Pages

Tuesday, December 4, 2012

“““ ဘွရှင် ကန်တော့ခဏ်း ”””

သြကာသ သြကာသ သြကာသ
ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့်
မထိခလုပ်၊ ထိခလုပ် ကျူးလွန်ဖူးခဲ့သော
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ဖြစ်သည့်....

အနတ္တောအနန္တဂိုဏ်းမ၀င် မာတာသခင်၏ ထမီခြုံပါတီဝင် မဖြစ်ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊

မြင့်မိုရ်တောင်ဦး မကကျူးသည့် ယူနီဖောင်းဆင်၊ အပွင့်တင်၍၊ ပဲဟင်းပြင်ကျွေး၊ ဦးနှောက်ဆေးချ၊ အဘ ဂိုဏ်းဝင် မဖြစ်ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊

အရှေ့ကိုကျော်၊ အနောက်မျှော်၍၊ ယန်းကီးကို အဖေမခေါ်ချင်သည့် အပြစ်တို့သည် လည်းကောင်း၊

ပြောချင်ရာပြော၊ နေချင်သလိုနေ၊ ၀တ်ချင်ရာဝတ်၊ ဖော်ချင်သလိုဖော်၊ ပွားချင်သလိုပွား၊ ဆိုချင်သလိုဆိုတ ည်း ဟူသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း၏ မြန်မာဗားရှင်းအား လက်သင့်မခံပဲ ကွ န်ဆာဗေးတစ် ဖြစ်ခဲ့ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊

ရေမြေ့သခင်၊ အကြွေးရှင်၏ မျက်စိမြင်ရာ ထင်စွာချရောင်း သောင်းပြောင်းပေါင်နှံ အပြုတ်ကြံသည့် စီမံကိ န်း တည်းဟူသောအရာတို့ကို အားမတန်သော်လည်း မာန်မလျှော့ပဲ စွမ်းသည့်ဖက်မှ ပြစ်ပြစ်နှစ်နှစ် ဝေဖန် တင်ပြ မိခဲ့သည့် အပြစ်တို့သည် လည်းကောင်း၊

အရပ်တစ်ထွာ၊ လူ့ဂွဇာမှ၊ အာဏာမာန်ယစ် သူ့တစ်ခေတ်တွင် ထင်တိုင်းသောင်းကျန်း မောင်ကျော်ဆန်း၏ ရမ်းကားမှု အစုစုတို့ကို ဖေ့ဘုတ်ထက်အက္ခရာတင်၍ ဖွခဲ့မိသော အပြစ်တို့သည် လည်းကောင်း၊

မာယာတစ်သိန်း၊ ပလိန်းအနတ္တ၊ လူ့အခွင့်အရေးဗန်းပြ၊ ပွဲမဆူဆူအောင် ဖွနေသည့် ဘင်္ဂလီကလိမ် မောင် ဘစိန်၊ ဘင်္ဂလီသခင် ကိုအောင်တင်နှင့် ဆွေမျိုးညာတကာ သားသမီးမြေးမြစ် ခေါ်တောဂျာတစ်သိုက်အား ကလိတိတိ ရိတိတိ ပြုခဲ့မိသည့် အပြစ်တို့သည် လည်းကောင်း၊

ဇာဂနာ၊ဇာနည် ဘာမထီရဲရဲတောက် ဖိုးသင်းမျောက်မိုးသီးဇွန် မိုးမွှန်အောင် ဆဲတတ်သည့် မိမဆုံးမ၊ဖမဆုံး မ အပေါင်း လူ့အခွင့်အရေးဝါဒီ သူတော်ကောင်းများအား ပြစ်မှားခဲ့သည့် အပြစ်တို့သည် လည်းကောင်း၊

ရှစ်ပူးကြိုက်သူ၊ ခမောက်ကြိုက်သူ၊ မတူကွဲပြားရေး နေရာတကာပြေးလွှားနေသူအပေါင်းအား လက်ခုပ်တီး ချင်တီး၊ မတီးချင် မတီးပဲ ကိုယ့်ဘာသာ နေချင်သလိုနေ၊ ပြောချင်သလိုပြောခဲ့မိသည့် အပြစ်တို့သည် လ ည်းကောင်း၊

နေရာတကာ ၀င်ပါတတ်သည့် သံဃာတော်အချို့အား ရံဖန်ရံခါ မျက်စိစပါးမွှေး စူးခဲ့မိသည့် အပြစ်တို့သည် လည်းကောင်း၊

အစိုးရအလိုကျ တစ်ပြားတစ်ချပ်မှမရပဲ စိတ်ပါလက်ပါ ဘောလိုက်မနေတတ်သည့် ဖေ့ဘုတ်ပျော် တပ်မေ တာ် သားတစ်သိုက်အား စိတ်အခန့်မသင့်သည့်အခါတိုင်း ၀င်နွှာမိသည့် အပြစ်တို့သည် လည်းကောင်း၊

အာရပ်ပိုက်ဆံ၊ မြိုဆို့အန်သည့် ပြည့်တန်ဆာသတင်းဌာန မဇျ္စိမ၊ဒီဗီဘီ - ဧရာဝတီ ဘီဘီစီ၊ ဗီအိုေ အ ေ ဒါက်တာလွဏ်းဆွေ- အာရ်အက်ဖ်အေ စသည်တို့မှ သူတောင်းစားမြန်မာ့သားကောင်းများအား ရပ်ေ ကျာ် ရွာကျော် ကလော်တုတ်ဖူးသည့် အပြစ်တို့သည်လည်းကောင်း၊

ရပ်ကွက်အတင်း၊ အဖျင်းမကျန် ပေထက်နှံသည့် ဗာလံသတင်းထောက် ပြည်တွင်းမျောက်တချို့အား စပ် ဖျဉ်းဖျဉ်း ဆော်ခဲ့သည့် အပြစ်တို့သည်လည်းကောင်း၊

တော်ရာမှာ မလှန်၊ မတော်ရာ လှန်လှန်ပြတတ်သည့် တော်လှန်ရေးသမားဆိုသူများက လူကြားထဲ မတော် ရာလှန်ပြတတ်သည့်အခါတိုင်း ရော်ဘာကွင်းဖြင့် စပ်ဖျဉ်းဖျဉ်းဖြစ်အောင် ဆော်ခဲ့မိသည့် အပြစ်တို့သည် လ ည်းကောင်း၊

အန်ဂျီအိုအားကိုး၊ ဖန်တန်ခိုးဖြင့် လေမျိုးရှစ်ဆယ် လိမ်နည်းကြွယ်သည့် နိုင်ငံရေးအကျဉ်းသား ကယ်ဆ ယ်ေ စာ င့်ရှောက်ရေးဟူသော ဖိုးတွမ်တီးအပေါင်းအား အလျဉ်းသင့်သလို တံထောင်နှင့်ထောင်းခဲ့ဖူးသည့် အပြစ်တို့သည်လည်းကောင်း၊

နိုင်ငံတော်အား ကယ်တင်မည့်သူဟု ကိုယ့်ဘ၀င် ဖင်မြောက်နေကြသည့် အခြောက်ကွန်မြူနစ် ကာလနာ လက်သစ်အပေါင်းအား ဖင်ခေါင်းထဲ ပုရွက်ဆိတ်သွားသွားကြဲချမိသည့် အပြစ်တို့သည်လည်းကောင်း၊

အမျိုးအမည်၊ ခရိုနီဟု ပွေလီရှုပ်ထွေး ဤခေတ်ဆွေး၌ ရသမျှထွေးပိုက် အချောင်နှိုက်သည့် ဘဘကြီးများ ၏ ဒူးမနာသားသမီးတစ်သိုက်အား အလျဉ်းသင့်သလို ဖေ့ဘုတ်တွင် မီးမြှိုက်ဖူးသည့် အပြစ်တို့သည် လ ည်းကောင်း၊

double standard ထူးထွေပြားတည့်၊ ဘင်္ဂလီကုလားအရေး အားပေးလက်ခုပ်၊ တရုတ်အရေး တစ်မျိုးေ တွးပြန် ရပ်တည်ချက်မမှန်သည့် ဆူညံရုတ်ရုတ် ပြည်တွင်းနေတစ်အုပ်အား ရံဖန်ရံခါ မုတ်ဆိတ်သွားနှုတ် မိသည့် အပြစ်တို့သည်လည်းကောင်း၊

သွက်ချာဝမ်းတွင်းရူး၊ တမူထူးသည့်၊ ပြောင်းဖူးသခင်၊ ကြံ့ဖွတ်ရှင်အား သွားလာမတ်တပ် သံချပ်ထိုးမိခဲ့သည့် အပြစ်တို့သည် လည်းကောင်း၊

တရေးနိုးထညောင်၊ သောက်ခွက်ပြောင်သည့် မဟာကြောင်နာမ မသာမအား မဖဲ့အားပဲ လက်ရှောင် ထားခဲ့ မိ သည့် အပြစ်တို့သည်လည်းကောင်း၊

......................................လည်းကောင်း၊

.......................................လည်းကောင်း၊

........................................လည်းကောင်း၊

ပျောက်ပါစေခြင်း အကျိုးငှာ
ပထမ၊ဒုတိယ၊တတိယ
တစ်ကြိမ်၊နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်
ဖော်ပြသမျှပုဂ္ဂိုလ် များထိုထိုအား
အရိုအသေ အလေးအမြတ်
လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏။

ဤသို့ပြုရ ကုလသကြောင့် အပယ်လေးပါး( ပေါ်တာဆွဲခံရသူ၊ ဆန္ဒပြရာတွင် ရှေ့တန်းမှ ပစ်သတ်ခံရသူ၊ ဆန္ဒပြမည်သတင်းထွက်တိုင်း ဘုမသိဘမသိဆွဲစိခံရသူ၊ အဓိကရုဏ်းနှိမ်နှင်းရေးရဲ)၊ ကပ်သုံးပါး( လယ် ယာခြံမြေလုပ်ငန်း သိမ်ခံရခြင်း၊ ပြည်တွင်းစစ်ဖြစ်ရာနေရာတွင် အရပ်သားဖြစ်ရခြင်း၊ ဆေး မရှိသောဆေး ရုံတွင် ပိုက်ဆံမရှိသော လူနာဖြစ်ရခြင်း)၊ ရပ်ပြစ်ရှစ်ပါး( သတ္တုကြောရှိရာ အရပ်၊ ရေနက်ဆိပ် ကမ်းဆောက် ရန် ကောင်းမွန်သောအရပ်၊ ရေအားလျှပ်စစ်ထုတ်ရန် သင့်တော်သည့်အရပ်၊ ဂက်စ်ပိုက်လိုင်းဖြတ်ရာ အရပ် ...စသည်)၊ ရန်သူမျိုးငါးပါး (မီး၊ရေ၊မင်း၊ခိုးသူ၊ မချစ်မနှစ်သက်သောသူ)၊ ၀ိပတ္တိတရားလေးပါး (မင်းဆိုးမင်း ယုတ် အုပ်စိုးသော ကာလ၌ဖြစ်ခြင်း၊ အပယ်လေးပါး၌ ဖြစ်ရခြင်း၊ ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း၊ ဥာဏ်ပညာမ ရှိခြင်း) ၊ ဗျသနတရားငါးပါး(ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း) တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ မဂ် ဥာဏ်၊ ဖိုလ်ဥာဏ် နိဗ္မာန်ချမ်းသာ တရားတော်မြတ်ကို ရလွယ်ရောက်လွယ် မျက်မှောက်ပြု လွယ် ဖြစ်ရပါ လို၏။

ဤသို့ပြုရ မြတ်ပုညကို ကြီးထမြင့်ခေါင် မြင့်မိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးသခင် မွေးမိခင်နှင့် ဖခင် တို့အား ရငြားပါစေ အမျှဝေသည်၊ မသွေနိစ္စ ဤကာယကို စောင့်ထပေတတ် ကိုယ်စောင့်နတ်နှ င့် ဖေ့ဘု တ်ေ စာင့်ကြပ် ဇူကာဘတ်လည်း မလတ်စေရ ပေးဝေငှ၏၊ မိတ္တဆွေညာ ဆရာသမား၊ ဘိုးဘွားကစ၊ ယမ ရာဇာ၊ ဒေ၀ါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍ အမြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊အမျှဝေ ၏၊ သဗ္ဗေသတ္တာ၊ သတ္တ၀ါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်လာ၊သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏ ဋ္ဌိ တိ၊ တည်ရှိခုနှစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ ဝေနေ ယျ၊ အမျှကုသိုလ်၊ ပေးဝေလို၏၊
ထိုထိုကုသလ၊ ဤပုညကို၊ အမျှရ၍၊ ချမ်းသာကြသည် ဖြစ်စေသော်၊ ၀သုနြေ္ဒ၊ ဤမြေပံသု၊ သိလာထု လည်း ၊ သက်သေအမှု တည်စေသော်။

အားလုံး ကြားကြားသမျှ...အမျှ...အမျှ...အမျှ...ယူတော်မူကြပါကုန်လော့။

သာဓု၊ သာဓု၊ သာဓု

အာလုံး မြင်မြင်သမျှ မေတ္တာကျဲ၍ ၀ိုင်းဆဲနိုင်ကြပါစေ ကုန်သတည်း ဟီးဟီး
ဘွ ရှင်
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: