Pages

Saturday, October 27, 2012

OIC အား တုံ့ပြန်မှုများ ကြောင့် မင်းပြား ပြသာနာ စတင်ခြင်း ဖြစ်နိုင်သည် ဟု ဒေသခံများ ဆို

27.10.2012

OIC ကို လက်မခံသည့် ဆန္ဒထုတ်ဖော်မှုများကြောင့် အစ္စလာမ်လူမျိုးတို့မှ မကျေနပ်သည့် တုန့်ပြန် မှု ကြောင့် အောက် တို ဘာ(၂၀)ရက်နေ့က မင်းပြားမြို့ရှိ ကျေးရွာများတွင် ပြသာနာစ တင်ဖြစ်ပွား ခဲ့ရ ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

အဆိုပါနေ့ညနေပိုင်းတွင် ပိတ်သေရွာရှိရခိုင်လူမျိုးထမင်းစားနေသည်ကို အစ္စလာမ်လူမျိုးတစ်ဦးမြှား နှင့်ပစ်ရာမှ ၄င်းဘေးရှိအိမ်တိုင်ကို လာရောက်ထိမှန်သည်မှ အစပြုပြီးး ရွာသားများမှ သံချောင်း ခေါက်စဉ် စုရုံးလာသော ဒေသခံ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီကုလားတို့ ထိပ်တိုက်တွေ့ဆုံကြရာမှ ဖြစ်ခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။

မင်းပြားမြို့၌ အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်နေ့များအတွင်း ဖြစ်ပွားခဲ့ပြီးသော အစ္စလာမ် များ နေထိုင် ရာ ကျေးရွာ မီးလောင်မှုများ သည် OIC ကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများကို တုန့်ပြန်သည့် အနေ ဖြင့် ကြိုတင်ကြံစည်မှုများကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု မင်းပြားမြို့ ဒေသခံရခိုင် လူမျိုးများ ၏ ပြောပြချက်များအရ သိရသည်။ ဘင်္ဂလီကုလားအစ္စလာမ်လူမျိုးများ နေထိုင်ရာ ကျေးရွာများ ၊OICကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများ ၊မီးလောင်မှု များကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများ ကို တုန့်ပြန် သည့်အနေဖြင့် ကြိုတင် ကြံစည်မှုများကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု မင်းပြားမြို့ ဒေသ ခံ ရခိုင် လူမျိုးများ၏ ပြောပြချက်များအရ သိရသည်။

မင်းပြားမြို့တွင် ဘင်္ဂလီကုလားမွတ်ဆလင်လူမျိုးများသည် ပိတ်သေရွာမှလူနည်းစု ရခိုင်လူမျိုးများကို ရန်ပြုရာမှ စတင်ဖြစ်ပွားခဲ့ရပြီး တစ်ဖက်နှင့် တစ်ဖတ် ခိုက်ရန်ပြုရာမှ ရခိုင်လူမျိုးများ စုရုံးခဲ့ခြင်းကြောင့် ဘင်္ဂလီကုလား-မွတ်စလင် များသည် ၄င်းတို့နေထိုင်ရာ  သရက်အုပ်၊ အောက်တိုင်၊ ပုတ်ဖြတ်၊ စမ္ဘလေ၊ ပိတ်သေ၊ ကာဒါ၊ ကန်ထိုး တန်း၊ နဂါးယက်-ပေါက်တော စသည့်ကျေးရွာများကို ၄င်းတို့ဘာသာ မီးပြန်ရှို့ပြီး ပြဿနာစတင်ခဲ့သည်ဟု သိရသည်။

“ဘင်္ဂလီကုလား- မွတ်စလင်များအနေဖြင့် က ပုဒ်မ(၁၄၄) အား မသိသလိုနေ၍ ညဘက်တွင် သွားလာလှုပ်ရှားမှုများ ရှိနေပြီး ကားလမ်းပေါ်တွင် အများဆုံး သွားလာကာ နွား၊ ဆိတ်များကို ကားလမ်းပေါ်တွင်လွှတ် ကျောင်းမှုများရှိခဲ့ပြီး ကားလာလျှင် နွားကို ခဲဖြင့် ပေါက်သလိုနှင့် ကားကို ပစ်ပေါက်မှုများရှိခဲ့သည်ဟု ဒေသခံ အချို့က ဆိုသည်။

“ည (၇) နာရီကနေ မနက် (၆) နာရီအထိ မထွက်ရဟု ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ဘက်က ဥပ ဒေကို လိုက်နာလို့ မထွက်ရဲဘူး သူတို့မီးလာရှို့ရင်လည်း ခံရဦးမယ်။ အိမ်ပေါ်က ဆင်းပြန်ရန်လည်း ညမထွက်ရဆိုပြီး သေနတ်နဲ့ အပစ်ခံရဦးမယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သော ပြဿနာမှာ OIC ကိုလက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲကြောင့် ဘင်္ဂလီ ကုလား များက သူတို့ဆီကို လာမည့် အကူအညီများ မရနိုင်တော့ သည့်အတွက် မခံမရပ်နိုင်ဖြစ်ကာ ကြိုတင်ကြံစည် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အခင်းမဖြစ်ပွားမီ ပိတ်သေရွာတွင် ဘင်္ဂလီ ကုလား မွတ်ဆလင် လူမျိုးများ က မိန်းမနှင့် ကလေးများကို တခြားရွာသို့ ပို့ဆောင်ပြီး အသင့်ပြင်ဆင်ထားသည်ဟု သိရသည်။

အောက်တိုဘာလ (၂၅) ရက်နေ့က မင်းပြားမြို့ အထွေထွေ အုပ်ချုပ်ရေးမှုးရုံး တွင် မင်းပြားမြို့ တပ်နယ်မှူး ဒုတိယ ဗိုလ်မှုးကြီး ခင်မောင်ညွန့်က ဦးစီးပြီး မြို့နယ်ရဲ တပ်ဖွဲ့မှုး ဦးအောင်ကျော် နှင့် မြို့နယ် ပြည် ခိုင်ဖြိုးအဖွဲ့ဝင် များ မြို့နယ်ရပ်မိရပ်ဖ များနှင့် တွေ့ဆုံကာ မင်းပြားမြို့ တည်ငြိမ် အေးချမ်းရေး အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့ သူမြို့ နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှုး ကိုအောင်စိုးသန်းမှ ပြောသည်။

“ကျွန်တော်တို့ မြို့မိမြို့ဖတွေကလည်း မင်းပြားမြို့က ဆရာတော်တွေရဲ့ သြ၀ါဒခံယူပြီး ဒေသခံတွေကို ထိန်းထိန်း သိမ်းသိမ်း နေထိုင်ကြဖို့ စီမံ ဆောင်ရွက် နေပါတယ်”ဟု မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစံမင်းက  ပြောသည်။ ရခိုင်ပြည်နယ်အတွင်း လူသားခြင်းစာနာထောက်ထားသည့် အကူ အညီ များ ပေးအပ် သွားရန် ပြည်ထောင်စု သမ္မတမြန်မာနိုင် ငံတော်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ ပူးပေါင်းဆောင်ရွက် မှုစာချွန်လွှာ (MOU)ကို စက်တင်ဘာ လ(၁၁)ရက်နေ့က နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ၀န်ကြီးရုံး၌ လက်မှတ်ရေးထိုးခဲ့ သော် လည်း မြန်မာနိုင်ငံ၌ (OIC)ရုံးဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ် ကြောင်း အောက်တိုဘာ(၁၅)ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

ဇော်မိုး

ဒီနေရာ ကကူးလာတာပါ ...

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

OIC အား တုံ့ပြန်မှုများ ကြောင့် မင်းပြား ပြသာနာ စတင်ခြင်း ဖြစ်နိုင်သည် ဟု ဒေသခံများ ဆို

Labels:

0 comments: