အခုမြန်မာနိုင်ငံမှာ ဆန္ဒပြနေကြတာ တွေ မြင်တော့
ကျွန်တော် ငယ်ငယ် ကလေးဘ၀မှာ မိဘကို လို ချင်တာတွေ၊ ဖြစ်ချင်တာ တွေ
ရှိခဲ့တုန်းက ပူစာခဲ့တဲ့ အဖြစ် လေးတွေကို ပြန်ပြီး သတိရမိတယ်... အဲဒီတုန်း က
ဘယ်လို ပူစာခဲ့ သလဲ ဆို ရင် တစ်ခါတစ်လေ
ခြေဆောင့်ပြီး ငိုတောင်းခဲ့သလို၊ ထမင်းမစားပဲ နေပြီး ကိုယ်ဖြစ်ချင်တဲ့
ဆန္ဒကို ပူစာခဲ့တယ်... အဲဒီလို ပူစာတဲ့ အခါကျရင် ကျွန်တော့် မိဘတွေက
ကျွန်တော် ပူ စာတိုင်း ဆန္ဒပြတိုင်း လိုက်ဖြည့်ဆည်း ပေးနိုင်တဲ့ ပိုက်ဆံကို
ကျိကျိတက် ချမ်းသာကြတဲ့ မိဘတွေ မ ဟုတ်လေတော့... ၀ယ်ပေးနိုင်တာ၊
ဖြစ်နိုင်တာတွေကို ပူစာမိရင်တော့ ရတဲ့အခါလည်း ရှိသလို မဖြစ်နိုင် တာတွေကို
သွားပူစာ မိလို့ကတော့ ကြိမ်လုံးစာမိ ပြီး အဆော်ပလော် အတီးခံရရော...
ငယ်ငယ်က ပူစာတိုင်းလဲ ကြိမ်လုံးစာပဲ မိခဲ့တာ များတယ်ဗျ... အဆော်ပလော်
အတီးခံရတဲ့ အခါမှာ.. လို ချင်တာ မရလို့ ရအောင် တောင်း မရရင် ပြော အမေက
ဝယ်မပေးနိုင်လို့ အဆော်ပလော်တီး ကျွန်တော် က အော်ငို.. မငိုအောင်
အမေကထပ်ရိုက်... ၀မ်းကလဲ ၀မ်းနည်း ရှိုက်ကြီး တငင်ငင်နဲ့ မောကလဲ မော နဲ့
နောက်ဆုံးကျတော့ အရိုက်ခံရလို့ နာလည်းနာ၊ သူများတွေ ပူစာတာ ရပြီး ကိုယ်
ပူစာတာက မရ၊ ၀မ်းလဲ နည်း အရိုက်ခံရလို့ မောတာကလဲ မောနဲ့
အိပ်ပျော်သွားခဲ့တာတွေက များတယ်.. အဲ ပြန်လည်း နိုး လာေ ရာ.. အဲဒီ ကိစ္စကို
မပြော ရဲ မတောင်းရဲတော့ဘူး...
ကျွန်တော် ငယ်ငယ်က ကျွန်တော် တောင်းဆိုသမျှ ရအောင် ဘာလို့ လုပ်မပေးခဲ့တာ လဲဆိုပြီး အမေနဲ့ အဖေကို စိတ်ဆိုးခဲ့သေးတယ်... ဒါပေမယ့် အဲဒါတွေက ကျွန်တော် အသက်ကြီးလာလို့ ကိုယ့်ပိုက်ဆံ ကိုယ်ရှာပြီး သုံးနေရတဲ့ အခါကျတော့ စာနာ တတ်လာတယ်... နောက်ဆို ပိုစာနာတတ် သွားလိမ့်မယ်လို့ ထင်တယ်.. ဘာလို့လဲ ဆိုတော့ ကျွန်တော်လဲ နောင်တစ်ချိန် မိဘ ဖြစ်မှာပဲလေ... ဟိုသားက တမျိုး ဒီ သားက တစ်ဖုံနဲ့ ဘာတွေ တောင်းဆို မယ်မသိတဲ့ ဆန္ဒတွေ ပြတောင်းဆို ကြမှာတွေကို ဖြည့်ဆည်းပေး ချင်တယ်... သူတို့လေးတွေရဲ့ ဆန္ဒလေးတွေကို ဖြည့်ဆည်းပေး နိုင်ဖို့ကိုလဲ ကျိုးစား နေပါတယ်... အဲဒီလို ဆန္ဒလေး ဖြစ်မိတော့လဲ အော်... ငါ့မိဘတွေလဲ ဒီလိုပဲ နေမှာပါလား ဆိုပြီး တွေးမိပြန်တယ်...
အဲဒါကြောင့် ဆန္ဒပြ ပူစာမယ် ဆိုကြရင် ကျွန်တော် ငယ်ငယ်ကလို ကလေးစိတ်နဲ့ မရရအာင်ပဲ တောင်း ချင်မနေကြပဲ... ကိုယ့်မိဘ (ကိုယ့်အုပ်ချုပ်သူ) အခြေအနေကို လည်း နားလည်ပေးကြဖို့၊ ရမယ်ထင်ရင် ဆန္ဒပြ ပူစာ တောင်းဆိုသင့်ရင် တောင်းဆိုပြီး၊ မရဘူး ဆိုရင်တော့ ဇွတ်အတင်းကြီး မပူစာမိဖို့ အသိဥာဏ်ေ လး ရှိရင် အလုပ်တွေက တဖက်နဲ့ အလုပ်ရှုပ်နေကြတဲ့ ကိုယ့်မိဘကို ဘယ်လို အခက်အခဲ တွေကြောင့် မ လုပ်ပေးနိုင်ဘူး ဆိုတာကို နားလည်ခံစား ပေးကြဖို့ လိုပါတယ်.. ဒါမှလည်း ကြိမ်လုံးသံ၊ ရိုက်သံ၊ အော်သံ၊ ဆူသံတွေ မရှိပဲ နားလည်မှု အပြည့် ရှိတဲ့ သာယာတဲ့ မိသားစုလေး ဖြစ်မှာပါ...

ပူစာတတ်တဲ့ သားသမီးများ ဖြစ်ကြပါစေ...
လေးစားလျှက်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။