ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်အမတ်အား ကန့်ကွက်ရှုတ်ချဆန္ဒဖော်ထုတ်ပွဲကို ဒီဇင်ဘာလ ၂၃ ရက် နေ့လည် ၂ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သူ ကြည့်မြင် တိုင်မြို့ခံ ကိုထွန်းထွန်းကျော်က ပြောသည်။
ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးအနေဖြင့် ဥပဒေကို လေးစားလိုက်နာမှု မရှိသည့်အတွက် ကန့်ကွက် ရှုတ် ချ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ကိုထွန်းထွန်းကျော်က ဆိုသည်။
"ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးတဲ့နေရာမှာ ရပ်မိရပ်ဖ ငါးဦးကို အသက်ကြီးလို့ရယ်၊ ပါတီဝင်ဖြစ်လို့ရယ်ဆိုပြီး ကန့်ကွက် တယ်။ ရပ်မိရပ်ဖရွေးချယ်တဲ့ဥပဒေမှာ အဲဒါတွေမပါဘူး။ မဟုတ်တာတွေ အထက်ကို တင်ပြပြီး ကန့် ကွက်တော့ပျက်သွားတယ်" ဟု ကိုထွန်းထွန်းကျော်က ပြောသည်။
အဆိုပါပြည်ခိုင်ဖြိုးအမတ် လွှတ်တော်အမတ် ဦးသန်းစိန်အား မေးမြန်းရာ "ကျွန်တော်လဲ သတင်းေ တာ့ကြားတယ်။ ကျွန်တော်လဲမဟုတ်တာလုပ်ထားတာ ဘာမှမရှိတဲ့အတွက် ဘာမှပြော စရာမရှိဘူး" ဟု တယ်လီ ဖုန်းမှတဆင့် ပြန်လည်ဖြေကြားခဲ့သည်။
ကန့်ကွက်ရှုတ်ချဆန္ဒဖော်ထုတ်ပွဲအား ကြည့်မြင်တိုင်မြို့နယ် စလင်းကွင်းရှေ့မှစတင်၍ သီတာလမ်း၊ ကမ်းနား လမ်းနှင့် ဗားဂယာလမ်းအတိုင်း ချီတက်ကြမည်ဖြစ်ပြီး သက်ဆိုင်ရာက လူ ၁၅၀ ခွင့်ပြု ထားကြောင်း သတင်းရရှိသည်။
7 Day News

No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။