Pages

Thursday, December 6, 2012

“““ တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေး ( Law and Order ) ”””

ကွန်ဆာဗေးတစ်များရော လစ်ဘရယ်များကပါ တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေး အ ကြီးဆုံးဟု လက်ခံကြသည်။ တရားဥပဒေစိုးမိုးရေး မရှိလျှင် မင်းမဲ့တိုင်းပြည်ဟု ဆိုကြသည်။ အစိုးရဟူ၍ ရှိသော်လည်း အစိုးရက တရားဥပဒေစိုးမိုးရေးကို မဆောင်ရွက်နိုင်လျှင်၊ သို့တည်းမဟုတ် အစိုးရက တရား ဥပဒေအပေါ်က လွှမ်းမိုးနေလျှင်လည်း မင်းမဲ့တိုင်းပြည်ပင်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး၏ အဓိကလက္ခ ဏာမှာ ပြစ်မှုဆိုင်ရာဥပဒေများနှင့် တရားမဥပေဒများနှင့်အညီ ပုံမှန်ဆောင်ရွက်မှုများ ရှိနေရမည်။ တရားရုံး များသည် လွတ်လပ်ရမည်။ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သော ရဲအဖွဲ့၏ လုပ်ငန်းများ ပုံမှန်လည်ပ တ်နေရမည်။
 
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် တရားဥပဒေစိုးမိုးရေးရှိမှ အကောင်အထည်ပေါ်နိုင်သည်ဟု ဆိုသည်။ ၁၉၆၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အမေရိကန် အင်ဒီပင်းဒင့်ပါတီ၏ ကိုယ်စားလှယ်လော င်း အဖြစ် ဂျော့ဝေါလေ့စ် ၀င်ပြိုင်ခဲ့ရာတွင် တရားဥပဒေစိုးမိုးရေးကို နိုင်ငံရေးကြွေးကြော်သံအဖြစ်တင်၍ မဲ ဆွယ်လှုံ့ဆော်ခဲ့သည်။ ဗြိတိန်တွင်လည်း ကွန်ဆာဗေးတစ်ပါတီသည် တရားဥပဒေစိုးမိုးရေး ကို ရွေးကော က် ပွဲ ကြွေးကြော်သံအဖြစ်တင်၍ လှုံ့ဆော်လေ့ရှိသည်။

[မောင်ဝံသ၊ ခေတ်မီနိုင်ငံရေးဝေါဟာရအဘိဓာန်၊ စာမျက်နှာ-၂၉၉၊ ၃၀၀]
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေး ( Law and Order ) ”””

ကွန်ဆာဗေးတစ်များရော လစ်ဘရယ်များကပါ တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေး အ ကြီးဆုံးဟု လက်ခံကြသည်။ တရားဥပဒေစိုးမိုးရေး မရှိလျှင် မင်းမဲ့တိုင်းပြည်ဟု ဆိုကြသည်။ အစိုးရဟူ၍ ရှိသော်လည်း အစိုးရက တရားဥပဒေစိုးမိုးရေးကို မဆောင်ရွက်နိုင်လျှင်၊ သို့တည်းမဟုတ် အစိုးရက တရား ဥပဒေအပေါ်က လွှမ်းမိုးနေလျှင်လည်း မင်းမဲ့တိုင်းပြည်ပင်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး၏ အဓိကလက္ခ ဏာမှာ ပြစ်မှုဆိုင်ရာဥပဒေများနှင့် တရားမဥပေဒများနှင့်အညီ ပုံမှန်ဆောင်ရွက်မှုများ ရှိနေရမည်။ တရားရုံး များသည် လွတ်လပ်ရမည်။ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သော ရဲအဖွဲ့၏ လုပ်ငန်းများ ပုံမှန်လည်ပ တ်နေရမည်။
 
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် တရားဥပဒေစိုးမိုးရေးရှိမှ အကောင်အထည်ပေါ်နိုင်သည်ဟု ဆိုသည်။ ၁၉၆၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အမေရိကန် အင်ဒီပင်းဒင့်ပါတီ၏ ကိုယ်စားလှယ်လော င်း အဖြစ် ဂျော့ဝေါလေ့စ် ၀င်ပြိုင်ခဲ့ရာတွင် တရားဥပဒေစိုးမိုးရေးကို နိုင်ငံရေးကြွေးကြော်သံအဖြစ်တင်၍ မဲ ဆွယ်လှုံ့ဆော်ခဲ့သည်။ ဗြိတိန်တွင်လည်း ကွန်ဆာဗေးတစ်ပါတီသည် တရားဥပဒေစိုးမိုးရေး ကို ရွေးကော က် ပွဲ ကြွေးကြော်သံအဖြစ်တင်၍ လှုံ့ဆော်လေ့ရှိသည်။

[မောင်ဝံသ၊ ခေတ်မီနိုင်ငံရေးဝေါဟာရအဘိဓာန်၊ စာမျက်နှာ-၂၉၉၊ ၃၀၀]
 
0 comments: