Pages

Thursday, December 6, 2012

“““ လူတွေ မပြောကြတော့ ဘူး ”””

လူတွေ မပြောကြတော့ဘူး......
ငွေကြေးလည်းလှယ်မူ့ နုန်းထားတွေကို အရှင်
လုပ်ပစ်လိုက်တဲ့ အကြောင်း...

မပြောကြတော့ဘူး....
လွတ်လပ်စွာ..ပြောခွင့်ရလာတဲ့ အခါ.. လွတ်လပ်စွာပြောခွင့်ရလာတဲ့အကြောင်း..ကိုမပြောကြတော့ဘူး...

မပြောကြတော့ဘူး...
တစ်ခါတုန်းက... ဒီလမ်းမကြီးကိုလျှောက်ခွင့်မရခဲ့ကြဘူးဆိုတာကို..

မပြောကြတော့ဘူး...
တစ်ခါတုန်းက ဒီလိုပြောခွင့်မရခဲ့ဘူးဆိုတဲ့ အကြောင်း...

မပြောကြတော့ဘူး...
တစ်ခါတုန်းက.. ဒီလိုအိမ်မက် မက်ခွင့်မရခဲ့ဘူးဆိုတဲ့အကြောင်း....

ဘာ... ခင်ဗျားဗျာ..
ဒါပြောစရာလား...
မြန်မာဗျ မြန်မာ...
မုန့် ဟင်းခါးစားပြီးရင်တော့ ဟင်းရေဆိုတာကြီးကို
မသောက်ခြင်လဲ အဆစ်တောင်း သောက်တဲ့ သူ....

အဆစ်တောင်းနေတာဗျ.. အဆစ်တောင်းနေတာ...
ဒီမိုကရေစီအဆစ်တောင်းနေတာ...
  
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။