Pages

Saturday, December 1, 2012

“““ ကြားထဲက မြှောက်ပေးပြီး အမြတ်ထုတ် နေတာ နိုင်ငံရေးသမား တွေပဲ ”””

အခုဆန္ဒပြတာတွေကို မပြရဘူး မပြောပါဘူး။ လိုအပ်တဲ့ အခြေအနေရှိတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေ မယ့် ဒီလိုနဲ့ပြီးသွားမှာ မဟုတ်ဘူး။ အစိုးရဘက်က လိုအပ်တဲ့ ဖူလုံမှုလုပ်ရမှာ ဖြစ်သ လို ပြည်သူ ဘက် ကလည်း အကျိုးသင့်အကြောင်းသင့်ရှိရမယ်။ မရှိရမှာက ကြားက နားမလည်တဲ့လူတွေကို မြှောက်ပေးပြီး အမြတ်ထုတ်တဲ့ နိုင်ငံရေးသမားတွေပဲ။

အခုလက်ပတောင်းတောင် ဖြစ်စဉ်တခုလုံးမှာ ပြည်သူတွေလည်း သူတို့လိုတာတောင်းရမယ်။ ရသင့်ရ ထိုက် တာ ရရမယ်။ နိုင်ငံတော်ကိုလည် ဦးပိုင်က ပွင့်လင်းမြင်သာပြရမယ်။ ရလာတာတွေ က ပြည် သူ့ အတွက်ဖြစ်ရမယ်။ ဒီစီမံကိန်း ဆက်လုပ်တောင်မှ တရုတ်က အောက်ကြေးနှိုက်ထားတာမျိုး လုံးဝ မဖြစ် သင့်ဘူး။

ဒါပေမယ့် အခုရပ် မရပ်ရင်ချမယ် ဒါမျိုးတော့ ဦးသိန်းစိန်ရော ဒေါ်စုရော တတ်နိုင်မယ် မထင်ပါဘူး။ ဒီတော့ အကောင်းဆုံး ဘာလုပ်မလည်းဆိုတာမျိုး လက်တွေ့ကျကျ အဖြေရှာရမယ်။ ဘယ်သူလုပ်သွားတာ ဘယ်ေ ကာင်လုပ်သွားတာ ငြင်းနေတာထက် ဒီ့ထက်ပိုမဆိုးအောင် ပြန်ကောင်း လာအောင် နောင် ဒါမျိုး မဖြစ်အောင် ဘာလုပ်မယ် အဖြေရှာတာ ပိုအရေးကြီးပါတယ်။

နောက်ပြီး အခု ကျနော်ရေးသွားတာတွေမှာ ပေးဆပ်ရသူတွေ တကယ်ခံစားရသူတွေ ကို ပေါ့ပေါ့ တန်တန် ပါလို့ မရည်ရွယ်ထားပါဘူး။ ဒါပေမယ့် ကြားက မဖြစ်နိုင်တာတွေကို ဇွတ်မြှောက်ပေး အမြတ်ထုတ် တာတွေကိုတော့ လုံးဝ လက်မခံပါ။ ကိုယ်ချင်းစာတရားရှိပါ ရှိရမယ်လို့ လက်ခံပါတယ်။

အခု အစိုးရ ကိုင်တွယ်ရာမှာ မီးလောင်ဗုံးသုံးတယ်ပြောတယ်။ သံဃာတော်တွေ ဒဏ်ရာရတာတွေ ကျေ န်ာမြင်နေရတာပဲ။ ဘုန်းဘုန်းတွေလည်း ဒကာ ဒကာမတွေအတွက် ဝင်ပြီးလုပ်ပေးတယ်။ ဒါကို ကျေးဇူး တင် အသိအမှတ်ပြုရမှာပါ။ ဒီနေရာမှာ တခုပြောပြချင်တာ ဒီလိုတွေ မဖြစ်လာခင် ရွာသူရွာသားတွေကို လာတွေ့တယ် Performance Art လုပ်တယ် ပြောတဲ့လူတွေထဲက တယောက်များပါလား ? ဒဏ်ရာရတဲ့ အထဲမှာရော (ရှိမလားတော့ မသိ) ကျနော်တော့ မတွေ့မိဘူးဗျာ။

ဒီတော့ တကယ်ခံစားရတာ သံဃာတွေ ရွာသူရွာသား အခြေခံကလူတွေ ရှေ့က နိုင်ငံရေးအရ ဦးသိန်း စိန် ဒေါ်စုကို အကြပ်ရိုက်အောင်။ တိုင်းပြည်မငြိမ်မှ နေရစားရချောင်မယ့် လူတွေ အမြတ်ထုတ်တာ မဖြစ်စေ့ချင်တာ။ လာပြီး ဖြန်ဖြေရ ကယ်ဆယ်ရတာ ဒေါ်စု ဦးကျော်သူ ဒါတွေပဲ လုပ်ရတာ မဟုတ်ဘူးလား ? အသုံးချသွားတာတွေရှိတယ်ဆိုတာ သတိကြီးကြီးထားရမယ်လို့ ပြောချင်ပါတယ်။

နောက်ပြီး ဒေါ်စုကို ထောက်ခံရင် အစိုးရကိုဆဲရမယ်။ အစိုးရဘက်က ကောင်းတာရှိသလို လိုတာရှိတယ်။ အစိုးရဘက်က ကောင်းတာပြောမိရင် စစ်ခွေး မအေဟဲ့ နှမဟဲ့ စစ်ခွေးပြောကြတယ်။ ဒီလိုနဲ့ အခြေ အနေပြီး သွားရောလား ?

မြန်မာပြည်မှာ NLD နဲ့ အစိုးရ ဘက်နှစ်ဘက်ပဲ ရှိတာလား ?

ဖြစ်နိုင်ရင် စားဝတ်နေရေး ပြေပြေလည်လည်နဲ့ သားသမီးတွေကို ပညာကောင်းကောင်းသင်ရမယ်။ အား လုံးငြိမ်းချမ်းရေးရမယ်ဆိုရင် ဘယ်အစိုးရတက်တက် ကျေနပ်မယ့်လူတွေရော မရှိရဘူးလား ? ပါတီ တခုခု ထဲဝင်မှ တိုင်းပြည်အတွက်လုပ်တာ မဟုတ်။ ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားပြီး အခွန်မှန်မှန်ပေး တဲ့ နိုင်ငံ သားတွေရော မရှိရဘူးလားဗျာ။

ဒီမိုကရေစီက "ပန်းတိုင်" မဟုတ်ဘူး။ အားလုံးတွဲလျှောက်ရမယ့် "ခရီးရှည်"ကြီးဗျ။ တာထွက်မှာတင် သက် လုံမကောင်းရင် ရှေ့ခရီးရှည် ဘယ်လိုလုပ်ကြမှာလဲဗျာ။ မျှော်လင့်ချက်သမ်းမှ လမ်းပြန်မပျောက်စေ့ချင်ဘူး။

ကျနော်ရေးတာ တင်တာတွေ အားလုံးမှာ စေတနာပါတယ်။ NLD မှ ဦးသိန်းစိန်မှ မဟုတ်ဘူး။ ဘယ်ဘက်မှ မပါဘူး။ လိုတာ ထောက်ပြမယ်။ အခုအထိ ရိုင်းရိုင်းစိုင်းစိုင်း ဒေါ်စုကို မပြောဖူးဘူး။ သူပြောတာလည်း လက် ခံရမှာတွေ လက်ခံတာပဲ။ တိုင်းပြည်တည်ငြိမ်ပြီး ချမ်းသာဖို့က အဓိက။ ကျနော်တို့ အနှစ် ၂၀ လောက် ခံခဲ့ရတာတွေ ဆက်လိုချင်သေးလားဗျာ ? သားသမီးတွေကိုရော ပေးမှာလားဗျာ ?

နောက်ဆုံးပြောချင်တာ ကျနော့ကို ဝိုင်းဆဲတယ်။ ဘယ်သူ့ကိုမှ ဘာတခွန်းမှ ပြန်မပြောဘူး။ ဒါပေ မယ့်ေ ရး ထားတာတွေကို သေချာနားလည်အောင် ဖတ်ပါလို့တော့ ပြောချင်တယ်။ နားလည်ပြီး ဆွေးနွေးတာမျိုး အမြင်မတူရင်တောင် လေးစားပါတယ်။ တချို့တွေအတွက် အမြင်မတူရင် ဆဲလို့ရတာ ခင်ဗျားတို့ "ဒီမို ကရေစီ" ဆိုရင်လည်း ထားလိုက်ပါတော့။

မဟာကြောင်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: