Pages

Thursday, December 6, 2012

“““ သမ္မတ၏ နောက်တွင် တပ်မတော် ရှိနေခြင်းသည် အပြောင်းအလဲ တစ်ခု၏ ခြေလှမ်းအစ ဖြစ်လေမလား ”””

နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်လိုက်၊ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ဆုံရလိုက်ဖြင့် မအား လပ်နိုင် သည့် သမ္မတကြီး ဦးသိန်းစိန်သည် မြန်မာနိုင်ငံ တွင်းသို့လည်း လှည့်လည် ၍ ပြည်သူနှင့် လည်း အဆက် မပြတ် သည့် ခေါင်းဆောင် တစ်ဦး ဖြစ်လာလေသည်။
 
 တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ဆုတောင်းကြသည့် ပုဂ္ဂိုလ် ၂ ဦး

သမ္မတ တစ်ဦးမို့ မြန်မာပြည်တွင်း ငလျင်ဒေသသို့ သွားရောက် ကြည့်ရှုခြင်း၊ အဆောက် အအုံသစ် များ ဖွင့် လှစ်ခြင်း တို့မှာ မထူးခြားသော် လည်း မြ၀တီ သတင်းများတွင် ဖော်ပြချက်အရ- တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌ ဦးမြညိမ်း၊ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဦးမြင့်လှိုင်၊ ဦးလှထွန်း၊ ဦးအုန်းမြင့်၊ ဦးကျော် လွင်၊ ဒေါက် တာမြအေး၊ ဒေါက်တာဖေသက်ခင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ၀န်ကြီး ဦးဘုန်းဆွေ၊ တပ်မတော် အရာအရှိကြီးများနှင့် ဌာန ဆိုင်ရာ အကြီး အကဲများ လိုက်ပါလျက် သွားရောက်ခဲ့သည် ဆိုသော သတင်းကို တွေ့ရသည်။
 
တိုင်းပြည်၏ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်မှုများအတွက် စိတ်မကောင်း ဖြစ်တတ်သူ ၂ ဦး
 
ထို့ပြင် ငလျင်ဒဏ်သင့်ဒေသများတွင် ငွေအား၊ လူအားဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ လုပ် ကိုင်နေသည့် သတင်းများကိုသာ တွေ့နေရပြီး ပါတီ၊အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို မတွေ့ရ။ ဆူပူ မှု ဖြစ်သည့်နေရာတိုင်းတွင် ပါတီ၊အဖွဲ့အစည်းများ အစုံရောက် နေပြီး တပ်မတော်သားနှင့် တပ်မတော် သား မိသားစုဝင်များကို မတွေ့ရပြန်။ အတိုက်အခံဟု သဘောထား၍ ခရီးစဉ်တွင် သမ္မတကြီးနှင့် မပူးပေါင်း ကာ သီးခြား ခွဲထွက်နေသည့် ပါတီ၊ အဖွဲ့အစည်းများ၊  နိုင်ငံတော်သမ္မတကြီးနှင့် ဗိုလ်ချုပ် မှုးကြီးတို့၏ တူယှဉ်တွဲလျှက် ကူညီ လုပ် ဆောင်မှု များမှာ တိုင်းပြည်၏ အပြောင်းအလဲ သင်္ကေတ တစ်ရပ် ပါဝင်နေလေမည်လား။  
 
ငလျင်ဒဏ်ကြောင့် အပျက်အစီးများကို ရှင်းလင်းပေးနေသော တပ်မတော်သားများ
 
တပ်မတော်နှင့် ရဲတပ်ဖွဲ့

ယနေ့အချိန်တွင် တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန် ဟုပင် ပြန်ရေးရမတတ် သောင်းကျန်းသူ အရေး ကလည်း မအေးနိုင်သေး၊ အစွမ်းကုန် လိုက်လျောမှုများဖြင့် အိမ်နီးချင်း များနှင့် ဆက်ဆံရေး ပျက်ပြားတော့ မည့်အရေး၊ တစ်နိုင်ငံလုံး နေရာစုံ လူမျိုးစုံမှ အစိုးရတစ်ဖွဲ့ သည်းမ ခံနိုင်လောက် သည့် ဆန္ဒပြမှု များ ဖြစ်နေ သည့်အရေး၊ အခြေခံဥပဒေကို ပြင်ဆင်ချင်သည့် ခွဲထွက်အဖွဲ့များ၏ အရေး၊ ကျောင်းသား အမည်ခံ များ ၏ နယ်တစ်ကာလှည့် တပ်မတော်နှင့် အစိုးရကို အပုပ်ချကာ ပြည်သူကို သွေးခွဲနေသည့် အရေးများမှာ စက်၏ အားကိုးဖြင့် နှလုံးလည်ပတ်နေသည့် IRON MAN သမ္မတကြီးအတွက် ရတက် မအေး စရာပင် ဖြစ်သည်။
 
ကျောင်းဆောင်သစ်ဖွင့်လည်း အတူတူ

ထိုအချိန်တွင် သမ္မတကြီး၏ နောက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကို တွေ့နေ ရ ပေသည်။ သမ္မတကြီး ၏ လုပ်ဆောင်ချက် များအား တပ်မတော်မှ အပြည့် အ၀ ထောက်ခံ ကာ နောက်ဆုံး ကေ အိုင်အေ ပြဿနာ တွင်ပင် တပ်မတော်က သည်းခံပေး ခဲ့သည်။ ထိုသို့ သည်းခံ နိုင်သည့် စွမ်းရည်၊ ဒို့ တာ ၀န် အရေး (၃)ပါးကို အသက်ပေး ကာကွယ်သည့် စိတ်ဓာတ်၊ အဆင့်ဆင့် ဖြတ်သန်း တာဝန်ယူခဲ့သော ရာထူး အဆင့်များကြောင့် သမ္မတကြီး ဦးသိန်းစိန်ပြီး နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် နိုင်ငံ ကို အုပ်ချုပ်မည့် သူများ ဖြစ်လေမလား ဆိုသည့် မေးခွန်းတစ်ခု ဖြစ်ပေါ် လာလေသည်။

သို့မဟုတ်..သမ္မတကြီး ခရီးစဉ်နောက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အမြဲလိုက်ပါ နေခြင်း သည်…

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: