဖန်နေကြတဲ့အပေါ် သူ့အနေနဲ့ ဘယ်လိုမှ မမြင်ဘဲ သူလုပ်ချင်တဲ့
လမ်းကြောင်းမှာပဲ ဆက်လျှောက် သွားမယ် လို့လည်း အိန်အိန်းက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဝေဖန်ရေးနဲ့ လေကန်ရေး facebook ယဉ်ကျေးမှုဟာ အတော်လေး
အားကောင်း လာခဲ့တာတော့ အမှန်ပါ။ လွတ်လပ်စွာပြောဆို ဝေဖန်ချင်ရင်တော့
facebook ကိုသာ သွားလိုက်ပါလို့ ကြေညာရမလို ဖြစ်နေပါပြီ။ နိုင်ငံတော်
အကြီးအကဲ သမ္မတကနေ စပြီး အမှုထမ်း အရာထမ်း၊ နိုင်ငံရေး သမား၊ အနုပညာရှင် စတဲ့
ကျော်ကြားသူတွေကို မဟုတ်တာရော၊ ဟုတ်တာပါ လွတ်လွတ်လပ်လပ် ပြောဆို ဝေဖန်
ပြစ်တင်နိုင်တဲ့ အခွင့်အရေးတရပ်ကို facebook ပေါ်မှာ ရနေပါပြီလို့ မစပ်စုက
ထပ်ဆင့် ကြေညာ မောင်းခတ်ချင်ပါတယ်။
“မင်းနဲ့ချစ်တာ” သီချင်းကို http://www.youtube.com/watch?v=2cm1gmahMis မှာ တွေ့နိုင်ပါတယ်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။