ဖွဘွတ်ပေါ်မှာ မင်းသမီးသက်မွန်မြင့် ရေးလာတဲ့ စာလေးဖတ်ရတော့ အတွေးတွေ အုံလိုက်ကျင်းလိုက် ၀င် လာတယ်။ ၀င်လာတယ်ဆိုတာက ခေါင်းရဲ့ အပေါက်ဝမှာ စောင့်နေတဲ့အတွေးစတွေ။ ကြပ်ခဲနေတာကြာ ခဲ့ပြီ။အရင်ကတဲက လည်း ဒီလိုစာမျိုးရေးခဲ့တယ်။ ရေးလိုက်ဖျက်လိုက်။နောက်ဆုံး ကွန်ပျူတာထဲ ပဲသိမ်း ထား လိုက်ရတော့တယ်။ ဘာဖြစ်လို့ လဲဆိုတော့. ရေးရင်းရေးရင်း နဲ့ ဇာတ်တွေက ရှုပ်သထက်ရှုပ်ကုန် လာ မှာ ဆိုးလို့ ။
ကျွန်တော်ရေးမယ့် ရိုက်ပေါက်က ခုမှစမှာ။ မင်းသမီးကို ဒါရိုက်တာ ပြတ်ပြတ်သားသား ပြောနိုင်ဆိုနိုင် လာ တာတော့ တိုးတက်လာတယ် ပြောရမှာပဲ။ ဒါရိုက်တာ အားလုံးတော့ မဟုတ်သေး လောက်ဘူး။ ဒါပေမယ့် ဒါမျိုးရိုက်သင့်လားမရိုက်သင့်လားဆိုတာ က မြန်မာ့ရုပ်ရှင် ရဲ့ အနာဂတ်နဲ့ ဆိုင်သွားပြီ ။ ဆင်ဆာ မရှိတော့ ဘူး လွတ်လပ်စွာ၇ိုက်နိုင်ပြီ ဆိုတဲ့ အချိန်ကစလို့ အနည်းငယ် ခေတ်မှီတဲ့ဇာတ်ကားတွေ ပွင့်လင်းတဲ့ ပြော င်မြောက်တဲ့ ဒိုင်ယာလော့တွေ နဲ့ ဇတ်ကားတွေ ထွက်လာတာတော့ အမှန်ပဲ။ ကျေနပ်လောက်တဲ့ အဆင့် မရှိသေးတာတော့ သေချာတယ်။ စက်ပစ္စည်း ကိရိယာ တွေ ကင်မရာတွေ နည်းပညာတွေ လည်း အေ တ်ာအတန် တိုးတက်ခဲ့ပါတယ်။ နောက် အ၀တ်အစား တွေလည်းတိုးတက်ခဲ့တယ် ပေါ့ဗျာ. တိုးတက်တယ် ဆိုတာထက် တိုတက်လာတာ ဆိုပိုမှန်မယ်။
မင်းသားတွေကတော့ ဒီလောက်ပြောစရာမရှိပေမယ့်။ မင်းသမီး နဲ့ ဇာတ်ပို့ ဇာတ်ရံ အားလုံးလိုလိုတိုနိုင်သ မျှတို ဖော်နိုင်သမျှ ဖော်လာတာကိုတွေ့ ရတယ် ။အဲ့ဒီအတွက် ပရိသတ်ရဲ့ အမြင် ကလည်း အမျိုးမျိုးပါပဲ။ တ ချို့ ကလည်း ဒါမျိုးဖြစ်သင့်တယ် ပေါ့ ။ ဖြစ်သင့်တာလဲ ကြာပြီပေါ့ ။ဆင်ဆာကြီး ရှိနေလို့ ပေါ့။တချို့  က လည်း အတိုးတက်လွန်ပြီး 18+ တွေအထိ ရိုက်သင့်တယ် ပေါ့ ။ နိုင်ငံတကာ အဆင့်မှီချင်ရင် ဒါမျိုးကရှိ သင့်တယ် ပေါ့။ ကြည့်ရှုသူရဲ့ အဆင့်ကိုခွဲထားလိုက် ရင်ပြီးပြီလို့ ဆိုပါတယ်။ အဲ့လို ပြောတဲ့သူတော်တော် များများက ယောက်ျားလေးတွေ ဦးလေးကြီးတွေ အကိုကြီးတွေ များပါတယ်။ မိန်းကလေး ကတော့ မပြော သလောက်ပါပဲ။ ကျွန်တော့် အမြင်အရတော့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။
ဟ ဒီမိုကရေစီခေတ်ကွ လို့ ပြန်ပြောမယ့်သူ သန်းနဲ့ ချီရှီလောက်တယ်။ ဒါပေမယ့် ကမ္ဘာမှာ ဒီမိုကရေစီ အ ရှိဆုံးနိုင်ငံလို့ခေါ်လောက်တဲ့ အိန္ဒိယ က ခုထိ ဒါမျိုးမရိုက်ပါဘူး။ သူတို့ မှာ သူ တို့ ယဉ်ကျေးမှုနဲ့ သူ တို့  ပွတ်သီးပွတ်သပ် တွေလုပ်တာတွေတော့ ၇ှိပါတယ်။ ဒါက သူ တို့ ကိစ္စပါ။ ကျွန်တော်တို့ နိုင်ငံ ဟာ ကမ္ဘာမှာ ရှားရှားပါးပါး ကျန်နေတဲ့ ဗုဒ္ဒဘာသာနိုင်ငံတခုပါ။ ဒါတောင် ခပ်ယဲ့ယဲ့ပဲ ကျန်တာပါ။ ဘာသာရေးနဲ့ မပြော နဲ့ ဦး ။မြန်မာ့ယဉ်ကျေးမှု အနေနဲ့ ရော ထုံးတန်းစဉ်လာ အရဘယ်လိုမှ လက်မခံနိုင်လောက်တဲ့ အရာပါ ။ နိုင် ငံခြားမှာ ဘာလို့ ရသလဲ။ နိုင်ငံခြားရဲ့ လူနေမှုက ဥပမာ အမေရိကား ဆိုပါတော့ သူ့ ယဉ်ကျေးမှုအရ ၁၃ နှစ်ပြည့်ရင် လူကြီးဖြစ်ပါပြီ။ သင်သွားလိုရာသွားနိုင်ပြီ။ ကိုယ့်ပိုက်ဆံလဲကိုယ်ရှာစားပါ။
မိဘလဲ ကိုယ့်ဘာသာကိုယ်တောင် အနိုင်နိုင်ရုန်းကန်ရတာပါ။ အားလုံးကို မပြောပါဘူး။ အများစုပါ။ အဲ့ဒိေ တာ့ သူတို့ မှာ အရွယ်မတိုင်ခင်ကတဲ က ဒီယဉ်ကျေးမှုကရှိခဲ့တယ်။ ၁၈ နှစ်ပြည့်ရင်တော့ အားလုံး ဖရီး ။ မြန်မာနိုင်ငံမှာ ကရော။ မြန်မာနိုင်ငံမှာက အိမ်ထောင်မကျခင် အထိ မိဘ ညီအကိုမောင်နှမ အုပ် ထိန်း မှုေ အာက်မှာ နေကြတာ။ နေကြတာ ဆိုလို့ အတင်းအကျပ် နေခိုင်းတာတော့ မဟုတ်ပါဘူး။ သူ့ ရဲ့ နေထိုင် စားသောက်ရေး ပညာရေး အိမ်ထောင်ရေး အထိ အားလုံးမိဘ တွေက တာဝန်ယူ ထားတာပါ။ အိမ်ထောင် ကျပြီးတောင်မှ တဘက်တလမ်းကနေ တာဝန်ယူမှုကရှိနေတာပဲ။ ဆိုလိုချင်တာက မိဘ ညီအကိုမောင်နှမ အတူတူ နေကြတဲ့ နိုင်ငံ ဖြစ်တယ်။ အများစုကိုပြောတာဖြစ်ပါတယ်။
ညီအကိုမောင်နှမ မိဘ တွေနဲ့ အတူတူ ဒီလို ကားတွေကို ကြည့်သင့်ပါသလား။ သင်ရော 18+ ကားတ ကား ပဲဖြစ်ဖြစ်ဘာမှ အတိအကျ မပြရင်တောင် လင်ခန်း မယားခန်း ရိုက်နေတာ နမ်းနေတာကို သင့်ရဲ့ အမေမိဘ ညီအကိုမောင်နှမ ရှေ့ မှာ ( ယောက်ျားချင်း မိန်းမချင်း ကိုဆိုလိုတာမဟုတ်မှန်း သိမယ်ထင်ပါတယ်) ကြည့်ကြပါ သလား၊ကြည့်သင့် ပါသလား။ သင်ရော သားသမီး မွေးလာတဲ့အခါ သမီးလေးများ မွေးလာတဲ့အခါ သင့်သမီးကို ဒီလိုကားတွေ ပေးကြည့်မှာလား။ အိုးဒါကတော့ သဘာဝပဲ ဗဟုသုတအနေနဲ့ ပေးကြည့်ရမှာပေါ့ ။ နိုင်ငံခြားမှာဆို ဆေးပညာအရကျောင်းမှာတောင်သင်ရတာပါပဲလို့ စောတက တက်ချင်တဲ့သူတွေ ရှိရင် ကျွန်တော့်ဆီ စာရင်းပေးထားကြပါ။ စောင့်ကြည့်ချင်ပါသေးတယ်။
အဲ့ဒီဆေးပညာအရလဲပြောချင်ပါသေးတယ်။ လိင်ပညာပေး ကတော့ လုပ်သင့်ပါတယ်။ ပညာပေးတာနဲ့ ဖြော်ဖြေတာ မတူပါ။ တင်ဆက်မှု ပညာလဲလုံးဝ မတူပါ။ လိင်ပညာပေးလုပ်တာ လိင် ဆွဲဆောင်မှု ရှိနေပြီ လိင်စိတ်ထကြွစေပြီ ဆိုရင် ဒီ လိင်ပညာပေးဟာ အတော်ညံ့နေပြီ အဆင့်မမှီဖြစ်နေပြီလို့ သတ်မှတ်ရ ပါလိမ့်မယ်။ ဆေးကျောင်းသားတွေ ကိုကြည့်ပါ သူတို့ ကိုသာ လိင်နဲ့ ပတ်သတ်လို့ ထကြွအောင် သင်ခဲ့ကြရင် အားလုံး ဒုက္ခရောက်ကုန်မှာပါ။ မိန်းကလေးနဲ့ ယောက်ျားလေးရော နေတာပါ။ ဒါကြောင့် ပညာပေးသည် ပညာပေးပဲဖြစ်ပါတယ်။ ပညာပေး တဲ့စနစ်ကိုလဲ သေချာစိစစ်သင့်ပါတယ်။ စကားမစပ် လိင်ပညာပေးဆိုပြီး မဂ္ဂဇင်းတအုပ်လဲထွက်လာပါသေးတယ်။ အထဲကစာကို မဖတ်ရသေးခင် ကာဗာမြင် တာနဲ့ လိင်ပညာပေးလား လိင်စိတ်ကြွ အားပေး လားဆိုတာ သိသာပါတယ်။ အကျိုးဆက်က တဖြည်းဖြည်း နဲ့ လိင်ဆက်ဆံတဲ့ အသက်စောလာမယ်။ ဒုစရိုက်မှုတွေများလာမယ်။ ဒီနေရာမှာ တခြားနိုင်ငံတွေ ကျတော့ ဘယ်လိုလုပ်မလဲလို့ မပြောပါနဲ့ ။ တခြားနိုင်ငံတွေမှာလဲဒုစရိုက်မှုတွေဖြစ်တာ အများကြီးပါ အားလုံး မသိရလို့ ပါ။ နောက်တခုကိုယ့် အကြောင်းကိုယ်သိပါ။
ကျွန်တော်တို့ လူမျိုးသည် ကမ္ဘာမှာ သွေးဆူအလွယ်ဆုံး လူမျိုးဖြစ်ပါတယ်။ တခုခုကို လုပ်ချင်ပြီဆိုရင် ၀ုန်းဝုန်း ထလုပ်ပြီးတော့မှ နောင်တ ရတတ်တဲ့ လူမျိုးပါ။ ဒေါသထွက်လွယ်။ စိတ်ကြွလွယ်တဲ့ လူမျိုးပါ ။ ဒါကြောင့် မီဒီယာ ပဲဖြစ်ဖြစ် entertainment ပဲဖြစ်ဖြစ် ရေးသားဖော်ပြရာမှာ ဖြော်ဖြေ တင်ဆက်ရာမှာ အထူးပဲသတိ ထားဖို့ လိုပါတယ်။
နိဂုံးအနေနဲ့  ဆရာမ ပုညခင်ရဲ့ ကျွန်မက နှင်းဆီပါမောင် ၀ထ္ထု ကို ဒါရိုက်တာဝိုင်းက ၇ိုက်တဲ့အခါမှာ အဲ့ဒီလို လိင်ဆက်ဆံတဲ့ အခန်းသော်၎င်း လိင်ဆက်ဆံမှု အသားပေး အခန်းသော်၎င်း ထည့်ရိုက်မယ်ဆိုရင် လုံးဝ ရှုတ်ချပါတယ်။ နောင်ကိုလည်း ဘယ်ဒါရိုက်တာပဲဖြစ်ဖြစ်ရိုက်မယ်ဆိုလဲ အားမပေးပါ။ ဒီမိုကရေစီခေတ်မို့ ပြောခွင့်မရှိဘူးလုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ ကိုယ့်သမိုင်းနဲ့ ကိုယ်ပါပဲ။
နောက်တခုက ဆင်ဆာဆိုတာရှိသင့်သလားဆိုတာပါ။ ဆင်ဆာဆိုတာ ရှိသင့်တယ်။ ဘယ်လိုဆင်ဆာမျိုးရှိသင့်သလဲ။ ရုပ်ရှင်အနုပညာအကြောင်းကိုနားလည်တဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကိုနားလည်တဲ့ ရှေ့ မှီနောက်မှီ လူမျိုးတွေ ရှိသင့်ပါတယ်။ ဒါမှသာ မဖြစ်သင့်တာတွေမဖြစ်သင့်အောင်တားနိုင်ပါမယ်။ ဆင်ဆာဆိုလို့ အရင်ခေတ် ဆင်ဆာလိုမျိုး မြင်မြင်သမျှ နံကြားထောက်ဖြတ်တဲ့ ဆင်ဆာကိုပြောတာမဟုတ်ပါ။ မပြသင့်တာ မသင့်လျော်တာရှိရင် တာဝန်ရှိသူနဲ့ ပူးပေါင်းဆွေးနွေးတိုင်ပင်ဖို့ အကြံညဏ်ပေးနိုင်ဖို့ ပါ။ ဥပမာအားဖြင့် ဇာတ်ကားတွေမှာ ဘာသာရေးနဲ့ ပတ်သတ်တဲ့စော်ကားမှုတွေ စကားလုံးတွေ သုံးမိရင် ဘာသာရေးအဓိကရုဏ်းအထိ ဖြစ်နိုင်ပါတယ်။ ဇာတ်ကားထွက်ပြီး ပြသနာ တက်ပြီးမှ ဘာမှလုပ်လို့ မရပါဘူး။ ဥပမာပြောတာပါ။ တလွဲတွေလဲတွေးမနေကြပါနဲ့ ။ အားလုံး မိမိတိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
အောင်လင်းနိုင်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။