Pages

Tuesday, December 4, 2012

“““ လွှတ်တော်မှ မသိကျိုးကျွံ ပြုနေသူများ သို့ မေးချင်သော မေးခွန်းများ ”””

(၁) ကချင်ပြည်နယ် သည် ကချင်လူမျိုးစုများ သာ နေထိုင်သင့်သော ပြည်နယ်ဟု ယူဆပါသလား။ လက်ရှိ ကချင်ပြည်နယ် အတွင်းနေထိုင်ကြသော လူမျိုးစုများ ၏ အချိုးအစားကို လေ့လာဖူးပါသလား။

(၂) ကချင်ပြည်နယ် တွင် အစိုးရအဖွဲ့ ၂ ခုရှိသည်ဟု ထင်မြင်ယူဆပါသလား။ KIO နှင့် လက်ရှိ ကချင်ပြည် နယ် အစိုးရအဖွဲ့သည် မည်သူက ကချင်ပြည်နယ် ကိုယ်စားပြု အဖွဲ့အစည်းဖြစ်ပါသနည်း။

(၃) KIA သည် ကချင်ပြည်နယ် ကိုယ်စားပြု တပ်မတော် တစ်ရပ်ဟု ယူဆပါသလား။ တိုင်းရင်းသား အား လုံးနှင့် ဖွဲ့စည်းထားသော မြန်မာ့ တပ်မတော်သည် ကချင်ပြည်နယ်မှ ပြည်သူလူထု ၏ လုံခြုံရေး၊ ကာကွ ယ်ရေးတွင် လုံးဝတာဝန်မရှိသဖြင့် ကချင်ပြည်နယ်အတွင်းမှ တပ်မတော် တပ်ရင်းများ အားလုံးကို ရုတ် သိမ်းပြီး ပြည်မ တွင်သာ အခြေပြု သင့်သည်ဟု ယူဆပါသလား။

(၄) မြန်မာ့တပ်မတော် ကချင်ပြည်နယ်အတွင်းဝင်ရောက်တပ်စွဲထားခြင်း၊ နယ်စပ်ဒေသများအထိ တပ်ချ ထားခြင်းများသည် ကချင်လူထုကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖိနှိပ်နေသည်ဟု ထင်မြင် ယူဆပါသလား။

(၅) KIA က ကားလမ်းတံတားများ၊ ရထားလမ်းများ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တာဝါတိုင်များ ကိုေ ဖာက်ခွဲဖျက်ဆီးခြင်းသည် စစ်နည်းဗျူဟာအရ တပ်မတော်ကိုထိုးနှက်ခြင်းဖြစ်သဖြင့် ပြည်သူလူထုကို ထိခို က် နစ်နာမှုမရှိဟုယူဆပါသလား။

(၆) ကချင်ပြည်နယ်အတွင်းနေထိုင်သော ကချင်အပါအ၀င် လူမျိုးမှန်သမျှ အရွယ်သုံးပါးမရွေးKIA တွင် အ တင်းအဓမ္မစစ်မှုထမ်းစေခြင်းသည် အမှန်ဟုယူဆပါသလား။ ILO ကဲ့သို့သော နေရာတကာဖွကြီးများကို အ ချက်အလက်နှင့် အသိပေးတိုင်ကြားသင့်သည်ဟု အဘယ့်ကြောင့်မထင်မြင်ရပါသနည်း။

(၇) KIA ကစာရွက်လွတ်တစ်ရွက် ဘောပင်တစ်ချောင်း၊ တံဆိပ်တုံးတစ်ခုမျှဖြင့် (တစ်ခါတစ်ရံတံဆိပ်တုံး ပင် မပါ) စိတ်ထင်သလို အခွန်ကောက်ခံနေခြင်းသည် တရားဝင် ဆောင်ရွက်နေခြင်းဟု ထင်မြင်ယူဆမိပါ သလား။

(၈) တပ်မတော်ကို တိုက်ခိုက်လိုသဖြင့် လမ်းကြောင်းပေါ်တွင် အဝေးထိန်းမိုင်းများထောင်ခြင်း၊ ရပ်ရွာများ အတွင်း၊ ဘာသာရေး အဆောက်အဦးများ အတွင်းမှ အရပ်ဝတ်ဖြင့် ချောင်းမြောင်းတိုက် ခိုက်ခြင်း၊ေ တာ တွ င်းေ တာင်ပေါ် အများသူငါ အသုံးပြုရာလမ်းများတွင် မိုင်းထောင်ခြင်း မြို့ပေါ်ရပ်ကွက်များတွင် ဖောက် ခွဲ ခြင်းစသော အဖျက်အမှောင့် လုပ်ငန်းများသည် စစ်ရေးသဘော အရ ပြောက်ကျားစစ်နည်းဗျူဟာဖြစ် သဖြင့် ထောက်ခံသင့်သည်ဟု ယူဆပါသလား။

(၉) ကချင်ပြည်နယ်ကို ပြည်မမှခွဲထွက်ပြီး လွတ်လပ်သော ကချင်နိုင်ငံတော်အဖြစ်ထူထောင်မည့် ရည်မှန်း ချက်သည် ကချင်လူမျိုးများအတွက် အမှန်တကယ် အကျိုးရှိမည်ဟု ထင်မြင်မိပါသလား။

(၁၀) လွှတ်တော်မှဖွဲ့စည်းသော ကိုယ်စားလှယ်များသည် ပြည်ထောင်စုအဆင့်ရှိ သဖြင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များကို နိုင်ငံတော်ကထောက်ပံ့သည့်အတိုင်း၊ တယ်လီဖုန်း၊ မော်တော်ကား၊ နေအိမ်၊ ခရီး သွားလာခွင့်၊ ကြိုက်သည့်လူကို ကြိုက်သည့်အချိန်၊ ကြိုက်သလိုစုံစမ်းစစ်ဆေးခွင့်ရရှိရေးနှင့် ပြည်သူ အများဒုက္ဒခံနေရသော ကချင်အရေးအခင်း၊ ရခိုင်အရေးအခင်း ကဲ့သို့ အရေးအခင်းများ၊ ဆွကြဖွကြသည့် လက်ပန်တောင်းတောင် အရေးအခင်း၊ မိုးထိမိုးမိ အရေးအခင်း၊ ကျောင်းပြောင်းရွှေ့ရေး ဆန္ဒပြပွဲများ၊ မကြာမီ ဆက်လက်ဖွ လာရန်ရှိသော ရခိုင် ကမ်းလွန်၊ ထားဝယ် ဆိပ်ကမ်းနှင့် ကျောက်မီးသွေး စက်ရုံ၊ သီလ၀ါဆိပ်ကမ်း၊ တရုတ်ပြည်ဂက်စ်ပိုက်လိုင်း ကဲ့သို့သော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးမျိုး ကို အကြောင်းအမျိုးမျိုးပြ ကန့်ကွက်သော ပုံစံမျိုးစုံ ဆန္ဒပြပွဲများကို ပြေလည်စေမည့်နည်းလမ်းများကို တက်ညီလက်ဆွေးနွေးအဖြေရှာခြင်းသည် မည်သည့် ကိစ္စက နိုင်ငံတော်နှင့် ပြည်သူအတွက် တန်ဖိုးရှိ သည်ဟု ယူဆပါသနည်း။

(၁၁) လွှတ်တော်အသုံးစရိတ် နှင့် လွှတ်တော်မှဖွဲ့စည်းသော ပြည်ထောင်စုအဆင့်ကိုယ်စားလှယ်များ ၏ အဆောင် အယောင်ရ ပိုင်ခွင့် များအတွက် ကုန်ကျစရိတ်များသည် ပြည်သူ အိပ်ကပ်ထဲမှ မသုံး စွဲရဟု ထင်မြင်ယူဆပါသလား။

(၁၂) အခြေခံဖွဲ့စည်းပုံဥပဒေတွင် ပြောင်းလဲသင့်သည်များကို ဥပဒေနည်းလမ်းအတိုင်းမဟုတ်သော မတ် တပ်ရပ်မဲခွဲဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲလိုက်ခြင်းသည် တရားဥပဒေနှင့် ကိုက်ညီမှုရှိသည်ဟု ထင်မြင် ကြ ပါသလား။

တီဗွီကြည့်ရင်း ပေါက်ကွဲနေသော ကချင်လူငယ်တစ်ဦး

maunghtu@gmail.com မှ ပေးပို့သောမူရင်းအတိုင်းဖြစ်ပါသည် ...

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ လွှတ်တော်မှ မသိကျိုးကျွံ ပြုနေသူများ သို့ မေးချင်သော မေးခွန်းများ ”””

Labels:

0 comments: