Pages

Saturday, November 10, 2012

“““ Mr. Barack Obama နှင့်တွေ့ဆုံခြင်း ”””

MJ - မင်္ဂလာပါ
OB - မင်္ဂလာပါ

MJ - လာမယ့် အာရှခရီးစဉ်မှာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ်လို့သိရပါတယ်။
OB - ဟုတ်ပါတယ်။

MJ - မြန်မာနိုင်ငံသမိုင်းမှာ အမေရိကန်သမ္မတ တစ်ဦး ပထမဆုံးလာရောက်တဲ့ ခရီးစဉ်ပေါ့နော်။
OB - တရားဝင်အရဆိုရင်တော့ ဟုတ်ပါတယ်။

MJ - ဟင်... ဒါဆို တရားမဝင်တွေရှိသေးတယ်ပေါ့..
OB - ဒါက ဒီလိုရှိတယ်။ ရွေးကောက်ပွဲမတိုင်မီ ၃ လလောက်အလိုတုန်းကဆို မက်ရွန်နေ နဲ့က မဲအခြေ အနေက သူမသာ၊ ကိုယ်မသာပဲ။ အဲဒီတော့ အကြံထုတ်ရတာပေါ့။ ရွေးကောက်ပွဲတွေမှာ အပြတ် အ သတ်နိုင်ဖူးတဲ့ သူတွေဆီက နည်းနာနိဿယတွေ စုံစမ်းရတာပေါ့။ အရမ်းခင်တဲ့ ဗြိတိန်ဝန်ကြီး ချုပ် ဒေး ဗစ် ကင်မရွန်း ကျပြန်တော့ သူ့ပါတီတောင် မဲမလောက်လို့ ညွန့်ပေါင်းအစိုးရဖွဲ့ထားရတာ။ ပူတင်က ကျန် တဲ့ပါတီတွေကို နှိပ်ကွပ်ခိုင်းတယ်။ ကျနော်တို့ဆီမှာ အဲဒီလိုလုပ်လို့ မရဘူးလေ။ ဟူကျင်တောင် ကျပြန်တော့ ကျန်ပါတီတွေကို ဖျက်သိမ်းပြီး ကိုယ့်တစ်ပါတီထဲ မဲပုံးထောင်တဲ့။ ပိုဆိုးပဲ။ မြန်မာပြည်ကို ဟီ လာရီကလင်တန် လွှတ်လိုက်တုန်းက ဦးသိန်းစိန်က ဆုတောင်းပြည့်ချင်ရင် ကြီးကိုးကြီး အဓိဌာန် ဝင်ဖို့အ ကြံပေးလိုက်တယ်။ ကျနော်လည်း အကြံကုန် ဂဠုန်ဆားချက် ဆိုတဲ့အတိုင်း အဲဒါကို စမ်းကြည့်ဖို့ ဆုံးဖြတ် လိုက်တယ်။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်လေး ဘာလေး စုံစမ်းရသေးတာပေါ့နော်။ Google CEO အဲရစ် ရှမစ် ကတော့ သူတောင် တိတ်တိတ်လေး မြန်မာပြည်သွားပြီး ကြီးကိုးကြီး အဓိဌာန် ဝင်ခဲ့သေးတယ် လို့ပြော တယ်။ Oracle က Google ကိုတရားစွဲထားတုန်းကပေါ့။ အဲဒါ ကွင်းလုံးကျွတ်လွတ်သွားတယ်လေ။ သူတောင် မြန်မာပြည်က နံနက်စာ ကောက်ညှင်းပေါင်းကိုကြိုက်လို့ Android 6.0 ထွက်ရင် Codename ကို "ကောက်ညှင်းပေါင်း" လို့ နာမည်ပေးမယ် ပြောသေးတယ်။ အဲဒီလိုနဲ့ မြန်မာပြည်ကို တိတ် တိတ်လေး ရောက် ခဲ့သေးတယ်။

MJ - အဲဒီတုန်းကရော လာရတာ အဆင်ပြေရဲ့လား။ ဘာသာစကားအခက်အခဲတွေရော ရှိလား။
OB - အဲဒီကို မသွားခင်ကတည်းက မြန်မာစာတတ်တဲ့ ဝန်ထမ်းတစ်ယောက်ကို ခေါ်ပြီး လိုအပ်တဲ့ စာတွေ ကို မြန်မာလိုရေးခိုင်းထားတယ်လေ။ ဥပမာ - "ကျနော့်ကို ရွှေတိဂုံဘုရားကို လိုက်ပို့ပေးပါ" အဲဒီလို စာ တန်းလေးရေးပြီး ကိုယ်ကတော့ အောက်က အင်္ဂလိပ်လို အတိုကောက်မှတ်ထားရတာပေါ့နော်။ ဘယ်စာ ရွက်က ဘာဆိုတာ။ အဲဒီရောက်တော့ သွားချင်တဲ့နေရာကို တက္ကစီကို အဲဒီစာလေးပြပြီး လိုက်ပို့ခိုင်းရ တာပေါ့။

MJ - ပြဿနာတွေဘာတွေ ကြုံရသေးလား။
OB - မြို့တော်ခန်းမနားမှာတုန်းက လမ်းဖြတ်ကူးတာ အဖမ်းခံရသေးတယ်။

MJ - အဲဒီတော့ ဘယ်လိုဖြစ်သွားလဲ။
OB - ဘယ်လိုမှ မဖြစ်ပါဘူး။ မလာခင်က မြန်မာဝန်ထမ်းတစ်ယောက်က သင်ပေးတဲ့ အတိုင်းလုပ်လိုက် တာပေါ့။ "အစ်ကိုကြီး" လို့ ခေါ်ပြီး သူ့အနားကပ်၊ လက်ထဲကို မြန်မာငွေ ၅၀၀၀ တန် လိပ်ထားတာလေး ထိုးထည့်လိုက်တာ အဆင်ပြေသွားရောပဲ။

MJ - အဲဒီလို လာတုန်းက အိမ်ဖြူတော်မှာ ဘယ်လိုစီစဉ်ထားခဲ့လဲ။
OB - တိတ်တိတ်လေး လာတာဆိုတော့ ဘယ်သူမှလဲ ခေါ်မလာဘူး။ အနည်းအကျဉ်းလောက် ပဲသိ တာလေ ။ လူအစားကိုတော့ အင်တာနက်မှာ အိုဘားမား ဂဏန်းစတိုင် ကတဲ့ကောင်ကို သိတယ်မဟုတ် လား။ ရုပ်ချင်းဆင်တယ်လေ။ သူ့ကို ခဏနေခိုင်းရတာပေါ့။

MJ - အဲဒီတော့ အဓိဌာန်က ပြီးသွားတယ်ဆိုပါတော့။ ရွေးကောက်ပွဲနိုင်တာကို အဲဒါကြောင့်လို့ယူဆလား။
OB - ရွေးကောက်ပွဲမှာ သမ္မတရွေးချယ်ရေး မဲအရေအတွက်ကို ကြည့်လိုက်လေ။ ကျနော်က ၃၃၂ မဲ၊ မက် ရွန်နေက ၂၀၆ မဲ၊ ကွာခြားချက်က ၁၂၆ မဲ။ ၁+၂+၆ = ၉။ ၁၂၆ ကို ၉ နဲ့စားရင်ပြတ်တယ်လေ။ အဲဒါ ကိုးန ဝင်းပဲပေါ့။ အဲဒါအဓိဌာန်ကြောင့်ပေါ့။ ဒီလောက်ရှင်းလင်းနေတာ။ အဲဒါကြောင့် ရွေးကောက်ပွဲပြီးတော့ မြန် မာပြည်ကို အလည်လာ ဘုရားလည်းထပ်ဖူးရင်း ဦးသိန်းစိန်ကိုလည်း လက်ဆောင်လေး ဘာလေး ပေး ရ တာပေါ့ဗျာ။

MJ - သြော်.. ဒါဆို အဲဒီအကြောင်းရော တခြားသူတွေနဲ့ ပြောဖြစ်သေးလား။
OB - အင်း.. ပြောဖြစ်တယ်ဗျ။ Apple CEO တင်ကွတ်ကတောင် သူလည်း ကြီးကိုးကြီး လာဦးမယ်ပြော တယ် ။ စတိဗ်ဂျော့ ရှိတုန်းက ဖုန်းအသစ်မကြေငြာခင်တိုင်း ကြီးကိုးကြီး အဓိဌာန်ဝင်လေ့ရှိတယ်တဲ့။ တင် ကွတ်က သူကျ မလုပ်ဖြစ်တော့။ အခု  Apple Map ကလည်း သိပ်အဆင်မပြေ၊ Samsung ကလည်း တ ရားတွေဆွဲဆိုတာ့ သူလည်း အဓိဌာန်ဝင်မယ်ပြောတာပဲ။

MJ - မြန်မာပြည်ရောက်တုန်း ဘာတွေလုပ်မယ် စဉ်းစားထားလဲ။
OB - အိုင်တီ လက်ဖက်ရည်ဆိုင်ထိုင်မယ်။ မင်းလမ်းက ရခိုင်မုန့်တီသောက်မယ်။ တရုတ်တန်းက ဝက် သားပေါင်းစားမယ်။ YKKO ကြေးအိုးသောက်မယ်။ ဟိုတစ်ခေါက်လာတုန်းက စားလိုက်ရတာ အားမရဘူး။

MJ - ဟုတ်ကဲ့.. အခုလိုဖြေကြားပေးတာ ကျေးဇူးအထူးတင်ပါတယ်။
OB - ဟုတ်ကဲ့ပါ။ ရပါတယ်။ ဒါနဲ့ ပြောသမျှအကုန်ကို တခြားသူတွေကို လျှောက်မပြောနဲ့ဦးနော်..

MJ - ဟုတ်ကဲ့ လျှောက်မပြောပါဘူး။ ရေးပြီးမှပဲ အင်တာနက်ပေါ်တင်လိုက်မှာပါ...

Myanmar Jokes

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ Mr. Barack Obama နှင့်တွေ့ဆုံခြင်း ”””

Labels:

0 comments: